[ZawGyi]


 



===========

 

>>PUBG Mobile<<

 

Stay Tuned!




••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

>>CSGO<<

 



••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

>>Dota2<<

 





••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

>>Mobile Legends<<

 





••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

>>Fortnite<<

 



••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

>>Arena of Valor (AOV)<<

 



_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>CSGO<<

 



••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

>>Fortnite<<

 


====================================================================

[Unicode]

တစ်ပတ်တာ Esports အစီအစဉ်များ (ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်)

Weekly Esports Program ကို ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ တစ်ပါတ်တာ (ဇွန်လ ၇ မှ ၁၃ထိ) အတွင်း ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုအားပေး ယှဉ်ပြိုင်နိုင်စေရန်အတွက် သောကြာနေ့တိုင်း တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ
===========

>>PUBG Mobile<<

ဆုကြေးသိန်း ၁၀၀ အထိပေးအပ်မယ့် အကြီးကျယ်ဆုံး Samung Galaxy Challenge PUBG Mobile Tournament ရဲ့ Group 13,14,15,16,17 နဲ့ 18 ရဲ့ပွဲစဉ်တွေကိုတော့ ဇွန်လ ၇၊၈၊၉ ရက်နေ့တွေမှာ ညနေ ၅ နာရီက စတင်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဒီတပါတ်စပြီး Galaxy Challenge ပွဲစဉ်တွေကိုတော့ ကျွန်တော်တို့ Gaming Noodle Facebook page မှာပါ တိုက်ရိုက် ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတာကိုတော့ မကြာခင်အချိန်အတွင်း ကြေညာပေးသွားမှာမယ်။
Stay Tuned!

Photo Credit : Claw Esports

သိန်း (၄၀) ဆုကြေးနဲ့ American Trade Show Event မှာ ပါဝင်လာမယ့် PUBG Mobile Tournament ကတော့ ပွဲစဉ်အားလုံးကို တပ်မတော်ခန်းမ မှာပဲ ဇွန်လ ၇ ရက်မှ ၉ ရက်အထိ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက် အားပေးနိုင်သလို တိုက်ရိုက်ကြည့်ရှုမယ် ဆိုလျှင်လည်း Vibrant Esports Entertainment page ကနေ ပြသမှာ ဖြစ်ပါတယ်။

www.facebook.com/1246450108827189/posts/1344078929064306?s=586007729&amp;amp;sfns=mo

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

>>CSGO<<

GamingNoodle အနေနဲ့ Media Partner အနေနဲ့ ပါဝင်ထားတဲ့ Yangon CSGO Network ပြိုင်ပွဲကတော့ Register ပိတ်သွားပြီး ပြိုင်ပွဲဝင် ၄၂ သင်းအထိ ရှိနေပါတယ်။
ဆုကြေးငွေ ၆၀၀,၀၀၀ ပေးအပ်မယ့်အပြင် ထိပ်ဆုံး ၆ သင်းကိုလည်း ဆိုင် ၆ ဆိုင်က ထောက်ပံပေးမှာမလို့ CSGO ကို တကယ်ရူးသွပ်သူတွေအတွက် လက်မလွတ်သင့်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ ဇွန်လ ၈ ရက်နေ့ Blu Esports မှာစတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ YCN Page မှာ ကြည့်ရှုနိုင်ပါတယ်။

www.facebook.com/Yangon-CSGO-Network-YCN-365573974067174/

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

>>Dota2<<

King Panda Esporta Center Dota2 Championship Series Episode (5) ကတော့ ဇွန်လ ၈ ရက်နဲ့ ၉ ရက်မှာကျင်းပမယ် ကြေညာထားရာကနေ ဇွန်လ ၁၅ ရက်နေ့ကို ပြောင်းသွားပါတယ်။ ဒီပြိုင်ပွဲကတော့ ဆုကြေး ၆၀၀,၀၀၀ အထိ ပေးအပ်သွားမှာ ဖြစ်ပြီး ပွဲစဉ်အားလုံးကို King Panda Esports Center မှာ ယှဉ်ပြိုင်ရမှာပါ။

www.facebook.com/172660300057257/posts/347756189214333?s=586007729&amp;sfns=mo

Myanmar Esports League ပြိုင်ပွဲ ဟာ Dota2, AOV နဲ့ MLBB ပြိုင်ပွဲ ၃ မျိုးအတွက် ဆုကြေးငွေ စုစုပေါင်း သိန်း ၁၅၀ ကျော်ပေးအပ်သွားမှာ ဖြစ်ပြီး Dota2 အတွက် ဆုကြေးကတော့ သိန်း ၇၀++ ဖြစ်ပါတယ်။ Register ကာလပြီးဆုံးသွားပြီ ဖြစ်လို့ Open Qualifier ကိုတော့ June ၇၊ ၈ နဲ့ ၉ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

www.facebook.com/298444661043925/posts/315053372716387?s=586007729&amp;sfns=mo

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

>>Mobile Legends<<

Female Esports Legaue ရဲ့ ပထမဆုံး Mobile ပြိုင်ပွဲရဲ့ Main Event ကိုတော့ မြန်မာ မိန်ကလေး MLBB အသင်း Venus Vixens က ပါဝင်ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲတွေကို စင်ကာပူနိုင်ငံက Singtel Recreation Club မှာ ဇွန်လ ၈ ရက်နဲ့ ၉ ရက်နေ့မှာ ကျင်းပပါမယ်။
ပြိုင်ပွဲကို Female Esports League Mobile page ကနေ တိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။

www.facebook.com/2001398776828019/posts/2051334425167787?s=586007729&amp;sfns=mo

ဒီတစ်ပါတ်မှာတော့ Myanmar Esports League ရဲ့ MLBB ပြိုင်ပွဲ ရှိနေပါတယ်
MESL ဟာ Dota2, AOV နဲ့ MLBB ပြိုင်ပွဲ ၃ မျိုးအတွက် ဆုကြေးငွေ စုစုပေါင်း သိန်း ၁၅၀ ကျော်ပေးအပ်သွားမှာ ဖြစ်ပြီး MLBB အတွက် ဆုကြေးကတော့ ၅၆ သိန်းနဲ့ Diamond 300,000 ဖြစ်ပါတယ်။
Register ကာလပြီးဆုံးသွားပြီ ဖြစ်လို့ Open Qualifier ကိုတော့ June ၇၊ ၈ နဲ့ ၉ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

www.facebook.com/298444661043925/posts/315053372716387?s=586007729&amp;sfns=mo

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

>>Fortnite<<

 

ဒီတစ်ခါ ထူးခြားတာကတော့ ပြည်တွင်း Local Fortnite Mini Tournament ပွဲပါ။
Blu Esports မှာပြုလုပ်မှာဖြစ်ပြီး ဝင်ကြေး Free နဲ့ ဆုကြေး ၂၀၀,၀၀၀ ပေးအပ်သွားမှာဖြစ်ပြီး ၂၃ ရက်နေ့မှ ယှဉ်ပြိုင်ရမှာပါ။ Register ကိုတော့ Blu Esports page မှာ ပြုလုပ်နိုင်ပါတယ်။

www.facebook.com/156277728345660/posts/372483640058400?s=586007729&sfns=mo

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

>>Arena of Valor (AOV)<<

 

ဒီတစ်ပါတ်မှာတော့ Myanmar Esports League ရဲ့ AOV ပြိုင်ပွဲ ရှိနေပါတယ်
MESL ဟာ Dota2, AOV နဲ့ MLBB ပြိုင်ပွဲ ၃ မျိုးအတွက် ဆုကြေးငွေ စုစုပေါင်း သိန်း ၁၅၀ ကျော်ပေးအပ်သွားမှာ ဖြစ်ပြီး AOV အတွက် ဆုကြေးကတော့ ၂၃ သိန်းနဲ့ Vouchers ဖြစ်ပါတယ်။
Register ကာလပြီးဆုံးသွားပြီ ဖြစ်လို့ Open Qualifier ကိုတော့ June ၇၊ ၈ နဲ့ ၉ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပါတယ်။

www.facebook.com/298444661043925/posts/315053372716387?s=586007729&amp;sfns=mo

_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>CSGO<<

ဒီတစ်ပါတ်မှာ အသစ်ဝင်လာတဲ့ ပြိုင်ပွဲကတော့ Faceit Esports Championship Series Season 7 Finals ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကတော့ ဆုကြေး ဒေါ်လာ ၅ သိန်းအထိ ပေးအပ်မှာဖြစ်ပြီး ဇွန်လ ၆ ရက်မှ ၉ ရက်အထိ လန်ဒန်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ Blastpro Series မှာ ကျရှုံးခဲ့တဲ့ အပြင် HLTV Ranking No.1 နေရာကနေပါ ဖယ်ပေးခဲ့ရတဲ့ Astrali ကို စောင့်ကြည့်ရမှာ ဖြစ်ပြီး လတ်တလော လက်တက်နေတဲ့ Vitality, Furia တို့အပြင် MIBR, NRG, North, NIP စတဲ့ အသင်းကောင်းတွေ အကုန်ပါလာကျမှာမလို့ ပွဲရှားနေတဲ့ ဒီအပါတ်အတွက်တော့ ဒီပြိုင်ပွဲက ရွှေပါပဲ။
ပွဲစဉ်အားလုံးကိုတော့ Twitch ကနေ ကြည့်ရှုနိုင်ပါတယ်။


••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

>>Fortnite<<

 

Fortnite ရဲ့ အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ Fortnite World Cup ရဲ့ Qualifier Week (89) ကို ဇွန်လ ၈ ရက်နဲ့ ၉ ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အပတ်စဉ်ပြုလုပ်သွားမယ့် ဒီ Open Qualifier တစ်ခုစီရဲ့ Prize Pool က “ဒေါ်လာတစ်သန်း” ဖြစ်ပါတယ်။
Fortnite World Cup Open Qualifier ကိုတော့ Twitch ကနေ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

#WeeklyEsportsProgram #WEP #Esports #Myanmar