VirtusPro ကို ၂ ပွဲပြတ် ရှုံးနိမ့်ပြီး Epic League Lower Bracket ရောက်သွားတဲ့ Team Secret

 

Coach Artstyle နဲ့အတူ လက်စွမ်းတွေပြနေတဲ့ Virtus Pro အသင်းဟာ မကြာသေးခင်ကမှ Esports Awards 2020 မှာ Esports Team Of The Year ဆုကို ရရှိထားတဲ့ Team Secret ကို Epic Leauge Division 1 ရဲ့ Upper Bracket Round 1 မှာတင် 2-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရုရှားအခြေစိုက် Esports အသင်းတစ်သင်းဖြစ်တဲ့ VP ဟာ နိုဝင်ဘာ ၅ရက်နေ့မှာ Vp.Prodigy အသင်းကို ဖျက်သိမ်းခဲ့ပြီး epileptick1d, gpk, DM, Save, illias တို့ကို Virtur Pro အသင်းရဲ့ တရားဝင် rosters အဖြစ် ကြေညာခဲ့တယ်။ အသင်းမှာ အသက်အကြီးဆုံးဖြစ်တဲ့ DM ရဲ့ အသက်ဟာ ၂၀ ပဲ ရှိပါသေးတယ်။


ပြန်လည်ဖွဲ့စည်းထားတာ မကြာသေးပေမယ့်လည်း VP အသင်းဟာ လက်ရှိ Epic Leauge မှာတော့ အကောင်းဆုံး တစ်သင်းလို့ ဆိုနိုင်ပါတယ်။ gpk နဲ့ epileptick1d တို့ဟာ ၂၀၂၀ ဩဂုတ်လမှာ 11k mmr ကို ရောက်ရှိခဲ့ပါတယ်။

Game 1 – VP အသင်းဟာ Sven, Omniknight, Lina, Invoker, Underlord တို့ကို ရွေးချယ်ခဲ့ပါတယ်။ Secret အသင်းကတော့ Phoenix, Drow Ranger, Mars, Puck, Riki တို့ကို ရွေးချယ်ခဲ့ပါတယ်။ ပွဲစချိန် ၄ မိနစ်မှာတော့ Puppey ရဲ့ Puck ဟာ Lina ကို သတ်ခဲ့ပြီး first blood ရရှိခဲ့ပါတယ်။ ၇ မိနစ်လောက်မှာပဲ VP အသင်းဟာ gpk Invoker ရဲ့ ganking နဲ့အတူ Drow ကို ရရှိခဲ့ပါတယ်။

နှစ်သင်းလုံးဟာ item timing တွေကို စောင့်နေခဲ့ကြပြီး ပွဲဟာလည်း ငြိမ်သက်နေခဲ့ပါတယ်။ ၁၀ မိနစ်လောက်မှာမှ Team Secret ရဲ့ mid 1st tower pushing ကို VP defend ရင်းနဲ့ ပထမဆုံး battle စဖြစ်ခဲ့ပါတယ်။ VP အသင်းဘက်က Invoker, Omniknight သေခဲ့ပြီး Secret အသင်းဘက်က Riki, Puck တို့ကို ပြန်လည် ရရှိခဲ့ပါတယ်။ Team Secret ဟာ mid 1st tower ကိုပဲ ဆက်လက် push ခဲ့ပြီး အောင်မြင်ခဲ့တဲ့အပြင် Underlord ကိုပါ ရရှိခဲ့ပါတယ်။

gpk ရဲ့ Quas, Wex Invoker ဟာ team fights တွေမှာ တော်တော်လေး အလုပ်ဖြစ်ခဲ့ပြီး Sven ကိုလည်း လုံလောက်တဲ့ farming space ပေးနိုင်ခဲ့ပါတယ်။ မိနစ်၂၀လောက်အထိ networth မပြတ်ပေမယ့်လည်း VP အသင်းကပဲ တောက်လျှောက် force to war တွေ စလုပ်ခဲ့ပါတယ်။ Sven hero power ပြည့်ချိန်မှာတော့ VP အသင်းဟာ 2nd Roshan ကို ယူပြီး Drow ကို ward vision အသာနဲ့ ထပ်သတ်ခဲ့ပြီး highground pushing တွေပါ စတင်ခဲ့ပါတယ်။ Highground မှာလည်း ထင်ထားတာထက်တောင် ပိုလွယ်ကူခဲ့ပြီး 32 မိနစ်မှာတော့ Team Secret အနေနဲ့ GG ခေါ်ခဲ့ရပါတယ်။

Game 2 – VP အသင်းဟာ Faceless Void, Lina, Crystal Maiden, Timbersaw, Elder Titan တို့နဲ့ ပွဲထွက်လာသလို Secret ကလည်း Chen, Storm Spirit, Earth Spirit, Pangolier, Ursa တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ Game 2 မှာတော့ VP အသင်းဟာ 3 lanes လုံးမှာ အဆင်ပြေခဲ့ပါတယ်။

၁ မိနစ်အကျော်မှာပဲ Crystal ဟာ Pangolier ကို kill နိုင်ခဲ့သလို၊ gpk ရဲ့ Lina ဟာလည်း mid မှာ Storm ကို tower အောက်ထဲထိ pressure ပေးနိုင်ခဲ့ပြီး hero kill ပါ ရရှိခဲ့ပါတယ်။ gpk level 6 ရရချင်းမှာပဲ Save ရဲ့ ganking နဲ့အတူ storm ကို ထပ်သတ်ခဲ့ပါသေးတယ်။ ၅ မိနစ်လောက်မှာပဲ gpk ဟာ mid 1st tower ကို ယူနိုင်ခဲ့ပါတယ်။

level 5 ပဲ ရှိသေးတဲ့ Strom ဟာ lane မှာ Creep စားနေချိန် Lina, နဲ့ Crystal တို့ရဲ့ ganking ကြောင့် သေခဲ့ပါတယ်။ ၅ မိနစ်မှာ ၃ခါ သေသွားတဲ့ Nisha အတွက်တော့ အတော်လေး အခက်တွေ့ခဲ့ပါတယ်။ Game 2 မှာ VP အသင်းဟာ ၁၂ မိနစ်လောက်မှာပဲ 4k networth အသာနဲ့ ဦးဆောင်ပြီး Team fights တွေမှာလည်း အဆင်ပြေခဲ့ပါတယ်။

Comeback ဖို့ အခွင့်အရေးတွေ ပြန်ရှာနေတဲ့ Secret ရဲ့ ganking တွေဟာလည်း failed သွားခဲ့ပြီး VP အတွက်တော့ ၂၇ မိနစ်မှာပဲ Highground pushing စတင်ခဲ့ပြီး Ursa, Pangolier တို့ကို သတ်နိုင်ခဲ့ပါတယ်။ ပွဲဟာ 8-25 scores အထိကို ပြတ်နေခဲ့ပြီး team networth ဟာလည်း 20k ထိကို ကွာနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Team Secret အနေနဲ့ Game 2 ကိုပါ ထပ်မံ အရှုံးပေးခဲ့ရပါတယ်။

VP အသင်းဟာ Group Stage မှာလည်း Secret ကို 2-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါသေးတယ်။ Pro players တွေရဲ့ အကောင်းဆုံး mid player ဆိုတဲ့ အင်တာဗျူးတွေမှာ Nisha ဟာ ထိပ်ဆုံးက ပါဝင်ခဲ့ပြီး 2020 ရဲ့ Esports PC Player of the Year ဆုကိုလည်းထိုက်ထိုက်တန်တန် ရရှိထားတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာတော့ gpk ဟာ Nisha ထက် ပိုမိုကောင်းမွန်တဲ့ performance တွေကို ပြနိုင်ခဲ့ပါတယ်။ gpk အနေနဲ့ Space Creator Role ကို တာဝန်ကျေရုံသာမက laning အသာရဲ့ advantages ကိုယူပြီး late game တွေအထိပါ ဦးဆောင်သွားနိုင်တာတွေကိုလည်း တွေ့ရပါတယ်။ VP ဟာ Upper Bracket final မှာ Viking နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းကတော့ Grand Final ကို တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။
#palatar