
 



 

===========

>>Mobile Legends<<




••••••••••••••••••••••••••••••••••••••••••

>>PUBG Mobile<<


••••••••••••••••••••••••••••••••••••••••••
>>CSGO<<



••••••••••••••••••••••••••••••••••••••••••

>>Dota2<<


••••••••••••••••••••••••••••••••••••••••••

>>PUBG (PC) <<



••••••••••••••••••••••••••••••••••••••••••

>>Fortnite<<



_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<


>>CSGO<<

••••••••••••••••••••••••••••••••••••••••••
>>Fortnite<<


===================================================

[Unicode]

တစ်ပတ်တာ Esports အစီအစဉ်များ (ဇွန်လ ၂၁ ရက်နေ့မှ ၂၇ ရက်)

 

Weekly Esports Program ကို ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ တစ်ပါတ်တာ (ဇွန်လ ၂၁ မှ ၂၇ထိ) အတွင်း ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုအားပေး ယှဉ်ပြိုင်နိုင်စေရန်အတွက် သောကြာနေ့တိုင်း တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ
===========

>>Mobile Legends<<

ဒီတစ်ပါမှာ အသစ်ပါဝင်လာတဲ့ ပြိုင်ပွဲကတော့ Wallet Code ရဲ့ MLBB ပြိုင်ပွဲ ဖြစ်ပါတယ်။
ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ တစ်ထောင်နဲ့ Diamomd 12,500 အထိပေးအပ်မှာဆိုတော့ ပြည်တွင်းပြိုင်ပွဲအနေနဲ့ အတော့်ကိုများတဲ့ ဆုကြေးပါ။ အသင်း အရေအတွက် ၁၆ သင်းသာ လက်ခံမှာဖြစ်ပြီး ပြိုင်ပွဲကို ၂၉ ရက်နေ့ မနက် ၁၀ နာရီ ရွှေဂုံတိုင်ရှိ Misfit Cafe မှာကျင်းပမှာဖြစ်ပါတယ်။
အောက်ပါ Link မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

www.facebook.com/194230348041598/posts/453071732157457?s=586007729&sfns=mo

အရှေ့တောင်အာရှရဲ့ အကြီးကျယ်ဆုံး MLBB ပြိုင်ပွဲဖြစ်တဲ့ MSC 2019 ကိုဖိလစ်ပိုင် နိုင်ငံ မနီလာမြို့မှာ ကျင်းပျနပြီ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ အသင်းကောင်းတွေနဲ့ တူတူ မြန်မာကိုယ်စာပြု Team Resolution နဲ့ Burmese Ghouls (၂) သင်းပါဝင်ကျမယ့် ဒီပြိုင်ပွဲဟာ Group Stage တွေကိုကျော်လွန်ပြီး Play-insအဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ Main Event ရောက်ရှိနေတဲ့ မြန်မာအသင်းတွေရဲ့ ကစားပုံကိုတော့ Mobile Legends : Bang Bang – MM Facebook page မှာ တိုက်ရိုက်ကြည့်ရှူနိုင်ပါတယ်။

••••••••••••••••••••••••••••••••••••••••••

>>PUBG Mobile<<

ကျွန်တော်တို့ Gaming Noodle မှ Media Partner အဖြစ် ပါဝင်အားဖြည့်ထားတဲ့ Samung Galaxy Challenge PUBG Mobile Tournament ဟာတော့ Group Stage ကိုကျော်လွန်ပြီး Semi-final အဆင့်ကို ရောက်ရှိလာပါပြီ။ Semi Final Grouo A ကိုတော့ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီက စတင်ပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဆုကြေး သိန်း ၁၀၀ အထိပေးမယ့် ဒီပြိုင်ပွဲကိုတော့ Gaming Noodle page မှာ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။

••••••••••••••••••••••••••••••••••••••••••
>>CSGO<<

GamingNoodle အနေနဲ့ Media Partner အနေနဲ့ ပါဝင်ထားတဲ့ Yangon CSGO Network ပြိုင်ပွဲရဲ့ ပထမဆုံး Amature CSGO Tournament လာပါပြီ ခင်ဗျာ။ ဇူလိုင် ၆ ရက်နဲ့ ၇ ရက်မှာကျင်းပမယ့် ဒီပြိုင်ပွဲကို Blu Esports မှာပဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဆုကြေးငွေ ၃ သိနိးအထိပေးအပ်မှာ ဖြစ်ပါတယ်။ ဝင်ကြေး က Free ဖြစ်ပြီး ဇူလိုင် ၄ ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ပါတယ်။

www.facebook.com/365573974067174/posts/383537895604115?s=586007729&amp;sfns=mo

••••••••••••••••••••••••••••••••••••••••••

>>Dota2<<
Bloodlustz Amature ပွဲကတော့ ဆုကြေးငွေ ၆ သိန်းကျော် ပေးမှာဖြစ်ပြီး နောက်ဆုံး ၄ သင်းကလည်း Main Event အဖြစ် Fortune Plaza မှာ ယှဉ်ပြိုင်ရမှာဆိုတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ ဝင်ကြေးကတော့ ၅,၀၀၀ ကျပ်ဖြစ်ပြီး အောက်ပါ link မှာစာရင်းပေးသွင်းနိုင်ပါတယ်။ Online Stage ကိုတော့ ၂၂ နဲ့ ၂၃ ရက်နေ့မှာ စတင်မှာပါ။

www.facebook.com/217259825563991/posts/376494166307222?s=586007729&sfns=mo

••••••••••••••••••••••••••••••••••••••••••

>>PUBG (PC) <<

ဒီတစ်ပါမှာအသစ်ပါဝင်လာတာကတော့ Naecos Esports နဲ့ PUBG Mobile Myanmar တို့ ပူးပေါင်းကျင်းပတဲ့ PUBG (PC) Solo Tournament ပဲ ဖြစ်ပါတယ်။ ဆုကြေးငွေ Steam Wallet 170$ အထိပေးသွားမှာဖြစ်ပြီး Register က အယောက် ၈၀ သာ လက်ခံမှာဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ စနေနေ့ ၂၂ ရက်နေ့ ည ၈ နာရီမှာ စတင်မှာဖြစ်ပြီး PUBG Mobile Myanmar Page မှာ ကြည့်ရှုနိုင်ပါတယ်။

www.facebook.com/355880638257220/posts/608640406314574?s=586007729&sfns=mo

••••••••••••••••••••••••••••••••••••••••••

>>Fortnite<<

Streamer Whitelie4u နဲ့ Blu Esports တို့ဦးစီးကျင်းပတဲ့ Local Fortnite LAN Tournament ကတော့ Sunday 23 ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ Register ဦးရေ အယောက် တစ်ရာနီးပါရှိနေပြီ ဖြစ်ပြီး Register ကာလကတော့ ပြီးဆုံးသွားပါပြီ။ ပြိုင်ပွဲကိုတော့ ၂၃ ရက်နေ့မှာ Blu Esports, Fidem Esports နဲ့ SM Esports ဆို့မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

www.facebook.com/156277728345660/posts/372483640058400?s=586007729&sfns=mo

_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<

Dota Pro Circuit ရဲ့ နောက်ဆုံး Major Epicenter ကိုတော့ ဇွန်လ ၂၂ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Dota2 အသင်းရွတ်သမျှ အကုန်ပါဝင်နေမယ့် အပြင် TI9 Invite အတွက် DPC Point လိုနေတဲ့ အသင်းတွေလည်းပါဝင် နေတော့ ဒီတစ်ပါတ်ရဲ့ Tournament of the week လို့ တင်စားနိုင်ပါတယ်။ ဆုကြေးဒေါ်လာတစ်သန်းအထိပေးမယ့် Epicenter Major အတွက် ကိုဘူးရဲ့ ပွဲကြိုသုံးသပ်ချက်ကိုတော့ မကြာခင် ဖော်ပြပေးသွားဦးမှာမလို့ စောင့်မျှော်ပေးကျပါ ခင်ဗျာ။

••••••••••••••••••••••••••••••••••••••••••

>>CSGO<<

ဇွန်လ ၂၃ ရက်အထိကျက်းပမယ့် ESL Pro League Season 9 Final ကတော့ ဆုကြေးငွေ ဒေါ်လာ ၆၀၀,၀၀၀ အထိပေးအပ်မှာဖြစ်ပါတယ်။ Quarter Final အဆင့်ကို ရောက်ရှိနေပြီး Astralis, FaZe, Liquid, mousesports, G2, NRG ၆ သင်းသာကျန်ရှိတော့တာမလို့ ဘယ်အသင်းက ချန်ပီယံဖြစ်မလည်း ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။
ပွဲစဉ်အားလုံးကိုတော့ ESL Pro League: CSGO Facebook Page နဲ့ Twitch ကနေ ကြည့်ရှုနိုင်ပါတယ်။
••••••••••••••••••••••••••••••••••••••••••
>>Fortnite<<

Fortnite ရဲ့ အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ Fortnite World Cup ရဲ့ နောက်ဆုံး Qualifier Week (10) ကို ဇွန်လ ၂၀ ရက်နဲ့ ၂၁ ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အပတ်စဉ်ပြုလုပ်သွားမယ့် ဒီ Open Qualifier တစ်ခုစီရဲ့ Prize Pool က “ဒေါ်လာတစ်သန်း” ဖြစ်ပါတယ်။
Fortnite World Cup Open Qualifier ကိုတော့ Twitch ကနေ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ။

#WeeklyEsportsProgram #WEP #Esports #Myanmar