တစ်ပတ်တာ Esports အစီအစဉ်များ (မေလ ၁၀ ရက်မှ ၁၆ရက်အထိ)

Weekly Esports Program အား ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ ဂိမ်းပြိုင်ပွဲတွေကို လက်မလွတ်တမ်း ကြည့်ရှုအားပေး ယှဉ်ပြိုင်နိုင်စေရန်အတွက် အပတ်စဉ်သောကြာနေ့တိုင်း တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

Admin တို့လို Video Game ပရိတ်သတ်တွေအတွက်တော့ သာမန်အားကစားပွဲတွေလိုပဲ Esports ပြိုင်ပွဲတွေကို အချိန်မရွေးနေရာမရွေး ကြည့်ရှုခံစားနိုင်စေဖို့အတွက် မေလ 10 ရက်နေ့ကနေ 16 ရက်နေ့အထိ တစ်ပါတ်အတွင်း ပြသမယ့် ပွဲစဉ်တွေကို လက်လှမ်းမှီသလောက် စုစည်းတင်ပြထားပေးပါတယ်ခင်ဗျာ။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ
===========

>>Mobile Legends<<

ပြည်တွင်းရှိ Mobile Legends ရွက်ပုန်းသီးအသင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသော MLBB Diamond Challenge Series 3 ကိုတော့ မေလ ၇ ရက်ကနေ ၁၃ ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပြီး အသင်း ၅၁၂ သင်းသာ လက်ခံမှာပါ။

MPL Myanmar Season 2 Regular သို့တက်ရောက်ထားတဲ့ အသင်းနဲ့ ကစားသမားတွေ ပါဝင်ခွင့်မရတာကြောင့် အသင်းသစ်တွေအတွက် လက်စွမ်းပြခွင့်ရရှိမှာဖြစ်ပါတယ်။ မေလ ၁၅ မှ ၁၇ အထိ Qualifier ဆော့ရမှာဖြစ်ပြီး မေ ၃၀ မှ ဇွန် ၂ ရက်အထိ Grand Finals ဆော့ရမှာပါ။

https://www.facebook.com/1614032582016082/posts/2161031657316169?s=586007729&v=i&sfns=mo

••••••••••••••••••••••••••••••••••••••••••
>>CSGO<<

အရင်အပါတ်က Dota2 ပြိုင်ပွဲကျင်းပခဲ့တဲ့ King Panda ESports Center ကပဲ မေလ ၁၈ ရက်နေ့မှာ CSGO ပြိုင်ပွဲကျင်းပမယ်လို့ ကြေငြာထားပါတယ်။

အသေးစိတ်ကို မကြေငြာသေးပေမယ့် CSGO ပြိုင်ပွဲရှားပါးတဲ့ မြန်မာနိုင်ငံက Player အတွက် ကြိုတင်ပြင်ဆင်ချိန်ရရှိပြီး Register လုပ်နိုင်ရန် ဖော်ပြရခြင်း ဖြစ်ပါတယ်။

https://www.facebook.com/172660300057257/posts/336820696974549?s=586007729&v=i&sfns=mo

••••••••••••••••••••••••••••••••••••••••••
>>PUBG Mobile<<

PUBG Mobile Grand Slam MM Tournament ကိုတော့ မေလ ၂၀ ကနေ ၂၆ အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ Prize Pool 700,000 အပြင် UC 2,000 ကိုပါ ပေးအပ်သွားမှာဖြစ်ပြီး ဝင်ကြေးကတော့ တစ်သင်းလုံးမှ “၄,၀၀၀ ကျပ်” သာ ကျသင့်မှာပါ။

ပြိုင်ပွဲကိုတော့ “Predator On Live” Facebook Page ကနေ ပြသသွားဦးမှာပါ။

https://www.facebook.com/1209709232510844/posts/1239426132872487

_________________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<

ဒီအပတ်မှာတော့ Dota2 ပရိတ်သတ်တွေအတွက် ပြည်တွင်းပြိုင်ပွဲတွေ မရှိသော်လည်း ယှဉ်ပြိုင်ကြည့်ရှာစရာ ပြည်ပပြိုင်ပွဲများစွာ ရှိနေပါတယ်။

အရင်အပါတ်ကတည်းက ကျင်းပနေတဲ့ MDL Paris Major ကတော့ ယနေ့ဆိုရင် Top 8 အဆင့်ကို ရောက်ရှိနေပြီး မြန်မာပရိတ်သတ်တွေအကြိုက် EG, OG, Team Liquid, VP, LGD စတဲ့ အသင်းတွေအကုန် ယှဉ်ပြိုင်နေဆဲမို့လို့ အကြိတ်အနယ် ရှိနေဦးမှာပါပဲ။

ဒီပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံကရော နိုင်ငံတကာကပါ Dota2 Streaming Page တွေ အကုန်နီးနီး ပြသသွားမှာဖြစ်ပြီး TV Channel ဆိုရင်လည်း Skynet က “eGG Network” ကပါ အချိန်နဲ့တပြေးညီ တိုက်ရိုက်ပြသသွားမှာပဲ ဖြစ်ပါတယ်။

https://liquipedia.net/dota2/Mars_Dota_2_League/Disneyland_Paris_Major

နောက်ထပ် Dota2 ပြိုင်ပွဲကတော့ ယခုကျင်းပနေတဲ့ MDL Paris Major အပြီး TI9 မတိုင်ခင် နောက်ဆုံးကျင်းပမယ့် Epicenter Major ရဲ့ SEA Open Qualifier ပဲဖြစ်ပါတယ်။ မေလ ၁၁ နဲ့ ၁၂ မှာ တစ်ရက်စီကျင်းပမယ့် Open Qualifer 1 နဲ့ 2 ကို မြန်မာအပါအဝင် အရှေ့တောင်အာရှက အသင်းတွေအားလုံးနီးပါး ယှဉ်ပြိုင်ကြမှာပါ။ မြန်မာအသင်းတွေပါဝင်မယ့် ပွဲတွေကိုတော့ Local Dota2 Streaming Page တွေမှ ပြသနိုင်ပါတယ် ခင်ဗျာ။

Q1 : https://www.faceit.com/en/dota2/tournament/6f087f24-a617-4eb2-a936-97970382233d

Q2: https://www.faceit.com/en/dota2/tournament/e8584b16-f06f-4db2-91b2-53ce895744f4

နောက်ဆုံး Dota2 ပြိုင်ပွဲကတော့ Lenovo က ဦးစီးကျင်းပတဲ့ Rise of Legion Dota2 ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ဆုကြေး ဒေါ်လာ ၁,၀၀၀ အထိပေးအပ်သွားမှာဖြစ်ပြီး Online Tournament ဖြစ်လို့ Register Fees လည်း မလိုပါဘူး။ မြန်မာအသင်းတွေနဲ့တူတူ SEA အသင်းတွေ အများအပြားပါဝင်လာမှာဖြစ်ပြီး Register ကိုတော့ မေလ ၂၀ ရက်နေ့အထိ ပြိုလုပ်နိုင်ကာ ပြိုင်ပွဲကိုတော့ ၂၂ ရက်ကနေ ၃၀ ရက်နေ့အထိ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

https://tournament.legionlenovo.com/th/tournament/?views=25

••••••••••••••••••••••••••••••••••••••••••
>>Mobile Legends<<

Female Esports League က ကျင်းပပြီးဆုကြေးငွေ စုစုပေါင်း စင်ကာပူဒေါ်လာ ၆၀၀ (မြန်မာငွေ ၇သိန်းခန့်) နဲ့အတူ Diamond ၇,၀၀၀ ကိုပါ ပေးအပ်သွားမယ့် Mobile Legends မိန်းကလေး ပြိုင်ပွဲကတော့ Register ပိတ်သွားပြီဖြစ်လို့ ယှဉ်ပြိုင်မယ့် အသင်း ၁၅ သင်းထွက်ပေါ်လာပြီပဲ ဖြစ်ပါတယ်။

ထို ၁၅ သင်းမှာမှ ဘယ်အသင်းက မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး စင်ကာပူမှာ ဆက်လက်ယှဉ်ပြိုင်ရမယ်ဆိုတာ လာမယ့် မေလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ညနေ ၆ နာရီက စတင်ပြီး ယှဉ်ပြိုင်မှာ ဖြစ်လို့ စောင့်မျှော် ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

ပြိုင်ပွဲကိုတော့ “Female Esports League Mobile” Facebook page နှင့် Twitch channel မှာ ကြည့်ရှု အားပေးနိုင်ပါတယ်။

https://www.facebook.com/2001398776828019/posts/2038882969746266?s=586007729&v=i&sfns=mo

••••••••••••••••••••••••••••••••••••••••••
>>CSGO<<

အရင်အပါတ်လိုပဲ CSGO အတွက်လည်း IEM Sydney လိုမျိုး Premier Tournament တစ်ခုရှိနေပါသေးတယ်။

သတ္တမအကြိမ်မြောက် ကျင်းပတဲ့ Blast Pro Series ကို စပိန်နိုင်ငံ မတ်ဒရစ်မြို့မှာ ကျင်းပမှာဖြစ်ပြီး ဆုကြေး 250,000 USD ပေးသွားမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ Format တွေနဲ့ ပြုလုပ်လေ့ရှိတဲ့ Blast Pro Series ကိုတော့ မေလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး Astralis, NIP, ENCE, NaVi, Cloud9 တို့နဲ့အတူ Movistar Rider နဲ့ Giants Gaming တို့ နှစ်သင်းထဲက အနိုင်ရတဲ့အသင်း ပါဝင်လာမှာပဲ ဖြစ်ပါတယ်။

ဖျော်ဖြေမှူအပြည့် ပေးစွမ်းနိုင်မယ့် ပြိုင်ပွဲ Format အကြောင်းကို ဒီမှာဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/1286317601527385/posts/1297906100368535?s=586007729&v=i&sfns=mo

မကြာခင်မှာလည်း ပြိုင်ပွဲ Full Preview ကို Gaming Noodle Page မှာ တင်ပေးသွားမှာပဲ ဖြစ်ပြီး ပြိုင်ပွဲကိုတော့ Twitch ကနေ ကြည့်ရှုနိုင်ပါတယ်။

https://liquipedia.net/counterstrike/BLAST/Pro_Series/2019/Madrid

••••••••••••••••••••••••••••••••••••••••••
>>Fortnite<<

Fortnite ရဲ့ အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ Fortnite World Cup ရဲ့ Qualifier Week (5) ကို မေလ 11 ရက်နဲ့ 12 ရက်မှာ ပြုလုပ်ကျင်းပမှာပါ။ အပတ်စဉ်ပြုလုပ်သွားမယ့် ဒီ Open Qualifier တစ်ခုစီရဲ့ Prize Pool က “ဒေါ်လာတစ်သန်း” ဖြစ်ပါတယ်။

Fortnite World Cup Open Qualifier ကိုတော့ Twitch ကနေ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

https://www.epicgames.com/fortnite/competitive/en-US/events/world-cup

#WeeklyEsportsProgram #WEP #Esports #Myanmar