Vikin.gg ကိုအနိုင်ယူပြီး Grand Final တက်ရောက်သွားတဲ့ VirtusPro

 

Epic Leauge Division 1 ရဲ့ Upper Bracket Final မှာတော့ Virtus Pro အသင်းနဲ့ Vikin.gg တို့ တွေ့ဆုံခဲ့ကြပါတယ်။ VP နဲ့ Vikin.gg ဟာ Group Stage တွေမှာ ၉ ပွဲကစားရပြီး 7-2, 6-3 ဆိုတဲ့ ရလဒ်တွေနဲ့ အုပ်စုအဆင့် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ကြတဲ့ အသင်းတွေပဲဖြစ်ပါတယ်။

Vikin.gg ဟာ Tier 2 အဆင့်လောက်ပဲရှိတယ်ဆိုပေမဲ့ Group Stage တွေမှာတော့ Team Secret နဲ့ OG တို့ကို 2-0 ဆိုတဲ့ ရလဒ်နဲ့ အပြတ်အသတ်အနိုင်ရရှိထားခဲ့တာပဲဖြစ်ပါတယ်။ Vikin ရဲ့ Rosters တွေကတော့ Shad, Boom, Tobi, Aramis, Seleri တို့ပဲဖြစ်ပါတယ်။

Vikin.gg ဟာ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ Dota Summit 13 Online ရဲ့ Final ပွဲစဉ်မှာ Team Liquid ကို 3-1 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ပရိသတ်တွေရဲ့ စောင့်ကြည့်အားပေးမှုကို ပိုမိုရရှိခဲ့တဲ့ အသင်းပဲဖြစ်ပါတယ််။ Epic League Division 1 ရဲ့ Upper Bracket Final ဖြစ်တာနဲ့အညီ ပွဲဟာလည်း အတော်လေး ကြည့်လို့ ကောင်းခဲ့ပါတယ်။

Game 1 – Vikin အသင်းဟာ IO, PA, Tidehunter, Earth Spirit, Doom တို့ကို ရွေးချယ်ခဲ့ပါတယ်။ VP အသင်းကတော့ Slardar, Faceless Void, Crystal Maiden, Windranger, Death Prophet တို့နဲ့ ရွေးချယ်ပြီး Game 1 ကို စတင်ခဲ့ပါတယ်။

Laning Stage မှာ VP အသင်းဟာ ၃လမ်းစလုံးအဆင်ပြေခဲ့ပြီး ၁၀ မိနစ်မှာ 6-0 ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ Tobi ရဲ့ Tidehunter ဟာလည်း ၁၀ မိနစ်မှာ ၄ ခေါက်တိတိ မှောက်ခဲ့လို့ Vikin အနေနဲ့ ပြန်လည်ရင်ဆိုင်ဖို့ အခက်တွေ့နေခဲ့ပါတယ်။ Aramis ရဲ့ Earth Spirit အမွှေအနှောက်ထက် Save ရဲ့ Windranger Shackleshot တွေဟာ ပိုမိုကောင်းမွန်ခဲ့ပါတယ်။ VP အသင်းအနေနဲ့ ၁၆ မိနစ်မှာပဲ Roshan ယူခဲ့ပြီး ပွဲကို ဦးဆောင်ဖို့ ကြိုးစားခဲ့ပါတယ်။

Vikin အနေနဲ့တော့ PA ရဲ့ Farming ကိုသာ ထိုင်စောင့်ခဲ့ကြပါတယ်။ Vikin ဟာ ၂၂ မိနစ်မှာ Ward Vision အသာနဲ့အတူ Tidehunter dagger ရတဲ့အချိန် Surprise Ravage တွေကို ထုတ်ပြနိုင်ခဲ့ပြီး Void နဲ့ Slardar ကိုပါ ရရှိခဲ့ပါတယ်။ Save ရဲ့ Windranger ဟာ Dagger, MKB နဲ့ PA ကို အတော်လေး pressure ပေးနိုင်ခဲ့ပါတယ်။

၃၆ မိနစ်မှာတော့ VP ဟာ mid mega တစ်လမ်းကို ရရှိခဲ့ပြီး အပေါ်လမ်း barracks တွေကို ထပ်ယူဖို့ ကြိုးစားရာမှာတော့ PA buyback နဲ့အတူ Vikin ဟာ defend လုပ်နိုင်ခဲ့ပြီး Void နဲ့ Slardar တို့ကိုပါ သတ်နိုင်ခဲ့ပါတယ်။ Void, Slardar သေနေတာကို အခွင့်ကောင်းယူပြီး ကျန်တဲ့ ၃ ယောက်ကိုပါ highground အထိ လိုက်လံ သတ်နိုင်ခဲ့တဲ့အပြင် Crystal, WR တို့ရဲ့ buybacks တွေပါ ရရှိခဲ့ပါတယ်။

ပွဲဟာ အဲဒီအချိန်မှာတော့ အတော်လေး မျှနေခဲ့ပြီး networth ဟာဆိုရင်လည်း 4k လောက်ပဲ VP အနေနဲ့ သာပါတော့တယ်။ Vikin ဟာ Void ကို instant kill ရနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ Void ရဲ့ Chrono တွေကြောင့် အကျအရှုံးများခဲ့ပြီး ၄၆ မိနစ်မှာတော့ Vikin ဟာ GG ခေါ်ခဲ့ပြီး Game 1 အရှုံးပေးခဲ့ရပါတယ်။

Game 2 – Vikin ဟာ IO, Sven, Dark Willow, Tidehunter, Doom တို့ကိုရွေးချယ်ခဲ့ပြီး VP ကတော့ Faceless Void, Magnus, Crystal Maiden, Snapfire, Elder Titan တို့ကို ရွေးချယ်ခဲ့ပါတယ်။
ပွဲစစချင်းမှာပဲ VP အသင်းက smoke gank နဲ့အတူ Sven ကို ရရှိခဲ့ပါတယ်။ VP အသင်းအနေနဲ့ kill အချို့ကို ရရှိခဲ့ပေမယ့်လည်း networth ကတော့ ပြတ်မနေနခဲ့ပါဘူး။ Gpk ရဲ့ Snapfire ဟာ ၁၃ မိနစ်မှာပဲ Aghanim’s Scepter ကို ရရှိခဲ့ပါတယ်။ Gobble up တွေနဲ့ပဲ initiate စလုပ်ခဲ့ပြီး အလုပ်ဖြစ်ခဲ့တာလည်း တွေ့ရပါတယ်။

မိနစ် ၂၀ လောက်မှာတော့ VP အသင်းဟာ Roshan ယူခဲ့ပြီး ပွဲကို ဦးဆောင်ဆော့ကစားခဲ့ပါတယ်။ scores 21-4 အထိကို VP အသင်းက ရရှိခဲ့ပေမယ့်လည်း Team networth ဟာ 2k လောက်ပဲ သာနေခဲ့ပါတယ်။
Void ကို Gobble up စပစ်ရင်း battle စဖို့ကြိုးစားခဲ့ပေမယ့် Chrono cooldown ဖြစ်နေတဲ့အတွက် Sven ရဲ့ ရိုက်ချက်တွေနဲ့ပဲ Vikin ဟာ battle နိုင်ခဲ့ပါတယ်။ အဲဒီ battle ကနေပဲ mega တစ်လမ်းကို Vikin ဘက်က စတင် ရရှိခဲ့ပါတယ်။ ၃၂ မိနစ်မှာ VP အသင်း Roshan ယူတာကို လာနှောင့်ယှက်ရင်းနဲ့ပဲ Vikin အနေနဲ့ Team wipe ဖြစ်သွားခဲ့ပါတယ်။ နှစ်သင်းလုံးရဲ့ battle တွေဟာ Roshan ပေါ်တဲ့အချိန်တွေမှာပဲ ဖြစ်နေခဲ့ပြီး ကျန်တဲ့အချိန်တွေမှာတော့ အကုန်လုံးဟာ farm နေခဲ့ပါတယ်။

၄၃ မိနစ် roshan နားမှာလည်း battle တစ်ခါထပ်ဖြစ်ရင်း VP အသင်းက Magnus, Crystal သေခဲ့ပြီး Vikin ကတော့ Team wipe ထပ်ဖြစ်ခဲ့ပါတယ်။ အကုန်လုံး buybacks တွေလုပ်ပြီး ပြန်လာခဲ့ပေမယ့် မမီတော့ဘဲ VP အသင်းကပဲ roshan ကို ထပ်မံရရှိခဲ့ပါတယ်။ Sven, IO ဟာ rat ဖို့ ကြိုးစားပေမယ့်လည်း VP အသင်းအနေနဲ့ အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ Vikin အနေနဲ့ ဘယ်လိုမှ ယှဉ်မချနိုင်တော့ဘဲ ၄၉ မိနစ်မှာတော့ GG ခေါ်ခဲ့ပြီး VP အသင်းကို အရှုံးပေးခဲ့ပါတယ်။

Vikin အနေနဲ့ Lower Bracket Final မှာ OG အသင်းနဲ့ Bo5 ကစားမှာဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းကတော့ VP အသင်းနဲ့ Grand Final Bo5 ကစားရမှာပဲဖြစ်ပါတယ်။
#palatar