WePlay AniMajor Playoff Day (4) ပွဲကြိုသုံးသပ်ချက်

 

Nigma Vs Evil Geniuses (MMT 3:30 PM )

Abed နဲ့ Miracle တို့ ရဲ့ Laning Stage အားပြိုင်မှုဟာ စိတ်ဝင်စားစရာဖြစ်လာမှာပါ။ Abed ရဲ့ကစားပုံဟာ တော်တော်လေးကို မွှေမွှေ နှောက်နှောက် ရှိပါတယ်။ တစ်ဖက်အသင်းကို ဒုက္ခအပေးဆုံး player ဆိုရင်လည်း မမှားပါဘူး။ Arteezy ကတော့ TNC နဲ့ ပွဲမှာ NP carry နှစ်ပွဲနဲ့ Laning အသာကို ဦးစားပေး ဆော့သွားခဲ့တာ တွေ့ရပါတယ်။ ဒီ Major မှာ Cr1t ရဲ့ ကစားပုံတွေကို တော်တော်လေး အားရပါတယ်။

Nigma အသင်းဟာ PSG.LGD ကို Game 3 မှာ အသာဆော့နေရင်းကိုမှ အမှားတချို့ကြောင့် ရှုံးနိမ့်လိုက်ရတာပဲဖြစ်ပါတယ်။ Nigma အနေနဲ့ EG ကို Laning တွေမှာ အနိုင်ရယူဖို့ တော်တော်လေး ကြိုးစားရမှာပါ။ ILTW မှာ ဒီထက် ကောင်းတဲ့ Performances တွေ ရှိပြီး EG ကို လက်စွမ်းပြနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။

Match Winner မှာတော့ တော်တော်လေးဝေခွဲမရဖြစ်ပေမယ့် Team Nigma ကို ပိုကြိုက်မိပါတယ်။

Quincy Crew Vs Vici Gaming (MMT 6:30 PM)

VG အသင်းဟာ teamwork မိရင်မိသလောက် တော်တော်လေး ကောင်းပါတယ်။ old ELeVeN ဟာ မနေ့က Doom နဲ့ networth အပြတ် farm ပြီး Team Spirit ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ VG အသင်းရဲ့ strategy ဟာ QC ထက် ပိုကောင်းနေတာ အမှန်ပါ။ Poyoyo ဟာလည်း Laning မှာ အနည်းငယ်အမှားတွေ လုပ်တတ်ပေမယ့် အချိန်တန်ရင် သူ့အလိုလို team နဲ့ လိုက်ကြမ်းပေးနိုင်တာလည်း တွေ့ရပါတယ်။

QC အသင်းကတော့ T1 ကို နိုင်ဖို့ အစွမ်းကုန်ကြိုးစားပေမယ့် ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ QC ဟာ VG ကို နိုင်ဖို့ ဘယ်လို Draft တွေနဲ့ ထွက်လာဦးမလဲ စောင့်ကြည့်ရမှာပါ။ Quinn ကလည်း mid မှာ Ori နဲ့ ယှဥ်ပြိုင်ရမှာဖြစ်လို့ လွယ်တော့ မလွယ်ကူပါဘူး။ YawaR ရဲ့ hard carry တွေဟာ ဒီ Major မှာ အလုပ်သိပ်မဖြစ်တာလည်း တွေ့ရပါတယ်။

Match Winner ဆိုရင်တော့ Vici Gaming ကို ရွေးချယ်မိမှာပါ။

TBD Vs TBD (MMT 9:30 PM)

ဒီပွဲစဥ်ဟာ Nigma Vs EG က နိုင်တဲ့အသင်းနဲ့ QC Vs VG နိုင်တဲ့ အသင်းတို့ ဆော့ကစားရမှာပဲဖြစ်ပါတယ်။

PSG.LGD Vs T1 (MMT 12:30 AM)

T1 ကို ဒီအဆင့်ထိ ရောက်လိမ့်မယ်လို့ ဘယ်သူမှ ထင်မိမှာ မဟုတ်ပါဘူး။ SEA Pride ဖြစ်တဲ့ T1 ဟာ ဒီပွဲမှာ အနိုင်ရဖို့ဆို ခက်ခက်ခဲခဲကို ယှဥ်ပြိုင်ရမှာပါ။ နှစ်သင်းလုံးဟာ Laning Stage တွေမှာ ကတည်းက strong ဖြစ်ပြီးသားပါ။

XinQ ဟာ PSG.LGD မှာ ganking အရမ်းလုပ်တာမလို့ Karl အနေနဲ့ တခြားပွဲစဥ်တွေထက် ပိုပြီး ဂရုစိုက်ရမှာပါ။ PSG.LGD ဟာ Group stage မှာကတည်းက လက်စွမ်းပြနေတာ အခုအချိန်ထိပါပဲ။ Upper Bracket မှာလည်း Alliance နဲ့ Nigma ကို အမှားအနည်းဆုံးတွေနဲ့ အနိုင်ရယူခဲ့တာပါ။ T1 ဟာလည်း PSG.LGD အတွက် အရမ်းကြီး ခက်ခဲမှာ မဟုတ်လောက်ပါဘူး။

Match Winner ကိုတော့ PSG.LGD ရွေးချယ်အသင့်ဆုံးပါပဲ။

#Arrpu