[Zawgyi]

“Dendi ဘယ္မွာ standin ကစားဦးမလဲ”

ပရိသတ္အခ်စ္ေတာ္ ဝါရင့္ကစားသမားေဟာင္းၾကီး Dendi တစ္ေယာက္ကေတာ့ Aachen City Esports မွာ standin ဝင္ေရာက္ကစားမယ္လို႔ မၾကာေသးမီက ေၾကညာလိုက္ပါျပီ။ မၾကာမီက်င္းပေတာ့မယ့္ WePlay! Reshuffle Madness start today ျပိဳင္ပြဲရဲ႕ open qualifier ပြဲစဥ္မ်ားမွာ ဝင္ေရာက္ယွဥ္ျပိဳင္မယ့္ Dendi နဲ႔ သူ႔ရဲ႕အသင္းမွာ LeBronDota, Mitch, EcNart နဲ႕ V-Tune တုိ့ ပါဝင္ပါတယ္။

 

တကယ္ေတာ့ Dendi ဟာ ဒီျပိဳင္ပြဲအတြက္ LeBronDota ကို ကူညီကစားေပးခ်င္လို႔ ဝင္ေရာက္ခဲ့တာျဖစ္ပါတယ္။ LeBronDota ဟာ Na’Vi မွာ Dendi နဲ႔အတူ လအတန္ၾကာ ကစားဖူးတဲ့သူတစ္ေယာက္ျဖစ္သလို သူနဲ႔ရင္းႏီွးတဲ့သူငယ္ခ်င္းတစ္ေယာက္လည္း ျဖစ္ပါတယ္။ အင္တာဗ်ဴးတစ္ခုမွာေတာ့ Dendi ဟာ 2019-2020 DPC season အတြက္ ကိုယ္ပိုင္အသင္းအဖြဲ႔တစ္ခု ထူေထာင္ဖုိ႔ အလားအလာရွိေၾကာင္းေျပာၾကားခဲ့ေပမယ့္ ေလာေလာဆယ္မွာ standin ကစားမယ့္ သတင္းက ထြက္ေပၚလာတာပါ။

Dendi နဲ႔ ႏွစ္ေပါင္းမ်ားစြာ ကစားဖူးျပီး လက္ရွိမွာ Team Secret ရဲ႕ အသင္းေခါင္းေဆာင္ျဖစ္ေနတဲ့ Puppey ရဲ႕ အင္တာဗ်ဴးမွာလည္း Dendi အေၾကာင္းေျပာၾကားခ်က္မ်ား ပါဝင္ခဲ့ပါတယ္။ Puppey ရဲ႕ အယူအဆအရေတာ့ Dendi ဟာ လက္ရွိ Dota 2 ေလာကမွာ ဝါရင့္လွတဲ့ကစားသမားတစ္ဦးျဖစ္ေပမယ့္ ကိုယ္ပိုင္အသင္းအဖြဲ႕ေထာင္ခဲ့မယ္ဆိုရင္ mid laner တစ္ဦးအေနနဲ႔ေရာ အသင္းရဲ႕ေခါင္းေဆာင္အေနနဲ႔ပါ တစ္ျပိဳင္တည္း ကစားဖုိ႔ ခက္ခဲလွတယ္လို႔ ဆိုပါတယ္။

Dendi ကေတာ့ သူဟာ mid laner အျဖစ္ကေန တျခား role မ်ားကို ေျပာင္းလဲကစားဖုိ႔လည္း လက္ရွိမွာ ဝန္မေလးဘူးလို႔ ေျပာၾကားခဲ့ဖူးပါတယ္။ ပရိသတ္မ်ားအျမင္မွာေတာ့ Dendi ကို mid lane မွာပဲ ႏွစ္ေပါင္းမ်ားစြာျမင္ေတြ႔ေနခဲ့ရလို႔ role ေျပာင္း ကစားမယ္ဆိုရင္ ထူးျခားေနၾကမွာပါ။ ဒါေပမယ့္ role ေျပာင္းကစားျခင္းဟာ ယေန႔ေခတ္မွာ ျမင္ေတြ႔ရခက္ခဲတဲ့အရာတစ္ခု မဟုတ္ေတာ့ေၾကာင္း TI ႏွစ္ထပ္ကြမ္းရရွိခဲ့တဲ့ OG.N0tail အပါအဝင္ နာမည္ၾကီး ကစားသမားမ်ားက သက္ေသျပခဲ့ၾကပါျပီ။

Aachen City Esports ဟာ WePlay Esports Reshuffle Madness ရဲ႕ Open Qualifier #1 မွာ မေအာင္ျမင္ခဲ့ေပမယ့္ Dendi ပါဝင္ကစားခဲ့တဲ့ Open Qualifier #2 မွာေတာ့ ေအာင္ျမင္ခဲ့ၿပီး Main Event အတြက္ တစ္ေနရာ ရရွိခဲ့ၿပီပဲ ျဖစ္ပါတယ္။
Standin ဝင္ကစားတဲ့ Dendi ကေတာ့ သူ႔ရဲ႕ Trademark role ျဖစ္တဲ့ Mid အေနနဲ႔ပဲ ကစားခဲ့ပါတယ္။
WePlay Esports Reshuffle Madness ၿပိဳင္ပြဲကေတာ့ ဆုေၾကး ေဒၚလာ ၅၀,၀၀၀ ေပးအပ္မွာျဖစ္ၿပီး စက္တင္ဘာ ၁၆-၂၃ ရက္အတြင္း ယွဥ္ၿပိဳင္ရမယ့္ EU နဲ႔ CIS Dota2 အသင္းေတြအတြက္ Online Tournament တစ္ခုပဲ ျဖစ္ပါတယ္။

မေန႔က Valve ရဲ႕ တရားဝင္ ထုတ္ျပန္ခ်က္အရ 2019-2020 DPC ပထမဆံုးၿပိဳင္ပြဲကို ႏိုဝင္ဘာလမွ စတင္ယွဥ္ၿပိဳင္ရမွာပါ။ Dendi အပါအဝင္ အျခားကစားသမားမ်ားနဲ႔ အသင္းမ်ားရဲ႕ DPC season အတြက္ ျပင္ဆင္မႈမ်ားနဲ႔အတူ လာမယ့္ ျပိဳင္ပြဲမ်ားကုိ ပရိသတ္အမ်ားေမွ်ာ္လင့္ေစာင့္စားေနၾကဆဲပဲျဖစ္ပါေတာ့တယ္။ Esports သတင္းမ်ားနဲ႔ အေၾကာင္းအရာမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

“Dendi ဘယ်မှာ standin ကစားဦးမလဲ”

ပရိသတ်အချစ်တော် ဝါရင့်ကစားသမားဟောင်းကြီး Dendi တစ်ယောက်ကတော့ Aachen City Esports မှာ standin ဝင်ရောက်ကစားမယ်လို့ မကြာသေးမီက ကြေညာလိုက်ပါပြီ။ မကြာမီကျင်းပတော့မယ့် WePlay! Reshuffle Madness start today ပြိုင်ပွဲရဲ့ open qualifier ပွဲစဉ်များမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် Dendi နဲ့ သူ့ရဲ့အသင်းမှာ LeBronDota, Mitch, EcNart နဲ့ V-Tune တို့ ပါဝင်ပါတယ်။

တကယ်တော့ Dendi ဟာ ဒီပြိုင်ပွဲအတွက် LeBronDota ကို ကူညီကစားပေးချင်လို့ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ LeBronDota ဟာ Na’Vi မှာ Dendi နဲ့အတူ လအတန်ကြာ ကစားဖူးတဲ့သူတစ်ယောက်ဖြစ်သလို သူနဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ Dendi ဟာ 2019-2020 DPC season အတွက် ကိုယ်ပိုင်အသင်းအဖွဲ့တစ်ခု ထူထောင်ဖို့ အလားအလာရှိကြောင်းပြောကြားခဲ့ပေမယ့် လောလောဆယ်မှာ standin ကစားမယ့် သတင်းက ထွက်ပေါ်လာတာပါ။

Dendi နဲ့ နှစ်ပေါင်းများစွာ ကစားဖူးပြီး လက်ရှိမှာ Team Secret ရဲ့ အသင်းခေါင်းဆောင်ဖြစ်နေတဲ့ Puppey ရဲ့ အင်တာဗျူးမှာလည်း Dendi အကြောင်းပြောကြားချက်များ ပါဝင်ခဲ့ပါတယ်။ Puppey ရဲ့ အယူအဆအရတော့ Dendi ဟာ လက်ရှိ Dota 2 လောကမှာ ဝါရင့်လှတဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် ကိုယ်ပိုင်အသင်းအဖွဲ့ထောင်ခဲ့မယ်ဆိုရင် mid laner တစ်ဦးအနေနဲ့ရော အသင်းရဲ့ခေါင်းဆောင်အနေနဲ့ပါ တစ်ပြိုင်တည်း ကစားဖို့ ခက်ခဲလှတယ်လို့ ဆိုပါတယ်။

Dendi ကတော့ သူဟာ mid laner အဖြစ်ကနေ တခြား role များကို ပြောင်းလဲကစားဖို့လည်း လက်ရှိမှာ ဝန်မလေးဘူးလို့ ပြောကြားခဲ့ဖူးပါတယ်။ ပရိသတ်များအမြင်မှာတော့ Dendi ကို mid lane မှာပဲ နှစ်ပေါင်းများစွာမြင်တွေ့နေခဲ့ရလို့ role ပြောင်း ကစားမယ်ဆိုရင် ထူးခြားနေကြမှာပါ။ ဒါပေမယ့် role ပြောင်းကစားခြင်းဟာ ယနေ့ခေတ်မှာ မြင်တွေ့ရခက်ခဲတဲ့အရာတစ်ခု မဟုတ်တော့ကြောင်း TI နှစ်ထပ်ကွမ်းရရှိခဲ့တဲ့ OG.N0tail အပါအဝင် နာမည်ကြီး ကစားသမားများက သက်သေပြခဲ့ကြပါပြီ။

Aachen City Esports ဟာ WePlay Esports Reshuffle Madness ရဲ့ Open Qualifier #1 မှာ မအောင်မြင်ခဲ့ပေမယ့် Dendi ပါဝင်ကစားခဲ့တဲ့ Open Qualifier #2 မှာတော့ အောင်မြင်ခဲ့ပြီး Main Event အတွက် တစ်နေရာ ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။
Standin ဝင်ကစားတဲ့ Dendi ကတော့ သူ့ရဲ့ Trademark role ဖြစ်တဲ့ Mid အနေနဲ့ပဲ ကစားခဲ့ပါတယ်။
WePlay Esports Reshuffle Madness ပြိုင်ပွဲကတော့ ဆုကြေး ဒေါ်လာ ၅၀,၀၀၀ ပေးအပ်မှာဖြစ်ပြီး စက်တင်ဘာ ၁၆-၂၃ ရက်အတွင်း ယှဉ်ပြိုင်ရမယ့် EU နဲ့ CIS Dota2 အသင်းတွေအတွက် Online Tournament တစ်ခုပဲ ဖြစ်ပါတယ်။

မနေ့က Valve ရဲ့ တရားဝင် ထုတ်ပြန်ချက်အရ 2019-2020 DPC ပထမဆုံးပြိုင်ပွဲကို နိုဝင်ဘာလမှ စတင်ယှဉ်ပြိုင်ရမှာပါ။ Dendi အပါအဝင် အခြားကစားသမားများနဲ့ အသင်းများရဲ့ DPC season အတွက် ပြင်ဆင်မှုများနဲ့အတူ လာမယ့် ပြိုင်ပွဲများကို ပရိသတ်အများမျှော်လင့်စောင့်စားနေကြဆဲပဲဖြစ်ပါတော့တယ်။ Esports သတင်းများနဲ့ အကြောင်းအရာများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။