[Unicode]

OG, Nigma, Secret, VP တို့ ပါဝင်မယ့် COVID-19 တိုက်ဖျက်ရေးရန်ပုံငွေ Dota 2 ပြိုင်ပွဲ

 

လက်ရှိအချိန်ထိ ကြုံတွေ့နေကြရတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရဲ့ ရိုက်ခတ်မှုကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ကျင်းပဖို့စီစဉ်ထားခဲ့တဲ့ Esports ပြိုင်ပွဲကြီးပေါင်းများစွာကို ရွှေ့ပြောင်းခြင်းများနဲ့ ဖျက်သိမ်းခြင်းများ ပြုလုပ်နေကြရပါတယ်။ ယင်းတို့ထဲမှာ Dota 2 Major ပြိုင်ပွဲကြီးများဖြစ်ကြတဲ့ ESL One Lose Angeles Major နဲ့ Epicenter Major တို့လည်း ပါဝင်သွားခဲ့လို့ Dota 2 ပြိုင်ပွဲများ ထပ်မံကျင်းပလာဦးမလားဆိုတာကို ပရိသတ်များ မျှော်လင့်စောင့်စားနေခဲ့ကြရပါတယ်။

ယခုအချိန်မှာတော့ WePlay! Bukovel Minor နဲ့ WePlay: Mad Moon တို့ကို ကြီးမှူးကျင်းပခဲ့တဲ့ WePlay! ဟာ COVID-19 တိုက်ဖျက်ရေးရန်ပုံငွေ Dota 2 ပြိုင်ပွဲကို ပြုလုပ်ကျင်းပတော့မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ WeSave! Charity Play လို့ အမည်ပေးထားတဲ့ ယင်းပွဲမှာ ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၁၂၀,၀၀၀ ချီးမြှင့်မှာဖြစ်ပြီး ပရော်ဖက်ရှင်နယ် Dota 2 အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

ယင်းပွဲကို မတ်လ ၂၀ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများဟာ အွန်လိုင်းပေါ်ကသာ ယှဉ်ပြိုင်ကစားကြရမှာလည်း ဖြစ်ပါတယ်။ ယင်းပွဲကနေ ရရှိမယ့် စပွန်ဆာများနဲ့ ပရိသတ်များရဲ့လှူဒါန်းမှုများကို COVID-19 တိုက်ဖျက်ရေးအတွက် ပြန်လည်ပေးအပ် လှူဒါန်းသွားမှာဖြစ်ကြောင်းကိုလည်း WePlay! က ယင်းတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

WeSave! Charity Play ပွဲမှာ ပါဝင်ကစားကြဖို့ သေချာပြီးသား အသင်းများကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။
• EHOME
• Invictus Gaming
• TNC Predator
• Geek Fam
• BOOM Esports
• HellRaisers
• Virtus.pro
• Natus Vincere
• OG
• Team Liquid
• Team Secret
• Team Nigma
• CR4ZY
• No Ping Esports
• Thunder Predator
• beastcoast
• business associates
• FURIA Esports

ယင်းပွဲမှာ Sheever နဲ့ Dendi တို့ အပါအဝင် Dota 2 caster အမြောက်အများက အင်္ဂလိပ် ရုရှား ၂ ဘာသာနဲ့ ကြေညာပေးသွားမှာဖြစ်ကြောင်းကိုလည်း WePlay! ဝက်ဘ်ဆိုက်မှာ ရေးသားထားပါသေးတယ်။ WeSave! Charity Play ပွဲဟာ Dota 2 ပြိုင်ပွဲစောင့်မျှော်နေကြတဲ့ ပရိသတ်များအတွက် သတင်းကောင်းဖြစ်တာမို့ ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: WePlay!, afkgaming


[ZawGyi]

OG, Nigma, Secret, VP တို႔ ပါဝင္မယ့္ COVID-19 တိုက္ဖ်က္ေရးရန္ပုံေငြ Dota 2 ၿပိဳင္ပြဲ

 

လက္ရွိအခ်ိန္ထိ ႀကဳံေတြ႕ေနၾကရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ (COVID-19) ရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ ကမာၻတစ္ဝွမ္းမွာ က်င္းပဖို႔စီစဥ္ထားခဲ့တဲ့ Esports ၿပိဳင္ပြဲႀကီးေပါင္းမ်ားစြာကို ေ႐ႊ႕ေျပာင္းျခင္းမ်ားနဲ႔ ဖ်က္သိမ္းျခင္းမ်ား ျပဳလုပ္ေနၾကရပါတယ္။ ယင္းတို႔ထဲမွာ Dota 2 Major ၿပိဳင္ပြဲႀကီးမ်ားျဖစ္ၾကတဲ့ ESL One Lose Angeles Major နဲ႔ Epicenter Major တို႔လည္း ပါဝင္သြားခဲ့လို႔ Dota 2 ၿပိဳင္ပြဲမ်ား ထပ္မံက်င္းပလာဦးမလားဆိုတာကို ပရိသတ္မ်ား ေမွ်ာ္လင့္ေစာင့္စားေနခဲ့ၾကရပါတယ္။

ယခုအခ်ိန္မွာေတာ့ WePlay! Bukovel Minor နဲ႔ WePlay: Mad Moon တို႔ကို ႀကီးမႉးက်င္းပခဲ့တဲ့ WePlay! ဟာ COVID-19 တိုက္ဖ်က္ေရးရန္ပုံေငြ Dota 2 ၿပိဳင္ပြဲကို ျပဳလုပ္က်င္းပေတာ့မွာျဖစ္ေၾကာင္း ေၾကညာလိုက္ပါတယ္။ WeSave! Charity Play လို႔ အမည္ေပးထားတဲ့ ယင္းပြဲမွာ ဆုေၾကးေငြစုစုေပါင္း ေဒၚလာ ၁၂၀,၀၀၀ ခ်ီးျမႇင့္မွာျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ Dota 2 အသင္း ၂၄ သင္း ပါဝင္ယွဥ္ၿပိဳင္ၾကမွာပါ။

ယင္းပြဲကို မတ္လ ၂၀ ရက္ေန႔ကေန ၂၆ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ၿပီး ၿပိဳင္ပြဲဝင္အသင္းမ်ားဟာ အြန္လိုင္းေပၚကသာ ယွဥ္ၿပိဳင္ကစားၾကရမွာလည္း ျဖစ္ပါတယ္။ ယင္းပြဲကေန ရရွိမယ့္ စပြန္ဆာမ်ားနဲ႔ ပရိသတ္မ်ားရဲ႕လႉဒါန္းမႈမ်ားကို COVID-19 တိုက္ဖ်က္ေရးအတြက္ ျပန္လည္ေပးအပ္ လႉဒါန္းသြားမွာျဖစ္ေၾကာင္းကိုလည္း WePlay! က ယင္းတို႔ရဲ႕ တရားဝင္ဝက္ဘ္ဆိုက္စာမ်က္ႏွာေပၚမွာ ေရးသားထားပါတယ္။

WeSave! Charity Play ပြဲမွာ ပါဝင္ကစားၾကဖို႔ ေသခ်ာၿပီးသား အသင္းမ်ားကေတာ့ ေအာက္ပါအတိုင္းျဖစ္ၾကပါတယ္။
• EHOME
• Invictus Gaming
• TNC Predator
• Geek Fam
• BOOM Esports
• HellRaisers
• Virtus.pro
• Natus Vincere
• OG
• Team Liquid
• Team Secret
• Team Nigma
• CR4ZY
• No Ping Esports
• Thunder Predator
• beastcoast
• business associates
• FURIA Esports

ယင္းပြဲမွာ Sheever နဲ႔ Dendi တို႔ အပါအဝင္ Dota 2 caster အေျမာက္အမ်ားက အဂၤလိပ္ ႐ုရွား ၂ ဘာသာနဲ႔ ေၾကညာေပးသြားမွာျဖစ္ေၾကာင္းကိုလည္း WePlay! ဝက္ဘ္ဆိုက္မွာ ေရးသားထားပါေသးတယ္။ WeSave! Charity Play ပြဲဟာ Dota 2 ၿပိဳင္ပြဲေစာင့္ေမွ်ာ္ေနၾကတဲ့ ပရိသတ္မ်ားအတြက္ သတင္းေကာင္းျဖစ္တာမို႔ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: WePlay!, afkgaming