[Zawgyi]

တစ္ပတ္တာ Esports အစီအစဥ္မ်ား (ၾသဂုတ္လ ၃၀ ရက္ေန႔မွ စက္တင္ဘာ ၅ရက္)

 

Weekly Esports Program ကို ျပည္တြင္းျပည္ပမွာ က်င္းပေနတဲ့ တစ္ပါတ္တာ (ၾသဂုတ္လ ၃၀ ရက္ေန႔မွ စက္တင္ဘာ ၅ရက္) အတြင္း ဂိမ္းၿပိဳင္ပြဲေတြကို ၾကည့္႐ွဳအားေပးပါဝင္ယွဥ္ၿပိဳင္ႏိုင္ေစရန္အတြက္ ေသာၾကာေန႔တိုင္း Gaming Noodle ကေန တင္ဆက္သြားမွာပဲျဖစ္ပါတယ္။

ကိုယ္တုိင္ေရာ သူငယ္ခ်င္းေတြနဲ႔ပါ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ပဲျဖစ္ျဖစ္ ၾကည့္ရႈဖို႔ျဖစ္ျဖစ္ Share ေပးၾကပါဦး။

ျပည္တြင္းၿပိဳင္ပြဲမ်ား

===========

>>Dota2<<

တပ္မေတာ္ခန္းမမွာ က်င္းပမယ့္ ICT Challenge Dota 2 ၿပိဳင္ပြဲဟာ 5 vs 5 (team) သာမက၊ 1 vs 1 ၿပိဳင္ပြဲပါ ပါဝင္မွာျဖစ္ၿပီး စက္တင္ဘာ ၆ – ၈ သုံးရက္ၾကာျပဳလုပ္သြားမွာပါ။ ဘယ္သူမဆုိ လြတ္လပ္စြာ စာရင္းေပးသြင္းႏုိင္ၿပီး စုစုေပါင္းဆုေငြက်ပ္သိန္း ၃၀ ေက်ာ္ ခ်ီးျမွင့္သြားမယ့္ ေပ်ာ္စရာေကာင္းတဲ့ပြဲေလးတစ္ပြဲ ျဖစ္ပါတယ္။ စုစုေပါင္း ၂၅၆ သင္းပဲ လက္ခံမယ္ဆုိတဲ့အတြက္ ေစာေစာစာရင္းေပးဖို႔ေတာ့ လိုပါလိမ့္မယ္။

စာရင္းေပးသြင္းရန္ – https://www.facebook.com/pg/ictchallengeyangon

•••••••••••••••••••••••••••••••••••••••••••••••

>>PUBG Mobile<<

Tencent ရဲ႕ Official Tournament တစ္ခုျဖစ္တဲ့ King of the Hill ၿပိဳင္ပြဲကေတာ့ စက္တင္ဘာ ၁ ရက္ေန႔မွာ ရွိေနပါတယ္။ ထူျခားတာက ဒီၿပိဳင္ပြဲက ႀကိဳတင္စာရင္းေပးၿပီး Qualifier ေတြ ၿပိဳင္ရတာမ်ိဳးမဟုတ္ပဲ ပြဲက်င္းပမယ့္ေန႔ မနက္ ၁၁ နာရီကေန ည ၇ နာရီအတြင္း Junction Square Promotion Area မွာ လာေရာက္ယွဥ္ၿပိဳင္ယံုပါပဲ။ တစ္ပြဲစီအတြက္ Chicken Dinner ဆုေၾကးကေတာ့ ေဒၚလာ (၁၀၀) ပါ ခင္ဗ်ာ။

•••••••••••••••••••••••••••••••••••••••••••••••

>> Mobile Legends <<

အခုၾသဂုတ္လကုန္မွာ Mobile Legends: Bang Bang အတြက္ တရားဝင္ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ MPL-MM Season 3 စတင္ေတာ့မွာပါ။ ဒီပြဲစဥ္ေတြကိုေတာ့ MLBB Official Page ေတြကေနေရာ၊ ဂိမ္းထဲမွာပါ ၾကည့္ရႈႏုိင္မွာ ျဖစ္ပါတယ္။

(Zawgyi)မဂၤလာပါ ေရႊျမန္မာ တို႔ေရ မၾကာခင္မွာဆိုရင္ေတာ့ျဖင့္ MPL MM S3 Regular Season စတင္ေတာ့မွာ ျဖစ္ပါတယ္။ Regualr…

Posted by Mobile Legends: Bang Bang – MM on Sunday, 25 August 2019

•••••••••••••••••••••••••••••••••••••••••••••••

>>FIFA(PS4)<<

ျမန္မာႏိုင္ငံရဲ႕ အႀကီးဆံုး FIFA ဂိမ္းၿပိဳင္ပြဲႀကီးျဖစ္တဲ့ The Whole Burma Challenge Cup ကို မၾကာခင္ က်င္းပေတာ့မွာပဲ ျဖစ္ပါတယ္။ ရန္ကုန္၊ မႏၲေလး၊ ေတာင္ငူ၊ ပုသိမ္ၿမိဳ႕ေတြမွာ က်င္းပမွာျဖစ္ၿပီး ဝင္ေၾကး ၅,၀၀၀ နဲ႔အတူ ေအာက္ပါလင့္မွာ ပါရွိတဲ့ ဆိုင္ေတြမွာ စာရင္းေပးသြင္းႏိုင္ပါတယ္။

•••••••••••••••••••••••••••••••••••••••••••••••

>>CSGO<<

X-Gaming မွဦးစီးက်င္းပတဲ့ Myanmar CSGO League ကိုေတာ့ ဆုေၾကးေငြ ၂၅ သိန္းေပးအပ္သြားမွာျဖစ္ပါတယ္။ ၿပိဳင္ပြဲကိုေတာ့ ၾသဂုတ္ ၅ ရက္ေန႔ကေန ေအာက္တိုဘာ ၁၀ ရက္ေန႔အထိ League ပံုစံ ပါတ္လည္ယွဥ္ၿပိဳင္ရမွာပါ။ Live ကိုေတာ့ X-Gaming Page နဲ႔ Myanmar CS-GO League Page တို႔မွာ ၾကည့္႐ွဳႏိုင္ပါတယ္

•••••••••••••••••••••••••••••••••••••••••••••••

>>Pro Evolution Soccer (PS4)<<

PMS League Season (1) ကိုေတာ့ ဆုေၾကးေငြ ၅၅ သိန္းအထိ ေပးအပ္သြားမွာျဖစ္ၿပီး X-Gaming ကေန ဦးစီးက်င္းပမွာပါ။ အသင္း ၆၀ ခန္႔ ပါဝင္ယွဥ္ၿပိဳင္လွ်က္ရွိၿပီး ဒီတစ္ပါတ္ Week-7 ကိုေတာ့ X-Gaming Page မွာ တိုက္႐ိုက္ၾကည့္႐ွဳႏိုင္ပါတယ္။

_____________________________________________

ျပည္ပၿပိဳင္ပြဲမ်ား

=========

>>CSGO<<

အရင္တစ္ပါတ္က Dota2 ရဲ႕ အျမင့္ဆံုးၿပိဳင္ပြဲ ၿပီးသြားၿပီဆိုေတာ့ ဒီတစ္ပါတ္က CSGO အလွည့္ပါ။ Starladder Berlin Major ၂၀၁၉ ကေတာ့ Challenger Stage အၿပီး Legends Stage ကို ေရာက္ရွိေနပါၿပီ။
လက္ရွိ Legend Stage က ၁၆ သင္းက Swiss Format နဲ႔ စက္တင္ဘာ ၁ ရက္ေန႔အထိ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ထိပ္ဆံုး ၈ သင္းကေတာ့ Champion Stage အေနနဲ႔ စက္တင္ဘာ ၅ ရက္ေန႔က စတင္ၿပီး Single Elimination Format နဲ႔ ဆုေၾကးေငြ ေဒၚလာ ၁ သန္းကို ၿပိဳင္ဆိုင္ၾကရမွာပါ။
ပြဲေတြကိုေတာ့ StarLadder CSGO Page နဲ႔ Twitch တို႔မွာ ၾကည့္႐ွဳႏိုင္ပါတယ္။

 

Current Standing (30.8.2019)

[Unicode]

တစ်ပတ်တာ Esports အစီအစဉ်များ (သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာ ၅ရက်)

 

Weekly Esports Program ကို ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ တစ်ပါတ်တာ (သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာ ၅ရက်) အတွင်း ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုအားပေးပါဝင်ယှဉ်ပြိုင်နိုင်စေရန်အတွက် သောကြာနေ့တိုင်း Gaming Noodle ကနေ တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ

===========

>>Dota2<<

တပ်မတော်ခန်းမမှာ ကျင်းပမယ့် ICT Challenge Dota 2 ပြိုင်ပွဲဟာ 5 vs 5 (team) သာမက၊ 1 vs 1 ပြိုင်ပွဲပါ ပါဝင်မှာဖြစ်ပြီး စက်တင်ဘာ ၆ – ၈ သုံးရက်ကြာပြုလုပ်သွားမှာပါ။ ဘယ်သူမဆို လွတ်လပ်စွာ စာရင်းပေးသွင်းနိုင်ပြီး စုစုပေါင်းဆုငွေကျပ်သိန်း ၃၀ ကျော် ချီးမြှင့်သွားမယ့် ပျော်စရာကောင်းတဲ့ပွဲလေးတစ်ပွဲ ဖြစ်ပါတယ်။ စုစုပေါင်း ၂၅၆ သင်းပဲ လက်ခံမယ်ဆိုတဲ့အတွက် စောစောစာရင်းပေးဖို့တော့ လိုပါလိမ့်မယ်။

စာရင်းပေးသွင်းရန် – https://www.facebook.com/pg/ictchallengeyangon

•••••••••••••••••••••••••••••••••••••••••••••••

>>PUBG Mobile<<

Tencent ရဲ့ Official Tournament တစ်ခုဖြစ်တဲ့ King of the Hill ပြိုင်ပွဲကတော့ စက်တင်ဘာ ၁ ရက်နေ့မှာ ရှိနေပါတယ်။ ထူခြားတာက ဒီပြိုင်ပွဲက ကြိုတင်စာရင်းပေးပြီး Qualifier တွေ ပြိုင်ရတာမျိုးမဟုတ်ပဲ ပွဲကျင်းပမယ့်နေ့ မနက် ၁၁ နာရီကနေ ည ၇ နာရီအတွင်း Junction Square Promotion Area မှာ လာရောက်ယှဉ်ပြိုင်ယုံပါပဲ။ တစ်ပွဲစီအတွက် Chicken Dinner ဆုကြေးကတော့ ဒေါ်လာ (၁၀၀) ပါ ခင်ဗျာ။

•••••••••••••••••••••••••••••••••••••••••••••••

>> Mobile Legends <<

အခုသြဂုတ်လကုန်မှာ Mobile Legends: Bang Bang အတွက် တရားဝင်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ MPL-MM Season 3 စတင်တော့မှာပါ။ ဒီပွဲစဉ်တွေကိုတော့ MLBB Official Page တွေကနေရော၊ ဂိမ်းထဲမှာပါ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

(Zawgyi)မဂၤလာပါ ေရႊျမန္မာ တို႔ေရ မၾကာခင္မွာဆိုရင္ေတာ့ျဖင့္ MPL MM S3 Regular Season စတင္ေတာ့မွာ ျဖစ္ပါတယ္။ Regualr…

Posted by Mobile Legends: Bang Bang – MM on Sunday, 25 August 2019

•••••••••••••••••••••••••••••••••••••••••••••••

>>FIFA(PS4)<<

မြန်မာနိုင်ငံရဲ့ အကြီးဆုံး FIFA ဂိမ်းပြိုင်ပွဲကြီးဖြစ်တဲ့ The Whole Burma Challenge Cup ကို မကြာခင် ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပုသိမ်မြို့တွေမှာ ကျင်းပမှာဖြစ်ပြီး ဝင်ကြေး ၅,၀၀၀ နဲ့အတူ အောက်ပါလင့်မှာ ပါရှိတဲ့ ဆိုင်တွေမှာ စာရင်းပေးသွင်းနိုင်ပါတယ်။

•••••••••••••••••••••••••••••••••••••••••••••••

>>CSGO<<

X-Gaming မှဦးစီးကျင်းပတဲ့ Myanmar CSGO League ကိုတော့ ဆုကြေးငွေ ၂၅ သိန်းပေးအပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ သြဂုတ် ၅ ရက်နေ့ကနေ အောက်တိုဘာ ၁၀ ရက်နေ့အထိ League ပုံစံ ပါတ်လည်ယှဉ်ပြိုင်ရမှာပါ။ Live ကိုတော့ X-Gaming Page နဲ့ Myanmar CS-GO League Page တို့မှာ ကြည့်ရှုနိုင်ပါတယ်

•••••••••••••••••••••••••••••••••••••••••••••••

>>Pro Evolution Soccer (PS4)<<

PMS League Season (1) ကိုတော့ ဆုကြေးငွေ ၅၅ သိန်းအထိ ပေးအပ်သွားမှာဖြစ်ပြီး X-Gaming ကနေ ဦးစီးကျင်းပမှာပါ။ အသင်း ၆၀ ခန့် ပါဝင်ယှဉ်ပြိုင်လျှက်ရှိပြီး ဒီတစ်ပါတ် Week-7 ကိုတော့ X-Gaming Page မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

_____________________________________________

ပြည်ပပြိုင်ပွဲများ

=========

>>CSGO<<

အရင်တစ်ပါတ်က Dota2 ရဲ့ အမြင့်ဆုံးပြိုင်ပွဲ ပြီးသွားပြီဆိုတော့ ဒီတစ်ပါတ်က CSGO အလှည့်ပါ။ Starladder Berlin Major ၂၀၁၉ ကတော့ Challenger Stage အပြီး Legends Stage ကို ရောက်ရှိနေပါပြီ။
လက်ရှိ Legend Stage က ၁၆ သင်းက Swiss Format နဲ့ စက်တင်ဘာ ၁ ရက်နေ့အထိ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ထိပ်ဆုံး ၈ သင်းကတော့ Champion Stage အနေနဲ့ စက်တင်ဘာ ၅ ရက်နေ့က စတင်ပြီး Single Elimination Format နဲ့ ဆုကြေးငွေ ဒေါ်လာ ၁ သန်းကို ပြိုင်ဆိုင်ကြရမှာပါ။
ပွဲတွေကိုတော့ StarLadder CSGO Page နဲ့ Twitch တို့မှာ ကြည့်ရှုနိုင်ပါတယ်။

Current Standing (30.8.2019)