OG ကိုအနိုင်ယူပြီး Epic League ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ VirtusPro

 

Epic league ရဲ့ နောက်ဆုံး Final ပွဲအနေနဲ့ OG နဲ့ VP တို့ Best of 5 ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ VP အသင်းဟာ tournament တလျှောက်မှာ အကောင်းဆုံး အတည်ငြိမ်ဆုံး လက်စွမ်းကို ပြသထားတဲ့ အသင်းတစ်သင်း ဖြစ်သလို OG အသင်းကလည်း ပွဲစဉ်တစ်လျှောက် Group stage မှာ ထင်သလောက် အစွမ်းမပြနိုင်ခဲ့ပေမယ့် ရှုံးထွက်ပွဲစဉ်တလျှောက် Topson Morphling နဲ့အတူ အကောင်းဆုံး ပြန်ကစားပြနေတာမို့ ပွဲက တော်တော်ကောင်းမယ်လို့ မျှော်လင့်ထားခဲ့တဲ့ အတိုင်းပဲ ၅ ပွဲအပြည့် ကစားသွားခဲ့ပါတယ်။

Coach artstyle ရဲ့လက်အောက်မှာ ငယ်ရွယ်ပြီး သွက်လက်နေတဲ့ VP အသင်းနဲ့ experience ပြည့်ဝနေတဲ့ OG အသင်းတို့ရဲ့ အားပြိုင်ပွဲကတော့ ပရိတ်သတ်တွေကို ဖျော်ဖြေမှု တော်တော်လေး ပေးနိုင်ခဲ့ပါတယ်။ OG ဘက်က meta breaking pick တွေ Item build တွေ နဲ့ OG ပီသစွာ ကစားပြခဲ့သလို VP ဘက်ကလည်း စည်းစနစ် ကျနသေသပ်စွာ လိုအပ်တဲ့ Item timing တွေ objective တွေကို သေချာစောင့်ပြီး ကစားပြသွားခဲ့ပါတယ်။

Game 1 VP (radiant) vs OG (dire)

Game 1 မှာတော့ OG ရဲ့ lower backet တလျှောက် အစွမ်းပြနေတဲ့ morphling, es အတွဲကို VP ဘက်က မဘမ်းဘဲ လွှတ်ပေးခဲ့ပြီး OG ကလည်း ယူခဲ့ ပါတယ်။ VP က meta ဖြစ်တဲ့ sven ကိုပဲ ယူထားခဲ့ ပြီး OG ဘက်က sven control အနေနဲ့ Ceb Enigma ကို ပြန်ယူထားခဲ့ပါတယ်။ Midone ကိုတော့ sven ကို ပြန်ပစ်ဖို့ clinkz ပေးခဲ့ပါတယ်။ VP က last pick အနေနဲ့ topson morphling ကိုထိန်းဖို့ gpk ကို kunkka ပေးခဲ့ပါတယ်။ကျ န်တဲ့ hero တွေ အနေနဲ့ကတော့ VP ဘက်က Mars-offlane, Lina-pos 4, CM pos 5 နဲ့ OG ဘက်က N0tail clockwerk တွေကိုင်ထားပါတယ်။

Early Game မှာတော့ Sven က level နဲ့ farming မနိမ့်ချင်လို့ enigma ကို lane ရှောင်ကစားသွားခဲ့ပါတယ်။ နှစ်သင်းလုံးဘက်က core တွေက networth အဆင်ပြေနေခဲ့ပြီး Clinkz နဲ့ Mars တို့ပဲ နည်းနည်း ပြတ်ကျန်နေခဲ့ပါတယ်။ VP ကလည်း sven ကိုင်ထားတဲ့အတွက် ကောင်းကောင်း farm နေခဲ့ပေမဲ့ OG ဘက်ကလဲ Blackhole ကိုင်ထားတဲ့ အတွက် sven ကို သိပ်ကြောက်ပုံမပြခဲ့ပါဘူး။

10 min လောက်မှာတော့ OG ဘက်ကပဲ Tower နှစ်လုံးယူထားပြီး အနည်းငယ် အသာစီးနဲ့ ကစားခဲ့ပါတယ်။ Mid က gpk အနေနဲ့ က topson item build ကိုစောင့်နေခဲ့ ပြီး topson က manta မသွားဘဲ dragon lance သွားလိုက်တာနဲ့ တစ်ပြိုင်နက် Spirit vessel တန်းထည့်လိုက်ပါတယ်။ Topson ကတော့ ပုံစံအတိုင်း သာြပီဆိုတာနဲ့ aggressive ဆန်ဆန် ကစားသွားခဲ့ ပြီး “win condition” ဖြစ်တဲ့ Ceb အတွက် space ကောင်းကောင်းပေးခဲ့ပါတယ်။ ဒါပေမယ့် OG ဘက်က သူတို့ style အတိုင်း mid game အဝင်မှာ ရန်သူ triangle ကို surprise တက်ချဖို့ ကြိုးစားလိုက်တာမှာ Fail သွားခဲ့ပါတယ်။

Mid game မှာတော့ OG ဘက်က smoke gank တွေ fail ပြီး VP ဘက်က Sven farming ကောင်းကောင်းရနေလို့ VP က ဖိထားနိုင်ခဲ့ပါတယ်။ ၁၈ မိနစ်မှာ VP က first Roshan ကိုယူပြီး map control တွေ Objective တွေယူဖို့ ကြိုးစားလာပါတယ်။ ၂၁ မိနစ်လောက်မှာ aegis နဲ့ sven ကို ဖမ်းဖို့ ကြိုးစားရာမှာ VP ဘက်က gpk နဲ့ DM တို့ က counter initiation ပေးပြီး ပြန်ဆိုင်သွားခဲ့လို့ aegis ကျသွားပေမယ့် Ceb ဟာ Black hole တောင် မဆွဲလိုက်ရဘဲ team wipe နဲ့ အတူတူ သေသွားခဲ့ပါတယ်။

Item choice တွေ အနေနဲ့ crowd control အတွက် gpk kunkka က aghanim, Sven က aghanim မသွားတော့ဘဲ Echo BKB အပြီးမှာ abyssal ကို တန်းသွားလိုက်ပြီး Mars ကလဲ Eul’s scepter ပြီးတာနဲ့ OG ရဲ့ အဓိက win condition blackhole ကို ပြန်ချဖို့ အတွက် Blink တောင် မသွားတော့ဘဲ Abyssal သွားလိုက်ပါတယ်။

Late game အဝင်မှာတော့ Midone ရဲ့ clinkz ကလဲ battle မှာ survive မလုပ်နိုင်တော့တာနဲ့ Rat ဖို့ ကြိုးစားခဲ့ပါတယ်။ ၃၁ မိနစ် roshan battle မှာ high ground vision အသာစီးရယူထားတဲ့ VP ဘက်က epileptick1d က ceb ရဲ့ enigma ကို abyssal ကြိုသုံးထားရာမှာ blink အခုန် abyssal တန်း အခေါက်ခံရပြီး ceb ပြတ်သွားခဲ့ပါတယ်။

အဲဒီ့battle မှာ 4 men down အပြင် Roshan ပါပေးလိုက်ရပါတယ်။ Ceb ကလည်း သိလို့ linkin sphere ပါသွားဖို့ ကြိုးစားခဲ့ပေမယ့်၊ VP ဘက်က pos 4 lina က ပါ aghanim သွားပြီး bkb Linkin ကို ဖျက် abyssal နဲ့ black hole ကို control ပြန်ယူသွားလို့ battle မှာ Ceb ဘာမှ မလုပ်နိုင်တော့ဘဲ game 1 ကိုတော့ vp က အပိုင်သိမ်းသွားခဲ့ပါတယ်။ VP ဘက်က သာနေတဲ့ အချိန်မှာ အရမ်းမ dive ဘဲ သေသေသပ်သပ်နဲ့ objective ဉီးစားပေး ကစားသွားခဲ့တာကြောင့်လဲ နိုင်သွားခဲ့တာ ဖြစ်ပါတယ်။

Game 2 VP (radiant) vs OG (dire)

Game 2 မှာ VP က morph ES ကို game 1 မှာ နိုင်ခဲ့တဲ့ အတွက် လွှတ်ပေးထားလိုက်လို့ OG ကလဲ ပြန် try ပါတယ်။ ဒါပေမဲ့ gpk kunkka ကိုတော့ ban လိုက်တဲ့အတွက် gpk က lina mid နဲ့ သွားခဲ့ပါတယ်။ OG ဘက်က တော့ အလုပ်မဖြစ်ခဲ့တဲ့ Midone clinkz ကို Chaos knight နဲ့ ပြောင်းကစားသွားပါတယ်။ VP ဘက်က အရမ်း control လုပ်ခံထားရတဲ့ enigma ကိုတော့ pos 3 အစား pos 5 အထိ ဆင်းဆော့ခဲ့ပါတယ်။ Mars ကလဲ ban ခံထားရတဲ့အတွက် DM ကို Axe ပေးခဲ့ပါတယ်။ Enigma အတွက်တော့ rubick pos 4 ကို ယူထားပါတယ်။

Laning stage မှာတော့ game 1 ကလိုပဲ sven က Enigma ကို ရှောင်ဆော့ပါတယ်။ အဲဒီ့မှာ sven ကအဆင်ပြေပေမယ့် Axe က level နာနေခဲ့ပါတယ်။ Sven က top lane မှာ farming ကောင်းကောင်း ရနေသလို Chaos knight ကလဲ farming ကောင်းကောင်းရနေခဲ့ပါတယ်။ Mid မှာတော့ lina က သာသယောင် ရှိပေမယ့် Topson က ထိန်းကစားခဲ့လို့ recover လုပ်နိုင်ခဲ့ပါတယ်။ Ceb venomancer ကတော့ venomancer ပုံစံအတိုင်း မြွေတိုင် တွေ နဲ့ ဖြည်းဖြည်းမှန်မှန် ပဲ farm နေခဲ့ပါတယ်။ Venomancer ပါနေလို့ early team fight တွေ မှာ Sven နဲ့ axe က ထင်သလောက် လှုပ်ခွင့်မရခဲ့ပါဘူး။

Mid Game အဝင်မှာတော့ OG က laning သာြပီး objective တွေလည်း ရထားတဲ့အတွက် ရန်သူ triangle ကို တက်သိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ Topson ကလဲ aggressive ကစားပြီး သေခဲ့ပေမယ့် ရန်သူဘက် အခြမ်းမှာ သေထားတာြဖစ်တဲ့ အတွက် objective တွေတော့ မပေးရပါဘူး။

၁၇ မိနစ်မှာ တော့ OG က Roshan ကိုပါ အရယူပြီး map control ပါ ကောင်းကောင်းရယူလာပါတယ်။ Map control ကောင်းကောင်းယူထားတဲ့အတွက် OG က networth အသာစီးနဲ့ 21 မိနစ်မှာ အောက်လမ်း mega အရယူသွားပါတယ်။ 23 မိနစ်မှာ morphling aghanim စထွက်တာ နဲ့ တစ်ပြိုင်နက် OG ဘက်က ES ၂ ကောင်နဲ့ အတင်း dive ပြီး အတင်းလိုက်သတ် ပါတော့တယ်။ တဖြည်းဖြည်းနဲ့ networth က ပြတ်သထက် ပြတ်လာပြီး VP က base ထဲမှာပဲ ပိတ်မိနေခဲ့ပါတယ်။

Late game မှာတော့ ၂၆ မိနစ် radiant jungle battle မှာ Rubick က blackhole ပြန်ခိုးပြီး ပြန်ဆွဲနိုင်ခဲ့ပေမယ့် Morphling shoutgun အောက်မှာပဲ သေပေးခဲ့ရပါတယ်။ VP ဘက်က 4 men down ပြီး OG ဘက်က core တွေ အကုန်ရှင်ကျန်နေခဲ့ ပါတယ်။ OG ကလဲ အရမ်းမ dive ဘဲ Roshan ကိုပဲ သေချာြပန်စောင့် ပြီးကစားခဲ့ပါတယ်။ Roshan ရတာနဲ့ တစ်ပြိုင်နက် morph aegis CK cheese နဲ့ အတူ sven bkb မရှိတော့တဲ့ VP ဘက်ကို တက်လာပါတော့တယ်။

အဲဒီ့မှာ Save rubick က aether lens blink နဲ့ အတူ 4 men black hole ပြန်ဆွဲပြခဲ့ပါတယ်။ HG defend နိုင်ခဲ့တယ်ဆိုပေမဲ့ networth အရမ်းပြတ်နေခဲ့လို့ OG က အေးအေးဆေးဆေးပဲ all mega ပြန်ယူသွားပါတယ်။ battle လည်း သေချာ မဆိုင်နိုင်တော့ဘဲ တစ်ယာက်ပြီးတစ်ယောက် သေခဲ့လို့ Game 2 ကို တော့ OG က အနိုင်ကစားနိုင်ခဲပါတယ်။ Game 2 မှာတော့ DM ရဲ့ offlane axe ဟာ ထင်သလောက် အလုပ်မဖြစ်ခဲ့တာကိုတွေ့ရပါတယ်။

Game 3 VP (radiant) vs OG (dire)

Game 3 မှာလဲ VP က morpling es ကို ထပ်လွှတ်ပေးခဲ့ပြန်ပါတယ်။ ဒါပေမယ့် enigma ကိုတော့ ban ခဲ့ပါတယ်။ OG ကတော့ offlane အတွက် bloodseeker ယူထားပြီး midone ကိုတော့ Nightstalker pos 1 ပေးထားပါတယ်။ ဒါပေမယ့် bloodseeker ပြထားတဲ့ OG ကို VP ဘက်က team နဲ့ တွဲဖက်လို့ မကောင်းတဲ့ timbersaw last pick လိုက်တာကတော့ မေးခွန်းထုတ်စရာပါ။ Midone night stalker အနေနဲ့ကလည်း Oracle, void spirit, timbersaw, lina အကုန်လုံးအတွက် တော်တော်လေး ကောင်းပါတယ်။ VP ဘက်က carry ဖြစ်တဲ့ Sven အနေနဲ့တောင် BKB မထွက်ခင်မှာ အဆင်မပြေပါဘူး။

Laning stage မှာတော့ Midone night stalker က safe lane မှာ ကောင်းကောင်း farm နိုင်ခဲ့ပါတယ်။ Mid မှာလဲ gpk void spirit နဲ့ထိန်းနေတဲ့ Topson morphling က ရှေ့ပွဲကထက်တောင် ပိုပြီး သာယာနေခဲ့ပြီး item timing တွေ စောခဲ့ပါတယ်။ အောက်လမ်းမှာလဲ ES seeker အတွဲက lina timbersaw ကို သေသေချာချာ ထိန်းပြီး kill တွေလည်း ရနေခဲ့ပါတယ်။

၅ မိနစ် ပြည့်လို့ ညရောက်ပြီဆိုတာနဲ့ Nightstalker ကလဲ သူ့ lane ကိုလာသမျှ hero တွေကို blood seeker, earth spirit တို့ အကူအညီနဲ့ bully ကောင်းကောင်းလုပ်ပြီး မောင်းထုတ်နေပါတော့တယ်။ ဒါ့အပြင် lane ကို keeper ကို ပေးခဲ့ပြီး bottom ကိုပါ ဆင်းပြီး Objective tier 1 tower ကိုပါ ယူလိုက်ပါတယ်။ Earth spirit, blood seeker အတွဲကလည်း ကောင်းကောင်း အလုပ်လုပ်နေခဲ့ပြီး Sven က farm စရာ နေရာတောင် ကောင်းကောင်းမရတော့ပါဘူး။ OG ကလဲ ထုံးစံအတိုင်း သာတာနဲ့ triangle ဆီကိုပဲဦးတည်လာပါတယ်။ Map control ကိုလဲ တော်တော် အသာစီးယူထားပါတယ်။

ဒုတိယ ညရောက်ပြီဆိုတာနဲ့ morphling ကလဲ e-blade ရတာနဲ့ အတူ og က တစ်ကောင်ပြီးတစ်ကောင် pick off လုပ်လာပါတယ်။ ဒီလိုနဲ့ပဲ ၁၈ မိနစ်မှာတော့ sven သေအပြီးမှာ VP ဘက်က GG ခေါ်ပြီး အရှုံးပေးလိုက်ရပါတော့တယ်။

Game 4 OG (radiant) vs VP (dire)

Game 3 မှာတော့ pick ban အသစ်လေးတွေ တွေ့လာရပါတယ်။ VP ကလဲ Morph ကို မပေးတော့ ပါဘူး။ OG ကလဲ sven လွတ်တာနဲ့ ကောက်ယူလိုက်တဲ့ အတွက် VP က Ursa နဲ့ ပြန် counter လိုက်ပါတယ်။ gpk အတွက် signature တစ်ကောင်ဖြစ်တဲ့ DP pick လိုက်တဲ့ အတွက် OG က last pick မှာ AA mid အနေနဲ့ ထွက်လာပါတယ်။ DM အနေနဲ့ကတော့ mars ပြန်ရထားပါတယ်။ OG ဘက်က တော့ ceb tusker, saksa windranger နဲ့ ထွက်လာပါတယ်။

Laning မှာတော့ သိပ်အထွေအထူးပြောစရာ မရှိပေမဲ့ Mid မှာ Topson AA က gpk နဲ့ ယှဉ်မထိန်းနိုင်ခဲ့ပါဘူး။ N0tail ကလည်း enigma pos 5 ဖြစ်နေတဲ့အတွက် sven က defensive ကစားနေရပါတယ်။ VP ဘက်က ursa ကတော့ sven နဲ့ ယှဉ်ရင် networth ပြတ်ကျန်နေခဲ့ပါတယ်။ ဒါပေမယ့် gpk ကတောက်လျှောက် space တွေပြန်ရှာပေးနေတဲ့ အတွက် recover ပြန်လုပ်နိုင်ခဲ့ပါတယ်။

OG အနေနဲ့ ကလဲ AA ulti ထိမှသာ battle နိုင် ၊ kill ရတာမျိုးတွေ ရှိပြီး AA ulti လွဲတာနဲ့ kill တွေ လွတ်နေပါတယ်။ ၁၁ မိနစ် ကျော်ကျော်လောက်မှာတော့ sven က Top tier 1 ယူပြီး Mid tier 1ကို ပါလာြပီး ယူပါတယ်။ Midgame အဝင်မှာတော့ DP item လိုအပ်နေတာရယ် objective တွေ ပေးထားရတာရယ်ကြောင့် VP ဘက်က map control ကို OG ဘက်ကိုပေးထားရပါတယ်။ ဒါပေမယ့် ursa က Fury ပြန်ထွက်သွားပြီး 17 မိနစ် မှာ Mid Tier 1 ကိုတော့ ပြန်ယူနိုင်ခဲ့ပါတယ်။

Topson ကတော့ Midas နဲ့ ပြန် farm ပြီး bloodstone သွားခဲ့ပါတယ်။ Tusker ကလဲ Ursa ကို control ဖို့ Aghanim တန်းသွားခဲ့ပါတယ်။ Ursa ကလဲ heavenly grace အားကိုးနဲ့ BKB တောင် မသွားတော့ဘဲ Fury ပြီးတာနဲ့ Basher တန်းသွားပါတယ်။

မိနစ် ၂၀ လောက်မှာ Roshan battle မှာ Rubick က blackhole ခိုးပြီးပြန်ဆွဲနိုင်ခဲ့ပေမယ့် OG က battle နိုင်ပြီး aegis ယူနိုင်ခဲ့ပါတယ်။ Early game မှာမသာခဲ့ပေမယ့် gpk DP ကို Topson AA က ထိန်းထားနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် epileptick1d ရဲ့ ursa ကတော့ fury basher ၂ ကွက်နဲ့တင် pickoff တွေ လုပ်ခဲ့နိုင်ပါတယ်။

Late game အဝင်မှာတော့ OG က sven aegis နဲ့ mid tier 2 tower တက်ယူရာမှာ aegis ကျ ၊ sven ထပ်သေပြီး VP ဘက်က စတင်ဦးဆောင်လာပါတယ်။ Ursa ကလဲ abyssal ပါထွက်ပြီး တော်တော် လေး strong ဖြစ်လာပါတယ်။ ၂၆ မိနစ်မှာတော့ VP က top tier 1 ယူပြီး triangle ကိုကျူးကျော်ဝင်ရောက်လာပါတယ်။

၂၈ မိနစ်မှာ OG triangle battle မှာတော့ Mid tier 2 battle ကတည်းက ခိုးထားတဲ့ blackhole နဲ့ အတူ VP ဘက်က အနိုင်ယူနိုင်ခဲ့ပါတယ်။ Topson ulti လည်း လွဲပြီး ၃ ယောက် ကျသွားခဲ့ပါတယ်။ ၃၁ မိနစ်မှာတော့ Roshan battle ဆိုင်ရာမှာ OG ဘက်က mars ကို သတ်နိုင်ခဲ့ပေမယ့် battle အပြီး မှာ pick off 3 ကောင်းပေးလိုက်ရပါတယ်။ Ursa ကလည်း omnknight အားကိုးနဲ့ satanic ပဲ တန်းသွားလိုက်ပါတယ်။

နောက်ပိုင်း battle တွေမှာတော့ item တွေထွက်နေတဲ့ DP နဲ့ ursa ကို AA ultimate လည်း control ကောင်းကောင်းမလုပ်နိုင် sven ကလည်း မခုတ်နိုင်တော့ဘဲ VP က တော်တော်လေး သာလာပြီး 34 မိနစ်မှာ အလယ် mega တစ်လမ်း ယူသွားပါတယ်။ Topson AA ကတော့ aghanim နဲ့ ပြန်ပစ်ဖို့ ကြိုးစားခဲ့ပေမယ့် VP တော့ pick off တွေ တစ်ကောင်ပြီးတစ်ကောင် ရယူပြီး ၃၆ မိနစ် မှာ all mega ယူသွားပါတယ်။

၃၈ မိနစ်မှာတော့ OG ဘက်က final defense အနေနဲ့ နောက်ဆုံး battle ကို ကောင်းကောင်း ကစားနိုင်ခဲ့ပေမယ့် networth အရမ်းကွာနေခဲ့လို့ မထိန်းနိုင်တော့ဘဲ gg ခေါ်ခဲ့ရပါတော့တယ်။ ဒီပွဲမှာတော့ OG ဘက်က Mid AA ထင်သလောက် အလုပ်မဖြစ်ခဲ့သလို ceb tusker ကလဲ ursa ကို control ကောင်းကောင်း မလုပ်နိုင်ခဲ့လို့ အရှုံးပေးခဲ့ရတာပါ။

Game 5 VP (radiant) vs OG (dire)

Game 5 မှာတော့ ၂ ဘက်စလုံးက pick အသစ်တွေနဲ့ ကစားခဲ့ပါတယ်။ VP ဘက်က PA first pick ထုတ်ထားလိုက်လို့ OG ကလည်း Omniknight ပြန်ယူလိုက်ပါတယ်။ VP ဘက် က timbersaw နဲ့ shadow demon pick ထားပြီးသားကို OG က slark pick လိုက်ပါတယ်။ နောက်ပြီးတော့ topson အတွက် Puck ကိုလည်း ဆက်pick ခဲ့ပါတယ်။ VP ဟာ PA ကို baby sit ဖို့ အတွက် undying ဆက် pick ခဲ့ ပြီး last pick အနေနဲ့ Viper ကိုဆက် pick လိုက်ပါတယ်။ VP ရဲ့ line up မှာ နဂိုက သတ်ရခက်ပါတယ်ဆိုတဲ့ slark အတွက် disable အားနည်းနေခဲ့ပါတယ်။ OG ဘက်မှာတော့ BKB PA ကို control ပေးနိုင်မယ့် magnus ပါနေခဲ့ပါတယ်။

Laning stage မှာတော့ သာမယ်ထင်ရတဲ့ slark က မသာဘဲ ၊ မသာလောက်ဘူးထင်ရတဲ့ mid နဲ့ offlane က သာယာနေခဲ့ပါတယ်။ Game 5 ဖြစ်တာနဲ့အညီ ၂ ဘက်လုံးက ထိန်းကစားနေကြလို့ First blood ကိုတော့ 5 မိနစ်ရောက်မှ N0tail က စပေးခဲ့ရပါတယ်။ Slark က laing မှာ hero ရသင့်တဲ့ hero ဖြစ်ပေမယ့် kill ရမနေခဲ့ပါဘူး။

၉ မိနစ်မှာတော့ VP ဘက်က mid tower ယူဖို့ ကြိုးစားခဲ့ပေမယ့် OG က ၅ ယောက်လုံးဆင်းကာခဲ့လို့ viper ပြန်သေခဲ့ရပါတယ်။ဒါပေမယ့် viper ပြန်ထွက်လာပြီး mid tower ပြန်ယူနိုင်ခဲ့ပါတယ်။ Top tower ကိုလဲ ၁၁ မိနစ်လောက်မှာ ထပ်ယူထားနိုင်လို့ map control တော့ သာနေခဲ့ပါတယ်။

Topson ရဲ့ puck ကတော့ သာနေခဲ့ပေမယ့် blink မသွားဘဲ PA အတွက် e blade သွားလိုက်တာမှာ battle တွေမှာ survive မလုပ်နိုင်ဘဲ အသေအပျောက်များနေခဲ့ပါတယ်။ Slark ကိုသတ်ရခက်မယ်လို့ ထင်ရခဲ့ပေမယ့် midone ရဲ့ဆော့နေကျ hero မဟုတ်တဲ့အပြင် အဝင်အထွက်တွေ မှားနေခဲ့လို့ ခဏခဏ သေနေခဲ့ရပါတယ်။ VP ဘက်က လဲ save shadow demon နဲ့ DM timber က အကောင်းဆုံးကစားပြနေခဲ့ပါတယ်။ PA အနေနဲ့ ကတော့ 14 မိနစ်မှ fury ထွက်နိုင်ခဲ့ ပြီး networth မှာ slark အောက်ကိုရောက်နေခဲ့ပါတယ်။ slark ကတော့ empower အားကိုးနဲ့ farming ကောင်းကောင်းယူထားနိုင်ပါတယ်။

VP ဘက်ကတော့ အစပိုင်းမသာနိုင်လို့ ရှောင်ဆော့နေခဲ့ပါတယ်။ OG ကတော့ topson က slark အတွက် space ရအောင် အကောင်းဆုံး ကစားပြီး PA ကို လိုက်နှောက်ယှက်နိုင်ခဲ့ပေမယ့် spell သုံးတာလေးတွေ ချော်နေပြီး team နဲ့ မညီဘူး ဖြစ်နေခဲ့လို့ ပြန်သေတာမျိုးလေးတွေ ဖြစ်နေခဲ့ပါတယ်။ OG ဘက်က mid tower ကို ယူဖို့ ခဏခဏ ကြိုးစားခဲ့ပေမယ့် မယူနိုင်ဘဲ ပြန်ပြန် fail နေခဲ့ပါတယ်။

Mid game အဝင်မှာတော့ online တက်မလာနိုင်သေးတဲ့ slark နဲ့ အသေအပျောက်များနေခဲ့တဲ့ puck တို့ကြောင့် VP ဘက်က သာသလို ဖြစ်လာပြီး 21 မိနစ်မှာ roshan ပါ ရလိုက်ပါတယ်။ Ceb ကတော့ ပုံမှန်လေးပဲ blink, guardian greaves တို့နဲ့အတူ battle ဆိုင်ပေးဖို့ အသင့်ရှိနေခဲ့ပါတယ်။ Mid game မှာတော့ VP ကို aegis ပေးထားရတဲ့အတွက် OG က မသာနိုင်လို့ lane တွေ ဖြတ်စားပြီး ထိန်းကစား သွားပါတယ်။ VP ကလဲ disable အားနည်းလို့ အတင်း မ dive ဘဲ PA damage ကောင်းကောင်းထွက်မယ့် အချိန်အထိ စောင့်ကစားနေ ခဲ့ပါတယ်။

၂၈ မိနစ်လောက်မှာ roshan pit နားက battle မှာတော့ slark က double damage နဲ့ ဆိုင်ဖို့ ကြိုးစားခဲ့ပေမယ့် shadow demon ရယ် Viper nether toxin ရယ်နဲ့ ကြားထဲမှာ ထင်သလောက် damage မထွက်နိုင်ခဲ့ပါဘူး။ PA ကလဲ ပုံမှန် item ဖြစ်တဲ့ bkb deso fury ၃ ခု ရနေပြီဖြစ်လို့ damage တော်တော် ထွက်ပါတယ်။ အဲတာနဲ့ပဲ omniknight die back ဖြစ်သွားပါတယ်။ ၃၁ မိနစ်မှာတော့ VP က roshan ဝင်လုပ်နေပေမယ့် OG က contest မလုပ်ပဲ bottom tier 3 tower ကိုပဲ အရယူခဲ့ပါတယ်။ Viper ကတော့ Scythe of vyse, atos တွေနဲ့ လိုအပ်နေတဲ့ disable တွေကို ဆက်ပေးသွားလို့ battle သာနေပါတယ်။

ဒီလိုနဲ့ VP က aegis ကိုင်ထားပြီး hg siege လာလုပ်တဲ့ အချိန်မှာ scythe of vyse ပါတာရယ်၊ PA damage အရမ်းထွက်နေတာရယ်ကြောင့် စောစောစီးစီး slark သေသွားခဲ့လို့ mega ၂ လမ်းအထိ ပေးခဲ့ရပါတယ်။ နောက်ဆုံးတစ်လမ်းကို တက်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ OG ဘက်က slark ပြန်ထွက်လာပြီး buyback တွေပါ ထုတ်ပြီး ကာလို့ PA aegis ကျ ၊ viper နဲ့ timber saw သေပြီး ကာနိုင်ခဲ့ပါတယ်။

37 မိနစ်မှာတော့ OG က bottom mega ရဖို့ ကြိုးစားတဲ့ battle မှာ magnus က PA ကို control နိုင်ခဲ့ပေမယ့် အသေမသတ်နိုင်ခဲ့ပါဘူး။ Slark ကလဲ bkb မပါလို့ nethertoxin ထဲမှာ ထင်သလောက် အလုပ်မဖြစ်ခဲ့ပါဘူး။ ၃၉ မိနစ်မှာတော့ roshan လဲ ပြန်ထွက် PA ကလဲ satanic, divine ပါထွက်နေလို့ VP က roshan သွားယူတာကို slark shadow dance မရှိဘဲ ဝင်ဆိုင်ခဲ့လို့ slark နဲ့ omniknight သေခဲ့ရပါတယ်။

VP ကလည်း aegis cheese နဲ့ အတူ high ground push လာတဲ့အချိန်မှာတော့ Topson နဲ့ ceb ကြိုးစားပြီး ကာခဲ့ပေမယ့် ဘယ်လိုမှ ကာလို့ မရတော့ဘဲ ၃ လမ်း mega ပေးခဲ့ရပါတယ်။ ဒီလိုနဲ့ base ထဲမှာ battle ဆိုင်ရင်း Buyback ထွက်လာတဲ့ ceb ကတော့ RP skewer နဲ့ PA နဲ့ viper ကို fountain ထဲ ဆွဲခေါ်သတ်နိုင် ခဲ့ပေမယ့် ဘယ်လိုမှ မနိုင်တော့ ဘဲ game 5 နဲ့ အတူ Epic League division 1 ရဲ့ champion ဆုကိုတော့ VP လက်ထဲ ထည့်ပေးခဲ့ရပါတော့တယ်။

OG အနေနဲ့ ရှုံးသွားခဲ့တယ်ဆိုပေမယ့် meta breaking pick တွေ item တွေနဲ့ အကောင်းဆုံး ကစားပြ သွားခဲ့ပါတယ်။ အလုပ်ဖြစ်ခဲ့တာတွေရှိသလို တစ်ချို့ Pick တွေကလည်း အလုပ်မဖြစ်ခဲ့တာကိုတွေ့ ရပါတယ်။ VP အနေနဲ့ကတော့ လူငယ်တွေ ဆိုတာနဲ့ မလိုက်အောင်ကို ကစားပုံက စိတ်ရှည်ပြီး သေသေသပ်သပ်နဲ့ ကစားသွားနိုင်တာကို တွေ့ရပါတယ်။ ပရိတ်သတ်တွေ အတွက်ကတော့ ၅ ပွဲအပြည့် အားပါးတရ ကို ကြည့်လိုက်ရလို့ စိတ်ကျေနပ်ကြမယ်လို့ လဲထင်ပါတယ်။ လက်ရှိ line up နဲ့တောင် တော်တော် ကြောက်ဖို့ ကောင်းနေတဲ့ OG ဟာ ana သာ စိတ်ကူးပေါက်လို့ ပြန်လာတဲ့အခါ အရင်လိုပဲ တော်တော် ကြောက်ဖို့ ကောင်းနေဦးမှာပါ။
#iNtAnGibL3