[Unicode]

Nintendo Switch ဂိမ်းကစားပြီး တစ်လအတွင်း ပေါင် ၂၀ ကျော် ဝိတ်ချနိုင်ခဲ့သူ

 

ကျန်းမာရေးအတွက်ဖြစ်စေ အလှအပအတွက်ဖြစ်စေ ဝိတ်ချလိုသူများဟာ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်လှပေမယ့် အလုပ်များသူတွေအတွက်တော့ နေ့စဉ်ဘဝမှာ ဒီလိုပုံမှန်လုပ်နိုင်ဖို့ အခြေအနေမပေးလှပါဘူး။ အထူးသဖြင့် gym ကို အချိန်ဇယားတစ်ခုနဲ့ အမြဲသွားနိုင်ဖို့ဆိုတာ အတော်အချိန်ပေးရတဲ့ကိစ္စတစ်ခုဖြစ်သလို ရက်တွေ လတွေ ကြာမြင့်လာရင်လည်း ပျင်းရိငြီးငွေ့စရာဖြစ်လာတတ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ Migui ကတော့ gym မသွားပဲ နေ့စဉ်ကစားနေကျ Nintendo Switch ဗီဒီယိုဂိမ်းတစ်မျိုးကိုပဲ ပုံမှန်ကစားရင်း သူလိုအပ်တဲ့ ခန္ဓာကိုယ်အလေးချိန်အထိချနိုင်ခဲ့တဲ့သတင်းကောင်းကို အများသိအောင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူဟာ ယင်းဗီဒီယိုဂိမ်းကို တစ်လတိတိ ပုံမှန်ကစားခဲ့တာဖြစ်ပြီး ၁၇၂ ပေါင် (၇၆ ကီလို) ကနေ ၁၅၂ ပေါင် (၆၉ ကီလို) အထိ ပိန်သွားအောင် ဝိတ်ချနိုင်ခဲ့တာပါ။

သူ ကစားခဲ့တဲ့ Nintendo Switch ဂိမ်းရဲ့ အမည်ကတော့ Ring Fit Adventure ပါ။ Action-role playing ဂိမ်းအမျိုးအစားဖြစ်တဲ့ ယင်းကို ကစားနိုင်ဖို့အတွက် ပုံမှန် Switch Joy-Con controller ၂ ခုကို သတ်မှတ်ထားတဲ့ Ring-Con နဲ့ Leg Strap တစ်စုံမှာ တပ်ဆင်ပြီး ကစားသူရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်ပေးဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ ကစားသူဟာ မိမိရဲ့ခန္ဓာကိုယ်ကိုလှုပ်ရှားပေးခြင်းအားဖြင့် ဂိမ်းထဲက ဇာတ်ကောင်ကိုထိန်းချုပ်ပြီး ကစားနိုင်ပါပြီ။

ဒီလို ဝိတ်ချနိုင်ခဲ့တဲ့အကြောင်းနဲ့ ပတ်သက်လို့ Migui က“ကျွန်တော်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကို ပေါင်ချိန်စက်နဲ့ အိမ်မှာ အမြဲစစ်ဆေးလေ့ရှိပါတယ်။ လက်ရှိမှာတော့ ကျွန်တော်ရဲ့ ကိုယ်အလေးချိန်ဟာ ၁၅၂ ပေါင် (၆၉ ကီလို) ရှိနေပြီး အရပ် ၅ ပေ ၆ လက်မ မြင့်တဲ့ ကျွန်တော့်အတွက် သင့်တော်တဲ့ BMI အနေအထားကို ရောက်ရှိနေပါပြီ” လို့ ပြောခဲ့ပါတယ်။

Migui

သူဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်က စပြီး တဖြည်းဖြည်း ဝလာနေခဲ့လို့ ဝိတ်ချဖို့ ကြိုးပမ်းခဲ့တဲ့အကြောင်းများကိုလည်း ပြောခဲ့ပါသေးတယ်။ နေ့စဉ်နေ့တိုင်း အလုပ်ကို စက်ဘီးနဲ့ ပုံမှန်သွားပြီး Nintendo Switch ထဲက လက်ဝှေ့ဂိမ်းတစ်ခုကို ကစားခဲ့ပေမယ့် အကြောင်းမထူးလို့ Ring Fit Adventure ကို ပြောင်းလဲကစားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Migui ရဲ့ အဆိုအရတော့ သူဟာ တစ်လ (ရက် ၃၀) အတွင်းမှာ တစ်နေ့ကို ၂၅ မိနစ်ခန့်သာ ဂိမ်းကစားခဲ့တာပါ။ ဝိတ်ချခဲ့တဲ့ရက်များအတွင်းမှာ ထမင်း တစ်နေ့ တစ်ပန်းကန်သာ စားခဲ့တာဖြစ်ပြီး ကာဗိုဟိုက်ဒရိတ် ကြွယ်ဝတဲ့ အခြားအစားအစာများကို ရှောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဝိတ်ချဖို့ ကြိုးပမ်းနေသူများဟာ ည ၇ နာရီကျော်ရင် အစာမစားသင့်တော့ကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။

မိမိနှစ်ခြိုက်သဘောကျတဲ့အရာကို ပြုလုပ်ရင်း ဝိတ်ကျဖို့ဆိုတာ ခန္ဓာကိုယ်သွယ်လျလှပလိုသူများနဲ့ ကျန်းမာရေးလိုက်စားလိုသူများရဲ့ အိပ်မက်တစ်ခုပါ။ ဒါကြောင့် တိုးတက်နေတဲ့ဂိမ်းလောကအတွင်းမှာ အများနဲ့မတူ တစ်မူထူးခြားစွာ ဂိမ်းကစားရင်း ဝိတ်ချနိုင်ခဲ့သူတစ်ဦးအကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတော့တယ်။ ဂိမ်းအကြောင်းအရာများနဲ့ Esports သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။
source: hitz.com.my


[ZawGyi]

Nintendo Switch ဂိမ္းကစားၿပီး တစ္လအတြင္း ေပါင္ ၂၀ ေက်ာ္ ဝိတ္ခ်ႏိုင္ခဲ့သူ

 

က်န္းမာေရးအတြက္ျဖစ္ေစ အလွအပအတြက္ျဖစ္ေစ ဝိတ္ခ်လိုသူမ်ားဟာ ေလ့က်င့္ခန္းပုံမွန္ျပဳလုပ္ေပးဖို႔ လိုအပ္လွေပမယ့္ အလုပ္မ်ားသူေတြအတြက္ေတာ့ ေန႔စဥ္ဘဝမွာ ဒီလိုပုံမွန္လုပ္ႏိုင္ဖို႔ အေျခအေနမေပးလွပါဘူး။ အထူးသျဖင့္ gym ကို အခ်ိန္ဇယားတစ္ခုနဲ႔ အၿမဲသြားႏိုင္ဖို႔ဆိုတာ အေတာ္အခ်ိန္ေပးရတဲ့ကိစၥတစ္ခုျဖစ္သလို ရက္ေတြ လေတြ ၾကာျမင့္လာရင္လည္း ပ်င္းရိၿငီးေငြ႕စရာျဖစ္လာတတ္ပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံသားတစ္ေယာက္ျဖစ္တဲ့ Migui ကေတာ့ gym မသြားပဲ ေန႔စဥ္ကစားေနက် Nintendo Switch ဗီဒီယိုဂိမ္းတစ္မ်ိဳးကိုပဲ ပုံမွန္ကစားရင္း သူလိုအပ္တဲ့ ခႏၶာကိုယ္အေလးခ်ိန္အထိခ်ႏိုင္ခဲ့တဲ့သတင္းေကာင္းကို အမ်ားသိေအာင္ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ သူဟာ ယင္းဗီဒီယိုဂိမ္းကို တစ္လတိတိ ပုံမွန္ကစားခဲ့တာျဖစ္ၿပီး ၁၇၂ ေပါင္ (၇၆ ကီလို) ကေန ၁၅၂ ေပါင္ (၆၉ ကီလို) အထိ ပိန္သြားေအာင္ ဝိတ္ခ်ႏိုင္ခဲ့တာပါ။

သူ ကစားခဲ့တဲ့ Nintendo Switch ဂိမ္းရဲ႕ အမည္ကေတာ့ Ring Fit Adventure ပါ။ Action-role playing ဂိမ္းအမ်ိဳးအစားျဖစ္တဲ့ ယင္းကို ကစားႏိုင္ဖို႔အတြက္ ပုံမွန္ Switch Joy-Con controller ၂ ခုကို သတ္မွတ္ထားတဲ့ Ring-Con နဲ႔ Leg Strap တစ္စုံမွာ တပ္ဆင္ၿပီး ကစားသူရဲ႕ ခႏၶာကိုယ္ေပၚမွာ ဝတ္ဆင္ေပးဖို႔ လိုအပ္ပါတယ္။ ၿပီးရင္ေတာ့ ကစားသူဟာ မိမိရဲ႕ခႏၶာကိုယ္ကိုလႈပ္ရွားေပးျခင္းအားျဖင့္ ဂိမ္းထဲက ဇာတ္ေကာင္ကိုထိန္းခ်ဳပ္ၿပီး ကစားႏိုင္ပါၿပီ။

ဒီလို ဝိတ္ခ်ႏိုင္ခဲ့တဲ့အေၾကာင္းနဲ႔ ပတ္သက္လို႔ Migui က“ကြၽန္ေတာ္ရဲ႕ ခႏၶာကိုယ္အေလးခ်ိန္ကို ေပါင္ခ်ိန္စက္နဲ႔ အိမ္မွာ အၿမဲစစ္ေဆးေလ့ရွိပါတယ္။ လက္ရွိမွာေတာ့ ကြၽန္ေတာ္ရဲ႕ ကိုယ္အေလးခ်ိန္ဟာ ၁၅၂ ေပါင္ (၆၉ ကီလို) ရွိေနၿပီး အရပ္ ၅ ေပ ၆ လက္မ ျမင့္တဲ့ ကြၽန္ေတာ့္အတြက္ သင့္ေတာ္တဲ့ BMI အေနအထားကို ေရာက္ရွိေနပါၿပီ” လို႔ ေျပာခဲ့ပါတယ္။

Migui

သူဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က စၿပီး တျဖည္းျဖည္း ဝလာေနခဲ့လို႔ ဝိတ္ခ်ဖို႔ ႀကိဳးပမ္းခဲ့တဲ့အေၾကာင္းမ်ားကိုလည္း ေျပာခဲ့ပါေသးတယ္။ ေန႔စဥ္ေန႔တိုင္း အလုပ္ကို စက္ဘီးနဲ႔ ပုံမွန္သြားၿပီး Nintendo Switch ထဲက လက္ေဝွ႔ဂိမ္းတစ္ခုကို ကစားခဲ့ေပမယ့္ အေၾကာင္းမထူးလို႔ Ring Fit Adventure ကို ေျပာင္းလဲကစားခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

Migui ရဲ႕ အဆိုအရေတာ့ သူဟာ တစ္လ (ရက္ ၃၀) အတြင္းမွာ တစ္ေန႔ကို ၂၅ မိနစ္ခန႔္သာ ဂိမ္းကစားခဲ့တာပါ။ ဝိတ္ခ်ခဲ့တဲ့ရက္မ်ားအတြင္းမွာ ထမင္း တစ္ေန႔ တစ္ပန္းကန္သာ စားခဲ့တာျဖစ္ၿပီး ကာဗိုဟိုက္ဒရိတ္ ႂကြယ္ဝတဲ့ အျခားအစားအစာမ်ားကို ေရွာင္ခဲ့တယ္လို႔လည္း ဆိုပါတယ္။ ဝိတ္ခ်ဖို႔ ႀကိဳးပမ္းေနသူမ်ားဟာ ည ၇ နာရီေက်ာ္ရင္ အစာမစားသင့္ေတာ့ေၾကာင္းကိုလည္း ေျပာခဲ့ပါေသးတယ္။

 

မိမိႏွစ္ၿခိဳက္သေဘာက်တဲ့အရာကို ျပဳလုပ္ရင္း ဝိတ္က်ဖို႔ဆိုတာ ခႏၶာကိုယ္သြယ္လ်လွပလိုသူမ်ားနဲ႔ က်န္းမာေရးလိုက္စားလိုသူမ်ားရဲ႕ အိပ္မက္တစ္ခုပါ။ ဒါေၾကာင့္ တိုးတက္ေနတဲ့ဂိမ္းေလာကအတြင္းမွာ အမ်ားနဲ႔မတူ တစ္မူထူးျခားစြာ ဂိမ္းကစားရင္း ဝိတ္ခ်ႏိုင္ခဲ့သူတစ္ဦးအေၾကာင္းကို ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ ဂိမ္းအေၾကာင္းအရာမ်ားနဲ႔ Esports သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။
source: hitz.com.my