[Zawgyi]

တစ္ပတ္တာ Esports အစီအစဥ္မ်ား (ဇူလိုင္ ၅ ရက္ေန႔မွ ၁၁ ရက္)

 

Weekly Esports Program ကို ျပည္တြင္းျပည္ပမွာ က်င္းပေနတဲ့ တစ္ပါတ္တာ (ဇူလိုင္ ၅ ရက္ေန႔မွ ၁၁ ရက္) အတြင္း ဂိမ္းၿပိဳင္ပြဲေတြကို ၾကည့္႐ွဳအားေပး ယွဥ္ၿပိဳင္ႏိုင္ေစရန္အတြက္ ေသာၾကာေန႔တိုင္း တင္ဆက္သြားမွာပဲျဖစ္ပါတယ္။

ကိုယ္တုိင္ေရာ သူငယ္ခ်င္းေတြနဲ႔ပါ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ပဲျဖစ္ျဖစ္ ၾကည့္ရႈဖို႔ျဖစ္ျဖစ္ Share ေပးၾကပါဦး။

ျပည္တြင္းၿပိဳင္ပြဲမ်ား
===========
>>Dota2<<

Ducky Esports က က်င္းပတဲ့ Ducky Dota2 Championship Season (1) ၿပိဳင္ပြဲကေတာ့ အသက္းေပါင္း ၃၂ သင္းပါဝင္မွာျဖစ္ၿပီး ျမန္မာႏိုင္ငံက Tier 1 အသင္း အားလံုးနီးပါး ပါဝင္က်မွာပါ။ ဇူလိုင္ ၇ ရက္ေန႔မွာ က်င္းပၿပီး ဆုေၾကးေငြ (၄) သိ္န္းအထိေပးအပ္မယ့္ ဒီၿပိဳင္ပြဲရဲ႕ Bracket ကိုေအာက္ပါ Link မွာၾကည့္႐ွဳႏိုင္ပါတယ္။

https://challonge.com/tpobg070?fbclid=IwAR3rCMe8_XxF-lkU1HNvv5ocO8RGdi91r-krpj89auBP_y9zTazNm2RQLP8

 

မႏၲေလးမွာျပဳလုပ္ေနတဲ့ Mandalay University Esports Tournament ကေတာ့ ဆုေၾကး သိန္း ၄၀ အထိေပးအပ္မယ့္ တကၠသိုလ္ေပါင္းစံု Dota2 ၿပိဳင္ပြဲပဲ ျဖစ္ပါတယ္။ Main Event ကို တက္ေရာက္လာမယ့္ တကၠသိုလ္ ၈ ခုက အသင္းေတြရဲ႕ ယွဥ္ၿပိဳင္မႈကို ဇူလိုင္ ၆ ရက္ေန႔မွာ မဂၤလာမႏၲေလး ရဲ႕ Promotion Area မွာ ကိုယ္တိုင္ အားေပးႏိုင္ပါတယ္။ ၿပိဳင္ပြဲေတြကိုေတာ့ Speed Gaming Esports Broadcasting Facebook Page မွာ Live ၾကည့္႐ွဳႏိုင္ပါတယ္။

••••••••••••••••••••••••••••••••••••••••••

>>PUBG Mobile<<

ကၽြန္ေတာ္တို႔ Gaming Noodle မွ Media Partner အျဖစ္ ပါဝင္အားျဖည့္ထားတဲ့ Samung Galaxy Challenge PUBG Mobile Tournament ဟာေတာ့ Group Stage ကိုေက်ာ္လြန္ၿပီး Semi-final အဆင့္ကို ေရာက္ရွိလာပါၿပီ။ Semi Final Group D နဲ႔ CE ကိုေတာ့ဇူလိုင္ ၆ ရက္နဲ႔ ၇ရက္ေန႔ ညေန ၅ နာရီက စတင္ၿပီး က်င္းပသြားမွာ ျဖစ္ပါတယ္။ ဆုေၾကး သိန္း ၁၀၀ အထိေပးမယ့္ ဒီၿပိဳင္ပြဲကိုေတာ့ Gaming Noodle page မွာ တိုက္႐ိုက္ ၾကည့္႐ွဳႏိုင္ပါတယ္။

••••••••••••••••••••••••••••••••••••••••••
>>CSGO<<

GamingNoodle အေနနဲ႔ Media Partner အေနနဲ႔ ပါဝင္ထားတဲ့ Yangon CSGO Network ၿပိဳင္ပြဲရဲ႕ ပထမဆံုး Amature CSGO Tournament ကေတာ့ အသင္းေပါင္း ၃၇ သင္းအထိ ယွဥ္ၿပိဳင္က်မွာပါ။ ဇူလိုင္ ၆ ရက္နဲ႔ ၇ ရက္မွာက်င္းပမယ့္ ဒီၿပိဳင္ပြဲကို Blu Esports မွာပဲ ယွဥ္ၿပိဳင္ရမွာ ျဖစ္ၿပီး ဆုေၾကးေငြ ၃ သိနိးအထိေပးအပ္မွာ ျဖစ္ပါတယ္။

_____________________________________________

ျပည္ပၿပိဳင္ပြဲမ်ား
=========

>>Dota2<<

Dota2 ရဲ႕ အဆင့္အျမင့္ဆံုးၿပိဳင္ပြဲျဖစ္တဲ့ The International 2019 ရဲ႕ ေဒသအလိုက္ ေျခစစ္ပြဲေတြ စတင္ေနပါၿပီ။ ယေန႔မွာေတာ့ Open Qualifier ဒုတိယအေၾကာ့ေတြ စတင္ေတာ့မွာျဖစ္ၿပီး Southeast Asia Qualifier မွာ ယွဥ္ၿပိဳင္ေနမယ့္ ျမန္မာအသင္းေတြကိုလည္း အားေပးႏိုင္ပါတယ္။ Open Qualifier ၿပီးရင္လည္း Closed Qualifier ေတြမွာ TI9 တစ္ေနရာစာအတြက္ ယွဥ္ၿပိဳင္က်ဦးမွာမလို႔ Dota2 ပရိသတ္ေတြကေတာ့ ဒီတစ္ပါတ္ ၾကည့္စရာ ပြဲေတြ မ်ားျပားေနမွာပါ။

>>CSGO<<

ဇူလိုင္ ၂ ရက္ကေန ၇ ရက္အထိက်င္းပမယ့္ ESL ONE Cologne 2019 ကေတာ့ ဆုေၾကး ေဒၚလာ ၃၀၀,၀၀၀ အထိေပးအပ္သြားမွာ ျဖစ္ပါတယ္။ Playoff အဆင့္ကိုေရာက္ရွိေနၿပီး NIP, NaVi, NRG, Team Vitality, Team Liquid နဲ႔ Astralis ၆ သင္းသာက်န္ရွိေတာ့တာမလို႔ ၿပိဳင္ပြဲရဲ႕ အရွိန္အျမင့္ဆံုး အဆင့္ကို ေရာက္ရွိေနၿပီပဲ ျဖစ္ပါတယ္။
ၿပိဳင္ပြဲ ကိုေတာ့ Twitch မွာၾကည့္႐ွဳႏိုင္ၿပီး ESL CSGO Facebook page မွာလည္း ျပသႏိုင္ပါတယ္။

 

ဒီတစ္ပါတ္မွာ အသစ္ပါဝင္လာတဲ့ ၿပိဳင္ပြဲကေတာ့ Dreamhack Showdown Valencia 2019 ၿပိဳင္ပြဲပဲ ျဖစ္ပါတယ္။ ဆုေၾကး ေဒၚလာ တစ္သိန္းအထိေပးမယ့္ ဒီၿပိဳင္ပြဲကေတာ့ ထူးထူးျခားျခား မိန္းကေလး CSGO အသင္းမ်ားသာ ယွဥ္ၿပိဳင္က်မွာပါ။ ဇူလိုက္ ၅ ရက္ကေန ၇ ရက္အထိ ကစားမယ့္ ဒီၿပိဳင္ပြဲမွာေတာ့ မိန္းကေလး CSGO ၈ သင္းက ဘယ္လို ယွဥ္ၿပိဳင္က်မယ္ဆိုတာကို Twitch ကေန ၾကည့္႐ွဳႏိုင္ပါတယ္။


[Unicode]

တစ်ပတ်တာ Esports အစီအစဉ်များ (ဇူလိုင် ၅ ရက်နေ့မှ ၁၁ ရက်)

 

Weekly Esports Program ကို ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ တစ်ပါတ်တာ (ဇူလိုင် ၅ ရက်နေ့မှ ၁၁ ရက်) အတွင်း ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုအားပေး ယှဉ်ပြိုင်နိုင်စေရန်အတွက် သောကြာနေ့တိုင်း တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ
===========

>>Dota2<<

Ducky Esports က ကျင်းပတဲ့ Ducky Dota2 Championship Season (1) ပြိုင်ပွဲကတော့ အသက်းပေါင်း ၃၂ သင်းပါဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံက Tier 1 အသင်း အားလုံးနီးပါး ပါဝင်ကျမှာပါ။ ဇူလိုင် ၇ ရက်နေ့မှာ ကျင်းပပြီး ဆုကြေးငွေ (၄) သိန်းအထိပေးအပ်မယ့် ဒီပြိုင်ပွဲရဲ့ Bracket ကိုအောက်ပါ Link မှာကြည့်ရှုနိုင်ပါတယ်။

https://challonge.com/tpobg070?fbclid=IwAR3rCMe8_XxF-lkU1HNvv5ocO8RGdi91r-krpj89auBP_y9zTazNm2RQLP8

 

မန္တလေးမှာပြုလုပ်နေတဲ့ Mandalay University Esports Tournament ကတော့ ဆုကြေး သိန်း ၄၀ အထိပေးအပ်မယ့် တက္ကသိုလ်ပေါင်းစုံ Dota2 ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ Main Event ကို တက်ရောက်လာမယ့် တက္ကသိုလ် ၈ ခုက အသင်းတွေရဲ့ ယှဉ်ပြိုင်မှုကို ဇူလိုင် ၆ ရက်နေ့မှာ မင်္ဂလာမန္တလေး ရဲ့ Promotion Area မှာ ကိုယ်တိုင် အားပေးနိုင်ပါတယ်။ ပြိုင်ပွဲတွေကိုတော့ Speed Gaming Esports Broadcasting Facebook Page မှာ Live ကြည့်ရှုနိုင်ပါတယ်။

••••••••••••••••••••••••••••••••••••••••••

>>PUBG Mobile<<

ကျွန်တော်တို့ Gaming Noodle မှ Media Partner အဖြစ် ပါဝင်အားဖြည့်ထားတဲ့ Samung Galaxy Challenge PUBG Mobile Tournament ဟာတော့ Group Stage ကိုကျော်လွန်ပြီး Semi-final အဆင့်ကို ရောက်ရှိလာပါပြီ။ Semi Final Group D နဲ့ CE ကိုတော့ဇူလိုင် ၆ ရက်နဲ့ ၇ရက်နေ့ ညနေ ၅ နာရီက စတင်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဆုကြေး သိန်း ၁၀၀ အထိပေးမယ့် ဒီပြိုင်ပွဲကိုတော့ Gaming Noodle page မှာ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။

••••••••••••••••••••••••••••••••••••••••••
>>CSGO<<

GamingNoodle အနေနဲ့ Media Partner အနေနဲ့ ပါဝင်ထားတဲ့ Yangon CSGO Network ပြိုင်ပွဲရဲ့ ပထမဆုံး Amature CSGO Tournament ကတော့ အသင်းပေါင်း ၃၇ သင်းအထိ ယှဉ်ပြိုင်ကျမှာပါ။ ဇူလိုင် ၆ ရက်နဲ့ ၇ ရက်မှာကျင်းပမယ့် ဒီပြိုင်ပွဲကို Blu Esports မှာပဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဆုကြေးငွေ ၃ သိနိးအထိပေးအပ်မှာ ဖြစ်ပါတယ်။

_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<

Dota2 ရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ The International 2019 ရဲ့ ဒေသအလိုက် ခြေစစ်ပွဲတွေ စတင်နေပါပြီ။ ယနေ့မှာတော့ Open Qualifier ဒုတိယအကြော့တွေ စတင်တော့မှာဖြစ်ပြီး Southeast Asia Qualifier မှာ ယှဉ်ပြိုင်နေမယ့် မြန်မာအသင်းတွေကိုလည်း အားပေးနိုင်ပါတယ်။ Open Qualifier ပြီးရင်လည်း Closed Qualifier တွေမှာ TI9 တစ်နေရာစာအတွက် ယှဉ်ပြိုင်ကျဦးမှာမလို့ Dota2 ပရိသတ်တွေကတော့ ဒီတစ်ပါတ် ကြည့်စရာ ပွဲတွေ များပြားနေမှာပါ။

>>CSGO<<

ဇူလိုင် ၂ ရက်ကနေ ၇ ရက်အထိကျင်းပမယ့် ESL ONE Cologne 2019 ကတော့ ဆုကြေး ဒေါ်လာ ၃၀၀,၀၀၀ အထိပေးအပ်သွားမှာ ဖြစ်ပါတယ်။ Playoff အဆင့်ကိုရောက်ရှိနေပြီး NIP, NaVi, NRG, Team Vitality, Team Liquid နဲ့ Astralis ၆ သင်းသာကျန်ရှိတော့တာမလို့ ပြိုင်ပွဲရဲ့ အရှိန်အမြင့်ဆုံး အဆင့်ကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။
ပြိုင်ပွဲ ကိုတော့ Twitch မှာကြည့်ရှုနိုင်ပြီး ESL CSGO Facebook page မှာလည်း ပြသနိုင်ပါတယ်။

 

ဒီတစ်ပါတ်မှာ အသစ်ပါဝင်လာတဲ့ ပြိုင်ပွဲကတော့ Dreamhack Showdown Valencia 2019 ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ဆုကြေး ဒေါ်လာ တစ်သိန်းအထိပေးမယ့် ဒီပြိုင်ပွဲကတော့ ထူးထူးခြားခြား မိန်းကလေး CSGO အသင်းများသာ ယှဉ်ပြိုင်ကျမှာပါ။ ဇူလိုက် ၅ ရက်ကနေ ၇ ရက်အထိ ကစားမယ့် ဒီပြိုင်ပွဲမှာတော့ မိန်းကလေး CSGO ၈ သင်းက ဘယ်လို ယှဉ်ပြိုင်ကျမယ်ဆိုတာကို Twitch ကနေ ကြည့်ရှုနိုင်ပါတယ်။

#WeeklyEsportsProgram #WEP #Esports #Myanmar