[Unicode]

2020 ရဲ့ ပထမဆုံး Minor ပြိုင်ပွဲ WePlay! Bukovel Dota2 Tournament Preview

 

Dota Pro Circuit 2019-2020 ရဲ့ ဒုတိယ Major ဖြစ်တဲ့ Bukovel Minor ကိုတော့ ဇန်နဝါရီ ၉ ရက်ကနေ ၁၂ အထိ ကျင်းပမှာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ Bukovel မြို့မှာ ကျင်းပမှာဖြစ်ပြီး Time Zone က မြန်မာနိုင်ငံနဲ့ ၄ နာရီခွဲခန့်သာ ကွာခြားတာမို့လို့ ပြည်တွင်း Dota2 ပရိသတ်တွေ စောင့်ကြည့်ဖို့ လွယ်ကူစေမှာပါ။ ပြည်တွင်း Dota2 Casting Page အကုန်နီးပါး ပြဖို့ရှိတဲ့အပြင် eGG Network မှာလည်း ပြမှာမလို့ တိုက်ရိုက်ကြည့်ရှုဖို့ လွယ်ကူစေပါတယ်။

ပုံမှန်ဆိုရင် Minor ပြိုင်ပွဲအများစုဟာ ပရိသတ်စိတ်ဝင်စားမှုနည်းပါးလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ပရိသတ်အခိုင်အမာရရှိပြီးသား အသင်းတစ်သင်းဖြစ်တဲ့ Nigma (ex-Liquid) ပါဝင်လာတာကြောင့် အရင် Minor တွေထက် စိတ်ဝင်စားမှု ပိုများနိုင်ပါတယ်။ စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၃၀၀,၀၀၀ နဲ့ DPC Point 660 ပေးအပ်မှာ ဖြစ်ပေမယ့် ချန်ပီယံအသင်းသာ Leipzig Major ကို တက်ရောက်ခွင့်ရရှိမှာမလို့ ပထမရရှိရေးကိုသာ ဦးတည်ပြီး ဖောင်ဖျက် ကစားကြရမှာပါ။

ဒီပြိုင်ပွဲမှာ မေးရမယ့် မေးခွန်းကတော့ ဘယ်သူဗိုလ်စွဲမလဲ ဆိုတာထက် ပရိသတ်အကြိုက် Nigma ကို ဘယ်သူစိန်ခေါ်နိုင်မလဲလို့ မေးရမှာ ဖြစ်ပါတယ်။

ကဲ… ပါဝင်မယ့် အသင်းတွေကို တစ်ချက်ကြည့်ရအောင်။

Fighting Pandas

EE-sama ပရိသတ်တွေရှိကြလား? EE တစ်ပေါက်လျှမ်းလျှမ်းတောက်လို့ ယုံကြည်မယ့်သူတွေအတွက် Fighting Pandas ကို အားပေးနိုင်ပါတယ်။ ကနေဒါနိုင်ငံသား ၄ ယောက်ပါဝင်တဲ့ ဒီအသင်းကိုတော့ စာရေးသူအနေနဲ့ အများကြီး မျှော်လင့်မထားပါဘူး။ Aui_2000 တို့ MoonMeander တို့လို့ Oldies တွေကို သံယောဇဉ်အနည်းငယ် ရှိသေးပေမယ့် Nigma ကိုကျော်ပြီး ဗိုလ်စွဲဖို့ကတော့ EE-sama ကျောက်ထမယ့် တစ်ကွက်ကိုသာ စောင့်ကြည့်ရမှာပါ။

FURIA Esports

CSGO မှာ နာမည်ရပြီးသား ဘရာဇီးအခြေစိုက် Furia Esports လို အဖွဲ့အစည်းမျိုးက Dota2 ဖက်ဝင်လာတာကို ကြိုဆိုပေမယ့် Dota မှာ သိပ်မဖြစ်ထွန်းတဲ့ တောင်အမေရိကနိုင်ငံသားတွေနဲ့သာ ဖွဲ့စည်းထားတာမလို့ အိမ်ဖြည့်လို့သာ ယူဆချင်ပါတယ်။ နာမည်ရှိပြီးသား ကစားသမားဆိုလို့ အရင် Pain Gaming က Support Player “Duster” တစ်ယောက်သာ Captain အဖြစ်ပါဝင်လာပါတယ်။ အုပ်စုအဆင့်ကျော်ရင်ပဲ ရွှေတံဆိပ်ဆု ပေးသင့်နေပါပြီ။

Gambit

TI9 ပြီးကတည်းက တောက်လျှောက် လက်စွမ်းပြလာခဲ့တဲ့ Gambit ကတော့ နောက်ဆုံးကျင်းပခဲ့တဲ့ ပြိုင်ပွဲကြီးလို့ ဆိုရမယ့် One Esports World Pro Invitational ပြိုင်ပွဲမှာ အသင်းကြီးအများစု ပါဝင်သည့်တိုင် Evil Geniuses နဲ့ Vici Gaming တို့ရဲ့နောက် တတိယနေရာအထိ ရယူထားနိုင်ပါတယ်။ အရင် Major ဖြစ်တဲ့ Chendu Major ကိုတော့ တိုက်ရိုက် Qualify ဖြစ်ခဲ့ပေမယ့် ဒုတိယ Major မှာတော့ ပုံမှန်လက်စွမ်းရလာတဲ့ Virtus Pro နဲ့ Na’Vi ကို အရှုံးပေးခဲ့ရပါတယ်။ One Esports ပွဲမှာ အသင်းကြီးတွေကို အငိုက်မိစေပေမယ့် ဒီ Bukovel Minor မှာတော့ အကြောင်းသိသွားပြီမလို့ အနည်းငယ် ရုန်းကန်ရနိုင်ပါတယ်။

GeekFam

Major ကို တိုက်ရိုက် Qualify ဖြစ်နိုင်လောက်တဲ့ လူစာရင်းရှိပေမယ့် Major နဲ့ ကပ်လွဲပြီး Minor ကိုပြုတ်ကျလာတာ ၂ ခါ ရှိပါပြီ။ Raven, Kuku တို့နဲ့ အတွဲမိအောင် Mid နေရာကို US က Ryoya အစား Tier-2 အသင်းတွေမှာ လက်စွမ်းပြနေတဲ့ ဖိလစ်ပိုင် နိုင်ငံသား Karl ကို ခေါ်ယူထားပါတယ်။ ဒီပြိုင်ပွဲမှာတော့ လူသစ်နဲ့ အထိုင်ကျမလား စောင့်ကြည့်ရနိုင်ပေမယ့် တတိယ Major ကျရင်တော့ Qualifier အောင်သင့်နေပါပြီ။ မဟုတ်ရင် မနှစ်က DPC Season ကလို Minor မှာပျော်နေတဲ့ Boom ID နဲ့ ဘဝတူသွားပါလိမ့်မယ်။

Nigma

ပြိုင်ပွဲမှာ ပရိသတ်အားအပေးဆုံးနဲ့ ရေပန်းအစားဆုံး အသင်းပါ။ TI9 မှာ ဒုတိယ ရရှိခဲ့တဲ့ Team Liquid ကစားသမားဟောင်းတွေ အကုန်ပါဝင်တာမလို့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာ လိုမယ့် မထင်ပါဘူး။ တကယ်က Major ကို တိုက်ရိုက် Qualify ဖြစ်သင့်ပေမယ့် ပထမ Major ကို မပြိုင်ပဲနားလိုက်တဲ့ အကျိုးဆက်တွေကြောင့် ပုံမှန်လက်စွမ်းရဖို့ ရုန်းကန်ခဲ့ပြီး Minor ကို ပြုတ်ကျလာတာပါ။ အမာခံပရိသတ်တွေ အရှက်မရစေဖို့ လုပ်ဆောင်ရမယ့် တာဝန်ကတော့ ချန်ပီယံဆုပါပဲ။ ဒါတောင် Minor ချန်ပီယံဆိုတာ နိမ့်လွန်းနေပြီး Leipzig Major မှာ Top 8 လောက်ရမှသာ အပြောအဆိုခံရခြင်း ကင်းဝေးမှာ ဖြစ်ပါတယ်။

Ninja In Pyjamas (NIP)

NIP ကတော့ အခုအချိန်အထိ မနှစ်က လက်စွမ်းပြန်မရသေးပါဘူး။ TI9 အပြီး လူစာရင်းအပြောင်းအလဲဟာ အလုပ်မဖြစ်ခဲ့တာကို တွေ့မြင်နိုင်ပြီး ရှေ့မှာခေါ်ယူခဲ့တဲ့ လူမသိသူမသိ Mid Player Skiter ကို kick ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာTANNER ကို ခေါ်ယူခဲ့ပါတယ်။ TANNER ကတော့ Dota2 Pro ရှားပါးလှတဲ့ United Kingdom (UK) ကဖြစ်ပြီး နောက်ပိုင်းနာမည်ရလာတဲ့ Viking.gg အသင်းက ပြောင်းရွှေ့လာတာပါ။ လက်ရှိလူစာရင်းနဲ့တောင် အထိုင်မကျသေးချိန်မှာ လူတစ်ယောက်ထပ်လဲခဲ့လို့ NIP ကိုလည်း အချိန်ပေး စောင့်ကြည့်ရမှာပါ။ Gunner, Universe နဲ့ ppd တို့ရုန်းနိုင်ရင်တော့ Minor Top 3 လောက်တော့ ဝင်နိုင်ပါတယ်။

Royal Never Give Up (RNG)

One Esports ချန်ပီယံ Vici Gaming နည်းပြ rOtK ပြောသလို “CN Dota Never Die” လို ပြောလို့ရပြီလား? DPC 2019-2020 ရဲ့ ပထမ Minor မှာ ချန်ပီယံက တရုတ်အသင်း Invictus Gaming၊ ပထမ Major ဒုတိယရတာက တရုတ်အသင်း Vici Gaming၊ နောက်ဆုံးကျင်းပတဲ့ One Esports ချန်ပီယံကလည်း Vici Gaming။ အဲဒီတော့ ဒီတစ်ခါ Minor ရဲ့ တစ်သင်းတည်းသော တရုတ်အသင်း RNG ကိုတော့ လျှော့မတွက်သင့်ဘူး ထင်ပါတယ်။ Monet နဲ့ Setsu တို့ Core 2 ယောက် ဘယ်လောက်ထိ ရုန်းနိုင်မလဲ စောင့်ကြည့်ရမှာပါ။

Team Spirit

သူလည်း Gambit နဲ့ ဘဝတူပါပဲ။ ပထမ Chendu Major မှာ ၂ သင်းလုံး ပါဝင်ခွင့်ရခဲ့ပေမယ့် NaVi နဲ့ VP တို့ရဲ့ ပုံမှန်လက်စွမ်းအောက်မှာ Minor ကို ပြုတ်ကျခဲ့ရပါတယ်။ ထူးခြားတာတစ်ခုက ပြိုင်ပွဲမရခင် ၂ ပါတ်လောက်အလိုမှာပဲ အသင်းက Offlaner “Ghostik” ကို kick ပြီး “nongrata” ကို အစမ်းအနေနဲ့ ခေါ်ယူခဲ့ပါတယ်။

nongrata ဆိုတာ အရင် FlyToMoon တို့ WinStrike တို့လို့ အသင်းတွေနဲ့ Major တွေ Minor တွေအပြင် TI8 အထိပါ ရောက်ရှိထားဖူးပါတယ်။ ဒါ့အပြင် မကြာသေးမီကမှ Dendi ဖွဲ့စည်းထားတဲ့ “MR” အသင်းနဲ့တူတူ လက်စွမ်းပြခဲ့ပြီး Rivalry Winter Blast ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။ ဒါကို စောင့်ကြည့်နေတဲ့ Team Spirit က ပြိုင်ပွဲပြီးပြီးချင်းမှာပဲ MR အသင်းကနေ ချက်ခြင်း ခေါ်ယူခဲ့ပါတယ်။

nongrata အပြင် OG မှာ Standin ဆော့ဖူးတဲ့ iLTW တို့ နောက်ပိုင်းနာမည်ရလာတဲ့ Immersion တို့နဲ့ ပေါင်းစပ်လိုက်တဲ့အတွက် Team Spirit ဟာလည်း ဒီ Minor မှာ အဆိပ်ရှိတဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့ပါတယ်။

အနှစ်ချုပ်အနေနဲ့ ဒီပြိုင်ပွဲမှာတော့ လူကြိုက်များနေတဲ့ Nigma က ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်းအများဆုံးလို့ ဆိုနိုင်ပေမယ့် သူတို့ကို တားဆီးဖို့ အသင်းကောင်းတွေ ပါဝင်နေတာကို တွေ့ရမှာပါ။ မနှစ်က Minor King လို့ဆိုရအောင် Minor ၂ ကြိမ် ဗိုလ်စွဲခဲ့တဲ့ NIP, စံချိန်တင် SEA ၄ သင်း Major မှာပါဖို့ ကြိုးစားနေတဲ့ GeekFam, One Esports ပွဲမှာ လက်စွမ်းပြခဲ့တဲ့ Gambit, တရုတ်အစဉ်အလာကို ထိန်းသိမ်းဖို့ ကြိုးစားမယ့် RNG စတဲ့ အသင်းကောင်းတွေ ပါဝင်နေသေးတာမလို့ Bukovel Minor ပွဲဟာ လူစိတ်ဝင်စားမှုများမယ့် Dota2 ပြိုင်ပွဲတစ်ခု ဖြစ်လာဦးမှာပါ။

ပြိုင်ပွဲကိုတော့ ယနေ့ ဇန်နဝါရီ ၉ ရက်နေ့ မြန်မာအချိန် နေ့လည် ၂:၃၀ မှာ GeekFam နဲ့ NIP တို့ပွဲစဉ်ကနေ စတင်မှာဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်နေ့ တနင်္ဂနွေနေ့ ည ၁၁:၃၀ လောက်မှာ Final Bo5 ကိုကစားပြီး အဆုံးသတ်မှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ပွဲငတ်နေတဲ့ မြန်မာ Esports ပရိသတ်တွေအဖို့ Bukovel Minor က ဖျော်ဖြေမှု ပေးစွမ်းနိုင်မှာ အသေအချာပါပဲ ခင်ဗျာ။

Photos from WePlay! Esports

#Jerry


[ZawGyi]

2020 ရဲ႕ ပထမဆုံး Minor ၿပိဳင္ပြဲ WePlay! Bukovel Dota2 Tournament Preview

 

Dota Pro Circuit 2019-2020 ရဲ႕ ဒုတိယ Major ျဖစ္တဲ့ Bukovel Minor ကိုေတာ့ ဇန္နဝါရီ ၉ ရက္ကေန ၁၂ အထိ က်င္းပမွာျဖစ္ပါတယ္။ ယူကရိန္းႏိုင္ငံ Bukovel ၿမိဳ႕မွာ က်င္းပမွာျဖစ္ၿပီး Time Zone က ျမန္မာႏိုင္ငံနဲ႔ ၄ နာရီခြဲခန႔္သာ ကြာျခားတာမုိ႔လို႔ ျပည္တြင္း Dota2 ပရိသတ္ေတြ ေစာင့္ၾကည့္ဖို႔ လြယ္ကူေစမွာပါ။ ျပည္တြင္း Dota2 Casting Page အကုန္နီးပါး ျပဖို႔ရွိတဲ့အျပင္ eGG Network မွာလည္း ျပမွာမလို႔ တိုက္႐ိုက္ၾကည့္ရႈဖို႔ လြယ္ကူေစပါတယ္။

ပုံမွန္ဆိုရင္ Minor ၿပိဳင္ပြဲအမ်ားစုဟာ ပရိသတ္စိတ္ဝင္စားမႈနည္းပါးေလ့ ရွိပါတယ္။ ဒါေပမယ့္ ဒီတစ္ခါမွာေတာ့ ပရိသတ္အခိုင္အမာရရွိၿပီးသား အသင္းတစ္သင္းျဖစ္တဲ့ Nigma (ex-Liquid) ပါဝင္လာတာေၾကာင့္ အရင္ Minor ေတြထက္ စိတ္ဝင္စားမႈ ပိုမ်ားႏိုင္ပါတယ္။ စုစုေပါင္း ဆုေၾကးေငြ ေဒၚလာ ၃၀၀,၀၀၀ နဲ႔ DPC Point 660 ေပးအပ္မွာ ျဖစ္ေပမယ့္ ခ်န္ပီယံအသင္းသာ Leipzig Major ကို တက္ေရာက္ခြင့္ရရွိမွာမလို႔ ပထမရရွိေရးကိုသာ ဦးတည္ၿပီး ေဖာင္ဖ်က္ ကစားၾကရမွာပါ။

ဒီၿပိဳင္ပြဲမွာ ေမးရမယ့္ ေမးခြန္းကေတာ့ ဘယ္သူဗိုလ္စြဲမလဲ ဆိုတာထက္ ပရိသတ္အႀကိဳက္ Nigma ကို ဘယ္သူစိန္ေခၚႏိုင္မလဲလို႔ ေမးရမွာ ျဖစ္ပါတယ္။

ကဲ… ပါဝင္မယ့္ အသင္းေတြကို တစ္ခ်က္ၾကည့္ရေအာင္။

Fighting Pandas

EE-sama ပရိသတ္ေတြရွိၾကလား? EE တစ္ေပါက္လွ်မ္းလွ်မ္းေတာက္လို႔ ယုံၾကည္မယ့္သူေတြအတြက္ Fighting Pandas ကို အားေပးႏိုင္ပါတယ္။ ကေနဒါႏိုင္ငံသား ၄ ေယာက္ပါဝင္တဲ့ ဒီအသင္းကိုေတာ့ စာေရးသူအေနနဲ႔ အမ်ားႀကီး ေမွ်ာ္လင့္မထားပါဘူး။ Aui_2000 တို႔ MoonMeander တို႔လို႔ Oldies ေတြကို သံေယာဇဥ္အနည္းငယ္ ရွိေသးေပမယ့္ Nigma ကိုေက်ာ္ၿပီး ဗိုလ္စြဲဖို႔ကေတာ့ EE-sama ေက်ာက္ထမယ့္ တစ္ကြက္ကိုသာ ေစာင့္ၾကည့္ရမွာပါ။

FURIA Esports

CSGO မွာ နာမည္ရၿပီးသား ဘရာဇီးအေျခစိုက္ Furia Esports လို အဖြဲ႕အစည္းမ်ိဳးက Dota2 ဖက္ဝင္လာတာကို ႀကိဳဆိုေပမယ့္ Dota မွာ သိပ္မျဖစ္ထြန္းတဲ့ ေတာင္အေမရိကႏိုင္ငံသားေတြနဲ႔သာ ဖြဲ႕စည္းထားတာမလို႔ အိမ္ျဖည့္လို႔သာ ယူဆခ်င္ပါတယ္။ နာမည္ရွိၿပီးသား ကစားသမားဆိုလို႔ အရင္ Pain Gaming က Support Player “Duster” တစ္ေယာက္သာ Captain အျဖစ္ပါဝင္လာပါတယ္။ အုပ္စုအဆင့္ေက်ာ္ရင္ပဲ ေ႐ႊတံဆိပ္ဆု ေပးသင့္ေနပါၿပီ။

Gambit

TI9 ၿပီးကတည္းက ေတာက္ေလွ်ာက္ လက္စြမ္းျပလာခဲ့တဲ့ Gambit ကေတာ့ ေနာက္ဆုံးက်င္းပခဲ့တဲ့ ၿပိဳင္ပြဲႀကီးလို႔ ဆိုရမယ့္ One Esports World Pro Invitational ၿပိဳင္ပြဲမွာ အသင္းႀကီးအမ်ားစု ပါဝင္သည့္တိုင္ Evil Geniuses နဲ႔ Vici Gaming တို႔ရဲ႕ေနာက္ တတိယေနရာအထိ ရယူထားႏိုင္ပါတယ္။ အရင္ Major ျဖစ္တဲ့ Chendu Major ကိုေတာ့ တိုက္႐ိုက္ Qualify ျဖစ္ခဲ့ေပမယ့္ ဒုတိယ Major မွာေတာ့ ပုံမွန္လက္စြမ္းရလာတဲ့ Virtus Pro နဲ႔ Na’Vi ကို အရႈံးေပးခဲ့ရပါတယ္။ One Esports ပြဲမွာ အသင္းႀကီးေတြကို အငိုက္မိေစေပမယ့္ ဒီ Bukovel Minor မွာေတာ့ အေၾကာင္းသိသြားၿပီမလို႔ အနည္းငယ္ ႐ုန္းကန္ရႏိုင္ပါတယ္။

GeekFam

Major ကို တိုက္႐ိုက္ Qualify ျဖစ္ႏိုင္ေလာက္တဲ့ လူစာရင္းရွိေပမယ့္ Major နဲ႔ ကပ္လြဲၿပီး Minor ကိုျပဳတ္က်လာတာ ၂ ခါ ရွိပါၿပီ။ Raven, Kuku တို႔နဲ႔ အတြဲမိေအာင္ Mid ေနရာကို US က Ryoya အစား Tier-2 အသင္းေတြမွာ လက္စြမ္းျပေနတဲ့ ဖိလစ္ပိုင္ ႏိုင္ငံသား Karl ကို ေခၚယူထားပါတယ္။ ဒီၿပိဳင္ပြဲမွာေတာ့ လူသစ္နဲ႔ အထိုင္က်မလား ေစာင့္ၾကည့္ရႏိုင္ေပမယ့္ တတိယ Major က်ရင္ေတာ့ Qualifier ေအာင္သင့္ေနပါၿပီ။ မဟုတ္ရင္ မႏွစ္က DPC Season ကလို Minor မွာေပ်ာ္ေနတဲ့ Boom ID နဲ႔ ဘဝတူသြားပါလိမ့္မယ္။

Nigma

ၿပိဳင္ပြဲမွာ ပရိသတ္အားအေပးဆုံးနဲ႔ ေရပန္းအစားဆုံး အသင္းပါ။ TI9 မွာ ဒုတိယ ရရွိခဲ့တဲ့ Team Liquid ကစားသမားေဟာင္းေတြ အကုန္ပါဝင္တာမလို႔ ေထြေထြထူးထူး မိတ္ဆက္ေပးစရာ လိုမယ့္ မထင္ပါဘူး။ တကယ္က Major ကို တိုက္႐ိုက္ Qualify ျဖစ္သင့္ေပမယ့္ ပထမ Major ကို မၿပိဳင္ပဲနားလိုက္တဲ့ အက်ိဳးဆက္ေတြေၾကာင့္ ပုံမွန္လက္စြမ္းရဖို႔ ႐ုန္းကန္ခဲ့ၿပီး Minor ကို ျပဳတ္က်လာတာပါ။ အမာခံပရိသတ္ေတြ အရွက္မရေစဖို႔ လုပ္ေဆာင္ရမယ့္ တာဝန္ကေတာ့ ခ်န္ပီယံဆုပါပဲ။ ဒါေတာင္ Minor ခ်န္ပီယံဆိုတာ နိမ့္လြန္းေနၿပီး Leipzig Major မွာ Top 8 ေလာက္ရမွသာ အေျပာအဆိုခံရျခင္း ကင္းေဝးမွာ ျဖစ္ပါတယ္။

Ninja In Pyjamas (NIP)

NIP ကေတာ့ အခုအခ်ိန္အထိ မႏွစ္က လက္စြမ္းျပန္မရေသးပါဘူး။ TI9 အၿပီး လူစာရင္းအေျပာင္းအလဲဟာ အလုပ္မျဖစ္ခဲ့တာကို ေတြ႕ျမင္ႏိုင္ၿပီး ေရွ႕မွာေခၚယူခဲ့တဲ့ လူမသိသူမသိ Mid Player Skiter ကို kick ၿပီး ဒီဇင္ဘာ ၁၈ ရက္ေန႔မွာTANNER ကို ေခၚယူခဲ့ပါတယ္။ TANNER ကေတာ့ Dota2 Pro ရွားပါးလွတဲ့ United Kingdom (UK) ကျဖစ္ၿပီး ေနာက္ပိုင္းနာမည္ရလာတဲ့ Viking.gg အသင္းက ေျပာင္းေ႐ႊ႕လာတာပါ။ လက္ရွိလူစာရင္းနဲ႔ေတာင္ အထိုင္မက်ေသးခ်ိန္မွာ လူတစ္ေယာက္ထပ္လဲခဲ့လို႔ NIP ကိုလည္း အခ်ိန္ေပး ေစာင့္ၾကည့္ရမွာပါ။ Gunner, Universe နဲ႔ ppd တို႔႐ုန္းႏိုင္ရင္ေတာ့ Minor Top 3 ေလာက္ေတာ့ ဝင္ႏိုင္ပါတယ္။

Royal Never Give Up (RNG)

One Esports ခ်န္ပီယံ Vici Gaming နည္းျပ rOtK ေျပာသလို “CN Dota Never Die” လို ေျပာလို႔ရၿပီလား? DPC 2019-2020 ရဲ႕ ပထမ Minor မွာ ခ်န္ပီယံက တ႐ုတ္အသင္း Invictus Gaming၊ ပထမ Major ဒုတိယရတာက တ႐ုတ္အသင္း Vici Gaming၊ ေနာက္ဆုံးက်င္းပတဲ့ One Esports ခ်န္ပီယံကလည္း Vici Gaming။ အဲဒီေတာ့ ဒီတစ္ခါ Minor ရဲ႕ တစ္သင္းတည္းေသာ တ႐ုတ္အသင္း RNG ကိုေတာ့ ေလွ်ာ့မတြက္သင့္ဘူး ထင္ပါတယ္။ Monet နဲ႔ Setsu တို႔ Core 2 ေယာက္ ဘယ္ေလာက္ထိ ႐ုန္းႏိုင္မလဲ ေစာင့္ၾကည့္ရမွာပါ။

Team Spirit

သူလည္း Gambit နဲ႔ ဘဝတူပါပဲ။ ပထမ Chendu Major မွာ ၂ သင္းလုံး ပါဝင္ခြင့္ရခဲ့ေပမယ့္ NaVi နဲ႔ VP တို႔ရဲ႕ ပုံမွန္လက္စြမ္းေအာက္မွာ Minor ကို ျပဳတ္က်ခဲ့ရပါတယ္။ ထူးျခားတာတစ္ခုက ၿပိဳင္ပြဲမရခင္ ၂ ပါတ္ေလာက္အလိုမွာပဲ အသင္းက Offlaner “Ghostik” ကို kick ၿပီး “nongrata” ကို အစမ္းအေနနဲ႔ ေခၚယူခဲ့ပါတယ္။

nongrata ဆိုတာ အရင္ FlyToMoon တို႔ WinStrike တို႔လို႔ အသင္းေတြနဲ႔ Major ေတြ Minor ေတြအျပင္ TI8 အထိပါ ေရာက္ရွိထားဖူးပါတယ္။ ဒါ့အျပင္ မၾကာေသးမီကမွ Dendi ဖြဲ႕စည္းထားတဲ့ “MR” အသင္းနဲ႔တူတူ လက္စြမ္းျပခဲ့ၿပီး Rivalry Winter Blast ၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့ပါတယ္။ ဒါကို ေစာင့္ၾကည့္ေနတဲ့ Team Spirit က ၿပိဳင္ပြဲၿပီးၿပီးခ်င္းမွာပဲ MR အသင္းကေန ခ်က္ျခင္း ေခၚယူခဲ့ပါတယ္။

nongrata အျပင္ OG မွာ Standin ေဆာ့ဖူးတဲ့ iLTW တို႔ ေနာက္ပိုင္းနာမည္ရလာတဲ့ Immersion တို႔နဲ႔ ေပါင္းစပ္လိုက္တဲ့အတြက္ Team Spirit ဟာလည္း ဒီ Minor မွာ အဆိပ္ရွိတဲ့ အသင္းတစ္သင္း ျဖစ္လာခဲ့ပါတယ္။

အႏွစ္ခ်ဳပ္အေနနဲ႔ ဒီၿပိဳင္ပြဲမွာေတာ့ လူႀကိဳက္မ်ားေနတဲ့ Nigma က ခ်န္ပီယံျဖစ္ဖို႔ ရာခိုင္ႏႈန္းအမ်ားဆုံးလို႔ ဆိုႏိုင္ေပမယ့္ သူတို႔ကို တားဆီးဖို႔ အသင္းေကာင္းေတြ ပါဝင္ေနတာကို ေတြ႕ရမွာပါ။ မႏွစ္က Minor King လို႔ဆိုရေအာင္ Minor ၂ ႀကိမ္ ဗိုလ္စြဲခဲ့တဲ့ NIP, စံခ်ိန္တင္ SEA ၄ သင္း Major မွာပါဖို႔ ႀကိဳးစားေနတဲ့ GeekFam, One Esports ပြဲမွာ လက္စြမ္းျပခဲ့တဲ့ Gambit, တ႐ုတ္အစဥ္အလာကို ထိန္းသိမ္းဖို႔ ႀကိဳးစားမယ့္ RNG စတဲ့ အသင္းေကာင္းေတြ ပါဝင္ေနေသးတာမလို႔ Bukovel Minor ပြဲဟာ လူစိတ္ဝင္စားမႈမ်ားမယ့္ Dota2 ၿပိဳင္ပြဲတစ္ခု ျဖစ္လာဦးမွာပါ။

ၿပိဳင္ပြဲကိုေတာ့ ယေန႔ ဇန္နဝါရီ ၉ ရက္ေန႔ ျမန္မာအခ်ိန္ ေန႔လည္ ၂:၃၀ မွာ GeekFam နဲ႔ NIP တို႔ပြဲစဥ္ကေန စတင္မွာျဖစ္ၿပီး ဇန္နဝါရီ ၁၂ ရက္ေန႔ တနဂၤေႏြေန႔ ည ၁၁:၃၀ ေလာက္မွာ Final Bo5 ကိုကစားၿပီး အဆုံးသတ္မွာ ျဖစ္ပါတယ္။ ၂၀၂၀ ခုႏွစ္မွာ ပြဲငတ္ေနတဲ့ ျမန္မာ Esports ပရိသတ္ေတြအဖို႔ Bukovel Minor က ေဖ်ာ္ေျဖမႈ ေပးစြမ္းႏိုင္မွာ အေသအခ်ာပါပဲ ခင္ဗ်ာ။

Photos from WePlay! Esports

#Jerry