[Unicode]
Valve မှ တရားဝင်ထုတ်ပြန်ခဲ့တဲ့ အနာဂတ် Dota2 ပြိုင်ပွဲများအကြောင်း
Valve ဟာ Dota 2 အသိုင်းအဝိုင်းကို အလေးမထားပဲ ပစ်ပယ်လျက်ရှိကြောင်း ပရိသတ်များရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုများ မကြာသေးမီက ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါကြောင့် ယခုအချိန်မှာတော့ Valve ဟာ အနာဂတ် competitive Dota 2 လောကအတွက် ပြိုင်ပွဲများနဲ့ အစီအစဉ်များအကြောင်း ရှင်းလင်းရေးသားချက်တစ်ခုကို Dota 2 တရားဝင်ဝက်ဘ်ဆိုက်ရဲ့ blog စာမျက်နှာပေါ်မှာ တင်ခဲ့ရပါတယ်။
DPC နဲ့ TI10 အကြောင်း ရှင်းလင်းချက်

Valve ရဲ့ ရှင်းလင်းရေးသားချက်အတွင်းမှာ ယင်းတို့ဟာ DPC ကို ရွှေ့ဆိုင်းလိုက်ရပြီးနောက် third-party ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း စတင််ဖော်ပြထားခဲ့ပါတယ်။ Valve ဟာ ရုံတွင်းပရိသတ်မပါပဲ အသင်းများနဲ့ caster များသာပါဝင်မယ့် TI တစ်ခုကို ပြုလုပ်ဖို့ ကြံစည်ခဲ့သေးပေမယ့် ဒါဟာအစီအစဉ်ကောင်းတစ်ခုမဟုတ်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဒေသပေါင်းစုံက အသင်းများစုံလင်စွာ မပါဝင်တဲ့ DPC season တစ်ခုကို ပြုလုပ်လိုက်ရင်လည်း TI ပွဲအရောက်မှာ ယင်းအသင်းများအတွက် DPC point မမျှတမှုများ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ ရေးသားချက်အတွင်း Valve ဟာ DPC ပြိုင်ပွဲများကို နောက်နှစ် ၂၀၂၁ ဇန်နဝါရီလ သို့မဟုတ် ဖေဖော်ဝါရီလလောက်မှာ စတင်ကျင်းပမှာဖြစ်ပြီး TI10 ကိုတော့ ၂၀၂၁ သြဂုတ်လအတွင်း ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ ကျင်းပသွားမှာဖြစ်ကာ နေရာအဆင်မပြေဖြစ်လာခဲ့ရင် ထပ်မံပြောင်းရွှေ့ဖို့ နိုင်ငံများလည်း စီစဉ်ထားလိုက်ပြီလို့ ဆိုထားပါတယ်။
အနာဂတ် Dota 2 Competitive Esports အကြောင်း ရှင်းလင်းချက်
အနာဂတ်မှာ Valve ဟာ third-party အဖွဲ့အစည်းများက ပြုလုပ်မယ့်ပြိုင်ပွဲများကို ဥရောပနဲ့ CIS ဒေသအတွက် အနည်းဆုံး ၄ ခုနဲ့ တရုတ်ဒေသအတွက် အနည်းဆုံး ၃ ခု ကျင်းပပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အခြားအစီအစဉ်များလည်း ရှိသေးပေမယ့် အကောင်အထည်ပေါ်အောင် ဆောင်ရွက်နေဆဲမို့ လက်ရှိမှာ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ဒါ့အပြင် Valve ဟာ လက်ရှိအချိန်မှာ ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့အနေအထားကြောင့် ပြိုင်ပွဲဝင်အသင်းများ၊ caster များ၊ အဖွဲ့အစည်းများနဲ့ ပရိသတ်များအားလုံးကို ဆက်လက် ကျင်းပမယ့် ပြိုင်ပွဲများ အကြောင်းနဲ့ ပတ်သက်ပြီး တိတိကျကျအသိမပေးနိုင်သေးကြောင်း၊ ဒီကိစ္စပြေလည်သွားအောင် အင်တိုက်အားတိုက် လုပ်ဆောင်ဖို့ အားနည်းပြီး ပရိသတ်စိတ်ကျေနပ်အောင် မစွမ်းဆောင်နိုင်ခဲ့တာဟာ ယင်းတို့ရဲ့ အမှားဖြစ်ကြောင်းတို့ကိုလည်း ရေးသားထားခဲ့ပါတယ်။
ဒါကြောင့် ယခုအချိန်မှာ ပြိုင်ပွဲကျင်းပရေးအဖွဲ့အစည်းများထံ ဆက်သွယ်ပြီး ပြိုင်ပွဲများ ဖြစ်မြောက်ရေး အတွက် လိုအပ်တဲ့အကူအညီများနဲ့ ငွေကြေးထောက်ပံ့မှုပြုလုပ်သွားမှာဖြစ်ကြောင်း၊ ယခုနှစ်ရဲ့ ကျန်ရှိနေတဲ့ အချိန်များကို အလဟဿမကုန်ဆုံးစေပဲ ကာမိအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ ပြိုင်ပွဲများနဲ့ပတ်သက်တဲ့ ကြေညာမှုများကို ဖြည်းဖြည်းချင်း ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း စတာတွေကိုလည်း ရေးသားထားခဲ့ ပါသေးတယ်။
Dota 2 boradcasting မူပိုင်ခွင့်နဲ့ third-party ပြိုင်ပွဲများကို streamer များက broadcast ပြန်လည်ပြုလုပ်နေခြင်းများအကြောင်း ရှင်းလင်းချက်
Valve ဟာ Dota 2 streaming မူပိုင်ခွင့်နဲ့ ပတ်သက်လို့ အနည်းငယ်ပြောင်းလဲမှုများပြုလုပ်ခဲ့ပါတယ်။ ယင်းပြောင်းလဲမှုအရ Dota 2 ပြိုင်ပွဲများကို streamer များက မိမိတို့ ကြိုက်နှစ်သက်သလို ပြန်လည် cast လုပ် stream လွှင့်နေခြင်းကို ဆက်လက်ခွင့်ပြုသွားမှာဖြစ်ပေမယ့် ပြိုင်ပွဲကျင်းပတဲ့အဖွဲ့အစည်းများအတွက် အကျိုးအမြတ်အနည်းငယ် ပြန်လည်ရရှိအောင် ပြုလုပ်ပေးသွားမယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့မှာ စတင်အသက်ဝင်မယ့် ယင်း DotaTV လိုင်စင်ပြောင်းလဲမှုအရ ပြိုင်ပွဲကျင်းပတဲ့ အဖွဲ့အစည်းများဟာ ယင်းတို့ကျင်းပတဲ့ပြိုင်ပွဲကို ပြန်လွှင့်တဲ့ အခြား stream အတွင်း ကြော်ငြာဝင်ရောက် ထည့်သွင်းခြင်း၊ ဂိမ်းပွဲများကို အခြား stream ကနေ ကြည့်ရှုရင် တိုက်ရိုက်ကြည့်ရှုတာထက် အချိန်အနည်းငယ် နောက်ကျအောင်ပြုလုပ်ခြင်း စတဲ့ လုပ်ပိုင်ခွင့်များကို ရရှိလာကြမှာပါ။ ဒါပေမယ့် ပြိုင်ပွဲကျင်းပတဲ့အဖွဲ့အစည်းများဟာ streamer များဆီက ငွေကြေးတစ်စုံတစ်ရာကောက်ခံခွင့်တော့ ရရှိမှာ မဟုတ်ကြောင်း ရေးသားထားခဲ့ပါတယ်။

Valve ရဲ့ ကြေညာချက်အရ လာမယ့် DPC season သစ်ကို ၂၀၂၁ နှစ်ဦးပိုင်းလောက်မှာမှ မြင်တွေ့ကြရမှာဖြစ်သလို TI10 ကျင်းပမယ့်အချိန်ဟာလည်း လွန်စွာကြာမြင့်ဦးမှာပါ။ Dota 2 ပရိသတ်များကတော့ TI10 အပါအဝင် Dota 2 ပြိုင်ပွဲကြီးများ အားပါးတရကြည့်ရှုနိုင်မယ့်အချိန်ကို ဆက်လက်စောင့်မျှော်နေကြဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: afkgaming, Dota 2 blog
============================================
[ZawGyi]
Valve မွ တရားဝင္ထုတ္ျပန္ခဲ့တဲ့ အနာဂတ္ Dota2 ၿပိဳင္ပြဲမ်ားအေၾကာင္း
Valve ဟာ Dota 2 အသိုင္းအဝိုင္းကို အေလးမထားပဲ ပစ္ပယ္လ်က္ရွိေၾကာင္း ပရိသတ္မ်ားရဲ႕ ျပင္းျပင္းထန္ထန္ေဝဖန္မႈမ်ား မၾကာေသးမီက ေပၚေပါက္လာခဲ့ပါတယ္။ ဒါေၾကာင့္ ယခုအခ်ိန္မွာေတာ့ Valve ဟာ အနာဂတ္ competitive Dota 2 ေလာကအတြက္ ၿပိဳင္ပြဲမ်ားနဲ႔ အစီအစဥ္မ်ားအေၾကာင္း ရွင္းလင္းေရးသားခ်က္တစ္ခုကို Dota 2 တရားဝင္ဝက္ဘ္ဆိုက္ရဲ႕ blog စာမ်က္ႏွာေပၚမွာ တင္ခဲ့ရပါတယ္။
DPC နဲ႔ TI10 အေၾကာင္း ရွင္းလင္းခ်က္

Valve ရဲ႕ ရွင္းလင္းေရးသားခ်က္အတြင္းမွာ ယင္းတို႔ဟာ DPC ကို ေ႐ႊ႕ဆိုင္းလိုက္ရၿပီးေနာက္ third-party ၿပိဳင္ပြဲက်င္းပေရးအဖြဲ႕အစည္းမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္ျပဳလုပ္ေနေၾကာင္း စတင္္ေဖာ္ျပထားခဲ့ပါတယ္။ Valve ဟာ ႐ုံတြင္းပရိသတ္မပါပဲ အသင္းမ်ားနဲ႔ caster မ်ားသာပါဝင္မယ့္ TI တစ္ခုကို ျပဳလုပ္ဖို႔ ႀကံစည္ခဲ့ေသးေပမယ့္ ဒါဟာအစီအစဥ္ေကာင္းတစ္ခုမဟုတ္ေၾကာင္း ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ ကမာၻ႔ေဒသေပါင္းစုံက အသင္းမ်ားစုံလင္စြာ မပါဝင္တဲ့ DPC season တစ္ခုကို ျပဳလုပ္လိုက္ရင္လည္း TI ပြဲအေရာက္မွာ ယင္းအသင္းမ်ားအတြက္ DPC point မမွ်တမႈမ်ား ျဖစ္လာႏိုင္တယ္လို႔လည္း ဆိုပါတယ္။ ေရးသားခ်က္အတြင္း Valve ဟာ DPC ၿပိဳင္ပြဲမ်ားကို ေနာက္ႏွစ္ ၂၀၂၁ ဇန္နဝါရီလ သို႔မဟုတ္ ေဖေဖာ္ဝါရီလေလာက္မွာ စတင္က်င္းပမွာျဖစ္ၿပီး TI10 ကိုေတာ့ ၂၀၂၁ ၾသဂုတ္လအတြင္း ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းမွာ က်င္းပသြားမွာျဖစ္ကာ ေနရာအဆင္မေျပျဖစ္လာခဲ့ရင္ ထပ္မံေျပာင္းေ႐ႊ႕ဖို႔ ႏိုင္ငံမ်ားလည္း စီစဥ္ထားလိုက္ၿပီလို႔ ဆိုထားပါတယ္။
အနာဂတ္ Dota 2 Competitive Esports အေၾကာင္း ရွင္းလင္းခ်က္
အနာဂတ္မွာ Valve ဟာ third-party အဖြဲ႕အစည္းမ်ားက ျပဳလုပ္မယ့္ၿပိဳင္ပြဲမ်ားကို ဥေရာပနဲ႔ CIS ေဒသအတြက္ အနည္းဆုံး ၄ ခုနဲ႔ တ႐ုတ္ေဒသအတြက္ အနည္းဆုံး ၃ ခု က်င္းပေပးဖို႔ စီစဥ္ထားတယ္လို႔ ဆိုပါတယ္။ အျခားအစီအစဥ္မ်ားလည္း ရွိေသးေပမယ့္ အေကာင္အထည္ေပၚေအာင္ ေဆာင္႐ြက္ေနဆဲမို႔ လက္ရွိမွာ ထုတ္ေဖာ္ေျပာၾကားႏိုင္ျခင္း မရွိေသးဘူးလို႔လည္း ဆိုပါတယ္။

ဒါ့အျပင္ Valve ဟာ လက္ရွိအခ်ိန္မွာ ႀကဳံေတြ႕ေနရတဲ့ ခက္ခဲတဲ့အေနအထားေၾကာင့္ ၿပိဳင္ပြဲဝင္အသင္းမ်ား၊ caster မ်ား၊ အဖြဲ႕အစည္းမ်ားနဲ႔ ပရိသတ္မ်ားအားလုံးကို ဆက္လက္ က်င္းပမယ့္ ၿပိဳင္ပြဲမ်ား အေၾကာင္းနဲ႔ ပတ္သက္ၿပီး တိတိက်က်အသိမေပးႏိုင္ေသးေၾကာင္း၊ ဒီကိစၥေျပလည္သြားေအာင္ အင္တိုက္အားတိုက္ လုပ္ေဆာင္ဖို႔ အားနည္းၿပီး ပရိသတ္စိတ္ေက်နပ္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့တာဟာ ယင္းတို႔ရဲ႕ အမွားျဖစ္ေၾကာင္းတို႔ကိုလည္း ေရးသားထားခဲ့ပါတယ္။
ဒါေၾကာင့္ ယခုအခ်ိန္မွာ ၿပိဳင္ပြဲက်င္းပေရးအဖြဲ႕အစည္းမ်ားထံ ဆက္သြယ္ၿပီး ၿပိဳင္ပြဲမ်ား ျဖစ္ေျမာက္ေရး အတြက္ လိုအပ္တဲ့အကူအညီမ်ားနဲ႔ ေငြေၾကးေထာက္ပံ့မႈျပဳလုပ္သြားမွာျဖစ္ေၾကာင္း၊ ယခုႏွစ္ရဲ႕ က်န္ရွိေနတဲ့ အခ်ိန္မ်ားကို အလဟႆမကုန္ဆုံးေစပဲ ကာမိေအာင္ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း၊ ၿပိဳင္ပြဲမ်ားနဲ႔ပတ္သက္တဲ့ ေၾကညာမႈမ်ားကို ျဖည္းျဖည္းခ်င္း ဆက္လက္ျပဳလုပ္သြားမွာျဖစ္ေၾကာင္း စတာေတြကိုလည္း ေရးသားထားခဲ့ ပါေသးတယ္။
Dota 2 boradcasting မူပိုင္ခြင့္နဲ႔ third-party ၿပိဳင္ပြဲမ်ားကို streamer မ်ားက broadcast ျပန္လည္ျပဳလုပ္ေနျခင္းမ်ားအေၾကာင္း ရွင္းလင္းခ်က္
Valve ဟာ Dota 2 streaming မူပိုင္ခြင့္နဲ႔ ပတ္သက္လို႔ အနည္းငယ္ေျပာင္းလဲမႈမ်ားျပဳလုပ္ခဲ့ပါတယ္။ ယင္းေျပာင္းလဲမႈအရ Dota 2 ၿပိဳင္ပြဲမ်ားကို streamer မ်ားက မိမိတို႔ ႀကိဳက္ႏွစ္သက္သလို ျပန္လည္ cast လုပ္ stream လႊင့္ေနျခင္းကို ဆက္လက္ခြင့္ျပဳသြားမွာျဖစ္ေပမယ့္ ၿပိဳင္ပြဲက်င္းပတဲ့အဖြဲ႕အစည္းမ်ားအတြက္ အက်ိဳးအျမတ္အနည္းငယ္ ျပန္လည္ရရွိေအာင္ ျပဳလုပ္ေပးသြားမယ္လို႔ ဆိုပါတယ္။
စက္တင္ဘာလ ၁၅ ရက္ေန႔မွာ စတင္အသက္ဝင္မယ့္ ယင္း DotaTV လိုင္စင္ေျပာင္းလဲမႈအရ ၿပိဳင္ပြဲက်င္းပတဲ့ အဖြဲ႕အစည္းမ်ားဟာ ယင္းတို႔က်င္းပတဲ့ၿပိဳင္ပြဲကို ျပန္လႊင့္တဲ့ အျခား stream အတြင္း ေၾကာ္ျငာဝင္ေရာက္ ထည့္သြင္းျခင္း၊ ဂိမ္းပြဲမ်ားကို အျခား stream ကေန ၾကည့္ရႈရင္ တိုက္႐ိုက္ၾကည့္ရႈတာထက္ အခ်ိန္အနည္းငယ္ ေနာက္က်ေအာင္ျပဳလုပ္ျခင္း စတဲ့ လုပ္ပိုင္ခြင့္မ်ားကို ရရွိလာၾကမွာပါ။ ဒါေပမယ့္ ၿပိဳင္ပြဲက်င္းပတဲ့အဖြဲ႕အစည္းမ်ားဟာ streamer မ်ားဆီက ေငြေၾကးတစ္စုံတစ္ရာေကာက္ခံခြင့္ေတာ့ ရရွိမွာ မဟုတ္ေၾကာင္း ေရးသားထားခဲ့ပါတယ္။

Valve ရဲ႕ ေၾကညာခ်က္အရ လာမယ့္ DPC season သစ္ကို ၂၀၂၁ ႏွစ္ဦးပိုင္းေလာက္မွာမွ ျမင္ေတြ႕ၾကရမွာျဖစ္သလို TI10 က်င္းပမယ့္အခ်ိန္ဟာလည္း လြန္စြာၾကာျမင့္ဦးမွာပါ။ Dota 2 ပရိသတ္မ်ားကေတာ့ TI10 အပါအဝင္ Dota 2 ၿပိဳင္ပြဲႀကီးမ်ား အားပါးတရၾကည့္ရႈႏိုင္မယ့္အခ်ိန္ကို ဆက္လက္ေစာင့္ေမွ်ာ္ေနၾကဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: afkgaming, Dota 2 blog