[Unicode]

Asia Pacific Predator League 2020 မှာ မြန်မာကိုယ်စားပြုယှဉ်ပြိုင်ရမယ့် Team Veteran

 

မနေ့ကကျင်းပပြီးစီးခဲ့တဲ့ Myanmar Predator League 2020 ရဲ့ Main Event မှာတော့ Team Veteran အသင်းက အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ Acer Predator နဲ့ X-Gaming တို့ ဦးစီးကျင်းပခဲ့တဲ့ အဆိုပါပြိုင်ပွဲကိုတော့ Kan Thar Yar Shopping Mall မှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။

Main Event ပထမပွဲအနေနဲ့ Yangon Galaticos အသင်းနဲ့ KingPanda Gaming တို့က Lower Bracket Final အနေနဲ့ ယှဉ်ပြိုင်ခဲ့ပြီး KingPanda Gaming က 2-1 နဲ့ အနိုင်ရရှိခဲ့ပါတယ်။ Grand Final ပြိုင်ပွဲကိုတော့ Team Veteran နဲ့ KingPanda Gaming တို့ Bo5 Series ယှဉ်ပြိုင်ခဲ့ပြီး Team Veteran က 3-0 နဲ့ လက်စွမ်းပြ အနိုင်ယူခဲ့ပါတယ်။

အဆိုပါ ရလဒ်ကြောင့် Team Veteran အသင်းဟာ Predator Myanmar League ကို အနိုင်ရရှိပြီး ဆုငွေ ၂၅ သိန်းနဲ့အတူ မြန်မာကိုယ်စားပြုအသင်းအနေနဲ့ Asia Pacific Predator League 2020 ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ လာမယ့် ဖေဖော်ဝါရီ ၁၈-၂၂ ရက်နေ့အထိ ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲကိုတော့ ထိုင်ဝမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ အင်ဒို၊ ဘင်္ဂလားဒေ့ရှ်၊ စင်္ကာပူ၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်ကာ နဲ့ မွန်ဂိုလီးယား နိုင်ငံမှ Dota2 အသင်းတစ်သင်းစီ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ဆုကြေးကတော့ ဒေါ်လာ ၂၀၀,၀၀၀ အထိပေးအပ်မယ်လို့ Liquipedia မှ အချက်အလကများအရ သိရှိရပါတယ်။

Team Veteran အနေနဲ့ မကြာသေးမီကမှ WESG South East Asia ပြိုင်ပွဲမှာ Team Cyanide အမည်နဲ့ တတိယ ရရှိထားနိုင်ပြီး မကြာခင်ရက်ပိုင်းမှာလည်း မြန်မာကိုယ်စားပြုပြီး SEA Games 2019 ကို ဖိလစ်ပိုင်မှာ ယှဉ်ပြိုင်ရဦးမှာပါ။ SEA Games ပြီးရင်တော့ ၂၀၂၀ ဇန်နဝါရီမှာ မလေးရှားနိုင်ငံမှာ WESG APAC Final ကို ထပ်မံယှဉ်ပြိုင်ရဦးမှာမလို့ ကစားသမားအနေနဲ့ ပွဲကျပ်ကာလတွေကို အကောင်းဆုံး အနေအထားတစ်ခုနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်ထားရမှာပါ။

Team Cyanide at WESG SEA Main Event

ပြည်တွင်းပြိုင်ပွဲတွေမှာ မကြာခဏ အနိုင်ရဗိုလ်စွဲခဲ့ပေမယ့် ယခုပြိုင်ပွဲကတော့ Team Veteran အသင်းသားတစ်ယောက်ဖြစ်တဲ့ ShowTi အတွက်ကတော့ အမှတ်တရများစွာ ရှိနေပါတယ်။ Show Ti (အမည်ရင်း Aung Myat Soe) ရဲ့ မိခင်ဖြစ်သူဟာ ယခုပြိုင်ပွဲမစခင် ၂ ရက်အလိုမှာ ဆုံးပါးသွားခဲ့ရပါတယ်။ Dota2 ရဲ့ အကြီးမားဆုံး Patch အပြောင်းအလဲ တစ်ခုဖြစ်တဲ့ 7.23 ဟာလည်း လွန်ခဲ့တဲ့ ၂ ရက်ကမှ စတင်ထွက်ရှိလာတဲ့အတွက် အခြားအသင်းတွေ ကြိုးစားလေ့ကျင့်နေချိန် Veteran အသင်းသားတွေကတော့ ShowTi ရဲ့ အမေ နာရေးကိစ္စကြောင့် Team Training ပြုလုပ်ခွင့် မရခဲ့ပါဘူး။ ယခုပြိုင်ပွဲမှသာ Patch အသစ်ကို အသင်းသားအပြည့်အစုံနဲ့ ဆော့ခွင့်ရခဲ့ပေမယ့်လည်း Team Veteran ဟာ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့တဲ့အတွက် Show Ti လည်း ပူဆွေးမှုကို ဖြေသိမ့်နိုင်မယ်လို့ ထင်မြင်မိပါတယ်။

လာမယ့်ပြိုင်ပွဲတွေမှာလည်း အကောင်းဆုံး လက်စွမ်းပြပြီး မြန်မာ့ Esports ဂုဏ်ကိုဆောင်နိုင်ပါစေလို့ Gaming Noodle မှလည်း ဆုတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

Photo Credit: X-Gaming Live


[ZawGyi]

Asia Pacific Predator League 2020 မွာ ျမန္မာကိုယ္စားျပဳယွဥ္ၿပိဳင္ရမယ့္ Team Veteran

 

မေန႔ကက်င္းပၿပီးစီးခဲ့တဲ့ Myanmar Predator League 2020 ရဲ႕ Main Event မွာေတာ့ Team Veteran အသင္းက အႏိုင္ရဗိုလ္စြဲခဲ့ပါတယ္။ Acer Predator နဲ႔ X-Gaming တို႔ ဦးစီးက်င္းပခဲ့တဲ့ အဆိုပါၿပိဳင္ပြဲကိုေတာ့ Kan Thar Yar Shopping Mall မွာ က်င္းပခဲ့တာပဲ ျဖစ္ပါတယ္။

Main Event ပထမပြဲအေနနဲ႔ Yangon Galaticos အသင္းနဲ႔ KingPanda Gaming တို႔က Lower Bracket Final အေနနဲ႔ ယွဥ္ၿပိဳင္ခဲ့ၿပီး KingPanda Gaming က 2-1 နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ Grand Final ၿပိဳင္ပြဲကိုေတာ့ Team Veteran နဲ႔ KingPanda Gaming တို႔ Bo5 Series ယွဥ္ၿပိဳင္ခဲ့ၿပီး Team Veteran က 3-0 နဲ႔ လက္စြမ္းျပ အႏိုင္ယူခဲ့ပါတယ္။

အဆိုပါ ရလဒ္ေၾကာင့္ Team Veteran အသင္းဟာ Predator Myanmar League ကို အႏိုင္ရရွိၿပီး ဆုေငြ ၂၅ သိန္းနဲ႔အတူ ျမန္မာကိုယ္စားျပဳအသင္းအေနနဲ႔ Asia Pacific Predator League 2020 ကို ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕မွာ လာမယ့္ ေဖေဖာ္ဝါရီ ၁၈-၂၂ ရက္ေန႔အထိ ယွဥ္ၿပိဳင္ရေတာ့မွာပဲ ျဖစ္ပါတယ္။ အဆိုပါၿပိဳင္ပြဲကိုေတာ့ ထိုင္ဝမ္၊ မေလးရွား၊ ဖိလစ္ပိုင္၊ အင္ဒို၊ ဘဂၤလားေဒ့ရွ္၊ စကၤာပူ၊ အိႏၵိယ၊ ျမန္မာ၊ သီရိလင္ကာ နဲ႔ မြန္ဂိုလီးယား ႏိုင္ငံမွ Dota2 အသင္းတစ္သင္းစီ ပါဝင္ယွဥ္ၿပိဳင္ၾကမွာျဖစ္ၿပီး ဆုေၾကးကေတာ့ ေဒၚလာ ၂၀၀,၀၀၀ အထိေပးအပ္မယ္လို႔ Liquipedia မွ အခ်က္အလကမ်ားအရ သိရွိရပါတယ္။

Team Cyanide at WESG SEA Main Event

Team Veteran အေနနဲ႔ မၾကာေသးမီကမွ WESG South East Asia ၿပိဳင္ပြဲမွာ Team Cyanide အမည္နဲ႔ တတိယ ရရွိထားႏိုင္ၿပီး မၾကာခင္ရက္ပိုင္းမွာလည္း ျမန္မာကိုယ္စားျပဳၿပီး SEA Games 2019 ကို ဖိလစ္ပိုင္မွာ ယွဥ္ၿပိဳင္ရဦးမွာပါ။ SEA Games ၿပီးရင္ေတာ့ ၂၀၂၀ ဇန္နဝါရီမွာ မေလးရွားႏိုင္ငံမွာ WESG APAC Final ကို ထပ္မံယွဥ္ၿပိဳင္ရဦးမွာမလို႔ ကစားသမားအေနနဲ႔ ပြဲက်ပ္ကာလေတြကို အေကာင္းဆုံး အေနအထားတစ္ခုနဲ႔ ယွဥ္ၿပိဳင္ႏိုင္ဖို႔ ျပင္ဆင္ထားရမွာပါ။

ျပည္တြင္းၿပိဳင္ပြဲေတြမွာ မၾကာခဏ အႏိုင္ရဗိုလ္စြဲခဲ့ေပမယ့္ ယခုၿပိဳင္ပြဲကေတာ့ Team Veteran အသင္းသားတစ္ေယာက္ျဖစ္တဲ့ ShowTi အတြက္ကေတာ့ အမွတ္တရမ်ားစြာ ရွိေနပါတယ္။ Show Ti (အမည္ရင္း Aung Myat Soe) ရဲ႕ မိခင္ျဖစ္သူဟာ ယခုၿပိဳင္ပြဲမစခင္ ၂ ရက္အလိုမွာ ဆုံးပါးသြားခဲ့ရပါတယ္။ Dota2 ရဲ႕ အႀကီးမားဆုံး Patch အေျပာင္းအလဲ တစ္ခုျဖစ္တဲ့ 7.23 ဟာလည္း လြန္ခဲ့တဲ့ ၂ ရက္ကမွ စတင္ထြက္ရွိလာတဲ့အတြက္ အျခားအသင္းေတြ ႀကိဳးစားေလ့က်င့္ေနခ်ိန္ Veteran အသင္းသားေတြကေတာ့ ShowTi ရဲ႕ အေမ နာေရးကိစၥေၾကာင့္ Team Training ျပဳလုပ္ခြင့္ မရခဲ့ပါဘူး။ ယခုၿပိဳင္ပြဲမွသာ Patch အသစ္ကို အသင္းသားအျပည့္အစုံနဲ႔ ေဆာ့ခြင့္ရခဲ့ေပမယ့္လည္း Team Veteran ဟာ အေကာင္းဆုံး စြမ္းေဆာင္ျပႏိုင္ခဲ့တဲ့အတြက္ Show Ti လည္း ပူေဆြးမႈကို ေျဖသိမ့္ႏိုင္မယ္လို႔ ထင္ျမင္မိပါတယ္။

လာမယ့္ၿပိဳင္ပြဲေတြမွာလည္း အေကာင္းဆုံး လက္စြမ္းျပၿပီး ျမန္မာ့ Esports ဂုဏ္ကိုေဆာင္ႏိုင္ပါေစလို႔ Gaming Noodle မွလည္း ဆုေတာင္းေပးလိုက္ပါတယ္ ခင္ဗ်ာ။

Photo Credit: X-Gaming Live