[Unicode]

ဝူဟန်မှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် WESG 2019 APAC Final ဖျက်သိမ်း

 

လာမယ့် ဖေဖော်ဝါရီလအတွင်း မကာအိုမြို့မှာ ကျင်းပမယ့် WESG 2019 Macau: APAC Finals ပြိုင်ပွဲကို ဖျက်သိမ်းလိုက်ကြောင်း မကြာသေးမီက ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပေါ်နေတဲ့ ဗိုင်းရပ်စ်ကြောင့် အခုလိုဖျက်သိမ်းလိုက်တာဖြစ်ကြောင်းကိုလည်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

“Coronavirus ကြောင့် ဖြစ်ပွားပြီး လူသိများလာနေတဲ့ရောဂါဟာ ကူးစက်ပြန့်ပွားလာနေပါတယ်။ ဒီဗိုင်းရပ်စ်ကူးစက်ခြင်း ရပ်တန့်စေဖို့ နိုင်ငံတကာခရီးသည်အဝင်အထွက်ကို ထိန်းသိမ်းဖို့ လိုအပ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ WESG APAC Final ပွဲကို ဖျက်သိမ်းကြောင်း ကြေညာရတာပါ” လို့လည်း ပြောကြားခဲ့ပါတယ်။

WESG 2019 APAC Finals Dota2 Teams

ယခုအချိန်ထိ coronaviurs အဆုတ်နာရောဂါကြောင့် တရုတ်နိုင်ငံမှာ ၂၆ ဦးသေဆုံးခဲ့ကာ လူ ၅၀၀ ထက်မနည်း ကူးစက်ခံရလျက်ရှိပါတယ်။ လူစုဝေးခြင်းများဟာ ရောဂါဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ကိုပြန့်နှံ့စေနိုင်တာမို့ တရုတ်ဒေသမှာ ကျင်းပမယ့် ပြိုင်ပွဲကို ဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ဝူဟန်မြို့သို့ ခရီးသွားခြင်းကို တားမြစ်ထားသလို ရောဂါကူးစက်မှုကိုလည်း ရပ်တန့်အောင် ကြိုးပမ်းလျက်ရှိပါတယ်။

WESG APAC Finals ပွဲကျင်းပမယ့်အစီအစဉ်ကို ဖျက်သိမ်းတာဟာ ယခုတစ်ကြိမ်နဲ့ဆိုရင် ၂ ကြိမ်ရှိသွားပါပြီ။ ပထမဆုံးအကြိမ်ကတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဇန်နဝါရီလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကျင်းပမယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့တာပါ။ ထိုစဉ်က ဖျက်သိမ်းခဲ့ပြီးနောက် မကာအိုမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပမယ့်အစီအစဉ်ကို ထပ်မံကြေညာခဲ့ပြီး ယခုလို ထပ်မံဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

Team Cyanide (Now Team Veteran)

WESG 2019 APAC Finals မှာ Dota 2 နဲ့ CS: GO အပါအဝင် နာမည်ကြီးဂိမ်းပြိုင်ပွဲအမြောက်အများကို ပြုလုပ်ဖို့ ရည်ရွယ်ခဲ့သလို မြန်မာ Dota 2 အသင်း Team VeteraN ဟာလည်း သွားရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။ ဖြစ်ပေါ်နေတဲ့ ရောဂါများ အမြန်ဆုံးရပ်တန့်ပြီး gamer များနဲ့ ပရိသတ်များ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိနေစေဖို့ အများက မျှော်လင့်လျက် ရှိကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming


[ZawGyi]

ဝူဟန္မွာ ျဖစ္ေပၚေနတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ WESG 2019 APAC Final ဖ်က္သိမ္း

 

လာမယ့္ ေဖေဖာ္ဝါရီလအတြင္း မကာအိုၿမိဳ႕မွာ က်င္းပမယ့္ WESG 2019 Macau: APAC Finals ၿပိဳင္ပြဲကို ဖ်က္သိမ္းလိုက္ေၾကာင္း မၾကာေသးမီက ေၾကညာခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာျဖစ္ေပၚေနတဲ့ ဗိုင္းရပ္စ္ေၾကာင့္ အခုလိုဖ်က္သိမ္းလိုက္တာျဖစ္ေၾကာင္းကိုလည္း တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့ပါတယ္။

“Coronavirus ေၾကာင့္ ျဖစ္ပြားၿပီး လူသိမ်ားလာေနတဲ့ေရာဂါဟာ ကူးစက္ျပန႔္ပြားလာေနပါတယ္။ ဒီဗိုင္းရပ္စ္ကူးစက္ျခင္း ရပ္တန႔္ေစဖို႔ ႏိုင္ငံတကာခရီးသည္အဝင္အထြက္ကို ထိန္းသိမ္းဖို႔ လိုအပ္ေနပါတယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ WESG APAC Final ပြဲကို ဖ်က္သိမ္းေၾကာင္း ေၾကညာရတာပါ” လို႔လည္း ေျပာၾကားခဲ့ပါတယ္။

WESG 2019 APAC Finals Dota2 Teams

ယခုအခ်ိန္ထိ coronaviurs အဆုတ္နာေရာဂါေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ ၂၆ ဦးေသဆုံးခဲ့ကာ လူ ၅၀၀ ထက္မနည္း ကူးစက္ခံရလ်က္ရွိပါတယ္။ လူစုေဝးျခင္းမ်ားဟာ ေရာဂါျဖစ္ပြားေစတဲ့ ဗိုင္းရပ္စ္ကိုျပန႔္ႏွံ႔ေစႏိုင္တာမို႔ တ႐ုတ္ေဒသမွာ က်င္းပမယ့္ ၿပိဳင္ပြဲကို ဖ်က္သိမ္းခဲ့တာလည္း ျဖစ္ပါတယ္။ တ႐ုတ္အစိုးရဟာ ဝူဟန္ၿမိဳ႕သို႔ ခရီးသြားျခင္းကို တားျမစ္ထားသလို ေရာဂါကူးစက္မႈကိုလည္း ရပ္တန႔္ေအာင္ ႀကိဳးပမ္းလ်က္ရွိပါတယ္။

WESG APAC Finals ပြဲက်င္းပမယ့္အစီအစဥ္ကို ဖ်က္သိမ္းတာဟာ ယခုတစ္ႀကိမ္နဲ႔ဆိုရင္ ၂ ႀကိမ္ရွိသြားပါၿပီ။ ပထမဆုံးအႀကိမ္ကေတာ့ မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕မွာ ဇန္နဝါရီလ ၃ ရက္ေန႔ကေန ၅ ရက္ေန႔အထိ က်င္းပမယ့္အစီအစဥ္ကို ဖ်က္သိမ္းခဲ့တာပါ။ ထိုစဥ္က ဖ်က္သိမ္းခဲ့ၿပီးေနာက္ မကာအိုမွာ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔ကေန ၁၈ ရက္ေန႔အထိ က်င္းပမယ့္အစီအစဥ္ကို ထပ္မံေၾကညာခဲ့ၿပီး ယခုလို ထပ္မံဖ်က္သိမ္းခဲ့တာ ျဖစ္ပါတယ္။

Team Cyanide (Now Team Veteran)

WESG 2019 APAC Finals မွာ Dota 2 နဲ႔ CS: GO အပါအဝင္ နာမည္ႀကီးဂိမ္းၿပိဳင္ပြဲအေျမာက္အမ်ားကို ျပဳလုပ္ဖို႔ ရည္႐ြယ္ခဲ့သလို ျမန္မာ Dota 2 အသင္း Team VeteraN ဟာလည္း သြားေရာက္ယွဥ္ၿပိဳင္ဖို႔ ျပင္ဆင္ေနခဲ့ပါတယ္။ ျဖစ္ေပၚေနတဲ့ ေရာဂါမ်ား အျမန္ဆုံးရပ္တန႔္ၿပီး gamer မ်ားနဲ႔ ပရိသတ္မ်ား စိတ္ခ်မ္းသာ ကိုယ္က်န္းမာရွိေနေစဖို႔ အမ်ားက ေမွ်ာ္လင့္လ်က္ ရွိၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming