[Zawgyi]


 



===========

>>Dota2<<





 



•••••••••••••••••••••••••••••••••••••••••

>>Mobile Legends<<


••••••••••••••••••••••••••••••••••••••••••

>>PUBG Mobile<<


••••••••••••••••••••••••••••••••••••••••••
>>CSGO<<



_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<


EPICENTER Major အား ကြိုတင်ခံစားခြင်း

••••••••••••••••••••••••••••••••••••••••••

>>CSGO<<


=========================================

[Unicode]

တစ်ပတ်တာ Esports အစီအစဉ်များ (ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၄ ရက်)

 

Weekly Esports Program ကို ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ တစ်ပါတ်တာ (ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၄ ရက်) အတွင်း ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုအားပေး ယှဉ်ပြိုင်နိုင်စေရန်အတွက် သောကြာနေ့တိုင်း တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ
===========

>>Dota2<<

ဒီတစ်ပါတ်အသစ်ပါဝင်လာတဲ့ ပြိုင်ပွဲကတော့ Ducky Esports က ကျင်းပတဲ့ Ducky Dota2 Championship Season (1) ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ဇူလိုင် ၇ ရက်နေ့မှာ ကျင်းပပြီး ဆုကြေးငွေ (၄) သိန်းအထိပေးအပ်မယ့် ဒီပြိုင်ပွဲကို အောက်ပါ link မှာ register နိုင်ပါတယ်။

www.facebook.com/1246450108827189/posts/1356865164452349?s=586007729&sfns=mo

အရင်အပါတ်တွေမှာ ကြေညာပေးခဲ့တဲ့ Bloodlustz ရဲ့ Amature ပြိုင်ပွဲကတော့ Main Event ယှဉ်ပြိုင်ရမယ့် ၄ သင်းကို ရွေးချယ်ပြီးခဲ့ပါပြီ။ ထိုပြိုင်ပွဲကိုတော့ ဇွန်လ ၃၀ ရက်နေ့ Myanmar Convention Center မှာ Galaxy World Culture Festival နဲ့အတူ ကျင်းပမှာဖြစ်ပါတယ်။ Cosplay တွေအပြင် အခြား Entertainment တွေပါ ပါဝင်ဦးမှာမလို့ စိတ်ဝင်စားသူများအနေနဲ့ အောက်ပါ link မှာ ticket များ မေးမြန်း ဝယ်ယူနိုင်ပါတယ်။

www.facebook.com/kwavemmr/posts/1378300838990166

မန္တလေးမှာပြုလုပ်နေတဲ့ Mandalay University Esports Tournament ကတော့ ဆုကြေး သိန်း ၄၀ အထိပေးအပ်မယ့် တက္ကသိုလ်ပေါင်းစုံ Dota2 ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ Closed Qualifier အဆင့်ကိုတော့ ၁၆ သင်းရောက်ရှိနေပြီး အဲဒီအထဲက ၇ သင်းကသာ မနှစ်က ချန်ပီယံ MUFL အသင်းနဲ့တူတူ Main Event မှာ ယှဉ်ပြိုင်ရမှာပါ။ ပြိုင်ပွဲတွေကိုတော့ Speed Gaming Esports Broadcasting Facebook Page မှာ ကြည့်ရှုနိုင်ပါတယ်

www.facebook.com/SpeedGamingEsportStadiumMandalay/photos/a.355942711465407/876405282752478/?type=3

•••••••••••••••••••••••••••••••••••••••••

>>Mobile Legends<<

Wallet Code ရဲ့ MLBB ပြိုင်ပွဲ ကတော့ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ တစ်ထောင်နဲ့ Diamomd 12,500 အထိပေးအပ်မှာဖြစ်ပါတယ်။ အသင်း အရေအတွက် ၁၆ သင်းသာ လက်ခံမှာဖြစ်ပြီး ပြိုင်ပွဲကို ၂၉ ရက်နေ့ မနက် ၁၀ နာရီ ရွှေဂုံတိုင်ရှိ Misfit Cafe မှာကျင်းပမှာဖြစ်ပါတယ်။
အောက်ပါ Link မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

www.facebook.com/194230348041598/posts/453071732157457?s=586007729&sfns=mo

••••••••••••••••••••••••••••••••••••••••••

>>PUBG Mobile<<

ကျွန်တော်တို့ Gaming Noodle မှ Media Partner အဖြစ် ပါဝင်အားဖြည့်ထားတဲ့ Samung Galaxy Challenge PUBG Mobile Tournament ဟာတော့ Group Stage ကိုကျော်လွန်ပြီး Semi-final အဆင့်ကို ရောက်ရှိလာပါပြီ။ Semi Final Group B နဲ့ C ကိုတော့ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့ညနေ ၅ နာရီက စတင်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဆုကြေး သိန်း ၁၀၀ အထိပေးမယ့် ဒီပြိုင်ပွဲကိုတော့ Gaming Noodle page မှာ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။

••••••••••••••••••••••••••••••••••••••••••
>>CSGO<<

GamingNoodle အနေနဲ့ Media Partner အနေနဲ့ ပါဝင်ထားတဲ့ Yangon CSGO Network ပြိုင်ပွဲရဲ့ ပထမဆုံး Amature CSGO Tournament လာပါပြီ ခင်ဗျာ။ ဇူလိုင် ၆ ရက်နဲ့ ၇ ရက်မှာကျင်းပမယ့် ဒီပြိုင်ပွဲကို Blu Esports မှာပဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဆုကြေးငွေ ၃ သိနိးအထိပေးအပ်မှာ ဖြစ်ပါတယ်။ ဝင်ကြေး က Free ဖြစ်ပြီး ဇူလိုင် ၄ ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပါတယ်။

www.facebook.com/365573974067174/posts/383537895604115?s=586007729&sfns=mo

_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<

Dota Pro Circuit ရဲ့ နောက်ဆုံး Major Epicenter ရဲ့ Main Event ကိုတော့ ယနေ့ (၂၈ ရက်နေ့) မှာ စတင်ကြည့်ရှုနိုင်ပါတယ်။
Playoff အဆင့်ကိုရောက်ရှိနေပြီး အသင်း ၈ သင်းသာကျန်ရှိပါတော့တယ်။
Team Liquid ရဲ့ Roster အသစ် ဘယ်လောက်ထိ လုပ်ပြနိုင်မှာလည်း? လူမစုံတဲ့ OG ကရော အသက်ဆက်နိုင်ပါဦးမလား? Gaming Noodle က ကိုဘူးရဲ့ သုံးသပ်ချက်ကို ပြန်လည် ဖတ်ရှုပြီး ဘယ်လေညက်ထိမှန်နေသေးတယ်ဆိုတာ တိုက်ကြည့်ကြရအောင်။

EPICENTER Major အား ကြိုတင်ခံစားခြင်း

••••••••••••••••••••••••••••••••••••••••••

>>CSGO<<

HLTV Ranking ထိပ်ဆုံး ၁၀ သင်းထဲက ၉ သင်းပါဝင်မယ့် CSGO ပွဲကတော့ဒီတစ်ပါတ်ရဲ့ International Tournament of the week ပါ။
ဇူလိုင် ၂ ရက်ကနေ ၇ ရက်အထိကျင်းပမယ့် ESL ONE Cologne 2019 ကတော့ ဆုကြေး ဒေါ်လာ ၃၀၀,၀၀၀ အထိပေးအပ်သွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲ ကိုတော့ Twitch မှာကြည့်ရှုနိုင်ပြီး ESL CSGO Facebook page မှာလည်း ပြသနိုင်ပါတယ်။

 

#WeeklyEsportsProgram #WEP #Esports #Myanmar