[Unicode]

Valorant စတင်ကစားလိုသူများအတွက် အခြေခံ Guide

 

ယခုလအစပိုင်းမှာ တရားဝင်ထွက်ရှိလာခဲ့တဲ့ Riot Games ရဲ့ အပစ်အခတ်ဂိမ်း Valorant ဟာ လက်ရှိအချိန်မှာ ပရိသတ်များကြား ရေပန်းစားတဲ့ဂိမ်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။ Valorant ဟာ Call of Duty, Overwatch စတဲ့အခြား Shooter ဂိမ်းများနဲ့ စာရင် CS: GO နဲ့ သဘောတရား ပိုမိုတူညီလို့ Tactical Shooter ဂိမ်းအမျိုးအစားဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

ဒါကြောင့် Valorant မှာ ဂိမ်းတွင်း တိကျစွာပစ်ခတ်နိုင်မှုနဲ့ အသင်းလိုက်ပူးပေါင်းဆောင်ရွက်နိုင်ရေးများဟာ အလွန်အရေးကြီးပြီး ကောင်းစွာပစ်ခတ်လိုက်တဲ့ ကျည်တစ်တောင့်ချင်းစီဟာလည်း ရန်သူကို အဆုံးသတ်နိုင်ဖို့ ထိရောက်မှုရှိလှပါတယ်။ Valorant ကို စတင် စမ်းသပ်ကစားလိုတဲ့ ပရိသတ်များအတွက် အခြေခံအချက်အလက်အချို့ကို ဖော်ပြပေးလိုက်ရပါတော့တယ်။

Valorant ဂိမ်းတစ်ပွဲအတွက် အခြေခံစည်းမျဉ်းများ

Valorant ဂိမ်းတစ်ပွဲမှာ အသင်း ၂ သင်းယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး တစ်သင်းချင်းစီမှာ ကစားသမား ၅ ဦးစီ ပါဝင်ရမှာပါ။ ပွဲတစ်ပွဲ မ စတင်မီ ကစားသမားများဟာ Agent လို့ ခေါ်တဲ့ မိမိတို့ကိုင်တွယ်ကစားမယ့် ဂိမ်းဇာတ်ကောင်ကို အရင်ဆုံးရွေးချယ်ကြရမှာဖြစ်ပြီး ယင်း Agent များဟာ မတူညီတဲ့ ability များ ပိုင်ဆိုင်ထားကြပါတယ်။

ယင်းနောက်မှာတော့ အသင်း ၂ သင်းဟာ round များကို ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပြီး ပွဲတစ်ခုလုံးကို အနိုင်ရဖို့အတွက် ၁၃ round အရင်ဆုံးအနိုင်ရရှိဖို့ လိုအပ်မှာပဲဖြစ်ပါတယ်။ အသင်း ၂ သင်းအနက်မှာမှ Attackers အသင်းဟာ Spike လို့ အမည်ပေးထားတဲ့ ဗုံးကို မြေပုံတစ်လျှောက်က သတ်မှတ်ထားတဲ့နေရာများမှာ ထောင်ဖို့ ကြိုးပမ်းကြရမှာဖြစ်ပြီး Defenders အသင်းကတော့ Spike မထောင်နိုင်အောင်ဖြစ်စေ Spike ကို ဖယ်ရှားဖို့ဖြစ်စေ ကြိုးပမ်းကြရမှာပါ။

Round တစ်ခုရဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ မိမိအသင်းရဲ့ ရည်ရွယ်ချက် အထမြောက်အောင် ကြိုးပမ်းနိုင်တဲ့ဘက်က အနိုင်ရရှိမှာဖြစ်ပြီး ပြိုင်ဘက်အသင်းကို တစ်ယောက်မကျန် ချေမှုန်းနိုင်ရင်လည်း အနိုင်ရရှိမှာပါ။ Round တစ်ခုချင်းစီအတွင်းမှာ respawn များ မပါဝင်လို့ သေဆုံးသွားတဲ့ ကစားသမားများဟာ မိမိတို့ရဲ့ Agent များ ပြန်ပေါ်လာအောင် နောက် round အထိ စောင့်စားကြရမှာ ဖြစ်ပါတယ်။

Round တစ်ခု မစတင်မီမှာ ကစားသမားများအတွက် Creds လို့ ခေါ်တဲ့ ဂိမ်းတွင်းငွေကြေးများပေးထားမှာဖြစ်ပြီး ယင်းတို့ဟာ Buy phase မှာ လက်နက်များ၊ ကျည်ကာများနဲ့ ability များ ဝယ်ယူနိုင်ဖို့အတွက် အသုံးဝင်ပါတယ်။ ကစားသမားတစ်ဦး round အစမှာ Creds ဘယ်လောက်ရလဲဆိုတာကို ယခင် round က သူ့ရဲ့စွမ်းဆောင်ရည်အပေါ်မူတည်ဆုံးဖြတ်သွားမှာဖြစ်ပြီး Spike ထောင်ခြင်း၊ kill ရရှိခြင်း၊ round ကို အနိုင်ရရှိခြင်း သို့မဟုတ် ရှုံးနိမ့်ခြင်းများဟာ နောက်တစ် round မှာ Creds ပိုရအောင် ပြုလုပ်ပေးသွားနိုင်ပါတယ်။

ဂိမ်းတွင်းအကြံပေးချက် (၁) – လမ်းလျှောက်ပါ။ မပြေးပါနဲ့။

Valorant အတွင်းမှာ ပြေးလွှားခြင်းဟာ အားနည်းချက်များစွာ ရှိပါတယ်။ ပြေးလွှားချိန်မှာ ခြေသံအလွန်ထွက်တဲ့အတွက် ပြိုင်ဘက်များက သင့်ကို သတိထားမိသွားနိုင်သလို minimap ပေါ်မှာလည်း သင့်ခြေသံဟာ ဘယ်လောက်အထိ ကွာဝေးတယ်ဆိုတာကို စက်ဝိုင်းငယ်တစ်ခုနဲ့ ဖော်ပြနေနိုင်ပါတယ်။ ဒါကြောင့် Shift ခလုတ်ကို ဖိပြီး လမ်းလျှောက်ခြင်းဟာ အခြေအနေအရပ်ရပ်မှာ အားသာချက်များ ရှိပါတယ်။
လမ်းလျှောက်ခြင်းဟာ ပြေးခြင်းထက် နှေးကွေးပေမယ့် ပစ်ခတ်ရာမှာ တိကျအောင်လည်း ကူညီပေးနိုင်ပါတယ်။ လမ်းလျှောက်ပြီးသွားနေတဲ့ ကစားသမားတစ်ဦးကို ပြိုင်ဘက်အသင်းက ခြေသံ လိုက်နားထောင်ဖို့ဆိုတာ မလွယ်ကူလှတဲ့အတွက် ရန်သူဘက်ကို စီးနင်းဝင်ရောက်ရာမှာလည်း လွန်စွာ အသုံးဝင်လှပါတယ်။

ပြိုင်ဘက်အသင်းရဲ့ကစားသမားများ မိမိအနားမှာ မရှိဘူးဆိုတာ သေချာရင်ဖြစ်စေ၊ ရန်သူ့လက်က ပုန်းကွယ်နေလို့ မထူးတော့တဲ့အခြေအနေမှာဖြစ်စေ၊ အလျင်လိုနေချိန်မှာဖြစ်စေ စ တဲ့အခြေအနေများမှာတော့ ပြေးလွှားနိုင်ပါတယ်။ Valorant အတွင်း သေနတ်နဲ့ ပြေးလွှားခြင်းထက် ဓားနဲ့ ပြေးလွှားခြင်းက ပိုမိုမြန်ဆန်တာကတော့ CS: GO သဘောတရားအတိုင်းပဲ ဖြစ်ပါတယ်။

ဂိမ်းတွင်းအကြံပေးချက် (၂) – ပြေးလွှားရင်း မပစ်ပါနဲ့။

Valorant အတွင်းမှာ ပြေးလွှားရင်း ပစ်ခတ်ခြင်းဟာ လုံးဝမတိကျဖို့ ဦးတည်နေတယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပြေးရင်း ပစ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားသင့်ပြီး မပစ်ခတ်ခင် ခဏတာ ရပ်တန့်ပေးသင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းကို အစပိုင်းမှာ အသားမကျဖြစ်နေနိုင်ပေမယ့် နောက်ပိုင်းမှာတော့ ပိုမိုတိတိကျကျပစ်ခတ်လာနိုင်ပြီး အဆင်ပြေသွားမှာဖြစ်ပါတယ်။

ပြေးလွှားရင်း ခဏရပ်တန့်လိုက်ချိန်မှာ ရန်သူက သင့်ကို ပစ်ခတ်ဖို့အတွက် အခွင့်အရေးအနည်းငယ်တော့ ရသွားနိုင်ပါတယ်။ ဒါပေမယ့် ပြေးလွှားရင်း မတိမကျပစ်နေတာထက်တော့ ပိုကောင်းပြီး ရန်သူက သင့်ကို ပြန်လည်မပစ်ခတ်သေးမီ အဆုံးသတ်နိုင်ဖို့အတွက်လည်း အခြေအနေပေးသွားနိုင်ပါတယ်။ Valorant ကစားသမားသစ်များဟာ တစ်ချိန်လုံးပြေးလွှားရင်း ပစ်ခတ်တဲ့အမှားကို ပြုလုပ်နေကြလေ့ရှိကြောင်း စတင်ကစားချိန်မှာ တွေ့မြင်ကြရမှာပါ။

ဂိမ်းတွင်းအကြံပေးချက် (၃) – Creds များကို ချိန်ဆ အသုံးပြုပါ။

Valorant ကစားသမားသစ်တစ်ဦးအတွက် round တစ်ခု မ စတင်မီ လက်နက်များနဲ့ ability များ ဝယ်ယူဖို့ကိစ္စဟာ ချီတုံချတုံဖြစ်စရာ ဖြစ်နေတတ်ပြီး တစ်ခါတစ်လေလည်း မလိုအပ်သေးပဲ အများကြီးဝယ်မိတတ်ပါတယ်။ တကယ်တော့ ကစားသမားတစ်ဦးဟာ အသင်းနဲ့လိုက်လျောညီထွေဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့အရာများကို ဝယ်ယူနိုင်ဖို့အတွက် Creds များကို ချိန်ဆ အသုံးပြုပေးဖို့ လိုအပ်လှပါတယ်။

Round တစ်ခုအပြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့ရင် သင်နောက်ဆုံးကိုင်ခဲ့တဲ့ လက်နက်နဲ့ မပျက်စီးသေးတဲ့ ကျည်ကာများကို နောက်တစ် round အထိ ဆက်လက်သယ်ဆောင်သွားနိုင်မှာဖြစ်ပြီး သေဆုံးသွားခဲ့ရင်တော့ လက်နက်သစ်များနဲ့ ကျည်ကာသစ်များ ပြန်လည်ဝယ်ယူရမှာပါ။ Ability များကတော့ အသုံးမပြုမချင်း ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်။

Valorant အတွင်းမှာ မတူညီတဲ့ round အမျိုးအစားများရှိပြီး ယင်းတို့အတွက် ချမှတ်ထားတဲ့ သင့်ဗျူဟာအကြောင်းကို အသင်းဖော်များဆီ voice chat ကနေ ပြောထားသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဂိမ်းတွင်း buy menu ထဲက Save ခလုတ်ကို နှိပ်ပြီးဖြစ်စေ၊ အသင်းဖော်များကို သင့်မှာ Creds တွေအများကြီးရှိပြီဖြစ်ကြောင်း အသိပေးပြီးဖြစ်စေ မိမိရဲ့အသင်းနဲ့ ညှိနှိုင်းမှုများ ပြုလုပ်သင့်ပါတယ်။

Save rounds

ဒီလို round မျိုးမှာ အသင်းဖော်များဟာ လာမယ့် Buy round အတွက် Creds များများကျန်နေစေဖို့အတွက် ဘာမှသိပ်မဝယ်ယူကြပါဘူး။ ဒီလိုအခြေအနေမျိုးမှာ သင်ကိုယ်တိုင်ကလည်း ပစ္စတိုတစ်လက်နဲ့ ability တစ်ခုလောက်ကလွဲရင် တခြားဘာမှသိပ်မဝယ်ယူပဲ အသင်းနဲ့ ညီညွတ်နေအောင် ပြုလုပ်သင့်ပါတယ်။

Full buy rounds
ဒီ round များမှာတော့ အသင်းဖော်များဟာ ရိုင်ဖယ်သေနတ်များ၊ စနိုက်ပါရိုင်ဖယ်များ၊ ကျည်ကာများနဲ့ ability များကို ဖော်ဖော်သီသီ ဝယ်ယူကြလေ့ရှိပါတယ်။

Force buy rounds
သင့် Creds များများစားစား မရှိပေမယ့် အသင်းဖော်တွေက အပြည့်အဝ ဝယ်ယူနေပြီဆိုရင်တော့ သင်လည်း တတ်နိုင်သမျှအကောင်းဆုံး လက်နက်များနဲ့ ကျည်ကာများကို ဝယ်ယူသင့်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ရန်သူကို အလစ်အငိုက်ဖမ်းဖို့ ကြံစည်ချက်တစ်ခုဖြစ်ပြီး round များများရှုံးထားလို့ Creds မရှိပေမယ့် မဖြစ်မနေနိုင်ဖို့ လိုအပ်နေချိန်များမှာလည်း ပြုလုပ်ကြလေ့ရှိပါတယ်။

Partial buy rounds
အချို့အသင်းဖော်များဟာ လက်နက်များ ဝယ်ယူနေကြပေမယ့် အချို့ကတော့ Creds များကို နောက်လာမယ့် Buy round အတွက် သိမ်းထားတဲ့အခြေအနေမျိုးပါ။ များသောအားဖြင့် ဂိမ်းကို ရေလိုက်ငါးလိုက် အခြေအနေကြည့်ကစားဖို့အတွက် ပြုလုပ်ကြလေ့ရှိပါတယ်။

ဂိမ်းတွင်းအကြံပေးချက် (၄) – ကျည်ကာ ဝယ်ဖို့ မမေ့ပါနဲ့။


Valorant ကစားသမားသစ်အတော်များများဟာ သေနတ်များကိုသာ ခုံခုံမင်မင်ဝယ်ယူကြပြီး ကျည်ကာ ဝယ်ဖို့ တွန့်ဆုတ်နေလေ့ရှိကြပါတယ်။ သေနတ်ချည်းပဲ ဝယ်ယူနေလို့ ကျည်ကာမပါခဲ့ရင် ၁၀၀ hit point ဝန်းကျင်လောက်သာရှိတဲ့ သင့်ရဲ့ Agent ဟာ ကျည်တစ်တောင့် နှစ်တောင့် အပစ်ခံရတာနဲ့တင် သေဆုံးသွားနိုင်တယ်ဆိုတာကို မေ့မထားသင့်ပါဘူး။

ဒါကြောင့် Full buy round များအတွင်းမှာ ကျည်ကာများကို စနစ်တကျ ဝယ်ယူကြသင့်ပါတယ်။ အချို့အခြေအနေများမှာ အကောင်းဆုံးသေနတ်ကို ရွေးပြီး ဝယ်တာနဲ့စာရင် ကျည်ကာကိုတောင် ပိုပြီးအလေးပေးဝယ်ယူသင့်ပါတယ်။ ကျည်ကာများကတော့ Creds ၄၀၀ ကုန်ကျပြီး ၂၅ extra health ပေါင်းပေးတဲ့အမျိုးအစားနဲ့ Creds ၁,၀၀၀ ကျန်ကျပြီး ၅၀ extra health ပေါင်းပေးတဲ့အမျိုးအစား ၂ မျိုးသာရှိပါတယ်။

ဂိမ်းတွင်းအကြံပေးချက် (၅) – သေနတ်ချိန်ကွင်းကို ရန်သူရဲ့ခေါင်းအမြင့်လောက်မှာ အမြဲထားပါ။


Valorant ကစားသမားသစ်များဟာ ပြေးလွှားလှုပ်ရှားချိန်များမှာ သေနတ်ချိန်ကွင်းကို မြေပြင်လောက်နီးနီးမှာထားပြီး သွားလာနေတတ်ကြပါတယ်။ ဒါကြောင့် ရန်သူနဲ့ ရင်ဆိုင်ရချိန်မှာ မောက်စ်ကို အဝေးကြီးပြန်ရွှေ့ပြီး headshot ပစ်ဖို့ ကြိုးပမ်းရတဲ့အတွက် အချိန်ကုန် လူပန်းဖြစ်တတ်ပါတယ်။

ဒါကြောင့် မည်သို့သော အခြေအနေမှာဖြစ်စေ အဆင်သင့်ပစ်ခတ်နိုင်အောင် သေနတ်ချိန်ကွင်းကို ရန်သူရဲ့ခေါင်းအမြင့်လောက်မှာ ထားသင့်ပါတယ်။ Round မစမီတည်းက လက်ဆ ချိန်နိုင်အောင် ကျင့်ပေးထားရင်လည်း အဆင်ပြေနိုင်ပါတယ်။ Valorant ကို စတင်ကစားဖို့ ပြင်ဆင်နေကြသူများအားလုံး အဆင်ပြေချောမွေ့ကြပါစေ။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: polygon


[ZawGyi]

Valorant စတင္ကစားလိုသူမ်ားအတြက္ အေျခခံ Guide

 

ယခုလအစပိုင္းမွာ တရားဝင္ထြက္ရွိလာခဲ့တဲ့ Riot Games ရဲ႕ အပစ္အခတ္ဂိမ္း Valorant ဟာ လက္ရွိအခ်ိန္မွာ ပရိသတ္မ်ားၾကား ေရပန္းစားတဲ့ဂိမ္းတစ္ခုအျဖစ္ ရပ္တည္ေနပါတယ္။ Valorant ဟာ Call of Duty, Overwatch စတဲ့အျခား Shooter ဂိမ္းမ်ားနဲ႔ စာရင္ CS: GO နဲ႔ သေဘာတရား ပိုမိုတူညီလို႔ Tactical Shooter ဂိမ္းအမ်ိဳးအစားျဖစ္တယ္လို႔လည္း ဆိုႏိုင္ပါတယ္။

ဒါေၾကာင့္ Valorant မွာ ဂိမ္းတြင္း တိက်စြာပစ္ခတ္ႏိုင္မႈနဲ႔ အသင္းလိုက္ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးမ်ားဟာ အလြန္အေရးႀကီးၿပီး ေကာင္းစြာပစ္ခတ္လိုက္တဲ့ က်ည္တစ္ေတာင့္ခ်င္းစီဟာလည္း ရန္သူကို အဆုံးသတ္ႏိုင္ဖို႔ ထိေရာက္မႈရွိလွပါတယ္။ Valorant ကို စတင္ စမ္းသပ္ကစားလိုတဲ့ ပရိသတ္မ်ားအတြက္ အေျခခံအခ်က္အလက္အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ရပါေတာ့တယ္။

Valorant ဂိမ္းတစ္ပြဲအတြက္ အေျခခံစည္းမ်ဥ္းမ်ား

Valorant ဂိမ္းတစ္ပြဲမွာ အသင္း ၂ သင္းယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး တစ္သင္းခ်င္းစီမွာ ကစားသမား ၅ ဦးစီ ပါဝင္ရမွာပါ။ ပြဲတစ္ပြဲ မ စတင္မီ ကစားသမားမ်ားဟာ Agent လို႔ ေခၚတဲ့ မိမိတို႔ကိုင္တြယ္ကစားမယ့္ ဂိမ္းဇာတ္ေကာင္ကို အရင္ဆုံးေ႐ြးခ်ယ္ၾကရမွာျဖစ္ၿပီး ယင္း Agent မ်ားဟာ မတူညီတဲ့ ability မ်ား ပိုင္ဆိုင္ထားၾကပါတယ္။

ယင္းေနာက္မွာေတာ့ အသင္း ၂ သင္းဟာ round မ်ားကို ယွဥ္ၿပိဳင္ကစားၾကရမွာျဖစ္ၿပီး ပြဲတစ္ခုလုံးကို အႏိုင္ရဖို႔အတြက္ ၁၃ round အရင္ဆုံးအႏိုင္ရရွိဖို႔ လိုအပ္မွာပဲျဖစ္ပါတယ္။ အသင္း ၂ သင္းအနက္မွာမွ Attackers အသင္းဟာ Spike လို႔ အမည္ေပးထားတဲ့ ဗုံးကို ေျမပုံတစ္ေလွ်ာက္က သတ္မွတ္ထားတဲ့ေနရာမ်ားမွာ ေထာင္ဖို႔ ႀကိဳးပမ္းၾကရမွာျဖစ္ၿပီး Defenders အသင္းကေတာ့ Spike မေထာင္ႏိုင္ေအာင္ျဖစ္ေစ Spike ကို ဖယ္ရွားဖို႔ျဖစ္ေစ ႀကိဳးပမ္းၾကရမွာပါ။

Round တစ္ခုရဲ႕ သတ္မွတ္ထားတဲ့အခ်ိန္အတြင္းမွာ မိမိအသင္းရဲ႕ ရည္႐ြယ္ခ်က္ အထေျမာက္ေအာင္ ႀကိဳးပမ္းႏိုင္တဲ့ဘက္က အႏိုင္ရရွိမွာျဖစ္ၿပီး ၿပိဳင္ဘက္အသင္းကို တစ္ေယာက္မက်န္ ေခ်မႈန္းႏိုင္ရင္လည္း အႏိုင္ရရွိမွာပါ။ Round တစ္ခုခ်င္းစီအတြင္းမွာ respawn မ်ား မပါဝင္လို႔ ေသဆုံးသြားတဲ့ ကစားသမားမ်ားဟာ မိမိတို႔ရဲ႕ Agent မ်ား ျပန္ေပၚလာေအာင္ ေနာက္ round အထိ ေစာင့္စားၾကရမွာ ျဖစ္ပါတယ္။

Round တစ္ခု မစတင္မီမွာ ကစားသမားမ်ားအတြက္ Creds လို႔ ေခၚတဲ့ ဂိမ္းတြင္းေငြေၾကးမ်ားေပးထားမွာျဖစ္ၿပီး ယင္းတို႔ဟာ Buy phase မွာ လက္နက္မ်ား၊ က်ည္ကာမ်ားနဲ႔ ability မ်ား ဝယ္ယူႏိုင္ဖို႔အတြက္ အသုံးဝင္ပါတယ္။ ကစားသမားတစ္ဦး round အစမွာ Creds ဘယ္ေလာက္ရလဲဆိုတာကို ယခင္ round က သူ႔ရဲ႕စြမ္းေဆာင္ရည္အေပၚမူတည္ဆုံးျဖတ္သြားမွာျဖစ္ၿပီး Spike ေထာင္ျခင္း၊ kill ရရွိျခင္း၊ round ကို အႏိုင္ရရွိျခင္း သို႔မဟုတ္ ရႈံးနိမ့္ျခင္းမ်ားဟာ ေနာက္တစ္ round မွာ Creds ပိုရေအာင္ ျပဳလုပ္ေပးသြားႏိုင္ပါတယ္။

ဂိမ္းတြင္းအႀကံေပးခ်က္ (၁) – လမ္းေလွ်ာက္ပါ။ မေျပးပါနဲ႔။

Valorant အတြင္းမွာ ေျပးလႊားျခင္းဟာ အားနည္းခ်က္မ်ားစြာ ရွိပါတယ္။ ေျပးလႊားခ်ိန္မွာ ေျခသံအလြန္ထြက္တဲ့အတြက္ ၿပိဳင္ဘက္မ်ားက သင့္ကို သတိထားမိသြားႏိုင္သလို minimap ေပၚမွာလည္း သင့္ေျခသံဟာ ဘယ္ေလာက္အထိ ကြာေဝးတယ္ဆိုတာကို စက္ဝိုင္းငယ္တစ္ခုနဲ႔ ေဖာ္ျပေနႏိုင္ပါတယ္။ ဒါေၾကာင့္ Shift ခလုတ္ကို ဖိၿပီး လမ္းေလွ်ာက္ျခင္းဟာ အေျခအေနအရပ္ရပ္မွာ အားသာခ်က္မ်ား ရွိပါတယ္။
လမ္းေလွ်ာက္ျခင္းဟာ ေျပးျခင္းထက္ ေႏွးေကြးေပမယ့္ ပစ္ခတ္ရာမွာ တိက်ေအာင္လည္း ကူညီေပးႏိုင္ပါတယ္။ လမ္းေလွ်ာက္ၿပီးသြားေနတဲ့ ကစားသမားတစ္ဦးကို ၿပိဳင္ဘက္အသင္းက ေျခသံ လိုက္နားေထာင္ဖို႔ဆိုတာ မလြယ္ကူလွတဲ့အတြက္ ရန္သူဘက္ကို စီးနင္းဝင္ေရာက္ရာမွာလည္း လြန္စြာ အသုံးဝင္လွပါတယ္။

ၿပိဳင္ဘက္အသင္းရဲ႕ကစားသမားမ်ား မိမိအနားမွာ မရွိဘူးဆိုတာ ေသခ်ာရင္ျဖစ္ေစ၊ ရန္သူ႔လက္က ပုန္းကြယ္ေနလို႔ မထူးေတာ့တဲ့အေျခအေနမွာျဖစ္ေစ၊ အလ်င္လိုေနခ်ိန္မွာျဖစ္ေစ စ တဲ့အေျခအေနမ်ားမွာေတာ့ ေျပးလႊားႏိုင္ပါတယ္။ Valorant အတြင္း ေသနတ္နဲ႔ ေျပးလႊားျခင္းထက္ ဓားနဲ႔ ေျပးလႊားျခင္းက ပိုမိုျမန္ဆန္တာကေတာ့ CS: GO သေဘာတရားအတိုင္းပဲ ျဖစ္ပါတယ္။

ဂိမ္းတြင္းအႀကံေပးခ်က္ (၂) – ေျပးလႊားရင္း မပစ္ပါနဲ႔။


Valorant အတြင္းမွာ ေျပးလႊားရင္း ပစ္ခတ္ျခင္းဟာ လုံးဝမတိက်ဖို႔ ဦးတည္ေနတယ္ဆိုတာကို သိထားဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ ေျပးရင္း ပစ္ျခင္းကို အတတ္ႏိုင္ဆုံးေရွာင္ရွားသင့္ၿပီး မပစ္ခတ္ခင္ ခဏတာ ရပ္တန္႔ေပးသင့္ပါတယ္။ ဒီလိုျပဳလုပ္ျခင္းကို အစပိုင္းမွာ အသားမက်ျဖစ္ေနႏိုင္ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ပိုမိုတိတိက်က်ပစ္ခတ္လာႏိုင္ၿပီး အဆင္ေျပသြားမွာျဖစ္ပါတယ္။

ေျပးလႊားရင္း ခဏရပ္တန္႔လိုက္ခ်ိန္မွာ ရန္သူက သင့္ကို ပစ္ခတ္ဖို႔အတြက္ အခြင့္အေရးအနည္းငယ္ေတာ့ ရသြားႏိုင္ပါတယ္။ ဒါေပမယ့္ ေျပးလႊားရင္း မတိမက်ပစ္ေနတာထက္ေတာ့ ပိုေကာင္းၿပီး ရန္သူက သင့္ကို ျပန္လည္မပစ္ခတ္ေသးမီ အဆုံးသတ္ႏိုင္ဖို႔အတြက္လည္း အေျခအေနေပးသြားႏိုင္ပါတယ္။ Valorant ကစားသမားသစ္မ်ားဟာ တစ္ခ်ိန္လုံးေျပးလႊားရင္း ပစ္ခတ္တဲ့အမွားကို ျပဳလုပ္ေနၾကေလ့ရွိေၾကာင္း စတင္ကစားခ်ိန္မွာ ေတြ႕ျမင္ၾကရမွာပါ။

ဂိမ္းတြင္းအႀကံေပးခ်က္ (၃) – Creds မ်ားကို ခ်ိန္ဆ အသုံးျပဳပါ။

Valorant ကစားသမားသစ္တစ္ဦးအတြက္ round တစ္ခု မ စတင္မီ လက္နက္မ်ားနဲ႔ ability မ်ား ဝယ္ယူဖို႔ကိစၥဟာ ခ်ီတုံခ်တုံျဖစ္စရာ ျဖစ္ေနတတ္ၿပီး တစ္ခါတစ္ေလလည္း မလိုအပ္ေသးပဲ အမ်ားႀကီးဝယ္မိတတ္ပါတယ္။ တကယ္ေတာ့ ကစားသမားတစ္ဦးဟာ အသင္းနဲ႔လိုက္ေလ်ာညီေထြျဖစ္ၿပီး ပိုမိုေကာင္းမြန္တဲ့အရာမ်ားကို ဝယ္ယူႏိုင္ဖို႔အတြက္ Creds မ်ားကို ခ်ိန္ဆ အသုံးျပဳေပးဖို႔ လိုအပ္လွပါတယ္။

Round တစ္ခုအၿပီးမွာ အသက္ရွင္က်န္ရစ္ခဲ့ရင္ သင္ေနာက္ဆုံးကိုင္ခဲ့တဲ့ လက္နက္နဲ႔ မပ်က္စီးေသးတဲ့ က်ည္ကာမ်ားကို ေနာက္တစ္ round အထိ ဆက္လက္သယ္ေဆာင္သြားႏိုင္မွာျဖစ္ၿပီး ေသဆုံးသြားခဲ့ရင္ေတာ့ လက္နက္သစ္မ်ားနဲ႔ က်ည္ကာသစ္မ်ား ျပန္လည္ဝယ္ယူရမွာပါ။ Ability မ်ားကေတာ့ အသုံးမျပဳမခ်င္း ဆက္လက္ရွိေနဦးမွာျဖစ္ပါတယ္။

Valorant အတြင္းမွာ မတူညီတဲ့ round အမ်ိဳးအစားမ်ားရွိၿပီး ယင္းတို႔အတြက္ ခ်မွတ္ထားတဲ့ သင့္ဗ်ဴဟာအေၾကာင္းကို အသင္းေဖာ္မ်ားဆီ voice chat ကေန ေျပာထားသင့္ပါတယ္။ ဒါမွမဟုတ္ရင္လည္း ဂိမ္းတြင္း buy menu ထဲက Save ခလုတ္ကို ႏွိပ္ၿပီးျဖစ္ေစ၊ အသင္းေဖာ္မ်ားကို သင့္မွာ Creds ေတြအမ်ားႀကီးရွိၿပီျဖစ္ေၾကာင္း အသိေပးၿပီးျဖစ္ေစ မိမိရဲ႕အသင္းနဲ႔ ညႇိႏႈိင္းမႈမ်ား ျပဳလုပ္သင့္ပါတယ္။

Save rounds

ဒီလို round မ်ိဳးမွာ အသင္းေဖာ္မ်ားဟာ လာမယ့္ Buy round အတြက္ Creds မ်ားမ်ားက်န္ေနေစဖို႔အတြက္ ဘာမွသိပ္မဝယ္ယူၾကပါဘူး။ ဒီလိုအေျခအေနမ်ိဳးမွာ သင္ကိုယ္တိုင္ကလည္း ပစၥတိုတစ္လက္နဲ႔ ability တစ္ခုေလာက္ကလြဲရင္ တျခားဘာမွသိပ္မဝယ္ယူပဲ အသင္းနဲ႔ ညီၫြတ္ေနေအာင္ ျပဳလုပ္သင့္ပါတယ္။

Full buy rounds
ဒီ round မ်ားမွာေတာ့ အသင္းေဖာ္မ်ားဟာ ႐ိုင္ဖယ္ေသနတ္မ်ား၊ စႏိုက္ပါ႐ိုင္ဖယ္မ်ား၊ က်ည္ကာမ်ားနဲ႔ ability မ်ားကို ေဖာ္ေဖာ္သီသီ ဝယ္ယူၾကေလ့ရွိပါတယ္။

Force buy rounds
သင့္ Creds မ်ားမ်ားစားစား မရွိေပမယ့္ အသင္းေဖာ္ေတြက အျပည့္အဝ ဝယ္ယူေနၿပီဆိုရင္ေတာ့ သင္လည္း တတ္ႏိုင္သမွ်အေကာင္းဆုံး လက္နက္မ်ားနဲ႔ က်ည္ကာမ်ားကို ဝယ္ယူသင့္ပါတယ္။ ဒီလိုျပဳလုပ္ျခင္းဟာ ရန္သူကို အလစ္အငိုက္ဖမ္းဖို႔ ႀကံစည္ခ်က္တစ္ခုျဖစ္ၿပီး round မ်ားမ်ားရႈံးထားလို႔ Creds မရွိေပမယ့္ မျဖစ္မေနႏိုင္ဖို႔ လိုအပ္ေနခ်ိန္မ်ားမွာလည္း ျပဳလုပ္ၾကေလ့ရွိပါတယ္။

Partial buy rounds
အခ်ိဳ႕အသင္းေဖာ္မ်ားဟာ လက္နက္မ်ား ဝယ္ယူေနၾကေပမယ့္ အခ်ိဳ႕ကေတာ့ Creds မ်ားကို ေနာက္လာမယ့္ Buy round အတြက္ သိမ္းထားတဲ့အေျခအေနမ်ိဳးပါ။ မ်ားေသာအားျဖင့္ ဂိမ္းကို ေရလိုက္ငါးလိုက္ အေျခအေနၾကည့္ကစားဖို႔အတြက္ ျပဳလုပ္ၾကေလ့ရွိပါတယ္။

ဂိမ္းတြင္းအႀကံေပးခ်က္ (၄) – က်ည္ကာ ဝယ္ဖို႔ မေမ့ပါနဲ႔။


Valorant ကစားသမားသစ္အေတာ္မ်ားမ်ားဟာ ေသနတ္မ်ားကိုသာ ခုံခုံမင္မင္ဝယ္ယူၾကၿပီး က်ည္ကာ ဝယ္ဖို႔ တြန္႔ဆုတ္ေနေလ့ရွိၾကပါတယ္။ ေသနတ္ခ်ည္းပဲ ဝယ္ယူေနလို႔ က်ည္ကာမပါခဲ့ရင္ ၁၀၀ hit point ဝန္းက်င္ေလာက္သာရွိတဲ့ သင့္ရဲ႕ Agent ဟာ က်ည္တစ္ေတာင့္ ႏွစ္ေတာင့္ အပစ္ခံရတာနဲ႔တင္ ေသဆုံးသြားႏိုင္တယ္ဆိုတာကို ေမ့မထားသင့္ပါဘူး။

ဒါေၾကာင့္ Full buy round မ်ားအတြင္းမွာ က်ည္ကာမ်ားကို စနစ္တက် ဝယ္ယူၾကသင့္ပါတယ္။ အခ်ိဳ႕အေျခအေနမ်ားမွာ အေကာင္းဆုံးေသနတ္ကို ေ႐ြးၿပီး ဝယ္တာနဲ႔စာရင္ က်ည္ကာကိုေတာင္ ပိုၿပီးအေလးေပးဝယ္ယူသင့္ပါတယ္။ က်ည္ကာမ်ားကေတာ့ Creds ၄၀၀ ကုန္က်ၿပီး ၂၅ extra health ေပါင္းေပးတဲ့အမ်ိဳးအစားနဲ႔ Creds ၁,၀၀၀ က်န္က်ၿပီး ၅၀ extra health ေပါင္းေပးတဲ့အမ်ိဳးအစား ၂ မ်ိဳးသာရွိပါတယ္။

ဂိမ္းတြင္းအႀကံေပးခ်က္ (၅) – ေသနတ္ခ်ိန္ကြင္းကို ရန္သူရဲ႕ေခါင္းအျမင့္ေလာက္မွာ အၿမဲထားပါ။


Valorant ကစားသမားသစ္မ်ားဟာ ေျပးလႊားလႈပ္ရွားခ်ိန္မ်ားမွာ ေသနတ္ခ်ိန္ကြင္းကို ေျမျပင္ေလာက္နီးနီးမွာထားၿပီး သြားလာေနတတ္ၾကပါတယ္။ ဒါေၾကာင့္ ရန္သူနဲ႔ ရင္ဆိုင္ရခ်ိန္မွာ ေမာက္စ္ကို အေဝးႀကီးျပန္ေ႐ႊ႕ၿပီး headshot ပစ္ဖို႔ ႀကိဳးပမ္းရတဲ့အတြက္ အခ်ိန္ကုန္ လူပန္းျဖစ္တတ္ပါတယ္။

ဒါေၾကာင့္ မည္သို႔ေသာ အေျခအေနမွာျဖစ္ေစ အဆင္သင့္ပစ္ခတ္ႏိုင္ေအာင္ ေသနတ္ခ်ိန္ကြင္းကို ရန္သူရဲ႕ေခါင္းအျမင့္ေလာက္မွာ ထားသင့္ပါတယ္။ Round မစမီတည္းက လက္ဆ ခ်ိန္ႏိုင္ေအာင္ က်င့္ေပးထားရင္လည္း အဆင္ေျပႏိုင္ပါတယ္။ Valorant ကို စတင္ကစားဖို႔ ျပင္ဆင္ေနၾကသူမ်ားအားလုံး အဆင္ေျပေခ်ာေမြ႕ၾကပါေစ။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: polygon