[ZawGyi]


 



===========



UMEC Yangon 2019 ဆိုတာ ဘာလဲ ?ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းပေါင်း ၁၆ ကျောင်း ပါဝင်ယှဉ်ပြိုင်မယ့် Mobile Esport…

Posted by Game Cast Network Myanmar on Thursday, 25 July 2019

••••••••••••••••••••••••••••••••••••••••••
>>FIFA(PS4)<<


မြန်မာနိုင်ငံရဲ့အကြီးဆုံး FIFA19 esport Game ပြိုင်ပွဲကြီးအတွက် ပြိုင်ပွဲဝင် လျှောက်လွှာများ စတင်လက်ခံမြန်မာနိုင်ငံ…

Posted by Myanmar e-sport Communication on Monday, 5 August 2019

••••••••••••••••••••••••••••••••••••••••••
>>CSGO<<


Myanmar CSGO Championship League 2019 Season 1 အတွက် ယှဉ်ပြိုင်ရမည့်ပုံစံတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ Championship…

Posted by X Gaming on Saturday, 3 August 2019

••••••••••••••••••••••••••••••••••••••••••
>>Pro Evolution Soccer (PS4)<<


ပွဲကြီးပွဲကောင်းတွေနဲ့ စောင့်မျှော်နေတဲ့ PES Myanmar League (PRO) Week 3 & 4 !တကျော့ပြန် လာပါတော့မယ်။ 😊

Posted by PES Myanmar Society on Wednesday, 7 August 2019

_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<





[Unicode]

တစ်ပတ်တာ Esports အစီအစဉ်များ (သြဂုတ်လ ၉ ရက်နေ့မှ ၁၅ ရက်)

 

Weekly Esports Program ကို ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ တစ်ပါတ်တာ (သြဂုတ်လ ၉ ရက်နေ့မှ ၁၅ ရက်) အတွင်း ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုအားပေး ယှဉ်ပြိုင်နိုင်စေရန်အတွက် သောကြာနေ့တိုင်း တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ
===========

>>UMEC<< (PUBG Mobile & Mobile Legends)

Universities Mobile Esports Championship 2019 ဆိုတာကတော့ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ် ၁၆ ကျောင်းပါဝင် ယှဉ်ပြိုင်မယ့် Mobile Legends နဲ့ PUBG Mobile Tournament ပဲ ဖြစ်ပါတယ်။ ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ တစ်သောင်းပေးမယ့် ဒီပြိုင်ပွဲရဲ့ Main Event ကိုတော့ တက္ကသိုလ် တစ်ခုစီက ဂိမ်းတစ်မျိုးစီအတွက် အသင်းတစ်သင်းစီသာ တက်ရောက်ခွင့် ရရှိမှာပါ။ UMEC ရဲ့ Main Event ကိုတော့ သြဂုတ် ၉,၁၀,၁၁ ရက်တွေမှာ Yangon Convention Center မှာ ကျင်းပမှာဖြစ်ပြီး ဂိမ်းပြိုင်ပွဲတွေအပြင် cosplay ပြိုင်ပွဲတွေ အရောင်းပြခန်းနဲ့ စားသောက်ဆိုင်တွေ DoubleJ, Mary နဲ့ Big Bag တို့ပါဝင်မယ့် ဖျော်ဖြေမှုတွေ ပါဝင်မှာပါ။ ကိုယ်တိုင်သွားရောက်အားပေးမယ့် ပရိသတ်တွေအတွက် Grab ကလည်း အထူး Promotion တွေပေးထားပါသေးတယ်။
ပြိုင်ပွဲရဲ့ Live ကိုတော့ Game Cast Network Myanmar” Facebook page မှာ ကြည့်ရှုနိုင်ပါတယ်။

UMEC Yangon 2019 ဆိုတာ ဘာလဲ ?ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းပေါင်း ၁၆ ကျောင်း ပါဝင်ယှဉ်ပြိုင်မယ့် Mobile Esport…

Posted by Game Cast Network Myanmar on Thursday, 25 July 2019

••••••••••••••••••••••••••••••••••••••••••

>>FIFA(PS4)<<

မြန်မာနိုင်ငံရဲ့ အကြီးဆုံး FIFA ဂိမ်းပြိုင်ပွဲကြီးဖြစ်တဲ့ The Whole Burma Challenge Cup ကို မကြာခင် ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပုသိမ်မြို့တွေမှာ ကျင်းပမှာဖြစ်ပြီး ဝင်ကြေး ၅,၀၀၀ နဲ့အတူ အောက်ပါလင့်မှာ ပါရှိတဲ့ ဆိုင်တွေမှာ စာရင်းပေးသွင်းနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့အကြီးဆုံး FIFA19 esport Game ပြိုင်ပွဲကြီးအတွက် ပြိုင်ပွဲဝင် လျှောက်လွှာများ စတင်လက်ခံမြန်မာနိုင်ငံ…

Posted by Myanmar e-sport Communication on Monday, 5 August 2019

••••••••••••••••••••••••••••••••••••••••••
>>CSGO<<

X-Gaming မှဦးစီးကျင်းပတဲ့ Myanmar CSGO League ကိုတော့ ဆုကြေးငွေ ၂၅ သိန်းပေးအပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ သြဂုတ် ၅ ရက်နေ့ကနေ အောက်တိုဘာ ၁၀ ရက်နေ့အထိ League ပုံစံ ပါတ်လည်ယှဉ်ပြိုင်ရမှာပါ။ Live ကိုတော့ X-Gaming Page နဲ့ Myanmar CS-GO League Page တို့မှာ ကြည့်ရှုနိုင်ပါတယ်

Myanmar CSGO Championship League 2019 Season 1 အတွက် ယှဉ်ပြိုင်ရမည့်ပုံစံတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ Championship…

Posted by X Gaming on Saturday, 3 August 2019

••••••••••••••••••••••••••••••••••••••••••
>>Pro Evolution Soccer (PS4)<<

PMS League Season (1) ကိုတော့ ဆုကြေးငွေ ၅၅ သိန်းအထိ ပေးအပ်သွားမှာဖြစ်ပြီး X-Gaming ကနေ ဦးစီးကျင်းပမှာပါ။ အသင်း ၆၀ ခန့် ပါဝင်ယှဉ်ပြိုင်လျှက်ရှိပြီး ဒီတစ်ပါတ် Week-3 ကိုတော့ X-Gaming Page မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

ပွဲကြီးပွဲကောင်းတွေနဲ့ စောင့်မျှော်နေတဲ့ PES Myanmar League (PRO) Week 3 & 4 !တကျော့ပြန် လာပါတော့မယ်။ 😊

Posted by PES Myanmar Society on Wednesday, 7 August 2019

_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<

Dota2 ရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့အပြက် ကမ္ဘာပေါ်မှာ ဆုကြေးအများဆုံး Esports ပြိုင်ပွဲဖြသ်လာမယ့် The International 2019 ပြိုင်ပွဲကိုတော့ သြဂုတ် ၁၅ မှာ Group Stage စတင်ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဆုကြေးကတော့ လက်ရှိမှာ ဒေါ်လာ ၃၂ သန်းကျော်ရှိနေပြီး ဆက်လက် တိုးပွားလျှက် ရှိနေပါတယ်။ ပြိုင်ပွဲကိုတော့ eGG Network နဲ့ ပြည်တွင်း Casting Page အများစုမှာ ကြည့်ရှူနိုင်ပါတယ်။

TI9 Participating Teams

#WeeklyEsportsProgram #WEP #Esports #Myanmar