[zawgyi]

ျပန္လည္စတင္လာေတာ့မယ့္ WESG 2019 ျမန္မာလက္ရည္စစ္ပြဲ

 

World Electronic Sports Games (WESG) ၿပိဳင္ပြဲရဲ႕ 2019 ခုႏွစ္ ၿပိဳင္ပြဲအသစ္ကေတာ့ မၾကာခင္ စတင္ပါေတာ့မယ္။

WESG 2018 ဟာ ျမန္မာ Esports Community အတြက္ မေမ့ႏိုင္စရာ ၿပိဳင္ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး Dota 2 အသင္းျဖစ္တဲ့ Veteran (ယခု Reckoning Esports) ဟာ ျမန္မာကိုယ္စားျပဳၿပီး အေရွ႕ေတာင္အာရွအဆင့္မွာပါ တတိယအထိ ရရွိခဲ့လို႔ ျမန္မာ Esports အသင္းတစ္သင္းအေနနဲ႔ ကမာၻ့အဆင့္ၿပိဳင္ပြဲတစ္ခုကို ပထမဆံုး ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရရွိခဲ့ပါတယ္။ WESG 2018 World Stage မွာလည္း ကမာၻေက်ာ္ Dota2 အသင္းမ်ားၾကား အသိအမွတ္ျပဳႏိုင္ေလာက္တဲ့ လက္စြမ္းျပသႏိုင္ခဲ့ၿပီး အဆင့္ (၁၇) ရရွိခဲ့ပါတယ္။

ထိုအမွတ္တရေတြကို ျပန္လည္ႏွိုးဆြေပးဖို႔အတြက္ WESG 2019 ပြဲကိုေတာ့ မၾကာခင္ စဆင္ေတာ့မွာ ျဖစ္ၿပီး စာရင္းေပးသြင္းျခင္းကို စတင္လုပ္ေဆာင္ႏိုင္ပါၿပီ။

ဒီတစ္ခါ ပါဝင္မယ့္ ဂိမ္းအမ်ိဳးအစားေတြကေတာ့ 2018 တုန္းက ဂိမ္းအေရအတြက္ထက္ တဝက္တိတိ ေလွ်ာ့နည္းသြားၿပီး ၄ မ်ိဳးသာပါဝင္လာပါတယ္။

ထို ၄ မ်ိဳးကေတာ့ Dota2, CSGO, CSGO (Women) နဲ႔ Starcraft II တို႔ျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ လူႀကိဳက္အမ်ားဆံုး PC Game ေတြပါဝင္ေနေသးတာကေတာ့ ျပည္တြင္း ပရိသတ္ေတြအတြက္ သတင္းေကာင္းပါ။ စိတ္မေကာင္းစရာကေတာ့ မႏွစ္က ပါဝင္ခဲ့တဲ့ Vainglory, Hearthstone, Hearthstone Women နဲ႔ PES 2019 တို႔ကေတာ့ ထပ္မံပါဝင္လာျခင္း မရွိေတာ့ပါဘူး။

ေနာက္ထပ္သတင္းေကာင္းတစ္ခုကေတာ့ WESG 2019 ၿပိဳင္ပြဲပံုစံက မႏွစ္ကလိုပဲ ဂိမ္း ၄ ခုစီအတြက္ ျမန္မာႏိုင္ငံကိုယ္စားျပဳ အသင္း/ကစားသမား တစ္သင္း တစ္ေယာက္စီ ကိုယ္စားျပဳၿပီး Southeast Asia အဆင့္အေနနဲ႔ LAN ၿပိဳင္ပြဲတစ္ပြဲကို ႏိုင္ငံရပ္ျခားမွာ သြားေရာက္ယွဥ္ၿပိဳင္ခြင့္ရမွာျဖစ္လို႔ ျမန္မာကစားသမားေတြရဲ႕ အားအနည္းဆံုးျဖစ္တဲ့ LAN ၿပိဳင္ပြဲ အေတြ႕အၾကံဳနည္းပါမႈကို အေထာက္အကူျပဳေစမွာပါ။

WESG 2019 ကိုေတာ့ South East Asia ၿပိဳင္ပြဲ သီးသန္႔အတြက္ ဆုေၾကးေငြ ေဒၚလာ 105,000 အထိေပးအပ္မွာျဖစ္ၿပီး ႏိုင္ငံအလိုက္ လက္ရည္စစ္ပြဲေတြကိုေတာ့ ၾသဂုတ္လမွ စက္တင္ဘာလအထိ က်င္းပမွာ ျဖစ္ပါတယ္။ SEA ႏိုင္ငံေတြအတြက္ SEA Finals နဲ႔ ေနာက္ဆံုးအဆင့္ International Finals က်င္းပမယ့္ အခ်ိန္နဲ႔ ေနရာေတြကိုေတာ့ ေၾကညာထားျခင္း မရွိေသးပါဘူး။

WESG 2019 အတြက္ Dota2, CSGO, CSGO Women နဲ႔ Starcraft II ဂိမ္းေတြရဲ႕ ျမန္မာႏိုင္ငံ အတြက္ လက္ရည္စစ္ပြဲကိုေတာ့ ေအာက္ပါ Link မွာ စာရင္းေပးသြင္းႏိုင္ပါတယ္။

http://sea.wesg.com/2019/register/

ၿပိဳင္ပြဲနဲ႔ပါတ္သက္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြကိုေတာ့ ေအာက္ပါ Link မွာ ဖတ္႐ွဳႏိုင္ပါတယ္။

sea.wesg.com/2019/rules/

စာရင္းေပးသြင္းျခင္းကိုေတာ့ ဇူလိုင္ ၃၁ ရက္ေန႔မွာ ပိတ္သိမ္းမွာျဖစ္လို႔ အခုပဲ လူျမန္ျမန္စုၿပီး ႏိုင္ငံကိုယ္စားျပဳခြင့္အတြက္ စတင္ႀကိဳးစားႏိုင္ပါၿပီ။

____________________________________________

[unicode]

ပြန်လည်စတင်လာတော့မယ့် WESG 2019 မြန်မာလက်ရည်စစ်ပွဲ

 

World Electronic Sports Games (WESG) ပြိုင်ပွဲရဲ့ 2019 ခုနှစ် ပြိုင်ပွဲအသစ်ကတော့ မကြာခင် စတင်ပါတော့မယ်။

WESG 2018 ဟာ မြန်မာ Esports Community အတွက် မမေ့နိုင်စရာ ပြိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး Dota 2 အသင်းဖြစ်တဲ့ Veteran (ယခု Reckoning Esports) ဟာ မြန်မာကိုယ်စားပြုပြီး အရှေ့တောင်အာရှအဆင့်မှာပါ တတိယအထိ ရရှိခဲ့လို့ မြန်မာ Esports အသင်းတစ်သင်းအနေနဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲတစ်ခုကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ WESG 2018 World Stage မှာလည်း ကမ္ဘာကျော် Dota2 အသင်းများကြား အသိအမှတ်ပြုနိုင်လောက်တဲ့ လက်စွမ်းပြသနိုင်ခဲ့ပြီး အဆင့် (၁၇) ရရှိခဲ့ပါတယ်။

ထိုအမှတ်တရတွေကို ပြန်လည်နှိုးဆွပေးဖို့အတွက် WESG 2019 ပွဲကိုတော့ မကြာခင် စဆင်တော့မှာ ဖြစ်ပြီး စာရင်းပေးသွင်းခြင်းကို စတင်လုပ်ဆောင်နိုင်ပါပြီ။

ဒီတစ်ခါ ပါဝင်မယ့် ဂိမ်းအမျိုးအစားတွေကတော့ 2018 တုန်းက ဂိမ်းအရေအတွက်ထက် တဝက်တိတိ လျှော့နည်းသွားပြီး ၄ မျိုးသာပါဝင်လာပါတယ်။

ထို ၄ မျိုးကတော့ Dota2, CSGO, CSGO (Women) နဲ့ Starcraft II တို့ဖြစ်ပြီး မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး PC Game တွေပါဝင်နေသေးတာကတော့ ပြည်တွင်း ပရိသတ်တွေအတွက် သတင်းကောင်းပါ။ စိတ်မကောင်းစရာကတော့ မနှစ်က ပါဝင်ခဲ့တဲ့ Vainglory, Hearthstone, Hearthstone Women နဲ့ PES 2019 တို့ကတော့ ထပ်မံပါဝင်လာခြင်း မရှိတော့ပါဘူး။

နောက်ထပ်သတင်းကောင်းတစ်ခုကတော့ WESG 2019 ပြိုင်ပွဲပုံစံက မနှစ်ကလိုပဲ ဂိမ်း ၄ ခုစီအတွက် မြန်မာနိုင်ငံကိုယ်စားပြု အသင်း/ကစားသမား တစ်သင်း တစ်ယောက်စီ ကိုယ်စားပြုပြီး Southeast Asia အဆင့်အနေနဲ့ LAN ပြိုင်ပွဲတစ်ပွဲကို နိုင်ငံရပ်ခြားမှာ သွားရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်လို့ မြန်မာကစားသမားတွေရဲ့ အားအနည်းဆုံးဖြစ်တဲ့ LAN ပြိုင်ပွဲ အတွေ့အကြုံနည်းပါမှုကို အထောက်အကူပြုစေမှာပါ။

WESG 2019 ကိုတော့ South East Asia ပြိုင်ပွဲ သီးသန့်အတွက် ဆုကြေးငွေ ဒေါ်လာ 105,000 အထိပေးအပ်မှာဖြစ်ပြီး နိုင်ငံအလိုက် လက်ရည်စစ်ပွဲတွေကိုတော့ သြဂုတ်လမှ စက်တင်ဘာလအထိ ကျင်းပမှာ ဖြစ်ပါတယ်။ SEA နိုင်ငံတွေအတွက် SEA Finals နဲ့ နောက်ဆုံးအဆင့် International Finals ကျင်းပမယ့် အချိန်နဲ့ နေရာတွေကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။

WESG 2019 အတွက် Dota2, CSGO, CSGO Women နဲ့ Starcraft II ဂိမ်းတွေရဲ့ မြန်မာနိုင်ငံ အတွက် လက်ရည်စစ်ပွဲကိုတော့ အောက်ပါ Link မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

http://sea.wesg.com/2019/register/

ပြိုင်ပွဲနဲ့ပါတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ အောက်ပါ Link မှာ ဖတ်ရှုနိုင်ပါတယ်။

sea.wesg.com/2019/rules/

စာရင်းပေးသွင်းခြင်းကိုတော့ ဇူလိုင် ၃၁ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်လို့ အခုပဲ လူမြန်မြန်စုပြီး နိုင်ငံကိုယ်စားပြုခွင့်အတွက် စတင်ကြိုးစားနိုင်ပါပြီ။