[Unicode]

Europe နဲ့ CIS အကောင်းဆုံးအသင်းတွေပါဝင်မယ့် WePlay! Pushka Dota2 League

 

2020 ခုနှစ်အတွင်း အတိုးတက်ဆုံး Dota2 ပြိုင်ပွဲ စီစဉ်သူ (Organizer) လို့တောင် သတ်မှတ်နိုင်တဲ့ WePlay! ကတော့ နောက်ထပ်ပြိုင်ပွဲတစ်ပွဲ ကြေညာလိုက်ပါပြီ။ ဒီတစ်ကတော့ Dota2 League ပြိုင်ပွဲဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းတွေ ပါဝင်ကြမှာပါ။

WePlay! ဆိုတာ ယူကရိန်းအခြေစိုက် Esports ပွဲစီစဉ်သူ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၂၀ ခုနှစ်ထဲမှာပဲ ဒုတိယ DPC Minor ဖြစ်တဲ့ WePlay! Bukovel Minor, ဆုကြေးဒေါ်လာ ၃၀၀,၀၀၀ ပေးအပ်ခဲ့တဲ့ WePlay! Mad Moon, COVID-19 တိုက်ဖျက်ရေးအတွက် ပြုလုပ်ခဲ့တဲ့ ဆုကြေးဒေါ်လာ ၁၂၀,၀၀၀ တန် WeSave! Charity Play! စတဲ့ပြိုင်ပွဲတွေကို စီစဉ်ခဲ့ပါတယ်။ ဒီတစ်ခါ WePlay! Pushka Dota2 League ကတော့ အောက်ပါအတိုင်း ဥရောပက အကောင်းဆုံး ၆ သင်းနဲ့ CIS ၆ သင်း တို့ကို ဖိတ်ခေါ်ထားပြီး ကျန်တစ်သင်းစီကတော့ လက်ရည်စစ်ပွဲမှ အနိုင်ရရှိတဲ့တစ်သင်းစီ ပါဝင်မှာပါ။

Europe

  • OG
  • Team Secret
  • Nigma
  • Ninjas in Pyjamas
  • Alliance
  • Team Liquid
  • Open Qualifier မှတစ်သင်း

CIS 

  • Natus Vincere
  • Virtus.pro
  • HellRaisers
  • B8
  • Gambit Esports
  • Team Spirit
  • Open Qualifier မှတစ်သင်း
Two Time TI Champion OG will participate

ပြိုင်ပွဲကိုတော့ CIS (၇)သင်းတစ်အုပ်စု Europe (၇) သင်းတစ်အုပ်စုစီ Bo3 ပါတ်လည် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အုပ်စုအောက်ဆုံး (၃) သင်းစီက ထွက်ရမှာဖြစ်ပြီး ကျန် (၄)သင်းက Double Elimination Format နဲ Bo3 ယှဉ်ပြိုင်ကြမှာဖြစ်ပြီး Grand Final ကတော့ Bo5 ဖြစ်ပါတယ်။
ပြိုင်ပွဲကိုတော့ ဧပြီ ၂၃ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ပွဲစဉ်အားလုံးကို Online ကပဲယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဆုကြေးကတော့ ဒေါ်လာ ၂၅၀,၀၀၀ ပေးအပ်မှာဖြစ်ပြီး Open Qualifier အချက်အလက်တွေကိုတော့ တရားဝင်မကြေညာသေးပါဘူး။

COVID-19 ကပ်ရောဂါကြောင့် အိမ်တွင်းပုန်းနေရချိန်တွေမှာ အခုလို Esports ပြိုင်ပွဲတွေ စဉ်ဆက်မပျက်ရှိနေတာကတော့ ဂိမ်မာတွေအတွက် သတင်းကောင်းပါပဲ။ COVID-19 ဖြစ်ပွားနေပေမယ့်လည်း Gaming Noodle ကနေ သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာအသစ်တွေကို တင်ဆက်ပေးသွားဦးမှာမလို့ စောင့်မျှော်ကြည့်ရှုပေးကြပါ ခင်ဗျာ။


[ZawGyi]

Europe နဲ႔ CIS အေကာင္းဆုံးအသင္းေတြပါဝင္မယ့္ WePlay! Pushka Dota2 League

 

2020 ခုႏွစ္အတြင္း အတိုးတက္ဆုံး Dota2 ၿပိဳင္ပြဲ စီစဥ္သူ (Organizer) လို႔ေတာင္ သတ္မွတ္ႏိုင္တဲ့ WePlay! ကေတာ့ ေနာက္ထပ္ၿပိဳင္ပြဲတစ္ပြဲ ေၾကညာလိုက္ပါၿပီ။ ဒီတစ္ကေတာ့ Dota2 League ၿပိဳင္ပြဲျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံးအသင္းေတြ ပါဝင္ၾကမွာပါ။

WePlay! ဆိုတာ ယူကရိန္းအေျခစိုက္ Esports ပြဲစီစဥ္သူ အဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ၂၀၂၀ ခုႏွစ္ထဲမွာပဲ ဒုတိယ DPC Minor ျဖစ္တဲ့ WePlay! Bukovel Minor, ဆုေၾကးေဒၚလာ ၃၀၀,၀၀၀ ေပးအပ္ခဲ့တဲ့ WePlay! Mad Moon, COVID-19 တိုက္ဖ်က္ေရးအတြက္ ျပဳလုပ္ခဲ့တဲ့ ဆုေၾကးေဒၚလာ ၁၂၀,၀၀၀ တန္ WeSave! Charity Play! စတဲ့ၿပိဳင္ပြဲေတြကို စီစဥ္ခဲ့ပါတယ္။ ဒီတစ္ခါ WePlay! Pushka Dota2 League ကေတာ့ ေအာက္ပါအတိုင္း ဥေရာပက အေကာင္းဆုံး ၆ သင္းနဲ႔ CIS ၆ သင္း တို႔ကို ဖိတ္ေခၚထားၿပီး က်န္တစ္သင္းစီကေတာ့ လက္ရည္စစ္ပြဲမွ အႏိုင္ရရွိတဲ့တစ္သင္းစီ ပါဝင္မွာပါ။

Europe

  • OG
  • Team Secret
  • Nigma
  • Ninjas in Pyjamas
  • Alliance
  • Team Liquid
  • Open Qualifier မွတစ္သင္း

CIS 

  • Natus Vincere
  • Virtus.pro
  • HellRaisers
  • B8
  • Gambit Esports
  • Team Spirit
  • Open Qualifier မွတစ္သင္း
Two Time TI Champion OG will participate

ၿပိဳင္ပြဲကိုေတာ့ CIS (၇)သင္းတစ္အုပ္စု Europe (၇) သင္းတစ္အုပ္စုစီ Bo3 ပါတ္လည္ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ အုပ္စုေအာက္ဆုံး (၃) သင္းစီက ထြက္ရမွာျဖစ္ၿပီး က်န္ (၄)သင္းက Double Elimination Format နဲ Bo3 ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး Grand Final ကေတာ့ Bo5 ျဖစ္ပါတယ္။
ၿပိဳင္ပြဲကိုေတာ့ ဧၿပီ ၂၃ ရက္ေန႔မွာ စတင္မွာျဖစ္ၿပီး ပြဲစဥ္အားလုံးကို Online ကပဲယွဥ္ၿပိဳင္ၾကမွာ ျဖစ္ပါတယ္။ ဆုေၾကးကေတာ့ ေဒၚလာ ၂၅၀,၀၀၀ ေပးအပ္မွာျဖစ္ၿပီး Open Qualifier အခ်က္အလက္ေတြကိုေတာ့ တရားဝင္မေၾကညာေသးပါဘူး။

COVID-19 ကပ္ေရာဂါေၾကာင့္ အိမ္တြင္းပုန္းေနရခ်ိန္ေတြမွာ အခုလို Esports ၿပိဳင္ပြဲေတြ စဥ္ဆက္မပ်က္ရွိေနတာကေတာ့ ဂိမ္မာေတြအတြက္ သတင္းေကာင္းပါပဲ။ COVID-19 ျဖစ္ပြားေနေပမယ့္လည္း Gaming Noodle ကေန သတင္းေတြနဲ႔ အျခားစိတ္ဝင္စားဖြယ္ရာ အေၾကာင္းအရာအသစ္ေတြကို တင္ဆက္ေပးသြားဦးမွာမလို႔ ေစာင့္ေမွ်ာ္ၾကည့္ရႈေပးၾကပါ ခင္ဗ်ာ။