တစ်ပတ်တာ Esports အစီအစဉ်များ (မေလ ၁၇ ရက်မှ ၂၃ရက်အထိ)

Weekly Esports Program ကို ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုအားပေး ယှဉ်ပြိုင်နိုင်စေရန်အတွက် အပတ်စဉ်သောကြာနေ့တိုင်း တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

Admin တို့လို Video Game ပရိတ်သတ်တွေအတွက်တော့ သာမာန်အားကစားပွဲတွေလိုပဲ Esports ပြိုင်ပွဲတွေကို အချိန်မရွေးနေရာမရွေး ကြည့်ရှုခံစားနိုင်စေဖို့အတွက် မေလ 17 ရက်နေ့ကနေ 23 ရက်နေ့အထိ တစ်ပါတ်အတွင်း ပြသမယ့် ပွဲစဉ်တွေကို လက်လှမ်းမှီသလောက် စုစည်းတင်ပြထားပေးပါတယ်ခင်ဗျာ။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ
===========

ဒီတစ်ပါတ်မှာတော့ ပြည်တွင်းပွဲစဉ် အနည်းငယ်ရှားပါးနေပြီး အရင်အပါတ်တွေကတည်းက စီစဉ်ထားကြတဲ့ ပြိုင်ပွဲတွေသာ ကျန်ရှိနေပါတယ်။

(Admin အဖွဲ့ မသိရှိလိုက်သည့် ပြည်တွင်း ပြိုင်ပွဲများ ရှိလျှင်လည်း Comment သို့မဟုတ် Page သို့ လာရောက် အသိပေးနိုင်ပါတယ်။ စီစစ်ပြီး ပြန်လည် ဖော်ပြပေးပါမယ်)

>>CSGO<<

King Panda CSGO Championships Series Chapter 2 ကိုတော့ လာမယ့်စနေနဲ့ တနင်္ဂနွေမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Register ကိုတော့ ယနေ့ ၁၇ ရက် ညနေ ၅ နာရီမှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။ ဆုကြေးငွေ စုစုပေါင်း ၆၀၀,၀၀၀ အထိ ပေးအပ်မှာဖြစ်ပြီး ပြည်တွင်းပွဲတစ်ပွဲအနေနဲ့ အတော်အတန်များတာမို့လို့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အသိပေးအပ်ပါတယ်

ပြိုင်ပွဲကိုတော့ “King Panda E sports” page မှာ တိုက်ရိုက်ကြည့်ရှု နိုင်ပါတယ်။
https://www.facebook.com/172660300057257/posts/339861226670496?s=586007729&sfns=mo
••••••••••••••••••••••••••••••••••••••••••
>>PUBG Mobile<<

Prize Pool 700,000 အပြင် UC 2,000 ကိုပါ ပေးအပ်သွားမယ့် PUBG Mobile Grand Slam MM ကတော့ Registration ပိတ်သွားခဲ့ပါပြီ။ ပြိုင်ပွဲဝင် ၆၄ သင်းရှိပြီး ၁၆ သင်း ကို Group ၄ ခုခွဲပေးထားကာ ၂၀ ရက်နေ့မှ စတင် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ ပွဲအားလုံးကိုတော့ “Predator on Live” page ကနေ တိုက်ရိုက် ကြည့်ရှု နိုင်ပါတယ်။

https://www.facebook.com/1209709232510844/posts/1266432170171883?s=586007729&sfns=mo

ဒီအပါတ်မှာတော့ ကြိုတင် သတင်းပေးစရာ နောက်ထပ် PUBG Mobile Tournament တစ်ခု ကျနိရှိနေပါ သေးတယ်။ ဒါကတော့ မကြာသေးမီက ကြေညာထားတဲ့ Samung ရဲ့ Galaxy Challenge PUBG Mobile Tournament ပဲ ဖြစ်ပါတယ်။ စွဲမက်စရာ သိန်း ၁၀၀ ဆိုတဲ့ ဆုကြေးနဲ့အတူ အသင်းပေါင်း ၅၀၀ အထိ လက်ခံမှာ ဖြစ်လို့ Register မြန်မြန်လုပ်ကြပါလို့ တိုက်တွန်းပါတယ်။ ပြိုင်ပွဲကိုတော့ မေလ ၂၄ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီး ဇွန် ၂၀,၂၁ မှာလုပ်မယ့် Final ပွဲကလွဲလို့ ကျန်ပွဲများအားလုံးကို Online က ယှဉ်ပြိုင်ရမှာပါ။

အသေးစိတ်ကိုတော့ အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/2187691218162883/posts/2266122486986422?s=586007729&sfns=mo
_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<

ဒီတစ်ပါတ်မှာတော့ Paris Major ပြီးသွားတဲ့အတွက် ပွဲကြီးပွဲကောင်းတွေ မရှိပေမယ့်လည်း နောက် Major Epicenter အတွက် Region အစုံက Closed Qualifier တွေကိုတော့ အပျင်းပြေကြည့်ရှုစရာ ကျန်ရှိပါတယ်။

Epicenter Major Open Qualifier ပြီးဆုံးသွားပြီ ဖြစ်လို့ Starladder Minor အတွက် Open Qualifier ပြန်လည် စတင်ပါတော့မယ်။ မေလ ၂၀ နဲ့ ၂၁ မှာ ကျင်းပမှာ ဖြစ်ပြီး Open Qualifier က ထိပ်ဆုံး ၂ သင်းဟာ Closes Qualifier ကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

https://www.faceit.com/en/dota2/tournament/d2363de8-4e03-4599-b71b-f5be4a25b129

နောက်ထပ် Dota2 ပြိုင်ပွဲကတော့ Lenovo က ဦးစီးကျင်းပတဲ့ Rise of Legion Dota2 ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ဆုကြေး ဒေါ်လာ ၁,၀၀၀ အထိပေးအပ်သွားမှာဖြစ်ပြီး Online Tournament ဖြစ်လို့ Register Fees လည်း မလိုပါဘူး။ မြန်မာအသင်းတွေနဲ့တူတူ SEA အသင်းတွေ အများအပြား ပါဝင်လာမှာဖြစ်ပြီး Register ကိုတော့ မေလ ၂၀ ရက်နေ့အထိ ပြုလုပ်နိုင်ကာ ပြိုင်ပွဲကိုတော့ ၂၂ ရက်ကနေ ၃၀ ရက်နေ့အထိ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

https://tournament.legionlenovo.com/th/tournament/?views=25

••••••••••••••••••••••••••••••••••••••••••
>>Mobile Legends<<

မြန်မာအသင်း Burmese Ghouls ဖိတ်ကြားခြင်းခံထားရတဲ့ SEA Clash of Champions ပြိုင်ပွဲကိုတော့ မေလ ၁၈ ရက်နဲ့ ၁၉ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

SEA Game အကြိုဖိတ်ခေါ်ပြိုင်ပွဲဖြစ်တဲ့ အပြင် Singapore ကိုယ်စားပြုယှဉ်ပြိုင်ခွင့် ရရှိထားတဲ့ EVOS Esports အသင်း၊ ပြင်သစ်ဘောလုံးအသင်း PSG နဲ့ အကျိုးတူပူးပေါင်းထားတဲ့ PSG.RRQ အသင်း၊ MPL SG/MY ချန်ပီယံအသင်း Geekfam တို့အပြင် အင်ဒိုနီးရှားအသင်း Team Flash နဲ့ ဖိလစ်ပိုင်အသင်း Cignal Ultra တို့ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

ဒီပြိုင်ပွဲကိုတော့ Skynet က eGG Network မှာ 18 နဲ့ 19 ရက် နေ့လည် ၁၂ နာရီမှာ တိုက်ရိုက်ကြည့်ရှု နိုင်ပါတယ်။

https://www.facebook.com/392978354616533/posts/412361972678171?s=586007729&sfns=mo
••••••••••••••••••••••••••••••••••••••••••
>>CSGO<<

CSGO ကတော့ Asia, America နဲ့ Europe ရဲ့ ESL Pro League တွေ ပုံမှန်ယှဉ်ပြိုင်နေပြီး ဒီတစ်ပါတ်မှာတော့ DreamHack Open Tours ပြိုင်ပွဲလည်း ရှိနေပါတယ်။

DreamHack Open Tours ကိုတော့ ပြင်သစ်နိုင်ငံ Tours မြို့မှာ မေလ 17 ကနေ 19 အထိကျင်းပမှာ ဖြစ်ပါတယ်။ ဆုကြေးငွေ ဒေါ်လာတစ်သိန်းအထိ ပေးအပ်မှာဖြစ်ပေမယ့် Tier 2 အဆင့် အသင်းအများစုသာ ပါဝင်ကြမှာဖြစ်လို့ လူစိတ်ဝင်စားမှု လျော့နည်းနိုင်ပါတယ်။

ဒါပေမယ့် KennyS ရဲ့ G2 Esports, WESG 2018 Champion Windigo တို့အပြင် mousesports, AVANGAR နဲ့ Valiance တို့လို့ အသင်းကောင်းတွေ ပါဝင်နေသေးတာကြောင့် အကြိတ်အနယ် ရှိနေဦးမှာပါပဲ။ ပြိုင်ပွဲကိုတော့ Twitch ကနေ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။

••••••••••••••••••••••••••••••••••••••••••
>>Fortnite<<

Fortnite ရဲ့ အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ Fortnite World Cup ရဲ့ Qualifier Week (6) ကို မေလ 18 ရက်နဲ့ 19 ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အပတ်စဉ်ပြုလုပ်သွားမယ့် ဒီ Open Qualifier တစ်ခုစီရဲ့ Prize Pool က “ဒေါ်လာတစ်သန်း” ဖြစ်ပါတယ်။

Fortnite World Cup Open Qualifier ကိုတော့ Twitch ကနေ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။
https://www.epicgames.com/fortnite/competitive/en-US/events/world-cup

#WeeklyEsportsProgram #WEP #Esports #Myanmar