[Unicode]

မသေချာမရေရာဖြစ်နေရဆဲ TI10 ကျင်းပမယ့်နေ့စွဲနဲ့ DPC season သစ် စတင်မယ့်အချိန်

 

ယခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ TI10 ဟာ Covid-19 ရဲ့ ရိုက်ခတ်မှုကြောင့် အချိန်ရွှေ့ဆိုင်းသွားခဲ့ရတာကို Dota 2 ပရိသတ်များအားလုံး သိရှိထားကြပြီးသားဖြစ်မှာပါ။ ဒါပေမယ့် Valve ဟာ TI10 Battle Pass ကို မူလအစီအစဥ်အတိုင်း ဖြန့်ချိရောင်းချခဲ့လို့ မကျင်းပရသေးတဲ့ TI10 ဟာ Esports သမိုင်းကြောင်းတစ်လျှောက်မှာ ဆုကြေးငွေအများဆုံးပြိုင်ပွဲကြီးအဖြစ် မကြာသေးမီက စံချိန်တင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။

TI10 မှာ ချီးမြှင့်မယ့် ဆုကြေးငွေစုစုပေါင်းဟာ လက်ရှိမှာ ဒေါ်လာ ၃၄,၃၃၀,၀၆၈ ကျော်အထိ ရှိနေပြီဖြစ်ပြီး အချိန်နှင့်အမျှဆက်လက်မြင့်တက်လျက်ရှိ​ပါတယ်။ ပြီးခဲ့တဲ့နှစ်က TI9 မှာ ချီးမြှင့်ခဲ့တဲ့ ဆုကြေးငွေစုစုပေါင်းဟာ ဒေါ်လာ ၃၄.၃၃ သန်း ဖြစ်လို့ TI10 မှာ ချီးမြှင့်မယ့်ဆုကြေးငွေက အနည်းငယ်ပိုများသွားတာနဲ့တစ်​ပြိုင်နက် Valve ရဲ့ ဂုဏ်ယူဝင့်ကြွားတဲ့ကြေညာချက် ထွက်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမယ့် Valve ဟာ TI10 ပြိုင်ပွဲကြီး ကျင်းပမယ့်နေ့စွဲသစ်အတိအကျကိုတော့ ယခုအချိန်အထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ထွက်ပေါ်လာခဲ့တဲ့ Valve ရဲ့ တရားဝင်ကြေညာချက်အတွင်းမှာလည်း Covid-19 ကပ်ရောဂါဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေသေးကြောင်း၊ Covid-19 ရဲ့ ခန့်မှန်းရခက်မှုဟာ မြင့်မားနေသေးတဲ့အတွက် TI10 ကျင်းပမယ့် နေ့စွဲသစ်နဲ့ လာမယ့် DPC season စတင်မယ့် နေ့စွဲသစ်တို့ကို ယခုအချိန်မှာ ကြေညာဖို့ မဖြစ်နိုင်သေးကြောင်း၊ ပရိသတ်များအနေနဲ့ သိချင်စိတ်ပြင်းထန်နေကြတာကို နားလည်ကြောင်း၊ ဒါကြောင့် ကြေညာချက်အသစ်များကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြုလုပ်သွားမှာဖြစ်ကြောင်း အစရှိသဖြင့်သာ ရေးသားထားခဲ့ပါတယ်။

ယခုနှစ်အတွင်း TI10 သာ ကျင်းပဖြစ်ခဲ့မယ့်ဆိုရင် ပရိသတ်များအနေနဲ့ TI ချန်ပီယံအသင်းသစ်ကို သြဂုတ်လ ၂၃ ရက်နေ့မှာ မြင်တွေ့ခဲ့ကြရမှာပါ။ ဒီအကြောင်းနဲ့ ပတ်သက်လို့ Dota 2 ကို ဖန်တီးခဲ့သူ IceFrog က TI final ပွဲများကျင်းပတဲ့နေ့ဟာ နှစ်တစ်နှစ်တာရဲ့ အကောင်းဆုံးသောနေ့ရက်များဖြစ်ကြောင်း၊ ဒါပေမယ့် ယခုနှစ်အတွက် TI ချန်ပီယံသစ်များ ပေါ်ထွက်မလာနိုင်တာကတော့ ဝမ်းနည်းစရာကောင်းလှကြောင်း၊ ယခုနှစ်ဟာ ကမ္ဘာပေါ်က လူအမြောက်အများအတွက် ခက်ခဲကြမ်းတမ်းတဲ့နှစ်တစ်နှစ်ဖြစ်ကြောင်း၊ အားလုံးဘေးကင်းစွာရှိနေကြဖို့ မျှော်လင့်မိပါကြောင်း အစရှိသဖြင့် တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

မူလက စီစဉ်ထားခဲ့တဲ့အတိုင်းဆိုရင် ၂၀၂၀ – ၂၀၂၁ DPC season သစ်ဟာ အောက်တိုဘာလ ၅ ရက်နေ့မှာ စတင်ရတော့မှာဖြစ်ပြီး season ရဲ့ ပထမဆုံးမေဂျာဟာ ဒီဇင်ဘာလ ၁၁ ရက်​နေ့မှာ စတင်ရမှာပါ။ ဒါပေမယ့် ယခုနှစ်အတွင်း TI10 မကျင်းပဖြစ်ခဲ့တာမို့ TI မရှိပဲ DPC season ၂ ခု ဆက်သွားနိုင်တဲ့ပြဿနာကို Valve က ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာဟာလည်း ယခုအချိန်ထိ ပရိသတ်များ မခန့်မှန်းနိုင်သေးတဲ့ကိစ္စတစ်ခုဖြစ်​​နေရပါတယ်။

Original TI10 Schedule

မည်သို့ပင်ဖြစ်စေ အွန်လိုင်းသီးသန့်စနစ်နဲ့ကျင်းပတဲ့ Dota 2 ပြိုင်ပွဲများကိုတော့ ဆက်လက်မြင်တွေ့နေကြရဦးမှာပါ။ ပြိုင်ပွဲများ​​ကြည့်ရှုနေရင်း TI10 နဲ့ DPC season သစ်များအတွက် ဘယ်လိုကြေညာချက်သစ်တွေ ထွက်ပေါ်လာဦးမလဲဆိုတာကို အချိန်ကာလတစ်ခုကြာမြင့်သည်အထိ စိတ်လှုပ်ရှားစွာ ဆက်လက်စောင့်မျှော်ကြရဦးမှာပဲဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။


[ZawGyi]

မေသခ်ာမေရရာျဖစ္ေနရဆဲ TI10 က်င္းပမယ့္ေန႔စြဲနဲ႔ DPC season သစ္ စတင္မယ့္အခ်ိန္

 

ယခုႏွစ္အတြင္း က်င္းပဖို႔ စီစဥ္ထားခဲ့တဲ့ TI10 ဟာ Covid-19 ရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ အခ်ိန္ေ႐ႊ႕ဆိုင္းသြားခဲ့ရတာကို Dota 2 ပရိသတ္မ်ားအားလုံး သိရွိထားၾကၿပီးသားျဖစ္မွာပါ။ ဒါေပမယ့္ Valve ဟာ TI10 Battle Pass ကို မူလအစီအစဥ္အတိုင္း ျဖန႔္ခ်ိေရာင္းခ်ခဲ့လို႔ မက်င္းပရေသးတဲ့ TI10 ဟာ Esports သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ ဆုေၾကးေငြအမ်ားဆုံးၿပိဳင္ပြဲႀကီးအျဖစ္ မၾကာေသးမီက စံခ်ိန္တင္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။

TI10 မွာ ခ်ီးျမႇင့္မယ့္ ဆုေၾကးေငြစုစုေပါင္းဟာ လက္ရွိမွာ ေဒၚလာ ၃၄,၃၃၀,၀၆၈ ေက်ာ္အထိ ရွိေနၿပီျဖစ္ၿပီး အခ်ိန္ႏွင့္အမွ်ဆက္လက္ျမင့္တက္လ်က္ရွိ​ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က TI9 မွာ ခ်ီးျမႇင့္ခဲ့တဲ့ ဆုေၾကးေငြစုစုေပါင္းဟာ ေဒၚလာ ၃၄.၃၃ သန္း ျဖစ္လို႔ TI10 မွာ ခ်ီးျမႇင့္မယ့္ဆုေၾကးေငြက အနည္းငယ္ပိုမ်ားသြားတာနဲ႔တစ္​ၿပိဳင္နက္ Valve ရဲ႕ ဂုဏ္ယူဝင့္ႂကြားတဲ့ေၾကညာခ်က္ ထြက္ေပၚလာခဲ့တာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ Valve ဟာ TI10 ၿပိဳင္ပြဲႀကီး က်င္းပမယ့္ေန႔စြဲသစ္အတိအက်ကိုေတာ့ ယခုအခ်ိန္အထိ ထုတ္ျပန္ေၾကညာျခင္း မရွိေသးပါဘူး။ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းက ထြက္ေပၚလာခဲ့တဲ့ Valve ရဲ႕ တရားဝင္ေၾကညာခ်က္အတြင္းမွာလည္း Covid-19 ကပ္ေရာဂါဟာ တစ္ကမာၻလုံးမွာ ျဖစ္ေပၚေနေသးေၾကာင္း၊ Covid-19 ရဲ႕ ခန႔္မွန္းရခက္မႈဟာ ျမင့္မားေနေသးတဲ့အတြက္ TI10 က်င္းပမယ့္ ေန႔စြဲသစ္နဲ႔ လာမယ့္ DPC season စတင္မယ့္ ေန႔စြဲသစ္တို႔ကို ယခုအခ်ိန္မွာ ေၾကညာဖို႔ မျဖစ္ႏိုင္ေသးေၾကာင္း၊ ပရိသတ္မ်ားအေနနဲ႔ သိခ်င္စိတ္ျပင္းထန္ေနၾကတာကို နားလည္ေၾကာင္း၊ ဒါေၾကာင့္ ေၾကညာခ်က္အသစ္မ်ားကို ျဖစ္ႏိုင္သမွ် အျမန္ဆုံးျပဳလုပ္သြားမွာျဖစ္ေၾကာင္း အစရွိသျဖင့္သာ ေရးသားထားခဲ့ပါတယ္။

ယခုႏွစ္အတြင္း TI10 သာ က်င္းပျဖစ္ခဲ့မယ့္ဆိုရင္ ပရိသတ္မ်ားအေနနဲ႔ TI ခ်န္ပီယံအသင္းသစ္ကို ၾသဂုတ္လ ၂၃ ရက္ေန႔မွာ ျမင္ေတြ႕ခဲ့ၾကရမွာပါ။ ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ Dota 2 ကို ဖန္တီးခဲ့သူ IceFrog က TI final ပြဲမ်ားက်င္းပတဲ့ေန႔ဟာ ႏွစ္တစ္ႏွစ္တာရဲ႕ အေကာင္းဆုံးေသာေန႔ရက္မ်ားျဖစ္ေၾကာင္း၊ ဒါေပမယ့္ ယခုႏွစ္အတြက္ TI ခ်န္ပီယံသစ္မ်ား ေပၚထြက္မလာႏိုင္တာကေတာ့ ဝမ္းနည္းစရာေကာင္းလွေၾကာင္း၊ ယခုႏွစ္ဟာ ကမာၻေပၚက လူအေျမာက္အမ်ားအတြက္ ခက္ခဲၾကမ္းတမ္းတဲ့ႏွစ္တစ္ႏွစ္ျဖစ္ေၾကာင္း၊ အားလုံးေဘးကင္းစြာရွိေနၾကဖို႔ ေမွ်ာ္လင့္မိပါေၾကာင္း အစရွိသျဖင့္ တြစ္တာေပၚမွာ ေရးသားခဲ့ပါတယ္။

မူလက စီစဥ္ထားခဲ့တဲ့အတိုင္းဆိုရင္ ၂၀၂၀ – ၂၀၂၁ DPC season သစ္ဟာ ေအာက္တိုဘာလ ၅ ရက္ေန႔မွာ စတင္ရေတာ့မွာျဖစ္ၿပီး season ရဲ႕ ပထမဆုံးေမဂ်ာဟာ ဒီဇင္ဘာလ ၁၁ ရက္​ေန႔မွာ စတင္ရမွာပါ။ ဒါေပမယ့္ ယခုႏွစ္အတြင္း TI10 မက်င္းပျဖစ္ခဲ့တာမို႔ TI မရွိပဲ DPC season ၂ ခု ဆက္သြားႏိုင္တဲ့ျပႆနာကို Valve က ဘယ္လိုကိုင္တြယ္ေျဖရွင္းမလဲဆိုတာဟာလည္း ယခုအခ်ိန္ထိ ပရိသတ္မ်ား မခန႔္မွန္းႏိုင္ေသးတဲ့ကိစၥတစ္ခုျဖစ္​​ေနရပါတယ္။

Original TI10 Schedule

မည္သို႔ပင္ျဖစ္ေစ အြန္လိုင္းသီးသန္႔စနစ္နဲ႔က်င္းပတဲ့ Dota 2 ၿပိဳင္ပြဲမ်ားကိုေတာ့ ဆက္လက္ျမင္ေတြ႕ေနၾကရဦးမွာပါ။ ၿပိဳင္ပြဲမ်ား​​ၾကည့္ရႈေနရင္း TI10 နဲ႔ DPC season သစ္မ်ားအတြက္ ဘယ္လိုေၾကညာခ်က္သစ္ေတြ ထြက္ေပၚလာဦးမလဲဆိုတာကို အခ်ိန္ကာလတစ္ခုၾကာျမင့္သည္အထိ စိတ္လႈပ္ရွားစြာ ဆက္လက္ေစာင့္ေမွ်ာ္ၾကရဦးမွာပဲျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။