[ZawGyi]

တစ္ပတ္တာ Esports အစီအစဥ္မ်ား (ေမလ 24 ရက္မွ 30 ရက္အထိ)




 

===========
>>Dota2<<




••••••••••••••••••••••••••••••••••••••••••
>>CSGO<<



••••••••••••••••••••••••••••••••••••••••••
>>PUBG Mobile<<




••••••••••••••••••••••••••••••••••••••••••
>>Mobile Legends<<





••••••••••••••••••••••••••••••••••••••••••

>>Arena of Valor (AOV)<<



_____________________________________________

ပြည်ပပြိုင်ပွဲများ
=========
>>Dota2<<


••••••••••••••••••••••••••••••••••••••••••
>>CSGO<<




••••••••••••••••••••••••••••••••••••••••••
>>Fortnite<<





 

======================================================

======================================================

[Unicode]

တစ်ပတ်တာ Esports အစီအစဉ်များ (မေလ 24 ရက်မှ 30 ရက်အထိ)

Weekly Esports Program ကို ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုအားပေး ယှဉ်ပြိုင်နိုင်စေရန်အတွက် အပတ်စဉ်သောကြာနေ့တိုင်း တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

Admin တို့လို Video Game ပရိတ်သတ်တွေအတွက်တော့ သာမာန်အားကစားပွဲတွေလိုပဲ Esports ပြိုင်ပွဲတွေကို အချိန်မရွေးနေရာမရွေး ကြည့်ရှုခံစားနိုင်စေဖို့အတွက် မေလ 24 ရက်နေ့ကနေ 30 ရက်နေ့အထိ တစ်ပါတ်အတွင်း ပြသမယ့် ပွဲစဉ်တွေကို လက်လှမ်းမှီသလောက် စုစည်းတင်ပြထားပေးပါတယ်ခင်ဗျာ။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ
===========
>>Dota2<<

ဒီတစ်ပါတ်မှာတော့ Myanmar Esports League ရဲ့ Dota2 ပြိုင်ပွဲ ရှိနေပါတယ်
MESL ဟာ Dota2, AOV နဲ့ MLBB ပြိုင်ပွဲ ၃ မျိုးအတွက် ဆုကြေးငွေ စုစုပေါင်း သိန်း ၁၅၀ ကျော်ပေးအပ်သွားမှာ ဖြစ်ပြီး Dota2 အတွက် ဆုကြေးကတော့ သိန်း ၇၀++ ဖြစ်ပါတယ်။
June လ ၂ ရက်နေအထိ Register ပြုလုပ်နိုင်ပြီး Open Qualifier ကိုတော့ June ၈ နဲ့ ၉ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

www.facebook.com/298444661043925/posts/302591040629287?s=586007729&sfns=mo


••••••••••••••••••••••••••••••••••••••••••
>>CSGO<<

GamingNoodle အနေနဲ့ Media Partner အနေနဲ့ ပါဝင်ထားတဲ့ Yangon CSGO Network ပြိုင်ပွဲကိုတော့ Register တင်ပြုလုပ်လို့ ရနေပါပြီ။
ဆုကြေးငွေ ၆၀၀,၀၀၀ ပေးအပ်မယ့်အပြင် ထိပ်ဆုံး ၆ သင်းကိုလည်း ဆိုင် ၆ ဆိုင်က ထောက်ပံပေးမှာမလို့ CSGO ကို တကယ်ရူးသွပ်သူတွေအတွက် လက်မလွတ်သင့်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ ဇွန်လ ၆ ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပြီး ၈ ရက်နေ့မှ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

www.facebook.com/365573974067174/posts/369778263646745?s=586007729&sfns=mo

••••••••••••••••••••••••••••••••••••••••••
>>PUBG Mobile<<

Register အသင်း ၅၀၀ ပြည့်သွားပြီဖြစ်တဲ့ Samung ရဲ့ Galaxy Challenge PUBG Mobile Tournament ကတော့ စွဲမက်စရာ သိန်း ၁၀၀ ဆိုတဲ့ ဆုကြေးနဲ့အတူ မေလ ၂၄ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ အပါတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေ တိုင်း Group stage ပွဲစဉ်များကို ဆော့ရမှာ ဖြစ်ပြီး ဇူလိုင် ၂၀,၂၁ မှာလုပ်မယ့် Final ပွဲကလွဲလို့ ကျန်ပွဲများအားလုံးကို Online က ယှဉ်ပြိုင်ရမှာပါ။
ပွဲစဉ်အားလုံးကိုတော့ Claw Esports page က တိုက်ရိုက်ပြသသွားမှာ ဖြစ်ပါတယ်။

www.facebook.com/2187691218162883/posts/2269859366612734?s=586007729&sfns=mo


••••••••••••••••••••••••••••••••••••••••••
>>Mobile Legends<<

MPL Myanmar Season II ရဲ့ နောက်ဆုံး Grand Final ကို လာမယ့် ၂၆ ရက်နေ့ မနက် ၁၀ နာရီကစတင်ပြီး Myanmar Plaza မှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ Burmese Ghouls, Maven Esports, Team Terrible, Seawolves, Team Resolution, Team Illuion တို့ပါဝင်ယှဉ်ပြိုင်ကျမှာ ဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ လာရောက်အားပေးသူများအတွက် Skins တွေလည်း မဲဖောက်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ Mobile Legends: Bang Bang – MM Page ကနေပြသသွားမှာ ဖြစ်ပါတယ်။

https://www.facebook.com/MobileLegendsGameMyanmar/videos/2652133708148417?s=586007729&v=e&sfns=mo

ဒီတစ်ပါတ်မှာတော့ Myanmar Esports League ရဲ့ MLBB ပြိုင်ပွဲ ရှိနေပါတယ်
MESL ဟာ Dota2, AOV နဲ့ MLBB ပြိုင်ပွဲ ၃ မျိုးအတွက် ဆုကြေးငွေ စုစုပေါင်း သိန်း ၁၅၀ ကျော်ပေးအပ်သွားမှာ ဖြစ်ပြီး MLBB အတွက် ဆုကြေးကတော့ ၅၆ သိန်းနဲ့ Diamond 300,000 ဖြစ်ပါတယ်။
June လ ၂ ရက်နေအထိ Register ပြုလုပ်နိုင်ပြီး Open Qualifier ကိုတော့ June ၈ နဲ့ ၉ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

www.facebook.com/298444661043925/posts/302591040629287?s=586007729&sfns=mo

••••••••••••••••••••••••••••••••••••••••••
>>Arena of Valor (AOV)<<

ဒီတစ်ပါတ်မှာတော့ Myanmar Esports League ရဲ့ AOV ပြိုင်ပွဲ ရှိနေပါတယ်
MESL ဟာ Dota2, AOV နဲ့ MLBB ပြိုင်ပွဲ ၃ မျိုးအတွက် ဆုကြေးငွေ စုစုပေါင်း သိန်း ၁၅၀ ကျော်ပေးအပ်သွားမှာ ဖြစ်ပြီး AOB အတွက် ဆုကြေးကတော့ ၂၃ သိန်းနဲ့ Vouchers ဖြစ်ပါတယ်။ လက်ရှိမှာတော့ အသင်း ၂ သင်းသာ Register လုပ်ထားလို့ နောက်ထပ် AOV အသင်းတွေလည်း ပါဝင်ယှဉ်ပြိုင်ဖို့ တိုက်တွန်းအပ်ပါတယ်။
June လ ၂ ရက်နေအထိ Register ပြုလုပ်နိုင်ပါတယ်။

www.facebook.com/298444661043925/posts/302591040629287?s=586007729&sfns=mo

_____________________________________________

ပြည်ပပြိုင်ပွဲများ
=========
>>Dota2<<

ဒီတပါတ်မှာတော့ ESL One Birmingham dota2 ပြိုင်ပွဲကို မေလ ၂၈ ရက်နေ့မှ စတင်ယှဉ်ပြိုင်သွားမှာပဲ ဖြစ်ပါတယ်။ DPC Event မဟုတ်ပေမယ်လည်း ဆုကြေးငွေ ဒေါ်လာ ၃ သိန်းအထိ ပေးအပ်သွားမှာ ဖြစ်တဲ့အပြင် Team Secret, EG, OG, VP, Liquid,VG, PSG.LGD အစရှိတဲ့ အသင်းကောင်းအကုန် ပါဝင်ကျမှာမလို့ ကြည့်လို့ကောင်နေဦးမှာ အသေအချာပါပဲ။ ပြိုင်ပွဲတွေကိုတော့ ပြည်တွင်း/ပြည်ပ Dota2 Streaming Page အကုန်နီးနီးမှာ ကြည့်ရှုနိုင်ပါတယ်။

••••••••••••••••••••••••••••••••••••••••••
>>CSGO<<

ဒီတစ်ပါတ်မှာတော့ နိုင်ငံတကာ CSGO ပြိုင်ပွဲ ၂ ပွဲ အထိ ရှိနေပါတယ်။

LA မှာကျင်းပမယ့် cs_summit 4 ကတော့ 23 ရက်နေ့က စတင်မှာဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ 150,000 အထိ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ENCE, Team Liquid, Renegades, NRG, Vitality, Ghost Gaming တို့ယှဉ်ပြိုင်ကျမှာဖြစ်ပြီး Twitch ကနေ တိုက်ရိုက်ကြည့်ရှု နိုင်ပါတယ် ခင်ဗျာ။

နောက်တစ်ပွဲက DreamHack Master Dallas 2019 ဖြစ်ပြီး ဆုကြေးငွေ ဒေါ်လာ ၂၅၀,၀၀၀ အထိ ပေးအပ်သွားမှာ ဖြစ်ပါတယ်။ USA, Dallas မြို့မှာကျင်းပမယ့် ဒီပြိုင်ပွဲကို မေလ ၂၈ ရက်ကနေ ဇွန်လ ၂ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ FaZe, ENCE, Liquid, Fnatic, NIP, NRG, Cloud 9 အစရှိတဲ့ အသင်းကောင်းအကုန် ပါဝင်ကျမှာဖြစ်ပြီး ပြိုင်ပွဲ အသေးစိတ် Preview ကိုတော့ GamingNoodle ကနေမကြာမီ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Photo Credit: Gabriel Kulig (www.flickr.com/photos/thefoxintheattic)

••••••••••••••••••••••••••••••••••••••••••
>>Fortnite<<

Fortnite ရဲ့ အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ Fortnite World Cup ရဲ့ Qualifier Week (7) ကို မေလ 25 ရက်နဲ့ 26 ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အပတ်စဉ်ပြုလုပ်သွားမယ့် ဒီ Open Qualifier တစ်ခုစီရဲ့ Prize Pool က “ဒေါ်လာတစ်သန်း” ဖြစ်ပါတယ်။

Fortnite World Cup Open Qualifier ကိုတော့ Twitch ကနေ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

https://www.epicgames.com/fortnite/competitive/en-US/events/world-cup

#WeeklyEsportsProgram #WEP #Esports #Myanmar