[Unicode]

ဒုတိယအသင်းတွေ ဖွဲ့စည်းလိုက်တဲ့ Virtus Pro နဲ့ Dendi ရဲ့ B8

 

CIS အသင်း ၂ သင်းဖြစ်တဲ့ Virtus Pro နဲ့ Dendi ရဲ့ B8 တို့ဟာ ဧပြီလ (၁) ရက်နေ့က သူတို့ရဲ့ ဒုတိယအသင်းတွေကို အသီးသီးကြေညာခဲ့ကြပါတယ်။ ၂ ထပ်ကွမ်း TI ချန်ပီယံ OG ရဲ့ ဒုတိယအသင်း OG.Seed ကတော့ အောင်မြင်မှု အတော်အသင့် ရရှိနေပါပြီ။

Virtus.Pro (VP) ရဲ့ ဒုတိယအသင်းကိုတော့ VP.Prodigy လို့အမည်ပေးထားပါတယ်။ ပါဝင်တဲ့လူစာရင်းကတော့
1. epileptick1d
2. fn (Stand-in)
3. DM
4. Save-
5. yume
တို့ပဲဖြစ်ပါတယ်။

epileptick1d နဲ့ Save- တို့ကတော့ 2019-2020 DPC ရာသီအစမှာ VP မှာ ပါဝင်ကစားခဲ့ပေမယ့် အံမဝင်တာကြောင့် အရန်ခုံကိုပို့ခံခဲ့ရတဲ့ (၂) ယောက်ဖြစ်ပြီး အခု ဒုတိယအသင်း VP.Prodigy ကို ဦးဆောင်ကြမှာပါ။

DM ကတော့ Vega Squadron, Chaos, HellRaisers တို့မှာဆော့ဖူးတဲ့ Offlane တစ်ဦးဖြစ်ပြီး yume ကတော့ Team Singularity ကနေ ပြောင်းရွေ့လာတာပါ။
fn ကတော့ CIS ရဲ့ နာမည်ကြီး Carry/Mid တစ်ယောက်ဖြစ်ပြီး အခု VP.Prodigy မှာတော့ Stand-in ဝင်ရောက် ကစားမှာပါ။ fn ဟာ VP နဲ့ Gambit တို့မှာလည်း Stand-in ဝင်ရောက်ကစားဖူးပြီး လက်စွမ်းကောင်းပေမယ့် မာနကြီးတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

​Dendi ရဲ့ Esports Organization ဖြစ်တဲ့ “B8” ရဲ့ ဒုတိယအသင်းကိုတော့ “B9” လို့ခေါ်ပါတယ်။ ပါဝင်တဲ့ ကစားသမားတွေကတော့
1. xXx*Shadow*xXx
2. Classm8
3. NoMidNoGame
4. road_to_10k
5. Joker
တို့ဖြစ်ပြီး Dendi ကိုယ်တိုင် နည်းပြမှာ ဖြစ်ပါတယ်။ ကစားသမားတွေရဲ့ in-game name တွေက ထူးဆန်းနေပြီး ကြားဖူးတဲ့ ကစားသမား တစ်ယောက်မှ မပါဘူးလို့ ထင်နေပါလိမ့်မယ်။

ဟုတ်ပါတယ်။ B8 ဟာ လုံးဝ လူမသိသူမသိ မျက်နှာသစ် ကစားသမားတွေကို ခေါ်ထားတာဖြစ်ပြီး ကစားသမားတွေအားလုံးဟာ အသက် (၉) နှစ်သာ ရှိပါသေးတယ်။ B8 ကတော့ သူတို့ရဲ့ လူစာရင်းသစ်ဟာ Dendi ပထမဆုံး TI ရခဲ့တဲ့ TI ကျင်းပချိန် ၂၀၁၁ ခုနှစ်မှာ မွေးတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့တယ်လို့ ဖော်ပြထားပါတယ်။

B9 နဲ့ VP.Prodigy တို့ (၂) သင်းကတော့ ဒုတိယအသင်းတွေဆိုပေမယ့် ဧပြီ (၃) ရက်နေ့က ကျင်းပခဲ့တဲ့ GG.BET StayHome Challenge ပြိုင်ပွဲမှာတော့ VP.Prodigy နဲ့ B8 (အသင်းကြီး) တို့ တွေ့ဆုံခဲ့ပြီး VP.Prodigy က (20-1) (29-10) score နဲ့ ၂ ပွဲပြတ် အနိုင်ရရှိခဲ့ပါတယ်။

VP.Prodigy ဟာပွဲဦးထွက်မှာ B8 ကိုပါ အနိုင်ရရှိခဲ့လို့ CIS မှာတော့ သတိထားရမယ့် နောက်တစ်သင်းတိုးလာပြီလို့ ယူဆနိုင်ပါတယ်။ Dendi ရဲ့ B8 ကတော့ Carry အပြောင်းအလဲလုပ်ကာ Team Singularity နဲ့ Fnatic တို့မှာဆော့ခဲ့ဖူးတဲ့ “Excalibur” ကို ခေါ်ယူခဲ့ပေမယ့် လက်စွမ်းမပြနိုင်သေးပါဘူး။

VP ဟာ သူတို့ရဲ့ ဒုတိယအသင်း VP.Prodigy ကို အကောင်းဆုံးပြင်ဆင်ထားပုံရပေမယ့် Dendi ရဲ့ B8 ကတော့ ဒုတိယအသင်း B9 ကို ရေရှည်အတွက်သာ မျှော်မှန်းခဲ့ပုံပါပဲ။ COVID-19 ဖြစ်ပွားနေပေမယ့်လည်း Gaming Noodle ကနေ သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာအသစ်တွေကို တင်ဆက်ပေးသွားဦးမှာမလို့ စောင့်မျှော်ကြည့်ရှုပေးကြပါ ခင်ဗျာ။


[ZawGyi]

ဒုတိယအသင္းေတြ ဖြဲ႕စည္းလိုက္တဲ့ Virtus Pro နဲ႔ Dendi ရဲ႕ B8

 

CIS အသင္း ၂ သင္းျဖစ္တဲ့ Virtus Pro နဲ႔ Dendi ရဲ႕ B8 တို႔ဟာ ဧၿပီလ (၁) ရက္ေန႔က သူတို႔ရဲ႕ ဒုတိယအသင္းေတြကို အသီးသီးေၾကညာခဲ့ၾကပါတယ္။ ၂ ထပ္ကြမ္း TI ခ်န္ပီယံ OG ရဲ႕ ဒုတိယအသင္း OG.Seed ကေတာ့ ေအာင္ျမင္မႈ အေတာ္အသင့္ ရရွိေနပါၿပီ။

Virtus.Pro (VP) ရဲ႕ ဒုတိယအသင္းကိုေတာ့ VP.Prodigy လို႔အမည္ေပးထားပါတယ္။ ပါဝင္တဲ့လူစာရင္းကေတာ့
1. epileptick1d
2. fn (Stand-in)
3. DM
4. Save-
5. yume
တို႔ပဲျဖစ္ပါတယ္။

epileptick1d နဲ႔ Save- တို႔ကေတာ့ 2019-2020 DPC ရာသီအစမွာ VP မွာ ပါဝင္ကစားခဲ့ေပမယ့္ အံမဝင္တာေၾကာင့္ အရန္ခုံကိုပို႔ခံခဲ့ရတဲ့ (၂) ေယာက္ျဖစ္ၿပီး အခု ဒုတိယအသင္း VP.Prodigy ကို ဦးေဆာင္ၾကမွာပါ။

DM ကေတာ့ Vega Squadron, Chaos, HellRaisers တို႔မွာေဆာ့ဖူးတဲ့ Offlane တစ္ဦးျဖစ္ၿပီး yume ကေတာ့ Team Singularity ကေန ေျပာင္းေ႐ြ႕လာတာပါ။
fn ကေတာ့ CIS ရဲ႕ နာမည္ႀကီး Carry/Mid တစ္ေယာက္ျဖစ္ၿပီး အခု VP.Prodigy မွာေတာ့ Stand-in ဝင္ေရာက္ ကစားမွာပါ။ fn ဟာ VP နဲ႔ Gambit တို႔မွာလည္း Stand-in ဝင္ေရာက္ကစားဖူးၿပီး လက္စြမ္းေကာင္းေပမယ့္ မာနႀကီးတဲ့ ကစားသမားတစ္ဦး ျဖစ္ပါတယ္။

​Dendi ရဲ႕ Esports Organization ျဖစ္တဲ့ “B8” ရဲ႕ ဒုတိယအသင္းကိုေတာ့ “B9” လို႔ေခၚပါတယ္။ ပါဝင္တဲ့ ကစားသမားေတြကေတာ့
1. xXx*Shadow*xXx
2. Classm8
3. NoMidNoGame
4. road_to_10k
5. Joker
တို႔ျဖစ္ၿပီး Dendi ကိုယ္တိုင္ နည္းျပမွာ ျဖစ္ပါတယ္။ ကစားသမားေတြရဲ႕ in-game name ေတြက ထူးဆန္းေနၿပီး ၾကားဖူးတဲ့ ကစားသမား တစ္ေယာက္မွ မပါဘူးလို႔ ထင္ေနပါလိမ့္မယ္။

ဟုတ္ပါတယ္။ B8 ဟာ လုံးဝ လူမသိသူမသိ မ်က္ႏွာသစ္ ကစားသမားေတြကို ေခၚထားတာျဖစ္ၿပီး ကစားသမားေတြအားလုံးဟာ အသက္ (၉) ႏွစ္သာ ရွိပါေသးတယ္။ B8 ကေတာ့ သူတို႔ရဲ႕ လူစာရင္းသစ္ဟာ Dendi ပထမဆုံး TI ရခဲ့တဲ့ TI က်င္းပခ်ိန္ ၂၀၁၁ ခုႏွစ္မွာ ေမြးတဲ့ ကစားသမားေတြကို ေခၚယူခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။

B9 နဲ႔ VP.Prodigy တို႔ (၂) သင္းကေတာ့ ဒုတိယအသင္းေတြဆိုေပမယ့္ ဧၿပီ (၃) ရက္ေန႔က က်င္းပခဲ့တဲ့ GG.BET StayHome Challenge ၿပိဳင္ပြဲမွာေတာ့ VP.Prodigy နဲ႔ B8 (အသင္းႀကီး) တို႔ ေတြ႕ဆုံခဲ့ၿပီး VP.Prodigy က (20-1) (29-10) score နဲ႔ ၂ ပြဲျပတ္ အႏိုင္ရရွိခဲ့ပါတယ္။

VP.Prodigy ဟာပြဲဦးထြက္မွာ B8 ကိုပါ အႏိုင္ရရွိခဲ့လို႔ CIS မွာေတာ့ သတိထားရမယ့္ ေနာက္တစ္သင္းတိုးလာၿပီလို႔ ယူဆႏိုင္ပါတယ္။ Dendi ရဲ႕ B8 ကေတာ့ Carry အေျပာင္းအလဲလုပ္ကာ Team Singularity နဲ႔ Fnatic တို႔မွာေဆာ့ခဲ့ဖူးတဲ့ “Excalibur” ကို ေခၚယူခဲ့ေပမယ့္ လက္စြမ္းမျပႏိုင္ေသးပါဘူး။

VP ဟာ သူတို႔ရဲ႕ ဒုတိယအသင္း VP.Prodigy ကို အေကာင္းဆုံးျပင္ဆင္ထားပုံရေပမယ့္ Dendi ရဲ႕ B8 ကေတာ့ ဒုတိယအသင္း B9 ကို ေရရွည္အတြက္သာ ေမွ်ာ္မွန္းခဲ့ပုံပါပဲ။ COVID-19 ျဖစ္ပြားေနေပမယ့္လည္း Gaming Noodle ကေန သတင္းေတြနဲ႔ အျခားစိတ္ဝင္စားဖြယ္ရာ အေၾကာင္းအရာအသစ္ေတြကို တင္ဆက္ေပးသြားဦးမွာမလို႔ ေစာင့္ေမွ်ာ္ၾကည့္ရႈေပးၾကပါ ခင္ဗ်ာ။