[Unicode]

ယခုအချိန်မှာ TI10 ကျင်းပနေတယ်လို့ စိတ်ကူးယဥ်ကြည့်ခြင်း

 

နှစ်စဉ်နှစ်တိုင်း သြဂုတ်လ ရောက်လာ​ပြီဆိုရ­င် Dota 2 ပရိသတ်များရဲ့ ရန်ခုန်သံများဟာလည်း မြန်ဆန်လာလေ့ရှိကြပါတယ်။ အကြောင်းကတော့ ထိပ်တန်း Dota 2 ကစားသမားများနဲ့ အသင်းများအားလုံး ရေကုန်ရေခန်းကြိုးစား­ယှဉ်ပြိုင်ကြတဲ့ The International (TI) ပြိုင်ပွဲကြီးများဟာ ယခုလိုအချိန်မှာ­ စတင်ကျင်းပလို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် Valve ဟာ Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် ယခုနှစ်အတွက် TI10 ပွဲကြီးကို ကျင်းပနိုင်ခြင်း မရှိကြောင်း နှစ်အစောပိုင်းမှာတည်းက ကြေညာထားခဲ့ရပါတယ်။ ဒါကြောင့် ယခုအချိန်မှာတော့ ပရိသတ်များဟာ TI10 အစား အခြားအွန်လိုင်း Dota 2 ပြိုင်ပွဲများကိုပဲ ကြည့်ရှုရင်း စိတ်ဖြေသိမ့်နေကြရပါတ­ယ်။

ပြီးခဲ့တဲ့နှစ်က ယခုလိုအချိန် Dota 2 အသင်းများရဲ့ အနေအထားနဲ့ လက်ရှိအနေအထားများဟာလည်း ကွာခြားသွားခဲ့ပြီဖြစ်လို့ ယင်းတို့ရဲ့ ယှဥ်ပြိုင်မှုဟာ လွန်စွာစိတ်လှုပ်ရှား­စရာကောင်းလှမှာပါ။ ဒါကြောင့် ယခုအချိန်မှာ TI10 သာ ကျင်းပနေခဲ့ရင် ဘယ်အသင်းတွေက ဘယ်လိုယှဉ်ပြိုင်ကစား­နေနိုင်တယ်ဆိုတာကို စိတ်ကူးယဥ်ပုံဖော်ကြည့်သွားမှာဖြစ်ပါတယ်။

တိုက်ရိုက်ဖိတ်ကြား​ခြင်းခံရမယ့်အသင်းများ

1. Team Secret


Covid-19 ကြောင့် Dota 2 ပွဲအမြောက်အများကို ပိတ်သိမ်းဖို့ မကြေညာရသေးခဲ့စဉ်တည်းက­ Team Secret ဟာ Leipzig Major ကို အနိုင်ရခဲ့ပြီး DPC ranking အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့သလို ESL One Los Angeles Major ကို ဆက်လက်အနိုင်ရမှာဖြစ်­ကြောင်း လူအများက ခန့်မှန်းနေခဲ့ကြတာပါ­။ ထိုစဉ်တည်းက Team Secret ဟာ TI10 သာ ကျင်းပဖြစ်ခဲ့ရင် ထိပ်ဆုံးက တိုက်ရိုက်ဖိတ်ကြားခြ­င်းခံရမယ့်အသင်းများစာရင်းထဲမှာ ရှိနေခဲ့ပါတယ်။

အွန်လိုင်းပေါ်ကနေသာ Dota 2 ပြိုင်ပွဲများကို ကျင်းပ​ရချိန်မှာလည်း­ Team Secret ဟာ ပြိုင်ပွဲ ၆ ခုကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီး ရှုံးပွဲလွန်စွာနည်းပါးနေခဲ့လို့ ယခုနှစ်အတွင်း အအောင်မြင်ဆုံးအသင်းအဖြစ် သတ်မှတ်ခြင်းကို ခံထားရပါတယ်။
ဒါကြောင့် ယခုအချိန်မှာသာ TI10 ကျင်းပနေခဲ့ရင် Team Secret ဟာ ချန်ပီယံဖြစ်ဖို့ အလား­အလာအရှိဆုံးအသင်းပဲ ဖြ­စ်ပါတယ်။ TI ချန်ပီယံဟောင်းကြီးများဖြစ်ကြတဲ့ Puppey နဲ့ Matumbaman တို့ဟာ TI ၂ နှစ်ဆက် ချန်ပီယံဖြစ်ဖို့ လွဲချော်ခဲ့သမျှကို သင်ခန်းစာယူပြီး အားသွန်ခွန်စိုက်ကြိုးပမ်းကစားကြမှာလည်း ဖြစ်ပါတယ်။

2. OG


OG အသင်းရဲ့ TI ၂ နှစ်ဆက် ချန်ပီယံအသင်းသားစာရင်းထဲက N0tail နဲ့ TopSon တို့သာ ပြန်လည်ပါဝင်လာပြီး SumaiL, MidOne နဲ့ Saksa တို့ကို အစားထိုးခဲ့တဲ့ပုံစံဟာ အစောပိုင်းမှာ ကောင်းမွန်နေခဲ့ပေမယ့် Covid-19 ရဲ့ ရိုက်ခတ်မှုအပြီးမှာတော့ စွမ်းဆောင်ရည်များ သိသိသာသာကျဆင်းလာခဲ့ပါတယ်။

ဒါပေမယ့် Ceb တစ်ယောက် နည်းပြအဖြစ်ကနေ ကစားသမားအဖြစ် SumaiL နေရာကို ပြန်လည်ဝင်ရောက်လာချိန်မှာ အသင်းပြန်လည်ဦးမော့ဖို့ အနေအထားများ ဖြစ်လာခဲ့ပြန်ပါတယ်။ ဒါပေမယ့် ယခင်အတိုင်း SumaiL ပါဝင်တဲ့ အသင်းသားစာရင်းနဲ့ဆိုရင်တောင် Ceb ရဲ့ နည်းပြမှုနဲ့အတူ TI အစဉ်အလာကောင်းလှတဲ့ OG ဟာ ထွန်းတောက်နိုင်ပါသေးတယ်။ ယခုအချိန် TI10 grand final မှာ OG နဲ့ Team Secret တို့ ယှဉ်ပြိုင်ကစားကြမယ်ဆိုရင် ဘယ်အသင်းအနိုင်ရမယ်ဆိုတာကို ခန့်မှန်းရခက်လောက်အောင် အသင်း ၂ သင်းလုံးရဲ့ အင်အားကြီးမားလှပါတယ်။

3. Vici Gaming


MDL Chengdu Major မှာ ဒုတိယရခဲ့ပြီး Leipzig Major မှာ တတိယရခဲ့တဲ့ Vici Gaming (VG) ဟာ DPC အရ တရုတ်အသင်းအားလုံးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ Covid-19 ကြောင့် ပွဲတွေသာ မရပ်နားသွားခဲ့ဘူးဆိုရင် VG ဟာ ထပ်မံကျင်းပမယ့်ပြိုင်ပွဲတွေမှာလည်း နေရာကောင်းရလာနိုင်တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ TI10 သာ ကျင်းပဖြစ်ခဲ့မယ်ဆိုရင် တရုတ် Dota 2 လောကရဲ့ဂုဏ်ကိုဆောင်ဖို့ VG တို့ ထိပ်ဆုံးကနေ ဦးဆောင်လာနိုင်ပါတယ်။

4. Evil Geniuses


Abed နဲ့ RAMZES666 တို့ကို ခေါ်ယူအပြီး Chengdu Major မှာ စတုတ္ထနဲ့ Leipzig Major မှာ ဒုတိယရခဲ့တဲ့ Evil Geniuses (EG) တို့ရဲ့ အနေအထားဟာ ကောင်းမွန်ပါတယ်။ ယခုအချိန်မှာ TI10 ကျင်းပဖြစ်ခဲ့ရင် တိုက်ရိုက်ဖိတ်ကြားခြင်းခံရနိုင်မယ့် EG တို့ဟာ ယင်းတို့ရဲ့ တတိယနေရာကျိန်စာကို ဖျက်ဖို့ အစွမ်းကုန်ကြိုးပမ်းကြမှာဖြစ်သလို Arteezy ဟာလည်း ချန်ပီယံ Aegis ကို ကိုင်မြှောက်ဖို့ လက်ကုန်ထုတ်ကစားမှာပဲဖြစ်ပါတယ်။

5. Invictus Gaming


Invictus Gaming (IG) ဟာ season အစပိုင်းမှာ Dota Summit 11 Minor ကို အနိုင်ရရှိပြီး Chengdu Major မှာ တတိယရနေခဲ့လို့ တရုတ် Dota 2 လောကရဲ့ ထိပ်ဆုံးအသင်းအဖြစ်ရပ်တည်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Leipzig Major မှာ အဆင့် ၈ နေရာသာရရှိတဲ့အထိ ပြန်လည်သွေးအေးသွားခဲ့ကြပေမယ့် TI10 သာ ကျင်းပဖြစ်ခဲ့ရင် ထိပ်တန်းတရုတ်အသင်းအဖြစ် ပါဝင်လာဦးမှာပဲဖြစ်ပါတယ်။

6. TNC Predator


TNC Predator ဟာ အရှေ့တောင်အာရှရဲ့ ထိပ်တန်းအသင်းတစ်သင်းဖြစ်ပြီး Chengdu Major မှာ VG ကို အနိုင်ရကာ ယခု DPC season အတွင်း ချောမွေ့တဲ့ အနေအထားမှာရှိပါတယ်။ အရှေ့တောင်အာရှမှာ TNC Predator ကို ယှဉ်ပြိုင်နိုင်တဲ့အသင်းဆိုတာကလည်း ရှားပါးလှတာ အမှန်ပဲဖြစ်ပါတယ်။

7. Team Nigma


Team Nigma တို့ဟာ DPC အစောပိုင်းမှာ အခြေအနေဆိုးနေခဲ့ပေမယ့် TI7 ချန်ပီယံဟောင်းကစားသမားစာရင်းခေါင်းစဉ်နဲ့အညီ နောက်ပိုင်းမှာ ပြန်လည်အားကောင်းလာခဲ့ပြီး Beyond Epic: EU/CIS မှာ ဒုတိယနဲ့ OGA Dota PIT Online: EU/CIS Season 2 တို့မှာ ပထမအထိ ရရှိလာခဲ့ပါတယ်။ Kuroky ဦးဆောင်တဲ့ ဒီအသင်းဟာလည်း TI ​ပြိုင်ပွဲတိုင်းမှာ လျော့တွက်လို့ မရတဲ့အသင်းတစ်သင်းဖြစ်ပြီး TI8 နဲ့ TI9 တို့ရဲ့ ရှုံးကြွေးများကို ဆပ်လာနိုင်ပါတယ်။

8. Team Liquid


လက်ရှိ Team Nigma အသင်းသားများ ကစားခဲ့ဖူးတဲ့ Team Liquid ဟာ ယခုအချိန်မှာတော့ ပြီးခဲ့တဲ့နှစ်က Alliance အသင်းသားဟောင်းများနဲ့ ဖွဲ့စည်းထားတဲ့အသင်းပါ။ Team Liquid အသင်းသားသစ်များဟာ အသင်းသားဟောင်းများလောက် ထွန်းတောက်နိုင်ခြင်း မရှိခဲ့ပေမယ့် လက်ရှိဥရောပရဲ့ ထိပ်ဆုံး ၅ သင်း စာရင်းထဲမှာ ရပ်တည်နေနိုင်အောင်တော့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

9. Alliance


Alliance ရဲ့ အသင်းသားသစ်များဟာလည်း အသင်းကို ဥရောပရဲ့ ထိပ်ဆုံး ၅ သင်း စာရင်းထဲမှာ ရပ်တည်နေအောင် စွမ်းဆောင်ထားပါတယ်။ အထူးသဖြင့် TI3 ချန်ပီယံဟောင်း s4 ပြန်လည်ရောက်ရှိလာခြင်းနဲ့ Nikobaby ပါဝင်လာခြင်းတို့က Alliance ကို TI10 ကျင်းပဖြစ်ခဲ့ရင် တိုက်ရိုက်ဖိတ်ကြားခြင်းခံရမယ့်အသင်းတစ်သင်းဖြစ်လာအောင် အားဖြည့်ပေးခဲ့ပါတယ်။

10. Fnatic


အရှေ့တောင်အာရှရဲ့ နာမည်ကြီးအသင်း Fnatic ဟာ carry ကစားသမား 23savage နဲ့အတူ အားကောင်းနေခဲ့သလို သူ့နေရာကို Raven ကို အစားထိုးချိန်မှာလည်း အခြေအနေဆိုးရွားသွားခြင်း မရှိခဲ့ပါဘူး။ Esports ဂိမ်းခေါင်းစဉ်ပေါင်းစုံကို ယှဉ်ပြိုင်နေကြတဲ့ Fnatic အဖွဲ့အစည်းကြီးရဲ့ လက်အောက်က ယင်း Dota 2 အသင်းဟာလည်း TI10 ကို အနိုင်ရဖို့ အကောင်းဆုံးကြိုးပမ်းမှာပဲ ဖြစ်ပါတယ်။

11. Quincy Crew


YawaR ပါဝင်တဲ့ Quincy Crew ဟာ season အစောပိုင်းမှာ အခြေအနေမကောင်းဖြစ်နေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ Evil Geniuses တို့ကိုတောင် အနိုင်ရတဲ့ပွဲများ ရှိလာခဲ့လို့ မြောက်အမေရိကရဲ့ထိပ်တန်းအသင်းအဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။ ယခုအချိန်မှာ TI10 သာ ကျင်းပဖြစ်ခဲ့ရင် Quincy Crew ဟာ upper bracket ပေါ်ကနေတောင် ပွဲစဉ်အတွင်း ဦးဆောင်နေနိုင်ပါတယ်။

12. Beastcoast


Infamous အသင်းသားဟောင်းများဖြစ်ကြတဲ့ Beastcoast ကစားသမားများဟာ အခြားအသင်းများလောက် ပရိသတ်အားပေးမှုကို မရရှိခဲ့ကြပေမယ့် TI အတွင်း အဆင့် ၈ နေရာအထိ ရရှိခဲ့တဲ့ ပထမဆုံး တောင်အမေရိကအသင်းလည်းဖြစ်ပါတယ်။ TI10 သာ ကျင်းပနေရင် ယင်းတို့ဟာလည်း တိုက်ရိုက်ဖိတ်ကြားခြင်းခံရလောက်အောင် အားကောင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။

Qualifier များကို အနိုင်ရရှိပြီး ဝင်ရောက်လာမယ့်အသင်းများ

မြောက်အမေရိက: CR4ZY


TI5 ချန်ပီယံဟောင်းကြီး Aui_2000 ရဲ့ ဦးဆောင်မှုနဲ့အတူ CR4ZY ဟာ TI10 qualifier ကို ကျော်ဖြတ်လာနိုင်ဖို့ အလားအလာအရှိဆုံး မြောက်အမေရိကအသင်းပါ။ EG နဲ့ Quincy Crew တို့ဟာ တိုက်ရိုက်ဖိတ်ကြားခြင်း ခံရမှာမို့ CR4ZY တို့ကို ယှဉ်ပြိုင်နိုင်မယ့် မြောက်အမေရိကအသင်း မရှိသလောက်ရှားပါးနေတာလည်းဖြစ်ပါတယ်။

တောင်အမေရိက: Thunder Predator


တောင်အမေရိက ထိပ်တန်း Dota 2 အသင်းဆိုတာကလည်း များများစားစား မရှိလှတာမို့ Beastcoast ပြီးရင် Thunder Predator က ဦးဆောင်ပြီး qualifier အောင်ကာ TI10 ကို ဝင်ရောက်လာနိုင်ပါတယ်။

ဥရောပ: Ninjas in Pyjamas
ဥရောပဟာ Dota 2 လောကမှာ ပြိုင်ဆိုင်မှု အလွန်ပြင်းထန်လှတဲ့ဒေသပါ။ တိုက်ရိုက်ဖိတ်ကြားခြင်းခံရတဲ့အသင်းများပြီးရင် TI10 ကို ဝင်ရောက်ခွင့်ရလာနိုင်တာကတော့ Ninjas in Pyjamas ပဲ ဖြစ်ပါတယ်။

CIS: Virtus pro


CIS qualifier ကိုတော့ ArtStyle နည်းပြတဲ့ Virtus pro (VP) အသင်း ကျော်ဖြတ်လာနိုင်ပါတယ်။ ArtStyle မရောက်ရှိစဥ်တည်းက VP ဟာ နောက်ပိုင်းပြိုင်ပွဲများမှာ ဖြည်းဖြည်းချင်းအခြေအနေကောင်းလာနေလို့ပဲ ဖြစ်ပါတယ်။

တရုတ်: PSG.LGD


အစဉ်အလာကြီးမားခဲ့တဲ့ PSG.LGD တို့ဟာ ယခု season အတွင်းမှာတော့ အသည်းအသန်ရုန်းကန်နေကြရပါတယ်။ Somnus丶M နဲ့ fy တို့သာ မထွက်ခွာသွားဘူးဆိုရင် PSG.LGD ရဲ့ TI10 မှာ ပါဝင်လာနိုင်မှုကလည်း သေချာသလောက်ရှိပါတယ်။

အရှေ့တောင်အာရှ: Geek Fam


Geek Fam ရဲ့ အားကိုးအားထားပြုရတဲ့ ကစားသမား Raven ဟာ အသင်းကနေထွက်ခွာပြီး ပြိုင်ဘက် Fnatic တို့ဆီ ရောက်ရှိသွားလို့ ယင်းတို့ အားနည်းနေတာကတော့ အမှန်ပါ။ ဒါပေမယ့် သင့်တော်တဲ့အစားထိုးကစားသမားရရှိသွားပြီဆိုရင်တော့ TI10 ကို ဝင်ရောက်ဖို့အလားအလာအများဆုံးအသင်းဟာ Geek Fam ပဲဖြစ်ပါတယ်။

TI10 ရဲ့ grand final ပွဲစဉ်များမှာတော့ OG အသင်းနဲ့ Team Secret တို့ ယှဉ်ပြိုင်ကစားကြပြီး Team Secret က အနိုင်ရရှိသွားမှာပါ။ TI ၂ နှစ်ဆက် ချန်ပီယံအသင်းဖြစ်တဲ့ OG တို့ဟာ အားကောင်းဆဲဖြစ်ပေမယ့် ချန်ပီယံဟောင်းကစားသမားများဖြစ်ကြတဲ့ Ana နဲ့ JerAx တို့ မပါဝင်ပါဘူး။ ဒီအားနည်းချက်ကို အခွင့်ကောင်းယူကာ လက်ရှိမှာ အားအကောင်းဆုံးဖြစ်နေတဲ့ Team Secret ဟာ ချန်ပီယံ Aegisကြီးကို ထိုက်တန်စွာ ကိုင်မြှောက်သွားမှာပဲဖြစ်ပါတယ်။ TI ပွဲကြီး အမှန်တကယ်ကျင်းပမယ့်အချိန်ဟာ လွန်စွာဝေးကွာနေသေးတဲ့အတွက် ယခုနှစ်အတွင်း မကျင်းပ​​ဖြစ်တဲ့ TI10 အ​ကြောင်း အလွမ်းပြေ စိတ်ကူးယဉ်ရေးသားလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: oneesports.gg

 


[ZawGyi]

ယခုအခ်ိန္မွာ TI10 က်င္းပေနတယ္လို႔ စိတ္ကူးယဥ္ၾကည့္ျခင္း

 

ႏွစ္စဥ္ႏွစ္တိုင္း ၾသဂုတ္လ ေရာက္လာ​ၿပီဆိုရ­င္ Dota 2 ပရိသတ္မ်ားရဲ႕ ရန္ခုန္သံမ်ားဟာလည္း ျမန္ဆန္လာေလ့ရွိၾကပါတယ္။ အေၾကာင္းကေတာ့ ထိပ္တန္း Dota 2 ကစားသမားမ်ားနဲ႔ အသင္းမ်ားအားလုံး ေရကုန္ေရခန္းႀကိဳးစား­ယွဥ္ၿပိဳင္ၾကတဲ့ The International (TI) ၿပိဳင္ပြဲႀကီးမ်ားဟာ ယခုလိုအခ်ိန္မွာ­ စတင္က်င္းပလို႔ပဲျဖစ္ပါတယ္။

ဒါေပမယ့္ Valve ဟာ Covid-19 ရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ ယခုႏွစ္အတြက္ TI10 ပြဲႀကီးကို က်င္းပႏိုင္ျခင္း မရွိေၾကာင္း ႏွစ္အေစာပိုင္းမွာတည္းက ေၾကညာထားခဲ့ရပါတယ္။ ဒါေၾကာင့္ ယခုအခ်ိန္မွာေတာ့ ပရိသတ္မ်ားဟာ TI10 အစား အျခားအြန္လိုင္း Dota 2 ၿပိဳင္ပြဲမ်ားကိုပဲ ၾကည့္ရႈရင္း စိတ္ေျဖသိမ့္ေနၾကရပါတ­ယ္။

ၿပီးခဲ့တဲ့ႏွစ္က ယခုလိုအခ်ိန္ Dota 2 အသင္းမ်ားရဲ႕ အေနအထားနဲ႔ လက္ရွိအေနအထားမ်ားဟာလည္း ကြာျခားသြားခဲ့ၿပီျဖစ္လို႔ ယင္းတို႔ရဲ႕ ယွဥ္ၿပိဳင္မႈဟာ လြန္စြာစိတ္လႈပ္ရွား­စရာေကာင္းလွမွာပါ။ ဒါေၾကာင့္ ယခုအခ်ိန္မွာ TI10 သာ က်င္းပေနခဲ့ရင္ ဘယ္အသင္းေတြက ဘယ္လိုယွဥ္ၿပိဳင္ကစား­ေနႏိုင္တယ္ဆိုတာကို စိတ္ကူးယဥ္ပုံေဖာ္ၾကည့္သြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ဖိတ္ၾကား​ျခင္းခံရမယ့္အသင္းမ်ား

1. Team Secret

Covid-19 ေၾကာင့္ Dota 2 ပြဲအေျမာက္အမ်ားကို ပိတ္သိမ္းဖို႔ မေၾကညာရေသးခဲ့စဥ္တည္းက­ Team Secret ဟာ Leipzig Major ကို အႏိုင္ရခဲ့ၿပီး DPC ranking အဆင့္ ၃ ေနရာမွာ ရပ္တည္ေနခဲ့သလို ESL One Los Angeles Major ကို ဆက္လက္အႏိုင္ရမွာျဖစ္­ေၾကာင္း လူအမ်ားက ခန႔္မွန္းေနခဲ့ၾကတာပါ­။ ထိုစဥ္တည္းက Team Secret ဟာ TI10 သာ က်င္းပျဖစ္ခဲ့ရင္ ထိပ္ဆုံးက တိုက္႐ိုက္ဖိတ္ၾကားျခ­င္းခံရမယ့္အသင္းမ်ားစာရင္းထဲမွာ ရွိေနခဲ့ပါတယ္။

အြန္လိုင္းေပၚကေနသာ Dota 2 ၿပိဳင္ပြဲမ်ားကို က်င္းပ​ရခ်ိန္မွာလည္း­ Team Secret ဟာ ၿပိဳင္ပြဲ ၆ ခုကို ဆက္တိုက္အႏိုင္ရရွိခဲ့ၿပီး ရႈံးပြဲလြန္စြာနည္းပါးေနခဲ့လို႔ ယခုႏွစ္အတြင္း အေအာင္ျမင္ဆုံးအသင္းအျဖစ္ သတ္မွတ္ျခင္းကို ခံထားရပါတယ္။ ဒါေၾကာင့္ ယခုအခ်ိန္မွာသာ TI10 က်င္းပေနခဲ့ရင္ Team Secret ဟာ ခ်န္ပီယံျဖစ္ဖို႔ အလား­အလာအရွိဆုံးအသင္းပဲ ျဖ­စ္ပါတယ္။ TI ခ်န္ပီယံေဟာင္းႀကီးမ်ားျဖစ္ၾကတဲ့ Puppey နဲ႔ Matumbaman တို႔ဟာ TI ၂ ႏွစ္ဆက္ ခ်န္ပီယံျဖစ္ဖို႔ လြဲေခ်ာ္ခဲ့သမွ်ကို သင္ခန္းစာယူၿပီး အားသြန္ခြန္စိုက္ႀကိဳးပမ္းကစားၾကမွာလည္း ျဖစ္ပါတယ္။

2. OG


OG အသင္းရဲ႕ TI ၂ ႏွစ္ဆက္ ခ်န္ပီယံအသင္းသားစာရင္းထဲက N0tail နဲ႔ TopSon တို႔သာ ျပန္လည္ပါဝင္လာၿပီး SumaiL, MidOne နဲ႔ Saksa တို႔ကို အစားထိုးခဲ့တဲ့ပုံစံဟာ အေစာပိုင္းမွာ ေကာင္းမြန္ေနခဲ့ေပမယ့္ Covid-19 ရဲ႕ ႐ိုက္ခတ္မႈအၿပီးမွာေတာ့ စြမ္းေဆာင္ရည္မ်ား သိသိသာသာက်ဆင္းလာခဲ့ပါတယ္။

ဒါေပမယ့္ Ceb တစ္ေယာက္ နည္းျပအျဖစ္ကေန ကစားသမားအျဖစ္ SumaiL ေနရာကို ျပန္လည္ဝင္ေရာက္လာခ်ိန္မွာ အသင္းျပန္လည္ဦးေမာ့ဖို႔ အေနအထားမ်ား ျဖစ္လာခဲ့ျပန္ပါတယ္။ ဒါေပမယ့္ ယခင္အတိုင္း SumaiL ပါဝင္တဲ့ အသင္းသားစာရင္းနဲ႔ဆိုရင္ေတာင္ Ceb ရဲ႕ နည္းျပမႈနဲ႔အတူ TI အစဥ္အလာေကာင္းလွတဲ့ OG ဟာ ထြန္းေတာက္ႏိုင္ပါေသးတယ္။ ယခုအခ်ိန္ TI10 grand final မွာ OG နဲ႔ Team Secret တို႔ ယွဥ္ၿပိဳင္ကစားၾကမယ္ဆိုရင္ ဘယ္အသင္းအႏိုင္ရမယ္ဆိုတာကို ခန္႔မွန္းရခက္ေလာက္ေအာင္ အသင္း ၂ သင္းလုံးရဲ႕ အင္အားႀကီးမားလွပါတယ္။

3. Vici Gaming


MDL Chengdu Major မွာ ဒုတိယရခဲ့ၿပီး Leipzig Major မွာ တတိယရခဲ့တဲ့ Vici Gaming (VG) ဟာ DPC အရ တ႐ုတ္အသင္းအားလုံးရဲ႕ ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။ Covid-19 ေၾကာင့္ ပြဲေတြသာ မရပ္နားသြားခဲ့ဘူးဆိုရင္ VG ဟာ ထပ္မံက်င္းပမယ့္ၿပိဳင္ပြဲေတြမွာလည္း ေနရာေကာင္းရလာႏိုင္တဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ TI10 သာ က်င္းပျဖစ္ခဲ့မယ္ဆိုရင္ တ႐ုတ္ Dota 2 ေလာကရဲ႕ဂုဏ္ကိုေဆာင္ဖို႔ VG တို႔ ထိပ္ဆုံးကေန ဦးေဆာင္လာႏိုင္ပါတယ္။

4. Evil Geniuses


Abed နဲ႔ RAMZES666 တို႔ကို ေခၚယူအၿပီး Chengdu Major မွာ စတုတၳနဲ႔ Leipzig Major မွာ ဒုတိယရခဲ့တဲ့ Evil Geniuses (EG) တို႔ရဲ႕ အေနအထားဟာ ေကာင္းမြန္ပါတယ္။ ယခုအခ်ိန္မွာ TI10 က်င္းပျဖစ္ခဲ့ရင္ တိုက္႐ိုက္ဖိတ္ၾကားျခင္းခံရႏိုင္မယ့္ EG တို႔ဟာ ယင္းတို႔ရဲ႕ တတိယေနရာက်ိန္စာကို ဖ်က္ဖို႔ အစြမ္းကုန္ႀကိဳးပမ္းၾကမွာျဖစ္သလို Arteezy ဟာလည္း ခ်န္ပီယံ Aegis ကို ကိုင္ေျမႇာက္ဖို႔ လက္ကုန္ထုတ္ကစားမွာပဲျဖစ္ပါတယ္။

5. Invictus Gaming


Invictus Gaming (IG) ဟာ season အစပိုင္းမွာ Dota Summit 11 Minor ကို အႏိုင္ရရွိၿပီး Chengdu Major မွာ တတိယရေနခဲ့လို႔ တ႐ုတ္ Dota 2 ေလာကရဲ႕ ထိပ္ဆုံးအသင္းအျဖစ္ရပ္တည္ေနခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ Leipzig Major မွာ အဆင့္ ၈ ေနရာသာရရွိတဲ့အထိ ျပန္လည္ေသြးေအးသြားခဲ့ၾကေပမယ့္ TI10 သာ က်င္းပျဖစ္ခဲ့ရင္ ထိပ္တန္းတ႐ုတ္အသင္းအျဖစ္ ပါဝင္လာဦးမွာပဲျဖစ္ပါတယ္။

6. TNC Predator


TNC Predator ဟာ အေရွ႕ေတာင္အာရွရဲ႕ ထိပ္တန္းအသင္းတစ္သင္းျဖစ္ၿပီး Chengdu Major မွာ VG ကို အႏိုင္ရကာ ယခု DPC season အတြင္း ေခ်ာေမြ႕တဲ့ အေနအထားမွာရွိပါတယ္။ အေရွ႕ေတာင္အာရွမွာ TNC Predator ကို ယွဥ္ၿပိဳင္ႏိုင္တဲ့အသင္းဆိုတာကလည္း ရွားပါးလွတာ အမွန္ပဲျဖစ္ပါတယ္။

7. Team Nigma


Team Nigma တို႔ဟာ DPC အေစာပိုင္းမွာ အေျခအေနဆိုးေနခဲ့ေပမယ့္ TI7 ခ်န္ပီယံေဟာင္းကစားသမားစာရင္းေခါင္းစဥ္နဲ႔အညီ ေနာက္ပိုင္းမွာ ျပန္လည္အားေကာင္းလာခဲ့ၿပီး Beyond Epic: EU/CIS မွာ ဒုတိယနဲ႔ OGA Dota PIT Online: EU/CIS Season 2 တို႔မွာ ပထမအထိ ရရွိလာခဲ့ပါတယ္။ Kuroky ဦးေဆာင္တဲ့ ဒီအသင္းဟာလည္း TI ​ၿပိဳင္ပြဲတိုင္းမွာ ေလ်ာ့တြက္လို႔ မရတဲ့အသင္းတစ္သင္းျဖစ္ၿပီး TI8 နဲ႔ TI9 တို႔ရဲ႕ ရႈံးေႂကြးမ်ားကို ဆပ္လာႏိုင္ပါတယ္။

8. Team Liquid


လက္ရွိ Team Nigma အသင္းသားမ်ား ကစားခဲ့ဖူးတဲ့ Team Liquid ဟာ ယခုအခ်ိန္မွာေတာ့ ၿပီးခဲ့တဲ့ႏွစ္က Alliance အသင္းသားေဟာင္းမ်ားနဲ႔ ဖြဲ႕စည္းထားတဲ့အသင္းပါ။ Team Liquid အသင္းသားသစ္မ်ားဟာ အသင္းသားေဟာင္းမ်ားေလာက္ ထြန္းေတာက္ႏိုင္ျခင္း မရွိခဲ့ေပမယ့္ လက္ရွိဥေရာပရဲ႕ ထိပ္ဆုံး ၅ သင္း စာရင္းထဲမွာ ရပ္တည္ေနႏိုင္ေအာင္ေတာ့ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

9. Alliance


Alliance ရဲ႕ အသင္းသားသစ္မ်ားဟာလည္း အသင္းကို ဥေရာပရဲ႕ ထိပ္ဆုံး ၅ သင္း စာရင္းထဲမွာ ရပ္တည္ေနေအာင္ စြမ္းေဆာင္ထားပါတယ္။ အထူးသျဖင့္ TI3 ခ်န္ပီယံေဟာင္း s4 ျပန္လည္ေရာက္ရွိလာျခင္းနဲ႔ Nikobaby ပါဝင္လာျခင္းတို႔က Alliance ကို TI10 က်င္းပျဖစ္ခဲ့ရင္ တိုက္႐ိုက္ဖိတ္ၾကားျခင္းခံရမယ့္အသင္းတစ္သင္းျဖစ္လာေအာင္ အားျဖည့္ေပးခဲ့ပါတယ္။

10. Fnatic


အေရွ႕ေတာင္အာရွရဲ႕ နာမည္ႀကီးအသင္း Fnatic ဟာ carry ကစားသမား 23savage နဲ႔အတူ အားေကာင္းေနခဲ့သလို သူ႔ေနရာကို Raven ကို အစားထိုးခ်ိန္မွာလည္း အေျခအေနဆိုး႐ြားသြားျခင္း မရွိခဲ့ပါဘူး။ Esports ဂိမ္းေခါင္းစဥ္ေပါင္းစုံကို ယွဥ္ၿပိဳင္ေနၾကတဲ့ Fnatic အဖြဲ႕အစည္းႀကီးရဲ႕ လက္ေအာက္က ယင္း Dota 2 အသင္းဟာလည္း TI10 ကို အႏိုင္ရဖို႔ အေကာင္းဆုံးႀကိဳးပမ္းမွာပဲ ျဖစ္ပါတယ္။

11. Quincy Crew


YawaR ပါဝင္တဲ့ Quincy Crew ဟာ season အေစာပိုင္းမွာ အေျခအေနမေကာင္းျဖစ္ေနခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ Evil Geniuses တို႔ကိုေတာင္ အႏိုင္ရတဲ့ပြဲမ်ား ရွိလာခဲ့လို႔ ေျမာက္အေမရိကရဲ႕ထိပ္တန္းအသင္းအျဖစ္ေပၚထြက္လာခဲ့ပါတယ္။ ယခုအခ်ိန္မွာ TI10 သာ က်င္းပျဖစ္ခဲ့ရင္ Quincy Crew ဟာ upper bracket ေပၚကေနေတာင္ ပြဲစဥ္အတြင္း ဦးေဆာင္ေနႏိုင္ပါတယ္။

12. Beastcoast


Infamous အသင္းသားေဟာင္းမ်ားျဖစ္ၾကတဲ့ Beastcoast ကစားသမားမ်ားဟာ အျခားအသင္းမ်ားေလာက္ ပရိသတ္အားေပးမႈကို မရရွိခဲ့ၾကေပမယ့္ TI အတြင္း အဆင့္ ၈ ေနရာအထိ ရရွိခဲ့တဲ့ ပထမဆုံး ေတာင္အေမရိကအသင္းလည္းျဖစ္ပါတယ္။ TI10 သာ က်င္းပေနရင္ ယင္းတို႔ဟာလည္း တိုက္႐ိုက္ဖိတ္ၾကားျခင္းခံရေလာက္ေအာင္ အားေကာင္းတဲ့အသင္းတစ္သင္းျဖစ္ပါတယ္။

Qualifier မ်ားကို အႏိုင္ရရွိၿပီး ဝင္ေရာက္လာမယ့္အသင္းမ်ား

ေျမာက္အေမရိက: CR4ZY


TI5 ခ်န္ပီယံေဟာင္းႀကီး Aui_2000 ရဲ႕ ဦးေဆာင္မႈနဲ႔အတူ CR4ZY ဟာ TI10 qualifier ကို ေက်ာ္ျဖတ္လာႏိုင္ဖို႔ အလားအလာအရွိဆုံး ေျမာက္အေမရိကအသင္းပါ။ EG နဲ႔ Quincy Crew တို႔ဟာ တိုက္႐ိုက္ဖိတ္ၾကားျခင္း ခံရမွာမို႔ CR4ZY တို႔ကို ယွဥ္ၿပိဳင္ႏိုင္မယ့္ ေျမာက္အေမရိကအသင္း မရွိသေလာက္ရွားပါးေနတာလည္းျဖစ္ပါတယ္။

ေတာင္အေမရိက: Thunder Predator


ေတာင္အေမရိက ထိပ္တန္း Dota 2 အသင္းဆိုတာကလည္း မ်ားမ်ားစားစား မရွိလွတာမို႔ Beastcoast ၿပီးရင္ Thunder Predator က ဦးေဆာင္ၿပီး qualifier ေအာင္ကာ TI10 ကို ဝင္ေရာက္လာႏိုင္ပါတယ္။

ဥေရာပ: Ninjas in Pyjamas

ဥေရာပဟာ Dota 2 ေလာကမွာ ၿပိဳင္ဆိုင္မႈ အလြန္ျပင္းထန္လွတဲ့ေဒသပါ။ တိုက္႐ိုက္ဖိတ္ၾကားျခင္းခံရတဲ့အသင္းမ်ားၿပီးရင္ TI10 ကို ဝင္ေရာက္ခြင့္ရလာႏိုင္တာကေတာ့ Ninjas in Pyjamas ပဲ ျဖစ္ပါတယ္။

CIS: Virtus pro

CIS qualifier ကိုေတာ့ ArtStyle နည္းျပတဲ့ Virtus pro (VP) အသင္း ေက်ာ္ျဖတ္လာႏိုင္ပါတယ္။ ArtStyle မေရာက္ရွိစဥ္တည္းက VP ဟာ ေနာက္ပိုင္းၿပိဳင္ပြဲမ်ားမွာ ျဖည္းျဖည္းခ်င္းအေျခအေနေကာင္းလာေနလို႔ပဲ ျဖစ္ပါတယ္။

တ႐ုတ္: PSG.LGD

အစဥ္အလာႀကီးမားခဲ့တဲ့ PSG.LGD တို႔ဟာ ယခု season အတြင္းမွာေတာ့ အသည္းအသန္႐ုန္းကန္ေနၾကရပါတယ္။ Somnus丶M နဲ႔ fy တို႔သာ မထြက္ခြာသြားဘူးဆိုရင္ PSG.LGD ရဲ႕ TI10 မွာ ပါဝင္လာႏိုင္မႈကလည္း ေသခ်ာသေလာက္ရွိပါတယ္။

အေရွ႕ေတာင္အာရွ: Geek Fam

Geek Fam ရဲ႕ အားကိုးအားထားျပဳရတဲ့ ကစားသမား Raven ဟာ အသင္းကေနထြက္ခြာၿပီး ၿပိဳင္ဘက္ Fnatic တို႔ဆီ ေရာက္ရွိသြားလို႔ ယင္းတို႔ အားနည္းေနတာကေတာ့ အမွန္ပါ။ ဒါေပမယ့္ သင့္ေတာ္တဲ့အစားထိုးကစားသမားရရွိသြားၿပီဆိုရင္ေတာ့ TI10 ကို ဝင္ေရာက္ဖို႔အလားအလာအမ်ားဆုံးအသင္းဟာ Geek Fam ပဲျဖစ္ပါတယ္။

TI10 ရဲ႕ grand final ပြဲစဥ္မ်ားမွာေတာ့ OG အသင္းနဲ႔ Team Secret တို႔ ယွဥ္ၿပိဳင္ကစားၾကၿပီး Team Secret က အႏိုင္ရရွိသြားမွာပါ။ TI ၂ ႏွစ္ဆက္ ခ်န္ပီယံအသင္းျဖစ္တဲ့ OG တို႔ဟာ အားေကာင္းဆဲျဖစ္ေပမယ့္ ခ်န္ပီယံေဟာင္းကစားသမားမ်ားျဖစ္ၾကတဲ့ Ana နဲ႔ JerAx တို႔ မပါဝင္ပါဘူး။ ဒီအားနည္းခ်က္ကို အခြင့္ေကာင္းယူကာ လက္ရွိမွာ အားအေကာင္းဆုံးျဖစ္ေနတဲ့ Team Secret ဟာ ခ်န္ပီယံ Aegisႀကီးကို ထိုက္တန္စြာ ကိုင္ေျမႇာက္သြားမွာပဲျဖစ္ပါတယ္။ TI ပြဲႀကီး အမွန္တကယ္က်င္းပမယ့္အခ်ိန္ဟာ လြန္စြာေဝးကြာေနေသးတဲ့အတြက္ ယခုႏွစ္အတြင္း မက်င္းပ​​ျဖစ္တဲ့ TI10 အ​ေၾကာင္း အလြမ္းေျပ စိတ္ကူးယဥ္ေရးသားလိုက္ရပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: oneesports.gg