[Unicode]

ဒေါ်လာ ၂,၅၀၀ ဆုကြေးပေးမယ့် Vibrant We Are #1 PUBG Mobile League ပြိုင်ပွဲ

 

​COVID-19 ကာလ Esports လောကကြီး အနည်းငယ် သွေးအေးနေချိန်မှာ ထွက်ပေါ်လာမယ့် PUBG Mobile League လေးတစ်ခုအကြောင်း ရှင်းပြချင်ပါတယ်။ ဆုကြေးကလည်း ဒေါ်လာ ၂၅၀၀ (မြန်မာကျပ်ငွေ ၃၅ သိန်းခန့်) ပေးမယ့်အပြင် Online League ဆိုတော့ ထိုင်ရာမထဘဲ Social Distancing လုပ်ပြီး ဆော့လို့ရမယ်လို့ သိရပါတယ်။

ပြိုင်ပွဲပုံစံကတော့ အသင်း (၂၄) သင်းက အုပ်စုပတ်လည် ပုံစံနဲ့ (၆) ပါတ်တိတိ ယှဉ်ပြိုင်ကြရမှာပဲ ​ဖြစ်ပါတယ်။ (၁၆) သင်းအထိ Invite လုပ်ထားပြီး ကျန်တဲ့ (၈) သင်းနေရာအတွက် Open Qualifier ကနေ အသင်း (၄၀၀) တို့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

ထူးထူးခြားခြားအနေနဲ့ ပြိုင်ပွဲကို Sponsor ပေးထားတဲ့ Grand Royal Signature Streetwear ကနေပြီး Open Qualifier မှာပါဝင်မယ့် အသင်း (၄၀၀) မှ အသင်းသား (၄) ယောက်စီအတွက် String Bag, T-Shirt နဲ့ Hat တစ်ခုစီ ပို့ပေးသွားမှာ ဖြစ်ပါတယ်။

ဇွန်လ (၃၀) ရက်နေ့မှ Register ပိတ်မှာဖြစ်ပေမယ့်လည်း ပါဝင်မယ့် အသင်း (၄၀၀) ပြည့်သွားပြီဖြစ်ကြောင်း သိရှိရပါတယ်။ Open Qualifier က တက်လာမယ့် (၈) သင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဖိတ်ခေါ်အသင်း (၁၆) သင်းကတော့

  1. Team Limitless
  2. Insane Satan
  3. Burmese Ghouls
  4. Outworld Legacy
  5. Team Xcripted
  6. SAMA DOJO
  7. Reborn For My Queen
  8. CLAW ESPORTS
  9. Impunity Esports
  10. CID-BURMESE GAMING
  11. Burmese Ghouls Legends
  12. Intelligent zero
  13. Team OK
  14. Army of justice
  15. Outworld
  16. Original Gamers (OG)

တို့ပဲ ဖြစ်ပါတယ်။

ထို(၁၆) သင်းဟာ ၂၀၂၀ ခုနှစ်အတွင်း ပြည်တွင်းပြည်ပ ပြိုင်ပွဲများတွင် ရရှိခဲ့သည့် အောင်မြင်မှုများကို အခြေခံပြီး ဖိတ်ခေါ်ထားခြင်းဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ PMMC (PUBG Mobile Myanmar Championship 2020) မှာ ထိပ်ဆုံး (၄) သင်းအဆင့်ဝင်ခဲ့တဲ့ MyGalaxy, Yangon Galaticos, YGxDEUS နဲ့ Team Scott တို့ကို Pro အသင်းအဖြစ် Tencent က သတ်မှတ်ထားခြင်းကြောင့် ယခု We Are #1 Amateur League ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် မပြုကြောင်း သိရှိရပါတယ်။

ထို (၄) သင်းမပါပေမယ့်လည်း MESL Razer SEA Invitation မှာ ထိပ်ဆုံး ၁၀ သင်းအဆင့်ဝင်ခဲ့တဲ့ OG, BG Legends, Outworld, I0, Head Hunter (ယခု Outworld Legacy) စတဲ့အသင်းတွေအပြင် အခြားအသင်းကောင်းများစွာလည်း ပါဝင်လာမှာမလို့ PUBG Mobile ပရိသတ်တွေ လက်လွှတ်မခံသင့်တဲ့ ပြိုင်ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲ Live ကိုတော့ “Vibrant We Are #1 League” Facebook Page မှာ ကြည့်ရှုနိုင်ပြီး ပြိုင်ပွဲ အချိန်ဇယားကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ထိုပြိုင်ပွဲမှာလည်း ကျွန်တော်တို့ Gaming Noodle မှ Media Partner အနေဖြင့် ပါဝင်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲစီစဉ်သူ Vibrant Entertainment ပြိုင်ပွဲ Sponsor Grand Royal Streetwear တို့နှင့် ပူးပေါင်းပြီး ပြည်တွင်း Esports ပရိသတ်တွေအတွက် ဖျော်ဖြေမှုရသ အပြည့်အဝ ပေးစွမ်းနိုင်မယ့် ပြိုင်ပွဲတစ်ပွဲဖြစ်အောင် တင်ဆက်ပေးသွားမှာမို့လို့ စောင့်မျှော် ကြည့်ရှုပေးကြပါ ခင်ဗျာ။


[ZawGyi]

ေဒၚလာ ၂,၅၀၀ ဆုေၾကးေပးမယ့္ Vibrant We Are #1 PUBG Mobile League ၿပိဳင္ပြဲ

 

​COVID-19 ကာလ Esports ေလာကႀကီး အနည္းငယ္ ေသြးေအးေနခ်ိန္မွာ ထြက္ေပၚလာမယ့္ PUBG Mobile League ေလးတစ္ခုအေၾကာင္း ရွင္းျပခ်င္ပါတယ္။ ဆုေၾကးကလည္း ေဒၚလာ ၂၅၀၀ (ျမန္မာက်ပ္ေငြ ၃၅ သိန္းခန႔္) ေပးမယ့္အျပင္ Online League ဆိုေတာ့ ထိုင္ရာမထဘဲ Social Distancing လုပ္ၿပီး ေဆာ့လို႔ရမယ္လို႔ သိရပါတယ္။

ၿပိဳင္ပြဲပုံစံကေတာ့ အသင္း (၂၄) သင္းက အုပ္စုပတ္လည္ ပုံစံနဲ႔ (၆) ပါတ္တိတိ ယွဥ္ၿပိဳင္ၾကရမွာပဲ ​ျဖစ္ပါတယ္။ (၁၆) သင္းအထိ Invite လုပ္ထားၿပီး က်န္တဲ့ (၈) သင္းေနရာအတြက္ Open Qualifier ကေန အသင္း (၄၀၀) တို႔ ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။

ထူးထူးျခားျခားအေနနဲ႔ ၿပိဳင္ပြဲကို Sponsor ေပးထားတဲ့ Grand Royal Signature Streetwear ကေနၿပီး Open Qualifier မွာပါဝင္မယ့္ အသင္း (၄၀၀) မွ အသင္းသား (၄) ေယာက္စီအတြက္ String Bag, T-Shirt နဲ႔ Hat တစ္ခုစီ ပို႔ေပးသြားမွာ ျဖစ္ပါတယ္။

ဇြန္လ (၃၀) ရက္ေန႔မွ Register ပိတ္မွာျဖစ္ေပမယ့္လည္း ပါဝင္မယ့္ အသင္း (၄၀၀) ျပည့္သြားၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။ Open Qualifier က တက္လာမယ့္ (၈) သင္းနဲ႔ ယွဥ္ၿပိဳင္ရမယ့္ ဖိတ္ေခၚအသင္း (၁၆) သင္းကေတာ့

  1. Team Limitless
  2. Insane Satan
  3. Burmese Ghouls
  4. Outworld Legacy
  5. Team Xcripted
  6. SAMA DOJO
  7. Reborn For My Queen
  8. CLAW ESPORTS
  9. Impunity Esports
  10. CID-BURMESE GAMING
  11. Burmese Ghouls Legends
  12. Intelligent zero
  13. Team OK
  14. Army of justice
  15. Outworld
  16. Original Gamers (OG)

တို႔ပဲ ျဖစ္ပါတယ္။

ထို(၁၆) သင္းဟာ ၂၀၂၀ ခုႏွစ္အတြင္း ျပည္တြင္းျပည္ပ ၿပိဳင္ပြဲမ်ားတြင္ ရရွိခဲ့သည့္ ေအာင္ျမင္မႈမ်ားကို အေျခခံၿပီး ဖိတ္ေခၚထားျခင္းျဖစ္ပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ PMMC (PUBG Mobile Myanmar Championship 2020) မွာ ထိပ္ဆုံး (၄) သင္းအဆင့္ဝင္ခဲ့တဲ့ MyGalaxy, Yangon Galaticos, YGxDEUS နဲ႔ Team Scott တို႔ကို Pro အသင္းအျဖစ္ Tencent က သတ္မွတ္ထားျခင္းေၾကာင့္ ယခု We Are #1 Amateur League ကို ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ မျပဳေၾကာင္း သိရွိရပါတယ္။

ထို (၄) သင္းမပါေပမယ့္လည္း MESL Razer SEA Invitation မွာ ထိပ္ဆုံး ၁၀ သင္းအဆင့္ဝင္ခဲ့တဲ့ OG, BG Legends, Outworld, I0, Head Hunter (ယခု Outworld Legacy) စတဲ့အသင္းေတြအျပင္ အျခားအသင္းေကာင္းမ်ားစြာလည္း ပါဝင္လာမွာမလို႔ PUBG Mobile ပရိသတ္ေတြ လက္လႊတ္မခံသင့္တဲ့ ၿပိဳင္ပြဲတစ္ပြဲပဲ ျဖစ္ပါတယ္။ ၿပိဳင္ပြဲ Live ကိုေတာ့ “Vibrant We Are #1 League” Facebook Page မွာ ၾကည့္ရႈႏိုင္ၿပီး ၿပိဳင္ပြဲ အခ်ိန္ဇယားကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

ထိုၿပိဳင္ပြဲမွာလည္း ကြၽန္ေတာ္တို႔ Gaming Noodle မွ Media Partner အေနျဖင့္ ပါဝင္သြားမွာျဖစ္ပါတယ္။ ၿပိဳင္ပြဲစီစဥ္သူ Vibrant Entertainment ၿပိဳင္ပြဲ Sponsor Grand Royal Streetwear တို႔ႏွင့္ ပူးေပါင္းၿပီး ျပည္တြင္း Esports ပရိသတ္ေတြအတြက္ ေဖ်ာ္ေျဖမႈရသ အျပည့္အဝ ေပးစြမ္းႏိုင္မယ့္ ၿပိဳင္ပြဲတစ္ပြဲျဖစ္ေအာင္ တင္ဆက္ေပးသြားမွာမို႔လို႔ ေစာင့္ေမွ်ာ္ ၾကည့္ရႈေပးၾကပါ ခင္ဗ်ာ။