Unicode

WESG ရဲ့ တာဝန်ရှိသူများဟာ WESG 2019 Asia-Pacific (APAC) Finals ပြိုင်ပွဲကျင်းပမယ့်အချိန် နောက်ဆုတ်ကြောင်းနဲ့ နေရာရွှေ့ပြောင်းကြောင်း ပြိုင်ပွဲဝင်အသင်းများကို မကြာသေးမီက အီးမေးလ်ပို့အသိပေးလိုက်ပါတယ်။

ယင်းအီးမေးလ်အရ ပြိုင်ပွဲကို ၂၀၂၀ ဇန်နဝါရီလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့်အစား ၂၀၂၀ ဖော်ဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ Macau မှာ ပြောင်းလဲကျင်းပမှာဖြစ်ပါတယ်။

WESG ရဲ့ ရှင်းလင်းချက်အတွင်းမှာတော့ ပွဲစီစဉ်သူများဟာ မူလသတ်မှတ်ထားတဲ့နေရာမှာ ဒေသတွင်းအထောက်အပံ့နဲ့ လိုအပ်ချက်များကို အချိန်မီရှာဖို့ ခက်ခဲခဲ့ကြောင်း ရေးသားထားပါတယ်။ အဆင်မပြေမှုအတွက် အသင်းများကို တောင်းပန်ထားသလို လိုအပ်တဲ့အချိန်မှာ အကူအညီများ ပေးသွားမယ်လို့လည်း ရေးသားထားခဲ့ပါတယ်။

လာမယ့် WESG 2019 APAC Finals ရဲ့ Dota 2 ပြိုင်ပွဲမှာ မြန်မာအသင်း Team VeteraN အပါအဝင် စုစုပေါင်းအသင်း ၁၆ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ Team VeteraN မှာတော့ ယခင်ဆီးဂိမ်း ၂၀၁၉ လူစာရင်းအတိုင်း Leo (ခန့်နိုင်), InsaNe (မြင့်မြတ်ဇော်), ShowT (အောင်မြတ်စိုး), RapRap (ကောင်းဇော်သူ) နဲ့ Kenji (ရဲထိုက်) တို့ ပါဝင်ပါတယ်။

အခြားအသင်းများကတော့ DDEAD, Team Uzbekistan, 496 Gaming, Aggressive Slayer, EHOME.I, Team Aster, Keen Gaming, Athletico Esports, Team f0x, Portal Esports, Whoops!, Team Lebanon, Team Jordan, MotoPro နဲ့ IMG တို့ ဖြစ်ကြပါတယ်။

ထိုအသင်းများထဲမှာမှ 496 Gaming ဟာ ဆီးဂိမ်း ၂၀၁၉ မှာ ဗီယက်နမ်ကိုယ်စားပြုအသင်းအနေနဲ့ ကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့တဲ့အသင်းဖြစ်သလို လာအိုကိုယ်စားပြု Aggressive Slayer ဟာလည်း အဆင့် ၄ နေရာအထိ ရယူနိုင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

နာမည်ကြီးအသင်းများကတော့ Keen Gaming နဲ့ Team Aster တို့ပါ။ Keen Gaming မှာ Kamma, 一, dark, xiaofu, 天命 နဲ့ နည်းပြဖြစ်သူ LaNm တို့ ပါဝင်ပြီး Team Aster မှာတော့ Sccc, ChYuan, Xxs, BoBoKa, Fade နဲ့ နည်းပြ Mikasa တို့ ပါဝင်ပါတယ်။

ပြိုင်ပွဲဝင်အသင်းများအတွင်း ပရိသတ်နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား နာမည်ကြီးကစားသမားများကတော့ Team Jordan ရဲ့ Funn1k, Team Lebanon ရဲ့ GH, Portal Esports ရဲ့ Attacker, Team Uzbekistan ရဲ့ SoNNeikO နဲ့ GGwpLanaya စ သူတို့ပါ။ Dota 2 လောကမှာ တွေ့မြင်ရခဲတဲ့ ဂျပန်ကစားသမားများလည်း ပါဝင်ပြီး ယင်းတို့ကတော့ MotoPro အသင်းသားများ ဖြစ်ကြပါတယ်။

WESG ပြိုင်ပွဲဟာ အရင်နှစ်တွေကတော့ အသင်းတစ်သင်းမှာ နိုင်ငံတူ ကစားသမားများသာ လက်ခံခဲ့ပေမယ့် အခုနှစ်မှာ လျော့ပေါ့ပြီး နိုင်ငံခြားကစားသမားများပါ (အမြင့်ဆုံးနှစ်ယောက်လို့ ထင်ပါတယ်) ထည့်သွင်းကစားခွင့်ပြုလာခဲ့ပါတယ်။ တစ်ချိန်က Na’Vi အသင်းသားတစ်ဦးအဖြစ် လူသိများတဲ့ SoNNeikO ဟာ ရုရှ/ဥဇဘက်ကစ္စတန် နှစ်နိုင်ငံသားခံယူထားတာဖြစ်ပြီး Team Uzbekistan မှာ သူနဲ့ပါဆိုရင် ရုရှ ပရိုကစားသမား ၃ ဦးတောင် ပါဝင်နေသလိုဖြစ်နေတာကို မြင်ရမှာပါ။

အသေးစိတ်အချက်အလက်နဲ့ ထပ်မံအတည်ပြုချက်များကိုတော့ ပြိုင်ပွဲနီးကပ်လာချိန်မှာမှ သိကြရမှာပါ။ မြန်မာအသင်း Team VeteraN ပါဝင်တဲ့ပွဲမို့ ပရိသတ်အများ အားပေးစောင့်ကြည့်နိုင်အောင် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။

Source: hltv.org

Zawgyi

WESG ရဲ႕ တာဝန္ရွိသူမ်ားဟာ WESG 2019 Asia-Pacific (APAC) Finals ျပိဳင္ပြဲက်င္းပမယ့္အခ်ိန္ ေနာက္ဆုတ္ေၾကာင္းနဲ႔ ေနရာေရႊ႕ေျပာင္းေၾကာင္း ျပိဳင္ပြဲဝင္အသင္းမ်ားကို မၾကာေသးမီက အီးေမးလ္ပို႔အသိေပးလိုက္ပါတယ္။

ယင္းအီးေမးလ္အရ ျပိဳင္ပြဲကို ၂၀၂၀ ဇန္နဝါရီလ ၂ ရက္ေန႔ကေန ၅ ရက္ေန႔အထိ မေလးရွားႏိုင္ငံ ကြာလာလမ္ပူျမိဳ႕မွာ က်င္းပမယ့္အစား ၂၀၂၀ ေဖာ္ေဖာ္ဝါရီလ ၁၆ ရက္ေန႔ကေန ၁၈ ရက္ေန႔အထိ Macau မွာ ေျပာင္းလဲက်င္းပမွာျဖစ္ပါတယ္။

WESG ရဲ႕ ရွင္းလင္းခ်က္အတြင္းမွာေတာ့ ပြဲစီစဥ္သူမ်ားဟာ မူလသတ္မွတ္ထားတဲ့ေနရာမွာ ေဒသတြင္းအေထာက္အပံ့နဲ႔ လိုအပ္ခ်က္မ်ားကို အခ်ိန္မီရွာဖုိ့ ခက္ခဲခဲ့ေၾကာင္း ေရးသားထားပါတယ္။ အဆင္မေျပမႈအတြက္ အသင္းမ်ားကို ေတာင္းပန္ထားသလို လိုအပ္တဲ့အခ်ိန္မွာ အကူအညီမ်ား ေပးသြားမယ္လို႔လည္း ေရးသားထားခဲ့ပါတယ္။

လာမယ့္ WESG 2019 APAC Finals ရဲ႕ Dota 2 ျပိဳင္ပြဲမွာ ျမန္မာအသင္း Team VeteraN အပါအဝင္ စုစုေပါင္းအသင္း ၁၆ သင္း ဝင္ေရာက္ယွဥ္ျပိဳင္ၾကမွာပါ။ Team VeteraN မွာေတာ့ ယခင္ဆီးဂိမ္း ၂၀၁၉ လူစာရင္းအတိုင္း Leo (ခန္႔ႏိုင္), InsaNe (ျမင့္ျမတ္ေဇာ္), ShowT (ေအာင္ျမတ္စိုး), RapRap (ေကာင္းေဇာ္သူ) နဲ႔ Kenji (ရဲထိုက္) တို႔ ပါဝင္ပါတယ္။

အျခားအသင္းမ်ားကေတာ့ DDEAD, Team Uzbekistan, 496 Gaming, Aggressive Slayer, EHOME.I, Team Aster, Keen Gaming, Athletico Esports, Team f0x, Portal Esports, Whoops!, Team Lebanon, Team Jordan, MotoPro နဲ႔ IMG တို႔ ျဖစ္ၾကပါတယ္။

ထုိအသင္းမ်ားထဲမွာမွ 496 Gaming ဟာ ဆီးဂိမ္း ၂၀၁၉ မွာ ဗီယက္နမ္ကိုယ္စားျပဳအသင္းအေနနဲ႔ ေၾကးတံဆိပ္ ဆြတ္ခူးႏိုင္ခဲ့တဲ့အသင္းျဖစ္သလို လာအိုကိုယ္စားျပဳ Aggressive Slayer ဟာလည္း အဆင့္ ၄ ေနရာအထိ ရယူႏိုင္ခဲ့တဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။

နာမည္ၾကီးအသင္းမ်ားကေတာ့ Keen Gaming နဲ႔ Team Aster တို႔ပါ။ Keen Gaming မွာ Kamma, 一, dark, xiaofu, 天命 နဲ႔ နည္းျပျဖစ္သူ LaNm တို႔ ပါဝင္ျပီး Team Aster မွာေတာ့ Sccc, ChYuan, Xxs, BoBoKa, Fade နဲ႔ နည္းျပ Mikasa တို႔ ပါဝင္ပါတယ္။

ျပိဳင္ပြဲဝင္အသင္းမ်ားအတြင္း ပရိသတ္နဲ႔ ရင္းႏွီးကြ်မ္းဝင္ျပီးသား နာမည္ၾကီးကစားသမားမ်ားကေတာ့ Team Jordan ရဲ႕ Funn1k, Team Lebanon ရဲ႕ GH, Portal Esports ရဲ႕ Attacker, Team Uzbekistan ရဲ႕ SoNNeikO နဲ႔ GGwpLanaya စ သူတို႔ပါ။ Dota 2 ေလာကမွာ ေတြ႔ျမင္ရခဲတဲ့ ဂ်ပန္ကစားသမားမ်ားလည္း ပါဝင္ျပီး ယင္းတို႔ကေတာ့ MotoPro အသင္းသားမ်ား ျဖစ္ၾကပါတယ္။

WESG ၿပိဳင္ပြဲဟာ အရင္ႏွစ္ေတြကေတာ့ အသင္းတစ္သင္းမွာ ႏုိင္ငံတူ ကစားသမားမ်ားသာ လက္ခံခဲ့ေပမယ့္ အခုႏွစ္မွာ ေလ်ာ့ေပါ့ၿပီး ႏုိင္ငံျခားကစားသမားမ်ားပါ (အျမင့္ဆုံးႏွစ္ေယာက္လို႔ ထင္ပါတယ္) ထည့္သြင္းကစားခြင့္ျပဳလာခဲ့ပါတယ္။ တစ္ခ်ိန္က Na’Vi အသင္းသားတစ္ဦးအျဖစ္ လူသိမ်ားတဲ့ SoNNeikO ဟာ ရုရွ/ဥဇဘက္ကစၥတန္ ႏွစ္ႏုိင္ငံသားခံယူထားတာျဖစ္ၿပီး Team Uzbekistan မွာ သူနဲ႔ပါဆုိရင္ ရုရွ ပရုိကစားသမား ၃ ဦးေတာင္ ပါဝင္ေနသလိုျဖစ္ေနတာကို ျမင္ရမွာပါ။

အေသးစိတ္အခ်က္အလက္နဲ႔ ထပ္မံအတည္ျပဳခ်က္မ်ားကိုေတာ့ ျပိဳင္ပြဲနီးကပ္လာခ်ိန္မွာမွ သိၾကရမွာပါ။ ျမန္မာအသင္း Team VeteraN ပါဝင္တဲ့ပြဲမို႔ ပရိသတ္အမ်ား အားေပးေစာင့္ၾကည့္ႏိုင္ေအာင္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။

Source: hltv.org