[ZawGyi]




===========
>>PUBG Mobile<<



 


••••••••••••••••••••••••••••••••••••••••••

>>CSGO<<



••••••••••••••••••••••••••••••••••••••••••

>>Dota2<<





••••••••••••••••••••••••••••••••••••••••••
>>Mobile Legends<<


••••••••••••••••••••••••••••••••••••••••••

>>Arena of Valor (AOV)<<



___________________________________________

ပြည်ပပြိုင်ပွဲများ
=========
>>Dota2<<



••••••••••••••••••••••••••••••••••••••••••
>>CSGO<<


••••••••••••••••••••••••••••••••••••••••••

>>Fortnite<<



=======================================

[Unicode]

 

တစ်ပတ်တာ Esports အစီအစဉ်များ (မေလ ၃၁ ရက်နေ့မှ ဇွန်လ ၆ ရက်)

Weekly Esports Program ကို ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ တစ်ပါတ်တာ (မေ ၃၁ မှ ဇွန် ၆) အတွင်း ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုအားပေး ယှဉ်ပြိုင်နိုင်စေရန်အတွက် သောကြာနေ့တိုင်း တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ
===========
>>PUBG Mobile<<

ဒီတစ်ပါတ်မှာ ပါဝင်လာတဲ့ ပြိုင်ပွဲအသစ်ကတော့ MPS Exhibition and Event Management က စီစဉ်တဲ့ American Trade Show Event မှာ ပါဝင်လာမယ့် PUBG Mobile Tournament ပဲ ဖြစ်ပါတယ်။ ဆုကြေးငွေ သိန်း ၄၀ အထိပေးအပ်မယ့် ဒီပြိုင်ပွဲကိုတော့ Grand Royal က Sponsor ပေးမှာဖြစ်ပြီး Skynet မှ Exclusive Broadcasting Partner အဖြစ်ပါဝင်ထားပါတယ်။ အသင်း ၁၅၀ အထိ ပါဝင်ခွင့်ရမှာ ဖြစ်ပြီး ထူးခြားချက်ကတော့ ပြိုင်ပွဲအားလုံးကို တပ်မတော်ခန်းမ မှာပဲ ဇွန်လ ၇ ရက်မှ ၉ ရက်အထိ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

www.facebook.com/1246450108827189/posts/1339179666220899?s=586007729&amp;amp;sfns=mo

Register အသင်း ၅၀၀ ပြည့်သွားပြီဖြစ်တဲ့ Samung ရဲ့ Galaxy Challenge PUBG Mobile Tournament ကတော့ စွဲမက်စရာ သိန်း ၁၀၀ ဆိုတဲ့ ဆုကြေးနဲ့အတူ မေလ ၂၄ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။ အပါတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေ တိုင်း Group stage ပွဲစဉ်များကို ဆော့ရမှာ ဖြစ်ပြီး ဇူလိုင် ၂၀,၂၁ မှာလုပ်မယ့် Final ပွဲကလွဲလို့ ကျန်ပွဲများအားလုံးကို Online က ယှဉ်ပြိုင်ရမှာပါ။
ပွဲစဉ်အားလုံးကိုတော့ Claw Esports page က တိုက်ရိုက်ပြသသွားမှာ ဖြစ်ပါတယ်။

www.facebook.com/2187691218162883/posts/2269859366612734?s=586007729&sfns=mo
••••••••••••••••••••••••••••••••••••••••••

>>CSGO<<

GamingNoodle အနေနဲ့ Media Partner အနေနဲ့ ပါဝင်ထားတဲ့ Yangon CSGO Network ပြိုင်ပွဲကိုတော့ Register တင်ပြုလုပ်လို့ ရနေပါပြီ။
ဆုကြေးငွေ ၆၀၀,၀၀၀ ပေးအပ်မယ့်အပြင် ထိပ်ဆုံး ၆ သင်းကိုလည်း ဆိုင် ၆ ဆိုင်က ထောက်ပံပေးမှာမလို့ CSGO ကို တကယ်ရူးသွပ်သူတွေအတွက် လက်မလွတ်သင့်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ ဇွန်လ ၆ ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပြီး ၈ ရက်နေ့မှ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အသင်း 29 သင်းအထိ စာရင်းပေးသွင်းထားပြီး ဇွန်လ ၆ ရက်နေ့အထိ Register ပြုလုပ်နိုင်ပါတယ်။

www.facebook.com/365573974067174/posts/369778263646745?s=586007729&amp;sfns=mo

••••••••••••••••••••••••••••••••••••••••••

>>Dota2<<

ဒီတပါတ်မှပါဝင်လာတဲ့ ပြိုင်ပွဲအသစ်ကတော့ King Panda Esporta Center Dota2 Championship Series Episode (5) ပဲ ဖြစ်ပါတယ်။ ဇွန်လ ၈ ရက်နဲ့ ၉ ရက်မှာကျင်းပမယ့် ဒီပြိုင်ပွဲကတော့ ဆုကြေး ၆၀၀,၀၀၀ အထိ ပေးအပ်သွားမှာ ဖြစ်ပြီး ပွဲစဉ်အားလုံးကို King Panda Esports Center မှာ ယှဉ်ပြိုင်ရမှာပါ။

www.facebook.com/172660300057257/posts/347756189214333?s=586007729&amp;sfns=mo

ဒီတစ်ပါတ်မှာတော့ Myanmar Esports League ရဲ့ Dota2 ပြိုင်ပွဲ ရှိနေပါတယ်
MESL ဟာ Dota2, AOV နဲ့ MLBB ပြိုင်ပွဲ ၃ မျိုးအတွက် ဆုကြေးငွေ စုစုပေါင်း သိန်း ၁၅၀ ကျော်ပေးအပ်သွားမှာ ဖြစ်ပြီး Dota2 အတွက် ဆုကြေးကတော့ သိန်း ၇၀++ ဖြစ်ပါတယ်။
June လ ၂ ရက်နေအထိ Register ပြုလုပ်နိုင်ပြီး Open Qualifier ကိုတော့ June ၈ နဲ့ ၉ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

www.facebook.com/298444661043925/posts/302591040629287?s=586007729&amp;sfns=mo

••••••••••••••••••••••••••••••••••••••••••
>>Mobile Legends<<

ဒီတစ်ပါတ်မှာတော့ Myanmar Esports League ရဲ့ MLBB ပြိုင်ပွဲ ရှိနေပါတယ်
MESL ဟာ Dota2, AOV နဲ့ MLBB ပြိုင်ပွဲ ၃ မျိုးအတွက် ဆုကြေးငွေ စုစုပေါင်း သိန်း ၁၅၀ ကျော်ပေးအပ်သွားမှာ ဖြစ်ပြီး MLBB အတွက် ဆုကြေးကတော့ ၅၆ သိန်းနဲ့ Diamond 300,000 ဖြစ်ပါတယ်။
June လ ၂ ရက်နေအထိ Register ပြုလုပ်နိုင်ပြီး Open Qualifier ကိုတော့ June ၈ နဲ့ ၉ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

www.facebook.com/298444661043925/posts/302591040629287?s=586007729&sfns=mo
••••••••••••••••••••••••••••••••••••••••••
>>Arena of Valor (AOV)<<

ဒီတစ်ပါတ်မှာတော့ Myanmar Esports League ရဲ့ AOV ပြိုင်ပွဲ ရှိနေပါတယ်
MESL ဟာ Dota2, AOV နဲ့ MLBB ပြိုင်ပွဲ ၃ မျိုးအတွက် ဆုကြေးငွေ စုစုပေါင်း သိန်း ၁၅၀ ကျော်ပေးအပ်သွားမှာ ဖြစ်ပြီး AOV အတွက် ဆုကြေးကတော့ ၂၃ သိန်းနဲ့ Vouchers ဖြစ်ပါတယ်။
June လ ၂ ရက်နေအထိ Register ပြုလုပ်နိုင်ပါတယ်။

www.facebook.com/298444661043925/posts/302591040629287?s=586007729&sfns=mo

___________________________________________

ပြည်ပပြိုင်ပွဲများ
=========
>>Dota2<<

ESL One Birmingham Dota2 ပြိုင်ပွဲကတော့ Group Stage ပြီးဆုံးကာ Playoff အဆင့်ကို ရောက်ရှိနေပြီး ဇွန်လ ၂ ရက်နေ့အထိ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ Gaming Noodle က ကိုဘူးရဲ့ ပြိုင်ပွဲ သုံးသပ်ချက်ကိုတော့ အောက်က Link မှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။ ပြိုင်ပွဲတွေကိုတော့ ပြည်တွင်း/ပြည်ပ Dota2 Streaming Page အကုန်နီးနီးမှာ ကြည့်ရှုနိုင်ပါတယ်။

www.gamingnoodle.com/esl-birmingham-2019-dota2-tournament-preview/

••••••••••••••••••••••••••••••••••••••••••
>>CSGO<<

DreamHack Master Dallas 2019 ပြိုင်ပွဲကလည်း Playoff Main Event ကို ရောက်ရှိနေပြီး ဇွန်လ ၂ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Fairy ရဲ့ ပြိုင်ပွဲ သုံးသပ်ချက်ကိုတော့ အောက်ပါ Link မှာ ဖတ်ရှုနိုင်ပါတယ်။ ထိုပြိုင်ပွဲကို “DreamHack Masters” Facebook Page နဲ့ Twitch မှာ ကြည့်ရှုနိုင်ပါတယ်။

www.gamingnoodle.com/dreamhack-masters-dallas-2019-csgo-tournament-review/
••••••••••••••••••••••••••••••••••••••••••
>>Fortnite<<

Fortnite ရဲ့ အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ Fortnite World Cup ရဲ့ Qualifier Week (8) ကို ဇွန်လ ၁ ရက်နဲ့ ၂ ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အပတ်စဉ်ပြုလုပ်သွားမယ့် ဒီ Open Qualifier တစ်ခုစီရဲ့ Prize Pool က “ဒေါ်လာတစ်သန်း” ဖြစ်ပါတယ်။
Fortnite World Cup Open Qualifier ကိုတော့ Twitch ကနေ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

www.epicgames.com/fortnite/competitive/en-US/events/world-cup

#WeeklyEsportsProgram #WEP #Esports #Myanmar