[Unicode]

အာရှအဆင့် Dota2 ပြိုင်ပွဲ Asia Summer Championship အတွက် ဖိတ်ခေါ်ခံရတဲ့ “Team Veteran”

 

မြန်မာနိုင်ငံမှာ အောင်မြင်မှုအများဆုံး Dota2 အသင်းဖြစ်တဲ့ Team Veteran ဟာ (၆) လခန့် Disband ခဲ့ပြီးနောက် မေလ (၂၄) ရက်နေ့ကမှ အသင်းပြန်ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ကျော်ကြားမှုဟာ ရပ်တန့်သွားသည်မရှိဘဲ အသင်းပြန်ဖွဲ့ပြီး (၃) ပါတ်ခန့် အကြာမှာတော့ အာရှအဆင့် Dota2 ပြိုင်ပွဲတစ်ခုကို ပါဝင်ဖို့ Direct Invite ရရှိခဲ့ပါပြီ။

အဆိုပါပြိုင်ပွဲကတော့ LOOT.BET Asia Summer Championship ဖြစ်ပြီး ဆုကြေးဒေါ်လာ (၁၀,၀၀၀) (မြန်မာကျပ်ငွေ သိန်း ၁၄၀ ခန့်) ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကိုတော့ ဇွန်လ ၁၃ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး Online Tournament အဖြစ် ကျင်းပသွားမှာပါ။

ပါဝင်မယ့် အသင်းတွေကတော့

Group (A)
496 Gaming 🇻🇳
Execration 🇵🇭
Geekfam 🇲🇾
Motivade.Trust Gaming 🇹🇭
PG.Barracx 🇮🇩
Reverse Heaven 🇲🇾

Group (B)
Cignal Ultra 🇵🇭
Flower Gaming 🇲🇾
GoodFellaz 🇵🇭
Neon Esports 🇵🇭
Team Strawberry 🇨🇳
Team Veteran 🇲🇲

Geekfam နဲ့ Neon Esports တို့လိုမျိုး SEA အဆင့်ပြိုင်ပွဲတွေမှာ အမြဲ Direct Invite ရနေတဲ့ အသင်းတွေပါဝင်သလို လက်စွမ်းမနိမ့်တဲ့ Cignal Ultra, 496 Gaming နဲ့ Execration တို့လို အသင်းကောင်းတွေပါ ပါဝင်တာမို့လို့ Team Veteran အတွက် ခက်ခဲမယ့် ပွဲစဉ်ပါပဲ။

အုပ်စုအဆင့်မှာတော့ ထိပ်ဆုံး (၂) သင်းက Upper Bracket, အဆင့် (၃) နဲ့ (၄) အသင်းက Lower Bracket တက်ရောက်မှာဖြစ်ပြီး အောက်ဆုံး (၂) သင်းကတော့ ထွက်ခွာရမှာ ဖြစ်ပါတယ်။ Veteran အနေနဲ့ အုပ်စုမှာ Neon Esports, Cignal Ultra တို့အပြင် အရင် Lowkey Esports ဖြစ်တဲ့ GoodFellaz, ddz ပါဝင်မယ့် Flower Gaming, ထူးထူးခြားခြား တရုတ်အသင်း Team Strawberry တို့နဲ့ အတူကျရောက်နေတာကြောင့် အုပ်စုတက်ရေးကို ရုန်းကန်ရနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာအသင်းတွေပါဝင်တဲ့ နိုင်ငံတကာ Dota2 ပြိုင်ပွဲတွေ ရှားပါးနေချိန်မှာ အခုလို အသင်းကောင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ ဖျော်ဖြေမှု ပေးစွမ်းနိုင်မှာ အမှန်ပါပဲ။ Team Veteran ရဲ့ ပထမဆုံးပွဲစဉ်ကတော့ ဇွန်လ (၁၇) ရက်နေ့ဖြစ်ပြီး Team Strawberry နဲ့ စတင်ယှဉ်ပြိုင်ရမှာပါ။

ပူပူနွေးနွေး 9K MMR Carry Player “Mice” နဲ့အတူ Veteran ရဲ့ ယှဉ်ပြိုင်မှုတွေကိုတော့ Dota2 in-game TV, twitch နဲ့ ပြည်တွင်း Facebook Page တွေမှာ ကြည့်လို့ရနိုင်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။


[ZawGyi]

အာရွအဆင့္ Dota2 ၿပိဳင္ပြဲ Asia Summer Championship အတြက္ ဖိတ္ေခၚခံရတဲ့ “Team Veteran”

 

ျမန္မာႏိုင္ငံမွာ ေအာင္ျမင္မႈအမ်ားဆုံး Dota2 အသင္းျဖစ္တဲ့ Team Veteran ဟာ (၆) လခန႔္ Disband ခဲ့ၿပီးေနာက္ ေမလ (၂၄) ရက္ေန႔ကမွ အသင္းျပန္ဖြဲ႕ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတို႔ရဲ႕ ေက်ာ္ၾကားမႈဟာ ရပ္တန႔္သြားသည္မရွိဘဲ အသင္းျပန္ဖြဲ႕ၿပီး (၃) ပါတ္ခန႔္ အၾကာမွာေတာ့ အာရွအဆင့္ Dota2 ၿပိဳင္ပြဲတစ္ခုကို ပါဝင္ဖို႔ Direct Invite ရရွိခဲ့ပါၿပီ။

အဆိုပါၿပိဳင္ပြဲကေတာ့ LOOT.BET Asia Summer Championship ျဖစ္ၿပီး ဆုေၾကးေဒၚလာ (၁၀,၀၀၀) (ျမန္မာက်ပ္ေငြ သိန္း ၁၄၀ ခန႔္) ေပးအပ္သြားမွာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲကိုေတာ့ ဇြန္လ ၁၃ ရက္ေန႔ကေန ၂၈ ရက္ေန႔အထိ က်င္းပသြားမွာျဖစ္ၿပီး Online Tournament အျဖစ္ က်င္းပသြားမွာပါ။

ပါဝင္မယ့္ အသင္းေတြကေတာ့

Group (A)
496 Gaming 🇻🇳
Execration 🇵🇭
Geekfam 🇲🇾
Motivade.Trust Gaming 🇹🇭
PG.Barracx 🇮🇩
Reverse Heaven 🇲🇾

Group (B)
Cignal Ultra 🇵🇭
Flower Gaming 🇲🇾
GoodFellaz 🇵🇭
Neon Esports 🇵🇭
Team Strawberry 🇨🇳
Team Veteran 🇲🇲

Geekfam နဲ႔ Neon Esports တို႔လိုမ်ိဳး SEA အဆင့္ၿပိဳင္ပြဲေတြမွာ အၿမဲ Direct Invite ရေနတဲ့ အသင္းေတြပါဝင္သလို လက္စြမ္းမနိမ့္တဲ့ Cignal Ultra, 496 Gaming နဲ႔ Execration တို႔လို အသင္းေကာင္းေတြပါ ပါဝင္တာမို႔လို႔ Team Veteran အတြက္ ခက္ခဲမယ့္ ပြဲစဥ္ပါပဲ။

အုပ္စုအဆင့္မွာေတာ့ ထိပ္ဆုံး (၂) သင္းက Upper Bracket, အဆင့္ (၃) နဲ႔ (၄) အသင္းက Lower Bracket တက္ေရာက္မွာျဖစ္ၿပီး ေအာက္ဆုံး (၂) သင္းကေတာ့ ထြက္ခြာရမွာ ျဖစ္ပါတယ္။ Veteran အေနနဲ႔ အုပ္စုမွာ Neon Esports, Cignal Ultra တို႔အျပင္ အရင္ Lowkey Esports ျဖစ္တဲ့ GoodFellaz, ddz ပါဝင္မယ့္ Flower Gaming, ထူးထူးျခားျခား တ႐ုတ္အသင္း Team Strawberry တို႔နဲ႔ အတူက်ေရာက္ေနတာေၾကာင့္ အုပ္စုတက္ေရးကို ႐ုန္းကန္ရႏိုင္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ျမန္မာအသင္းေတြပါဝင္တဲ့ ႏိုင္ငံတကာ Dota2 ၿပိဳင္ပြဲေတြ ရွားပါးေနခ်ိန္မွာ အခုလို အသင္းေကာင္းေတြနဲ႔ ယွဥ္ၿပိဳင္ရမွာဆိုေတာ့ ေဖ်ာ္ေျဖမႈ ေပးစြမ္းႏိုင္မွာ အမွန္ပါပဲ။ Team Veteran ရဲ႕ ပထမဆုံးပြဲစဥ္ကေတာ့ ဇြန္လ (၁၇) ရက္ေန႔ျဖစ္ၿပီး Team Strawberry နဲ႔ စတင္ယွဥ္ၿပိဳင္ရမွာပါ။

ပူပူေႏြးေႏြး 9K MMR Carry Player “Mice” နဲ႔အတူ Veteran ရဲ႕ ယွဥ္ၿပိဳင္မႈေတြကိုေတာ့ Dota2 in-game TV, twitch နဲ႔ ျပည္တြင္း Facebook Page ေတြမွာ ၾကည့္လို႔ရႏိုင္ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။