2021 ရဲ့ ဒုတိယ Dota2 Major ဖြစ်တဲ့ WePlay AniMajor မှာ ပါဝင်လာမယ့်အသင်းများ

 

ဩဂုတ်လမှာကျင်းပမယ့် The International 10 မတိုင်ခင် နောက်ဆုံးယှဉ်ပြိုင်ရမယ့် WePlay AniMajor ကိုတော့ ဇွန်လ (၂) ကနေ (၁၃) ရက်နေ့အထိ ယူကရိန်းနိုင်ငံ ကိဗ်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ အသင်း (၁၈) သင်း ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဆုကြေးကတော့ ဒေါ်လာ (၅၀၀,၀၀၀) နဲ့ DPC Point 2,700 ပါ။ COVID-19 ပြဿနာတွေကြောင့် ပရိသတ်မပါဘဲ ကျင်းပမှာ ဖြစ်ပါတယ်။

ဥရောပ (Western Europe)

AniMajor အတွက် အစောဆုံးအဖြေထွက်ခဲ့တဲ့ Region တစ်ခုဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လှတဲ့ ဥရောပ Region မှာတော့ ထိပ်ဆုံးကနေ လွတ်လွတ်ကျွတ်ကျွတ်နဲ့ ချန်ပီယံဖြစ်ပြီး Major Playoff အဆင့်ကို ရောက်ရှိသွားခဲ့တာကတော့ Alliance ပါ။

Nikobaby at Kyiv Airport

Nikobaby ရဲ့ လက်စွမ်းပြမှုတွေနဲ့ နည်းပြသစ် ppd ရဲ့ ပေါင်းစပ်မှုတွေကတော့ Team Secret, Nigma, OG, Liquid စတဲ့အသင်းကြီးတွေအကုန် အနိုင်ယူခဲ့ပြီး Brame တစ်သင်းထဲကိုသာ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တာပါ။ Alliance နောက်ရဲ့ ဒုတိယနေရာကိုယူပြီး Major အုပ်စုအဆင့်ကို ဝင်ရောက်ခွင့်ရသူကတော့ SumaiL ခေတ္တဝင်ဆော့နေတဲ့ Team Liquid ပါ။

Team Liquid at Kyiv

သူတို့ (၂) သင်းနောက်မှာတော့ Nigma နဲ့ Team Secret တို့ကပ်လိုက်ခဲ့ပြီး Major Wild Card အဆင့်ကနေ ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ ပထမ Singapore Major မှာရော ဒုတိယ AniMajor ကိုပါ qualify မဖြစ်ခဲ့တာကတော့ OG ပဲ ဖြစ်ပါတယ်။ ana ကယ်လို့တောင် မရတော့တဲ့ OG ကတော့ TI10 ကိုဝင်ရောက်ဖို့ Regional Qualifier အခွင့်အရေးတစ်ခုပဲ ကျန်တော့မှာ ဖြစ်ပါတယ်။

China

ပွဲ organizer တွေက လေယာဉ်ခရီးစဉ်အခက်အခဲတွေကြောင့် တရုတ်အသင်းတွေကို Private Jet နဲ့ ယူကရိန်းကို ခေါ်ခဲ့ရတာကတော့ ပြောစရာတစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်ထပ် ပြောစရာတစ်ခုကတော့ နာမည်ကြီး ထမင်းငတ် Elephant (အရင် 4AM) တို့ Major ဝင်ခွင့်မရခဲ့တာပါ။ အခုတော့ RedPanda နေရာမှာ ဝါရင်ကစားသမား Super ကို အစားထိုးထားပါတယ်။ TI မဝင်ရင်တော့ သုံးထားတဲ့ ပိုက်ဆံတွေ နှမြောစရာပါပဲ။

ပထမ Singapore Major ချန်ပီယံ Invictus Gaming ကတော့ China DPC Upper Division မှာ အဆင့် (၄) သာရရှိခဲ့ပြီး Wild Card အဆင့်ကသာ ဝင်ရောက်ကစားရမှာပါ။ နာမည်ကြီး Vici Gaming ကလဲ အဆင့် (၃) နဲ့ Wild Card ကပဲ ခရီးကြမ်းကို စတင်ရမှာပါ။

PSG.LGD at Kyiv

Major Playoff ကို တိုက်ရိုက်ဝင်ရောက်ခွင့် ရခဲ့တာကတော့ Team Aster ပါ။ Singapore Major မှာ လက်စွမ်းမပြနိုင်ခဲ့တဲ့ အခြေအနေကို ဘယ်လို ပြောင်းလဲနိုင်မလဲ စောင့်ကြည့်ရမှာပါ။ PSG.LGD ကတော့ အဆင့် (၂) နဲ့ Major Group Stage ကနေ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

SEA

ပထမ Major မှာ လက်စွမ်းပြခဲ့တဲ့ OB Neon၊ SEA DPC Season (1) ရဲ့အဆင့် (၁) Fnatic နဲ့ နာမည်ကြီး BOOM Esports တို့ကတော့ ပုံမှန်အောက်ရောက်နေတဲ့ လက်စွမ်းတွေနဲ့ Major ဝင်ခွင့် လွဲချော်ခဲ့ရပါတယ်။ Tiebreaker ကစားပြီး Major Playoff ဝင်ခွင့်ကို ရရှိသွားသူကတော့ T1 ပါ။ 23Savage နဲ့ KuKu တို့ရဲ့ လုပ်ကွက်တွေကို မြင်တွေ့ရပါတော့မယ်။

Execration at Kyiv

ပထမ Singapore Major ကို ဝင်ခွင့်မရခဲ့ပဲ့ ဒုတိယ AniMajor ကို တက်ရောက်ခွင့်ရခဲ့တဲ့ (၂) သင်းကတော့ TNC နဲ့ Execration ပါ။ Adroit ကစားသမား (၂) ယောက်ကို ကိုရီးယား (၂) ယောက်နဲ့ လဲအပြီးမှာတော့ ဒုတိယနေရာကနေ Major Group Stage ဝင်ရောက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ XctN ကတော့ Major တွေ Ti တွေမှာ မမြင်ရတာ အတော်ကြာနေတဲ့ အသင်းတစ်သင်းဖြစ်ပြီး အဆင့် (၃) နဲ့ Wildcard အဆင့်ကနေ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

CIS (Eastern Europe)

ထုံးစံအတိုင်း ဇယားထိပ်ဆုံးကနေ Major Playoff ဝင်ရောက်ခွင့်ရသူကတော့ CIS ဘုရင်ကြီး Virtus Pro ပါ။ ဒုတိယ Major မှာတော့ ပုံမှန်လက်စွမ်း ပြန်လည်ပြသဖို့ မျှော်လင့်ပါတယ်။

ဒုတိယနေရာကနေ Major Group Stage ကိုဝင်ရောက်ခွင့်ရတာကတော့ မျက်နှာသစ်အသင်းဖြစ်တဲ့ Team Spirit ပါ။ လူငယ်ကစားသမားတွေနဲ့ လက်စွမ်းပြနေတဲ့ Yellow Submarine ကိုခေါ်ယူခဲ့ပြီး ဒုတိယ AniMajor ကို ဝင်ရောက်ခွင့်ရခဲ့ပြီပဲ ဖြစ်ပါတယ်။ အသက် (၁၈) နှစ်အရွယ် Carry Player “Yatoro” ကတော့ စောင့်ကြည့်ရမယ့် မျိုးဆက်သစ် Player တစ်ဦးပါ။

Team Spirit

တတိယနေရာကနေ Major Wild Card ကို ဝင်ရောက်လာခဲ့သူကတော့ AS Monaco Gambit ဖြစ်ပါတယ်။ Legendary အသင်း NaVi ကတော့ အဆင့် (၆) သာရရှိခဲ့ပါတယ်။ ထူးခြားတာကတော့ AS Monaco Gambit က SoNNeikO နဲ့ No[o]ne တို့က Animajor မစခင် NaVi ကို ရုတ်တရက် ပြောင်းရွေ့သွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ (၂) ဦးနေရာမှာ Lorenof နဲ့ 633 တို့က Standin ကစားမှာ ဖြစ်ပါတယ်။

North America

Singapore Major မှာ Grand Final အထိရောက်ရှိခဲ့တယ့် Evil Geniuses ဟာ DPC NA Season (2) မှာတော့ Quincy Crew ကို ရှုံးနိမ့်ပြီး အဆင့် (၂) နေရာနဲ့ Major Group Stage ကိုသာ ဝင်ရောက်ခွင့်ရခဲ့ပါတယ်။ လူစာရင်းအပြောင်းအလဲမရှိတာ တစ်နှစ်လောက်ရှိနေပြီဖြစ်တဲ့ Quincy Crew တို့ ဘာတွေလုပ်ပြနိုင်မလဲဆိုတာ Major Playoff အဆင့်မှာ စောင့်ကြည့်နိုင်ပါတယ်။

Fly and RTZ at Kyiv

NA Region မှာတော့ (၂) သင်းပဲ Major ဝင်ခွင့်ရပါတယ်။ Wildcard အဆင့် ဝင်ရောက်ခွင့်မရပါဘူး။

South America

COVID-19 ပြဿနာကြောင့် ပထမ Singapore Major ကို မလာနိုင်ခဲ့တဲ့ beastcoast ကတော့ ယူကရိန်းကို ရောက်ရှိနေပြီဖြစ်ပြီး Major Group Stage အဆင့်ကနေ စတင်ယှဉ်ပြိုင်ရမှာပါ။ Singapore Major ရဲ့ ဖျက်မြင်းအသင်းဖြစ်ခဲ့တဲ့ Thunder Predator ကတော့ AniMajor ဝင်ခွင့် မရရှိခဲ့ပါဘူး။

hFn

DPC SA Season (2) မှာ ပထမနေရာကို ရရှိခဲ့ပြီး Major Playoff အဆင့်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာကတော့ NoPing Esports အသင်းပဲ ဖြစ်ပါတယ်။ နာမည်ကြီး Brazil Carry Player “hFn” ဦးဆောင်မှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

ဒီတစ်ခါ AniMajor ကတော့ ပထမ Singapore Major လို Standin တပြုံကြီးနဲ့ ဖြစ်သလို စီစဉ်ခဲ့ရတဲ့ Major တစ်ခုဖြစ်လာမှာ မဟုတ်ပါဘူး။ လက်ရှိစာရေးချိန်အထိတော့ NaVi ကိုပြောင်းရွေ့သွားခဲ့တဲ့ SoNNeikO နဲ့ NoOne တို့ကလွဲရင် ကျန်အသင်းအားလုံးက လူစုံတက်စုံနဲ့ ယှဉ်ပြိုင်ကြမှာဖြစ်လို့ အကြိတ်အနယ်ရှိမှာ သေချာတာမလို့ အချိန်ပေးရကျိုးနပ်မယ့် Major တစ်ခုလို့ ထင်မြင်မိပါတယ်။