[Zawgyi]

တစ္ပတ္တာ Esports အစီအစဥ္မ်ား (ၾသဂုတ္လ ၂၃ ရက္ေန႔မွ ၂၉ ရက္)

 

Weekly Esports Program ကို ျပည္တြင္းျပည္ပမွာ က်င္းပေနတဲ့ တစ္ပါတ္တာ (ၾသဂုတ္လ ၂၃ ရက္ေန႔မွ ၂၉ ရက္) အတြင္း ဂိမ္းၿပိဳင္ပြဲေတြကို ၾကည့္႐ွဳအားေပး ယွဥ္ၿပိဳင္ႏိုင္ေစရန္အတြက္ ေသာၾကာေန႔တိုင္း တင္ဆက္သြားမွာပဲျဖစ္ပါတယ္။

ကိုယ္တုိင္ေရာ သူငယ္ခ်င္းေတြနဲ႔ပါ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ပဲျဖစ္ျဖစ္ ၾကည့္ရႈဖို႔ျဖစ္ျဖစ္ Share ေပးၾကပါဦး။

ျပည္တြင္းၿပိဳင္ပြဲမ်ား
===========

>>Dota2<<

King Panda Dota2 Esports Championship Episode-7 ကိုေတာ့ ၾသဂုတ္ ၃၀ ရက္်န႔အထိ ေအာက္ပါ Link မွာ စာရင္းေပးသြင္းႏိုင္ပါတယ္။ ဆုေၾကး ၆၀၀,၀၀၀ အထိ ေပးအပ္မွျဖစ္ၿပီး ၃၁ရက္နဲ႔ ၁ ရက္ေန႔ေတြမွာ King Panda ဆိုင္မွာ ယွဥ္ၿပိဳင္ရမွာပါ။

Posted by King Panda E Sports on Monday, 19 August 2019

 

BOD Cyber နဲ႔ Joy Cyber တို႔ရဲ႕ 1st Tournament Dota2 ၿပိဳင္ပြဲပဲ ျဖစ္ပါတယ္။ Cyber Cafe 2 ဆိုင္ေပါင္းလုပ္တဲ့ ၿပိဳင္ပြဲျဖစ္ၿပီး ထို ဆိုင္ ၂ ဆိုင္လံုးမွာ Member account ရွိမွ ဝင္ေရာက္ယွဥ္ၿပိဳင္လို႔ ရမွာပါ။ ဆုေၾကးကေတာ့ မက္ေလာက္စရာ ၁၆ သိန္းခြဲ ျဖစ္ၿပီး Member Gift ၃ သိန္းဖိုး ေပးအပ္သြားမွာပါ။ အသင္းေပါင္း ၃၀ အထိ ပါဝင္သြားမွာ ျဖစ္ၿပီး ၂၃,၂၄,၂၅ ရက္ေန႔ေတြမွာ က်င္းပသြားမွာပါ။


•••••••••••••••••••••••••••••••••••••••••••••••
>>PUBG Mobile<<

Tencent ရဲ႕ Official Tournament တစ္ခုျဖစ္တဲ့ King of the Hill ၿပိဳင္ပြဲကေတာ့ စက္တင္ဘာ ၁ ရက္ေန႔မွာ ရွိေနပါတယ္။ ထူျခားတာက ဒီၿပိဳင္ပြဲက ႀကိဳတင္စာရင္းေပးၿပီး Qualifier ေတြ ၿပိဳင္ရတာမ်ိဳးမဟုတ္ပဲ ပြဲက်င္းပမယ့္ေန႔ မနက္ ၁၁ နာရီကေန ည ၇ နာရီအတြင္း Junction Square Promotion Area မွာ လာေရာက္ယွဥ္ၿပိဳင္ယံုပါပဲ။ တစ္ပြဲစီအတြက္ Chicken Dinner ဆုေၾကးကေတာ့ ေဒၚလာ (၁၀၀) ပါ ခင္ဗ်ာ။

•••••••••••••••••••••••••••••••••••••••••••••••
>>FIFA(PS4)<<

ျမန္မာႏိုင္ငံရဲ႕ အႀကီးဆံုး FIFA ဂိမ္းၿပိဳင္ပြဲႀကီးျဖစ္တဲ့ The Whole Burma Challenge Cup ကို မၾကာခင္ က်င္းပေတာ့မွာပဲ ျဖစ္ပါတယ္။ ရန္ကုန္၊ မႏၲေလး၊ ေတာင္ငူ၊ ပုသိမ္ၿမိဳ႕ေတြမွာ က်င္းပမွာျဖစ္ၿပီး ဝင္ေၾကး ၅,၀၀၀ နဲ႔အတူ ေအာက္ပါလင့္မွာ ပါရွိတဲ့ ဆိုင္ေတြမွာ စာရင္းေပးသြင္းႏိုင္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕အၾကီးဆံုး FIFA19 esport Game ျပိဳင္ပြဲၾကီးအတြက္ ျပိဳင္ပြဲ၀င္ ေလွ်ာက္လႊာမ်ား စတင္လက္ခံျမန္မာႏိုင္ငံ…

Posted by Myanmar e-sport Communication on Monday, 5 August 2019

•••••••••••••••••••••••••••••••••••••••••••••••
>>CSGO<<

Yangin CSGO Network (YCN) ရဲ႕ ဒုတိယအႀကိမ္ Amateur CSGO ၿပိဳင္ပြဲ လာပါၿပီ။ Register ကိုေတာ့ ၂၂ ရက္ေန႔အထိ ေပးသြင္းႏိုင္ၿပီး ၂၄ နဲ႔ ၂၅ ရက္ေတြမွာ YCN ရဲ႕ Partner ဆိုင္တစ္ဆိုင္ျဖစ္တဲ့ OX Esports Center မွာ ယွဥ္ၿပိဳင္ရမွာပါ။ ပြဲစဥ္ေတြကိုေတာ့ YCN Page ကေန တိုက္႐ိုက္ျပသႏိုင္ပါတယ္။

X-Gaming မွဦးစီးက်င္းပတဲ့ Myanmar CSGO League ကိုေတာ့ ဆုေၾကးေငြ ၂၅ သိန္းေပးအပ္သြားမွာျဖစ္ပါတယ္။ ၿပိဳင္ပြဲကိုေတာ့ ၾသဂုတ္ ၅ ရက္ေန႔ကေန ေအာက္တိုဘာ ၁၀ ရက္ေန႔အထိ League ပံုစံ ပါတ္လည္ယွဥ္ၿပိဳင္ရမွာပါ။ Live ကိုေတာ့ X-Gaming Page နဲ႔ Myanmar CS-GO League Page တို႔မွာ ၾကည့္႐ွဳႏိုင္ပါတယ္

•••••••••••••••••••••••••••••••••••••••••••••••
>>Pro Evolution Soccer (PS4)<<

PMS League Season (1) ကိုေတာ့ ဆုေၾကးေငြ ၅၅ သိန္းအထိ ေပးအပ္သြားမွာျဖစ္ၿပီး X-Gaming ကေန ဦးစီးက်င္းပမွာပါ။ အသင္း ၆၀ ခန္႔ ပါဝင္ယွဥ္ၿပိဳင္လွ်က္ရွိၿပီး ဒီတစ္ပါတ္ Week-7 ကိုေတာ့ X-Gaming Page မွာ တိုက္႐ိုက္ၾကည့္႐ွဳႏိုင္ပါတယ္။

_____________________________________________

ျပည္ပၿပိဳင္ပြဲမ်ား
=========

>>Dota2<<

Dota2 ရဲ႕ အဆင့္အျမင့္ဆံုးၿပိဳင္ပြဲျဖစ္တဲ့အျပင္ ကမာၻေပၚမွာ ဆုေၾကးအမ်ားဆံုး Esports ၿပိဳင္ပြဲျဖသ္လာမယ့္ The International 2019 ၿပိဳင္ပြဲကိုေတာ့ ၾသဂုတ္ ၁၅ မွာ Group Stage စတင္ယွဥ္ၿပိဳင္မွာပဲ ျဖစ္ပါတယ္။ ၿပိဳင္ပြဲဆုေၾကးကေတာ့ လက္ရွိမွာ ေဒၚလာ ၃၃ သန္းေက်ာ္ရွိေနၿပီး ဆက္လက္ တိုးပြားလွ်က္ ရွိေနပါတယ္။ ၿပိဳင္ပြဲကိုေတာ့ eGG Network နဲ႔ ျပည္တြင္း/ ျပည္ပ Casting Page အမ်ားစုမွာ ၾကည့္႐ွဴႏိုင္ပါတယ္။


•••••••••••••••••••••••••••••••••••••••••••••••
>>CSGO<<

ၿပိဳင္ပဲ ေကာင္းေကာင္းမရွိတာၾကာၿပီျဖစ္တဲ့ CSGO ပရိသတ္ေတြအတြက္ Starladder Berlin Major က ေစာင့္ေမွ်ာ္ေနပါတယ္။ ၂၃ ရက္ေန႔ ညေန ၄:၃၀ ကေန The New Challenger Stage ရဲ႕ Swiss Round ကို စတင္ကစားမွာျဖစ္ၿပီး ဆုေၾကးေငြစုစုေပါင္း ေဒၚလာ ၁ သန္း ျဖစ္ပါတယ္။ ယခု The Returning Challenger ေတြအေနနဲ႔ Team Vitality, mousesports, North, G2, FURIA, NRG စတဲ့ အသင္းေကာင္းေတြပါဝင္ၾကမွာ မလို႔ ပြဲငတ္ေနတဲ့သူေတြအတြက္ အာသာေျပေစႏိုင္မွာပါ။
ဒီ New Challenger ထဲက ထိပ္ဆံုး (၈) သင္းဟာ ၾသဂုတ္ ၂၈ ရက္ေန႔မွာ အသင့္ေစာင့္ေနတဲ့ Legend (၈) သင္း (Astralis, ENCE, NaVi, mibr, FaZe, Liquid, Renegades နဲ႔ NIP) တို႔နဲ႔အတူ ၁၆ သင္းတို႔ဟာ New Legend Stage အေနနဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။
New Legend Stage ထဲကမွ ထိပ္ဆံုး (၈) သင္းက ေနာက္ဆံုးအဆင့္ျဖစ္တဲ့ Champion Stage မွာ ယွဥ္ၿပိဳင္ရမွာပါ။

#WeeklyEsportsProgram #WEP #Esports #Myanmar


[Unicode]

တစ်ပတ်တာ Esports အစီအစဉ်များ (သြဂုတ်လ ၂၃ ရက်နေ့မှ ၂၉ ရက်)

 

Weekly Esports Program ကို ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ တစ်ပါတ်တာ (သြဂုတ်လ ၂၃ ရက်နေ့မှ ၂၉ ရက်) အတွင်း ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုအားပေး ယှဉ်ပြိုင်နိုင်စေရန်အတွက် သောကြာနေ့တိုင်း တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ
===========

>>Dota2<<

King Panda Dota2 Esports Championship Episode-7 ကိုတော့ သြဂုတ် ၃၀ ရက်ျန့အထိ အောက်ပါ Link မှာ စာရင်းပေးသွင်းနိုင်ပါတယ်။ ဆုကြေး ၆၀၀,၀၀၀ အထိ ပေးအပ်မှဖြစ်ပြီး ၃၁ရက်နဲ့ ၁ ရက်နေ့တွေမှာ King Panda ဆိုင်မှာ ယှဉ်ပြိုင်ရမှာပါ။

Posted by King Panda E Sports on Monday, 19 August 2019

 

BOD Cyber နဲ့ Joy Cyber တို့ရဲ့ 1st Tournament Dota2 ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ Cyber Cafe 2 ဆိုင်ပေါင်းလုပ်တဲ့ ပြိုင်ပွဲဖြစ်ပြီး ထို ဆိုင် ၂ ဆိုင်လုံးမှာ Member account ရှိမှ ဝင်ရောက်ယှဉ်ပြိုင်လို့ ရမှာပါ။ ဆုကြေးကတော့ မက်လောက်စရာ ၁၆ သိန်းခွဲ ဖြစ်ပြီး Member Gift ၃ သိန်းဖိုး ပေးအပ်သွားမှာပါ။ အသင်းပေါင်း ၃၀ အထိ ပါဝင်သွားမှာ ဖြစ်ပြီး ၂၃,၂၄,၂၅ ရက်နေ့တွေမှာ ကျင်းပသွားမှာပါ။


•••••••••••••••••••••••••••••••••••••••••••••••
>>PUBG Mobile<<

Tencent ရဲ့ Official Tournament တစ်ခုဖြစ်တဲ့ King of the Hill ပြိုင်ပွဲကတော့ စက်တင်ဘာ ၁ ရက်နေ့မှာ ရှိနေပါတယ်။ ထူခြားတာက ဒီပြိုင်ပွဲက ကြိုတင်စာရင်းပေးပြီး Qualifier တွေ ပြိုင်ရတာမျိုးမဟုတ်ပဲ ပွဲကျင်းပမယ့်နေ့ မနက် ၁၁ နာရီကနေ ည ၇ နာရီအတွင်း Junction Square Promotion Area မှာ လာရောက်ယှဉ်ပြိုင်ယုံပါပဲ။ တစ်ပွဲစီအတွက် Chicken Dinner ဆုကြေးကတော့ ဒေါ်လာ (၁၀၀) ပါ ခင်ဗျာ။

•••••••••••••••••••••••••••••••••••••••••••••••
>>FIFA(PS4)<<

မြန်မာနိုင်ငံရဲ့ အကြီးဆုံး FIFA ဂိမ်းပြိုင်ပွဲကြီးဖြစ်တဲ့ The Whole Burma Challenge Cup ကို မကြာခင် ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပုသိမ်မြို့တွေမှာ ကျင်းပမှာဖြစ်ပြီး ဝင်ကြေး ၅,၀၀၀ နဲ့အတူ အောက်ပါလင့်မှာ ပါရှိတဲ့ ဆိုင်တွေမှာ စာရင်းပေးသွင်းနိုင်ပါတယ်။

ျမန္မာႏိုင္ငံရဲ႕အၾကီးဆံုး FIFA19 esport Game ျပိဳင္ပြဲၾကီးအတြက္ ျပိဳင္ပြဲ၀င္ ေလွ်ာက္လႊာမ်ား စတင္လက္ခံျမန္မာႏိုင္ငံ…

Posted by Myanmar e-sport Communication on Monday, 5 August 2019

•••••••••••••••••••••••••••••••••••••••••••••••
>>CSGO<<

Yangin CSGO Network (YCN) ရဲ့ ဒုတိယအကြိမ် Amateur CSGO ပြိုင်ပွဲ လာပါပြီ။ Register ကိုတော့ ၂၂ ရက်နေ့အထိ ပေးသွင်းနိုင်ပြီး ၂၄ နဲ့ ၂၅ ရက်တွေမှာ YCN ရဲ့ Partner ဆိုင်တစ်ဆိုင်ဖြစ်တဲ့ OX Esports Center မှာ ယှဉ်ပြိုင်ရမှာပါ။ ပွဲစဉ်တွေကိုတော့ YCN Page ကနေ တိုက်ရိုက်ပြသနိုင်ပါတယ်။

X-Gaming မှဦးစီးကျင်းပတဲ့ Myanmar CSGO League ကိုတော့ ဆုကြေးငွေ ၂၅ သိန်းပေးအပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ သြဂုတ် ၅ ရက်နေ့ကနေ အောက်တိုဘာ ၁၀ ရက်နေ့အထိ League ပုံစံ ပါတ်လည်ယှဉ်ပြိုင်ရမှာပါ။ Live ကိုတော့ X-Gaming Page နဲ့ Myanmar CS-GO League Page တို့မှာ ကြည့်ရှုနိုင်ပါတယ်

•••••••••••••••••••••••••••••••••••••••••••••••
>>Pro Evolution Soccer (PS4)<<

PMS League Season (1) ကိုတော့ ဆုကြေးငွေ ၅၅ သိန်းအထိ ပေးအပ်သွားမှာဖြစ်ပြီး X-Gaming ကနေ ဦးစီးကျင်းပမှာပါ။ အသင်း ၆၀ ခန့် ပါဝင်ယှဉ်ပြိုင်လျှက်ရှိပြီး ဒီတစ်ပါတ် Week-7 ကိုတော့ X-Gaming Page မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<

Dota2 ရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာ ဆုကြေးအများဆုံး Esports ပြိုင်ပွဲဖြသ်လာမယ့် The International 2019 ပြိုင်ပွဲကိုတော့ သြဂုတ် ၁၅ မှာ Group Stage စတင်ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဆုကြေးကတော့ လက်ရှိမှာ ဒေါ်လာ ၃၃ သန်းကျော်ရှိနေပြီး ဆက်လက် တိုးပွားလျှက် ရှိနေပါတယ်။ ပြိုင်ပွဲကိုတော့ eGG Network နဲ့ ပြည်တွင်း/ ပြည်ပ Casting Page အများစုမှာ ကြည့်ရှူနိုင်ပါတယ်။


•••••••••••••••••••••••••••••••••••••••••••••••
>>CSGO<<

ပြိုင်ပဲ ကောင်းကောင်းမရှိတာကြာပြီဖြစ်တဲ့ CSGO ပရိသတ်တွေအတွက် Starladder Berlin Major က စောင့်မျှော်နေပါတယ်။ ၂၃ ရက်နေ့ ညနေ ၄:၃၀ ကနေ The New Challenger Stage ရဲ့ Swiss Round ကို စတင်ကစားမှာဖြစ်ပြီး ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၁ သန်း ဖြစ်ပါတယ်။ ယခု The Returning Challenger တွေအနေနဲ့ Team Vitality, mousesports, North, G2, FURIA, NRG စတဲ့ အသင်းကောင်းတွေပါဝင်ကြမှာ မလို့ ပွဲငတ်နေတဲ့သူတွေအတွက် အာသာပြေစေနိုင်မှာပါ။
ဒီ New Challenger ထဲက ထိပ်ဆုံး (၈) သင်းဟာ သြဂုတ် ၂၈ ရက်နေ့မှာ အသင့်စောင့်နေတဲ့ Legend (၈) သင်း (Astralis, ENCE, NaVi, mibr, FaZe, Liquid, Renegades နဲ့ NIP) တို့နဲ့အတူ ၁၆ သင်းတို့ဟာ New Legend Stage အနေနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။
New Legend Stage ထဲကမှ ထိပ်ဆုံး (၈) သင်းက နောက်ဆုံးအဆင့်ဖြစ်တဲ့Champion Stage မှာ ယှဉ်ပြိုင်ရမှာပါ။

#WeeklyEsportsProgram #WEP #Esports #Myanmar