[ZawGyi]


 



===========

>>MESL<< (Dota2, MLBB, AOV)



••••••••••••••••••••••••••••••••••••••••••
>>Dota2<<


Ti9 ကြီးစတင်ဖို့လည်း သိပ်မလိုတော့တာမို့ Dota2 player တွေအားလုံးအတွက်လည်း ရင်ခုန်စရာ August ဖြစ်နေလိမ့်မယ်လို့…

Posted by B.O.D cyber on Monday, 12 August 2019

••••••••••••••••••••••••••••••••••••••••••
>>FIFA(PS4)<<


မြန်မာနိုင်ငံရဲ့အကြီးဆုံး FIFA19 esport Game ပြိုင်ပွဲကြီးအတွက် ပြိုင်ပွဲဝင် လျှောက်လွှာများ စတင်လက်ခံမြန်မာနိုင်ငံ…

Posted by Myanmar e-sport Communication on Monday, 5 August 2019

••••••••••••••••••••••••••••••••••••••••••
>>CSGO<<


အရင်က ပြိုင်ပွဲတွေ မရှိလို့ အခုကျတော့ ပြိုင်ပွဲတွေက များချက်။ X Gaming ရဲ့ League ကလည်း အပတ်စဉ် ရှိနေပြီး အသင်းတွေကလည်း…

Posted by Yangon CSGO Network – YCN on Thursday, 15 August 2019


Myanmar CSGO Championship League 2019 Season 1 အတွက် ယှဉ်ပြိုင်ရမည့်ပုံစံတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ Championship…

Posted by X Gaming on Saturday, 3 August 2019

••••••••••••••••••••••••••••••••••••••••••
>>Pro Evolution Soccer (PS4)<<


_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<





[Unicode]

တစ်ပတ်တာ Esports အစီအစဉ်များ (သြဂုတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်)

 

Weekly Esports Program ကို ပြည်တွင်းပြည်ပမှာ ကျင်းပနေတဲ့ တစ်ပါတ်တာ (သြဂုတ်လ ၁၆ ရက်နေ့မှ ၂၂ ရက်) အတွင်း ဂိမ်းပြိုင်ပွဲတွေကို ကြည့်ရှုအားပေး ယှဉ်ပြိုင်နိုင်စေရန်အတွက် သောကြာနေ့တိုင်း တင်ဆက်သွားမှာပဲဖြစ်ပါတယ်။

ကိုယ်တိုင်ရော သူငယ်ချင်းတွေနဲ့ပါ ဝင်ရောက်ယှဉ်ပြိုင်ဖို့ပဲဖြစ်ဖြစ် ကြည့်ရှုဖို့ဖြစ်ဖြစ် Share ပေးကြပါဦး။

ပြည်တွင်းပြိုင်ပွဲများ
===========

>>MESL<< (Dota2, MLBB, AOV)

လာမယ့် ၁၇ နဲ့ ၁၈ Yangon Convention Center မှာ ကျင်းပမယ့် MESL ပွဲမှာတော့ Dota2 ရယ် MLBB ရယ် AOV ပြိုင်ပွဲတွေ ပါဝင်မှာ ဖြစ်ပါတယ်။ Open Qualifier တွေ အပါတ်စဉ် Regular Season တွေ အပြီးမှာတော့ ပြည်တွင်း ထိပ်တန်း ၄ သင်းစီကတော့ ရှုံးထွက်ပြိုင်ပွဲအတွက် ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ဂိမ်းပြိုင်ပွဲတွေသာမက ပြည်တွင်းပြည်ပက Esports Personalities အများအပြားပါ ရှိနေကြမှာမလို့ သွားရောက်ကြည့်ရှုသင့်တဲ့ ပွဲတစ်ပွဲဖြစ်ကြောင်း တိုက်တွန်းပါရစေ။


••••••••••••••••••••••••••••••••••••••••••
>>Dota2<<

ပြည်တွင်းပြည်ပ ပြိုင်ပွဲအသစ်တွေ ရှားပါးနေတဲ့အထဲက ဒီတစ်ပါတ်အတွက် ပါဝင်လာတာကတော့ BOD Cyber နဲ့ Joy Cyber တို့ရဲ့ 1st Tournament Dota2 ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ Cyber Cafe 2 ဆိုင်ပေါင်းလုပ်တဲ့ ပြိုင်ပွဲဖြစ်ပြီး ထို ဆိုင် ၂ ဆိုင်လုံးမှာ Member account ရှိမှ ဝင်ရောက်ယှဉ်ပြိုင်လို့ ရမှာပါ။ ဆုကြေးကတော့ မက်လောက်စရာ ၁၆ သိန်း ဖြစ်ပြီး Member Gift ၃ သိန်းဖိုးလည်း ပါဝင်မှာပါ။ ၂၁ ရက်အထိ စာရင်းပေးသွင်းနိုင်ပြီး ၂၃,၂၄,၂၅ ရက်နေ့တွေမှာ ကျင်းပသွားမှာပါ။ အောက်ပါ Link မှာ အသေးစိတ် စုံစမ်းနိုင်ပါတယ်။

Ti9 ကြီးစတင်ဖို့လည်း သိပ်မလိုတော့တာမို့ Dota2 player တွေအားလုံးအတွက်လည်း ရင်ခုန်စရာ August ဖြစ်နေလိမ့်မယ်လို့…

Posted by B.O.D cyber on Monday, 12 August 2019

••••••••••••••••••••••••••••••••••••••••••
>>FIFA(PS4)<<

မြန်မာနိုင်ငံရဲ့ အကြီးဆုံး FIFA ဂိမ်းပြိုင်ပွဲကြီးဖြစ်တဲ့ The Whole Burma Challenge Cup ကို မကြာခင် ကျင်းပတော့မှာပဲ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ ပုသိမ်မြို့တွေမှာ ကျင်းပမှာဖြစ်ပြီး ဝင်ကြေး ၅,၀၀၀ နဲ့အတူ အောက်ပါလင့်မှာ ပါရှိတဲ့ ဆိုင်တွေမှာ စာရင်းပေးသွင်းနိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့အကြီးဆုံး FIFA19 esport Game ပြိုင်ပွဲကြီးအတွက် ပြိုင်ပွဲဝင် လျှောက်လွှာများ စတင်လက်ခံမြန်မာနိုင်ငံ…

Posted by Myanmar e-sport Communication on Monday, 5 August 2019

••••••••••••••••••••••••••••••••••••••••••
>>CSGO<<

Yangin CSGO Network (YCN) ရဲ့ ဒုတိယအကြိမ် Amateur CSGO ပြိုင်ပွဲ လာပါပြီ။ Register ကိုတော့ ၂၂ ရက်နေ့အထိ ပေးသွင်းနိုင်ပြီး ၂၄ နဲ့ ၂၅ ရက်တွေမှာ YCN ရဲ့ Partner ဆိုင်တစ်ဆိုင်ဖြစ်တဲ့ OX Esports Center မှာ ယှဉ်ပြိုင်ရမှာပါ။

အရင်က ပြိုင်ပွဲတွေ မရှိလို့ အခုကျတော့ ပြိုင်ပွဲတွေက များချက်။ X Gaming ရဲ့ League ကလည်း အပတ်စဉ် ရှိနေပြီး အသင်းတွေကလည်း…

Posted by Yangon CSGO Network – YCN on Thursday, 15 August 2019

X-Gaming မှဦးစီးကျင်းပတဲ့ Myanmar CSGO League ကိုတော့ ဆုကြေးငွေ ၂၅ သိန်းပေးအပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ သြဂုတ် ၅ ရက်နေ့ကနေ အောက်တိုဘာ ၁၀ ရက်နေ့အထိ League ပုံစံ ပါတ်လည်ယှဉ်ပြိုင်ရမှာပါ။ Live ကိုတော့ X-Gaming Page နဲ့ Myanmar CS-GO League Page တို့မှာ ကြည့်ရှုနိုင်ပါတယ်

Myanmar CSGO Championship League 2019 Season 1 အတွက် ယှဉ်ပြိုင်ရမည့်ပုံစံတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ Championship…

Posted by X Gaming on Saturday, 3 August 2019

••••••••••••••••••••••••••••••••••••••••••
>>Pro Evolution Soccer (PS4)<<

PMS League Season (1) ကိုတော့ ဆုကြေးငွေ ၅၅ သိန်းအထိ ပေးအပ်သွားမှာဖြစ်ပြီး X-Gaming ကနေ ဦးစီးကျင်းပမှာပါ။ အသင်း ၆၀ ခန့် ပါဝင်ယှဉ်ပြိုင်လျှက်ရှိပြီး ဒီတစ်ပါတ် Week-3 ကိုတော့ X-Gaming Page မှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

_____________________________________________

ပြည်ပပြိုင်ပွဲများ
=========

>>Dota2<<

Dota2 ရဲ့ အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့အပြင် ကမ္ဘာပေါ်မှာ ဆုကြေးအများဆုံး Esports ပြိုင်ပွဲဖြသ်လာမယ့် The International 2019 ပြိုင်ပွဲကိုတော့ သြဂုတ် ၁၅ မှာ Group Stage စတင်ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဆုကြေးကတော့ လက်ရှိမှာ ဒေါ်လာ ၃၃ သန်းကျော်ရှိနေပြီး ဆက်လက် တိုးပွားလျှက် ရှိနေပါတယ်။ ပြိုင်ပွဲကိုတော့ eGG Network နဲ့ ပြည်တွင်း/ ပြည်ပ Casting Page အများစုမှာ ကြည့်ရှူနိုင်ပါတယ်။

#WeeklyEsportsProgram #WEP #Esports #Myanmar