Weekly Esports Program ကို ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုအားပေး ယှဉ်ပြိုင်နိုင်စေရန်အတွက် အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်။
Admin တို့လို Video Game ပရိတ်သတ်တွေအတွက်တော့ သာမန်အားကစားပွဲတွေလိုပဲ Esports ပြိုင်ပွဲတွေကို အချိန်မရွေး နေရာမရွေး ကြည့်ရှုခံစားနိုင်စေဖို့အတွက် မေလ ၃ရက်နေ့ကနေ ၉ရက်နေ့အထိ တစ်ပါတ်အတွင်း ပြသမယ့် ပွဲစဉ်တွေကို လက်လှမ်းမှီသလောက် စုစည်းတင်ပြထားပေးပါတယ်ခင်ဗျာ။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ
===========

>>Dota2<<

ဒီတစ်ပါတ် Dota2 ပြိုင်ပွဲအနေနဲ့ King Panda Dota2 Championship Episode (4) ပြိုင်ပွဲ ရှိနေပါတယ်ခင်ဗျာ။ Prize Pool 600,000 အထိပေးသွားမှာဖြစ်ပြီး Register Fees ပေးစရာမလိုပဲ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲ Registration က မေလ ၃ ရက်နေ့ (ယနေ့) နောက်ဆုံးဖြစ်ပြီး မေလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ဆော့ရမှာ ဖြစ်ပါတယ်။ ကြည့်ရှုအားပေးချင်ရင်တော့ “King Panda E Sports” page ကနေ ပြသနိုင်ပါတယ် ခင်ဗျာ။

https://www.facebook.com/172660300057257/posts/331414394181846?sfns=mo

••••••••••••••••••••••••••••••••••••••••••
>>PUBG Mobile<<

PUBG Mobile Grand Slam MM Tournament ကိုတော့ မေလ ၂၀ ကနေ ၂၆ အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Prize Pool အနေနဲ့ 700,000 ကျပ် အပြင် UC 2,000 ကိုပါ ပေးအပ်သွားမှာဖြစ်ပြီး ဝင်ကြေးကတော့ တစ်သင်းလုံးမှ “၄,၀၀၀ ကျပ်” သာ ကျသင့်မှာဖြစ်ပါတယ်။
ပြိုင်ပွဲကိုတော့ “Predator On Live” Facebook Page ကနေ ပြသသွားမှာပဲ ဖြစ်ပါတယ်။

https://www.facebook.com/1209709232510844/posts/1239426132872487?
_______________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<

ဒီအပတ်မှာတော့ Dota2 ပရိတ်သတ်တွေအတွက် အကြီးမားဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ MDL Disneyland Paris Major ရှိနေပါတယ်။ ဆုကြေး “ဒေါ်လာတစ်သန်း” ပေးအပ်သွားမှာ ဖြစ်ပြီး တကမ္ဘာလုံးက အကောင်းဆုံး အသင်း ၁၆ သင်းယှဉ်ပြိုင်ကြမယ့် ဒီပြိုင်ပွဲကိုတော့ မေလ ၄ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပသွားမှာပါ။ MDL Paris Major ရဲ့ ပွဲကြိုသုံးသပ်ချက်ကိုလည်း ကျွန်တော်တို့ Gaming Noodle Page မှာ မကြာမှီရက်ပိုင်းအတွင်း ဖော်ပြပေးသွားမှာလည်း ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံကရော နိုင်ငံတကာကပါ Dota2 Streaming Page တွေ အကုန်နီးနီး ပြသသွားမှာဖြစ်ပြီး TV Channel ဆိုရင်လည်း Skynet က “eGG Network” ကပါ အချိန်နှင့်တပြေးညီ တိုက်ရိုက်ပြသသွားမှာပဲ ဖြစ်ပါတယ်။
https://liquipedia.net/…/Mars_Dota_2…/Disneyland_Paris_Major

Swedish Gaming Platform တစ်ခုဖြစ်တဲ့ Epulze မှာကျင်းပမယ့် Rampage Series #5 ရဲ့ Qualifier #3 နဲ့ #4 ကို လာမယ့် စနေနဲ့ တနင်္ဂနွေ (၄ ရက်နဲ့ ၅ရက်နေ့) တွေမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Qualifier #1 နဲ့ #2 ကို အရင်အပတ်မှာ ကျင်းပခဲ့ပြီး ယခုကျင်းပမယ့် Qualifier #3 နဲ့ #4 အပါအဝင် Qualifier 4 ခုက Champion 4 သင်းဟာ Prize Pool 5,000$ ပေးအပ်မယ့် Main Event ကို မေလ ၁၃ ရက်ကနေ ၂၇ ရက်အတွင်း ထပ်မံဆော့ရမှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကလည်း Register fee ပေးစရာမလိုပဲ Online ကနေ Register လုပ်နိုင်ပါတယ်။ ပြိုင်ပွဲအချိန်ကတော့ မေလ ၄ ရက်နဲ့ ၅ရက်နေ့ ရဲ့ နေ့လည် ၁၂:၃၀ ကနေ စတင်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ အသင်းအများစု ပါဝင်ကြမယ်လို့ ယူဆရပါတယ်။ ပြိုင်ပွဲတွေကိုတော့ ပြည်တွင်း Dota2 Streaming Page အချို့နဲ့ Dota2 in-game TV ကနေ ကြည့်နိုင်ပါတယ်။

https://epulze.com/dota2/tournaments/13144
https://epulze.com/dota2/tournaments/13145

••••••••••••••••••••••••••••••••••••••••••
>>Mobile Legends<<

မြန်မာ မိန်းကလေး Gamer တွေအတွက် အကြီးမားဆုံးအခွင့်အရေး ရောက်ရှိလာပါပြီ။

Female Esports League က ကျင်းပမယ့် ပထမဆုံး Mobile Legends ပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် တစ်နေရာ ပါလာပြီပဲ ဖြစ်ပါတယ်။

ဆုကြေးငွေ စုစုပေါင်း စင်ကာပူဒေါ်လာ ၆၀၀ (မြန်မာငွေ ၇သိန်းခန့်) နဲ့အတူ Diamond ၇,၀၀၀ ကိုပါ ပေးအပ်သွားမှဖြစ်ပြီး Register fees လည်း ပေးစရာမလိုပါဘူး။ မေလ ၈ ရက်နေ့အထိ Register ပြုလုပ်နိုင်ပြီး ပြိုင်ပွဲကိုတော့ မေလ ၁၅ ရက်နဲ့ ၁၆ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအဆင့်မှာ ပထမရတဲ့ အသင်းဟာ အရှေ့တောင်အာရှက အသင်းတွေနဲ့တူတူ Singapore မှာ ထပ်မံယှဉ်ပြိုင်ရဦးမှာပဲ ဖြစ်ပါတယ်။ (Singapore ခရီးစဉ်အတွက် လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ပါထောက်ပံမယ်လို့ Organizer က ပြောထားပါတယ်)။ ဒီပြိုင်ပွဲကတော့ နောက်အပတ်မှ စတင်မှာဆိုပေမယ့်လည်း ပြည်တွင်းက ပြိုင်ပွဲဝင်ချင်သူတွေအတွက် ကြိုတင် Register လုပ်ပြီး လေ့ကျင့်နိုင်ရန် တစ်ပါတ်စောပြီး ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။

https://www.facebook.com/2001398776828019/posts/2030805367220693?sfns=mo
••••••••••••••••••••••••••••••••••••••••••
>>CSGO<<

Dota2 ပရိတ်သတ်များနည်းတူ CS:GO Fan တွေအတွက်လည်း ဒီရက်သတ္တပတ်က ပျော်စရာ ကောင်းနေမှာပါ။

မေလ ၃ ရက်နေ့ကနေ ၅ ရက်နေ့အထိ Australia နိုင်ငံမှာကျင်းပမယ့် Intel Extreme Masters (IEM) Sydney CS:GO ပြိုင်ပွဲကတော့ ဆုကြေးငွေ စုစုပေါင်း “ဒေါ်လာ ၂၅၀,၀၀၀” ပေးအပ်သွားမှာဖြစ်ပါတယ်။ Group Stage ကို ကျော်ဖြတ်လာပြီး Playoff အဆင့်ကို ရောက်ရှိလာတဲ့ MIBR, Mousesports, NIP, Fnatic, NRG, Team Liquid တို့ရဲ့ယှဉ်ပြိုင်မှုတွေက အကြိတ်အနယ်ရှိမှာ သေချာနေတဲ့အပြင် ပွဲကျင်းပမယ့် Sydney ကလည်း မြန်မာနိုင်ငံနဲ့ ၃:၃၀ သာ ကွာခြားတာမလို့ အိပ်ရေးမပျက်ပဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

IEM Sydney ပွဲစဉ်တွေကိုတော့ Twitch ကနေ အဓိက ကြည့်ရှုနိုင်ပြီး Skynet က eGG Network ကလည်း တိုက်ရိုက်ပြသပေးသွားမှာပါ။

https://liquipedia.net/…/Intel_Extreme_Ma…/Season_XIV/Sydney
••••••••••••••••••••••••••••••••••••••••••
>>Fortnite<<

Fortnite ရဲ့ အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ Fortnite World Cup ရဲ့ Qualifier Week (4) ကို မေလ ၄ ရက်နဲ့ ၅ ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အပတ်စဉ်ပြုလုပ်သွားမယ့် ဒီ Open Qualifier တစ်ခုစီရဲ့ Prize Pool က “ဒေါ်လာတစ်သန်း” ဖြစ်ပါတယ်။

Fortnite World Cup Open Qualifier ကိုတော့ Twitch ကနေ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

https://www.epicgames.com/…/competit…/en-US/events/world-cup