[Unicode]

တရားဝင်ထွက်ရှိမယ့် ဇွန်လ (၂) ရက်နေ့မှာ Content အသစ်များစွာပါဝင်လာမယ့် VALORANT

 

နာမည်ကျော် FPS ဂိမ်းတစ်ခုဖြစ်တဲ့ Valorant ဟာ လက်ရှိအချိန်မှာ closed beta အဆင့်သာရှိသေးပေမယ့် stream ပလက်ဖောင်းများပေါ်မှာ အောင်မြင်မှုများစွာ ရရှိနေပြီး ရေပန်းစားလွန်းလို့ တရားဝင် ထွက်ရှိလာမယ့် အချိန်ကို ပရိသတ်အမြောက်အများက စောင့်မျှော်နေခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ Riot Games ဟာ Valorant တရားဝင် ထွက်ရှိလာမယ့် နေ့စွဲအတိအကျကို ထုတ်ဖော်ကြေညာလိုက်ပါပြီ။

Valorant တရားဝင်ထွက်ရှိမယ့်အချိန်ကတော့ ယခုနှစ် ဇွန်လ ၂ ရက်နေ့ဖြစ်ပြီး ယခုရှိနေတဲ့ closed beta ကို မေလ ၂၈ ရက်နေ့မှာ ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။ Closed beta အတွင်းမှာ key ရရှိပြီး ကစားနေခဲ့ကြတဲ့ အကောင့်များအားလုံးကို အသစ်တစ်ဖန် ပြန်လည်စတင်စေမှာဖြစ်ပြီး ယခုအချိန်မှာ မပါဝင်သေးတဲ့ ဂိမ်း content သစ်များကိုလည်း ထည့်သွင်းသွားမယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် closed beta ကို ကစားဖူးသည်ဖြစ်စေ မကစားဖူးသည်ဖြစ်စေ Valorant ကစားသူအားလုံးဟာ တူညီတဲ့နေရာကနေ စတင်ကြရမှာပါ။ Valorant ထွက်ရှိလာမယ့်ဒေသများထဲမှာ အရှေ့တောင်အာရှဒေသလည်း ပါဝင်ပြီး PC ဗားရှင်းထဲမှာ အင်္ဂလိပ်၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ရိုးရာတရုတ်ဘာသာစကားများနဲ့ ကစားနိုင်ကြမှာပါ။ နောက်ပိုင်းမှာတော့ ဗီယက်နမ်ဘာသာစကားကိုပါ ထည့်သွင်းသွားမယ်လို့လည်း ဆိုပါတယ်။

Valorant ဟာ ထိုင်ဝမ်အတွက်တော့ အခြားနိုင်ငံများနဲ့တစ်ပြေးညီထွက်ရှိလာဦးမှာ မဟုတ်ပါဘူး။ ဒေသနဲ့ ကိုက်ညီအောင် ပြုပြင်မှုများနဲ့ နည်းပညာပိုင်းဆိုင်ရာ ဖြည့်စွက်မှုများ ပြုလုပ်ရမှာဖြစ်တဲ့အတွက် ထိုင်ဝမ်ပရိသတ်များကတော့ ရက်သတ္တပတ်အနည်းငယ်ကြာအောင် ဆက်လက်စောင့်ဆိုင်းကြရဦးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Valorant ရဲ့ ထုတ်လုပ်ရေးတာဝန်ခံဖြစ်သူ Anna Donlon က “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ Valorant ကို တစ်ကမ္ဘာလုံးအတွက် တတ်နိုင်သမျှ မြန်မြန်ထုတ်ပေးနိုင်ဖို့ပါ။ Valorant ထွက်ရှိလာမယ့် ဇွန်လ ၂ ရက်နေ့အတွက် ကျွန်တော်တို့လည်း ရင်ခုန်စိတ်လှုပ်ရှားနေပါတယ်။ ဒါဟာ ခရီးရှည်ကြီးတစ်ခုရဲ့ အစဖြစ်ပြီး အဆုံးသတ်တစ်ခုမဟုတ်ကြောင်းကိုလည်း ပြောချင်ပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Valorant ထွက်ရှိလာချိန်မှာတော့ ဂိမ်းရဲ့ တရားဝင်ဝက်ဘ်စာမျက်နှာဖြစ်တဲ့ www.playvalorant.com ကနေ အခမဲ့ဒေါင်းလုတ် ရယူပြီး ကစားနိုင်ကြမှာပါ။ Gaming Noodle အနေနဲ့လည်း RIOT Games မှ တာဝန်ရှိသူတစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ဇွန်လ (၂) ရက်နေ့မှာ မြန်မာနိုင်ငံကလည်း တကမ္ဘာလုံးနည်းတူ Download ဆွဲကာ စတင်ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။

Valorant ရဲ့ ထွက်ရှိမှုဟာ Esports လောကကို ဘယ်လောက်အထိ လှုပ်ခတ်မှုတွေဖြစ်ပေါ်လာအောင် ပြုလုပ်နိုင်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: oneesports.gg


[ZawGyi]

တရားဝင္ထြက္ရွိမယ့္ ဇြန္လ (၂) ရက္ေန႔မွာ Content အသစ္မ်ားစြာပါဝင္လာမယ့္ VALORANT

 

နာမည္ေက်ာ္ FPS ဂိမ္းတစ္ခုျဖစ္တဲ့ Valorant ဟာ လက္ရွိအခ်ိန္မွာ closed beta အဆင့္သာရွိေသးေပမယ့္ stream ပလက္ေဖာင္းမ်ားေပၚမွာ ေအာင္ျမင္မႈမ်ားစြာ ရရွိေနၿပီး ေရပန္းစားလြန္းလို႔ တရားဝင္ ထြက္ရွိလာမယ့္ အခ်ိန္ကို ပရိသတ္အေျမာက္အမ်ားက ေစာင့္ေမွ်ာ္ေနခဲ့ၾကပါတယ္။ ယခုအခ်ိန္မွာေတာ့ Riot Games ဟာ Valorant တရားဝင္ ထြက္ရွိလာမယ့္ ေန႔စြဲအတိအက်ကို ထုတ္ေဖာ္ေၾကညာလိုက္ပါၿပီ။

Valorant တရားဝင္ထြက္ရွိမယ့္အခ်ိန္ကေတာ့ ယခုႏွစ္ ဇြန္လ ၂ ရက္ေန႔ျဖစ္ၿပီး ယခုရွိေနတဲ့ closed beta ကို ေမလ ၂၈ ရက္ေန႔မွာ ဖ်က္သိမ္းသြားမယ္လို႔ ဆိုပါတယ္။ Closed beta အတြင္းမွာ key ရရွိၿပီး ကစားေနခဲ့ၾကတဲ့ အေကာင့္မ်ားအားလုံးကို အသစ္တစ္ဖန္ ျပန္လည္စတင္ေစမွာျဖစ္ၿပီး ယခုအခ်ိန္မွာ မပါဝင္ေသးတဲ့ ဂိမ္း content သစ္မ်ားကိုလည္း ထည့္သြင္းသြားမယ္လို႔လည္း ဆိုပါတယ္။

ဒါေၾကာင့္ closed beta ကို ကစားဖူးသည္ျဖစ္ေစ မကစားဖူးသည္ျဖစ္ေစ Valorant ကစားသူအားလုံးဟာ တူညီတဲ့ေနရာကေန စတင္ၾကရမွာပါ။ Valorant ထြက္ရွိလာမယ့္ေဒသမ်ားထဲမွာ အေရွ႕ေတာင္အာရွေဒသလည္း ပါဝင္ၿပီး PC ဗားရွင္းထဲမွာ အဂၤလိပ္၊ အင္ဒိုနီးရွား၊ ထိုင္းနဲ႔ ႐ိုးရာတ႐ုတ္ဘာသာစကားမ်ားနဲ႔ ကစားႏိုင္ၾကမွာပါ။ ေနာက္ပိုင္းမွာေတာ့ ဗီယက္နမ္ဘာသာစကားကိုပါ ထည့္သြင္းသြားမယ္လို႔လည္း ဆိုပါတယ္။

Valorant ဟာ ထိုင္ဝမ္အတြက္ေတာ့ အျခားႏိုင္ငံမ်ားနဲ႔တစ္ေျပးညီထြက္ရွိလာဦးမွာ မဟုတ္ပါဘူး။ ေဒသနဲ႔ ကိုက္ညီေအာင္ ျပဳျပင္မႈမ်ားနဲ႔ နည္းပညာပိုင္းဆိုင္ရာ ျဖည့္စြက္မႈမ်ား ျပဳလုပ္ရမွာျဖစ္တဲ့အတြက္ ထိုင္ဝမ္ပရိသတ္မ်ားကေတာ့ ရက္သတၱပတ္အနည္းငယ္ၾကာေအာင္ ဆက္လက္ေစာင့္ဆိုင္းၾကရဦးမွာျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး Valorant ရဲ႕ ထုတ္လုပ္ေရးတာဝန္ခံျဖစ္သူ Anna Donlon က “ကြၽန္ေတာ္တို႔ရဲ႕ ရည္႐ြယ္ခ်က္ကေတာ့ Valorant ကို တစ္ကမာၻလုံးအတြက္ တတ္ႏိုင္သမွ် ျမန္ျမန္ထုတ္ေပးႏိုင္ဖို႔ပါ။ Valorant ထြက္ရွိလာမယ့္ ဇြန္လ ၂ ရက္ေန႔အတြက္ ကြၽန္ေတာ္တို႔လည္း ရင္ခုန္စိတ္လႈပ္ရွားေနပါတယ္။ ဒါဟာ ခရီးရွည္ႀကီးတစ္ခုရဲ႕ အစျဖစ္ၿပီး အဆုံးသတ္တစ္ခုမဟုတ္ေၾကာင္းကိုလည္း ေျပာခ်င္ပါတယ္” လို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့ပါတယ္။

Valorant ထြက္ရွိလာခ်ိန္မွာေတာ့ ဂိမ္းရဲ႕ တရားဝင္ဝက္ဘ္စာမ်က္ႏွာျဖစ္တဲ့ www.playvalorant.com ကေန အခမဲ့ေဒါင္းလုတ္ ရယူၿပီး ကစားႏိုင္ၾကမွာပါ။ Gaming Noodle အေနနဲ႔လည္း RIOT Games မွ တာဝန္ရွိသူတစ္ဦးကို ဆက္သြယ္ ေမးျမန္းခဲ့ရာ ဇြန္လ (၂) ရက္ေန႔မွာ ျမန္မာႏိုင္ငံကလည္း တကမာၻလုံးနည္းတူ Download ဆြဲကာ စတင္ေဆာ့ကစားႏိုင္မယ္လို႔ သိရပါတယ္။

Valorant ရဲ႕ ထြက္ရွိမႈဟာ Esports ေလာကကို ဘယ္ေလာက္အထိ လႈပ္ခတ္မႈေတြျဖစ္ေပၚလာေအာင္ ျပဳလုပ္ႏိုင္မလဲဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: oneesports.gg