[Unicode]

လူသစ်စုဆောင်းဖို့အတွက် Esports ဂိမ်းများအပေါ် အာရုံစိုက်သထက်စိုက်လာနေတဲ့ U.S. Army

 

U.S. Army ဟာ Esports ဂိမ်းများရဲ့ ခေတ်စားနေမှုကို အသုံးချပြီး လူသစ်စုဆောင်းရေးအတွက် စည်းရုံးဆွဲဆောင်နေခဲ့တာ ကာလ အတော်ကြာမြင့်ခဲ့ပါပြီ။ U.S. Army ရဲ့ လက်အောက်မှာ ဖွဲ့စည်းထားတဲ့ U.S. Army Esports အသင်းဟာ အနာဂတ်စစ်သားသစ်များ စုဆောင်းနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုကြိုးပမ်းလျက်ရှိပြီး အောင်မြင်မှုများလည်း ရရှိနေပါတယ်။

U.S. Army ရဲ့ ပြီးခဲ့တဲ့နှစ်က ကြိုးပမ်းချက်များအတွင်းမှာတော့ အမေရိကန်နိုင်ငံတစ်ဝှမ်းကို လိုက်လံမောင်းနှင်ပြသခဲ့တဲ့ U.S. Army gaming truck ကားကြီးဟာ အလွန်ထင်ရှားလှပါတယ်။ ယင်း U.S. Army gaming truck ဟာ လူငယ်များကို တစ်စုတစ်ဝေးတည်း တွေ့ရှိနိုင်တဲ့ အထက်တန်းကျောင်းများဆီကို အဓိကသွားရောက်ခဲ့တာဖြစ်ပြီး ယင်းအပေါ်မှာတော့ ဂိမ်းပေါင်းစုံ ဆော့ကစားနိုင်အောင် ပြင်ဆင်ထားပါတယ်။

U.S. Army gaming truck ပေါ်မှာ ကစားနိုင်တဲ့ဂိမ်းအမျိုးအစားများထဲမှာတော့ အပစ်အခတ်ဂိမ်းများဖြစ်ကြတဲ့ Call of Duty : Modern Warfare, Call of Duty : Black Ops IIII, Sniper Ghost Warrior Contracts, Sniper Ghost Warrior 3, Battlefield 4, Battlefield V, Ace Combat 7 : Skies Unknown, Tom Clancy’s Ghost Recon Breakpoint, Counter Stirke : Global Offensive, PUBG စ တာတွေ အဓိက ပါဝင်ပါတယ်။ ကျောင်းသားလူငယ်များဟာ gaming truck ရပ်နားထားတဲ့နေရာကို လာရောက်ပြီး အတွင်းကို ဝင်ရောက်ကာ ယင်းဂိမ်းပေါင်းစုံကို စမ်းသပ်ဆော့ကစားနိုင်ကြပါတယ်။

ဒါ့အပြင် ယင်း gaming truck ပေါ်မှာ ပြိုင်ပွဲငယ်များကိုလည်း ကျင်းပပေးလေ့ရှိပြီး လာရောက်ကြသူများဟာ U.S. Army Esports အသင်းက လက်ရွေးစင်ကစားသမားများနဲ့ ယှဉ်ပြိုင်ကစားခွင့်လည်း ရရှိလေ့ရှိပါတယ်။ Covid-19 ရဲ့ ရိုက်ခတ်မှုများ ဖြစ်ပေါ်လာတဲ့အချိန်မှာတော့ U.S. Army ဟာ စည်းရုံးဆွဲဆောင်မှုများကို အွန်လိုင်းပေါ်နေ အဓိကပြုလုပ်လာခဲ့ပါတယ်။

ယင်းတို့ထဲမှာတော့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ Chicago Huntsmen နဲ့ ပူးပေါင်းမှုလည်း ပါဝင်ပါတယ်။ Chicago Huntsmen ဟာ နာမည်ကြီးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ NRG Esports က ပိုင်ဆိုင်ထားတဲ့ အမေရိကန် Call of Duty အသင်းပါ။ ပူးပေါင်းမှုအတွက် အသေးစိတ်အချက်အလက်များကို မကြေညာခဲ့ပေမယ့် U.S. Army ရဲ့ အနာဂတ် Esports လှုပ်ရှားမှုများကို အတူတကွ ပူးပေါင်းလုပ်ဆောင်ကြမှာကတော့ သေချာလှပါတယ်။

U.S. Army ဟာ လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ ကျရောက်လာမယ့် အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့အတွက်လည်း အထိမ်းအမှတ် Esports အစီအစဉ်များ ပြုလုပ်ထားပါသေးတယ်။ Nerd Street Gamers နဲ့ U.S. Army တို့ ပူးပေါင်းပြုလုပ်မယ့် အွန်လိုင်း Esports ပြိုင်ပွဲအစီအစဉ်များဟာ ဇူလိုင်လ ၁ ရက်နေ့တည်းက စတင်မှာဖြစ်ပြီး ပါဝင်နိုင်ဖို့အတွက် Lobby.gg မှာ အခမဲ့စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာထားပါတယ်။

U.S Army ဟာ ဇူလိုင်လ ၁ ရက်နေ့ ညနေပိုင်းမှာ Fortnite ပြိုင်ပွဲ၊ ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းမှာ Super Smash ပြိုင်ပွဲ နဲ့ ဇူလိုင်လ ၃ ရက်နေ့မှာ Rocket League ပြိုင်ပွဲများကို ကျင်းပသွားမှာပါ။ ယင်းအစီအစဉ်များအပြင် ဇွန်လ ၃၀ ရက်နေ့က​နေ ဇူလိုင် ၂ ရက်နေ့အထိ ၃ ရက်တာ ကာလအတွင်းမှာလည်း U.S. Army ရဲ့ ပထမအကြိမ် virtual hiring campaign ပွဲကို ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။

ဒီပွဲများကနေ စစ်သားသစ်ဦးရေ စုစုပေါင်း ၁၀,၀၀၀ ကျော်အထိ စုဆောင်းနိုင်ဖို့ မျှော်လင့်ထားကြောင်းကိုလည်း U.S. Army က ကြေညာထားခဲ့ပါသေးတယ်။ ခေတ်မီတိုးတက်နေတဲ့ U.S. Army ရဲ့ Esports လှုပ်ရှားမှုများကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

souce: Welcome America, Esports Observer, U.S. Army Esports facebook


[ZawGyi]

လူသစ္စုေဆာင္းဖို႔အတြက္ Esports ဂိမ္းမ်ားအေပၚ အာ႐ုံစိုက္သထက္စိုက္လာေနတဲ့ U.S. Army

 

U.S. Army ဟာ Esports ဂိမ္းမ်ားရဲ႕ ေခတ္စားေနမႈကို အသုံးခ်ၿပီး လူသစ္စုေဆာင္းေရးအတြက္ စည္း႐ုံးဆြဲေဆာင္ေနခဲ့တာ ကာလအေတာ္ၾကာျမင့္ခဲ့ပါၿပီ။ U.S. Army ရဲ႕ လက္ေအာက္မွာ ဖြဲ႕စည္းထားတဲ့ U.S. Army Esports အသင္းဟာ အနာဂတ္စစ္သားသစ္မ်ား စုေဆာင္းႏိုင္ေရးအတြက္ နည္းလမ္းေပါင္းစုံ အသုံးျပဳႀကိဳးပမ္းလ်က္ရွိၿပီး ေအာင္ျမင္မႈမ်ားလည္း ရရွိေနပါတယ္။

U.S. Army ရဲ႕ ၿပီးခဲ့တဲ့ႏွစ္က ႀကိဳးပမ္းခ်က္မ်ားအတြင္းမွာေတာ့ အေမရိကန္ႏိုင္ငံတစ္ဝွမ္းကို လိုက္လံေမာင္းႏွင္ျပသခဲ့တဲ့ U.S. Army gaming truck ကားႀကီးဟာ အလြန္ထင္ရွားလွပါတယ္။ ယင္း U.S. Army gaming truck ဟာ လူငယ္မ်ားကို တစ္စုတစ္ေဝးတည္းေတြ႕ရွိႏိုင္တဲ့ အထက္တန္းေက်ာင္းမ်ားဆီကို အဓိကသြားေရာက္ခဲ့တာျဖစ္ၿပီး ယင္းအေပၚမွာေတာ့ ဂိမ္းေပါင္းစုံ ေဆာ့ကစားႏိုင္ေအာင္ ျပင္ဆင္ထားပါတယ္။

U.S. Army gaming truck ေပၚမွာ ကစားႏိုင္တဲ့ဂိမ္းအမ်ိဳးအစားမ်ားထဲမွာေတာ့ အပစ္အခတ္ဂိမ္းမ်ားျဖစ္ၾကတဲ့ Call of Duty : Modern Warfare, Call of Duty : Black Ops IIII, Sniper Ghost Warrior Contracts, Sniper Ghost Warrior 3, Battlefield 4, Battlefield V, Ace Combat 7 : Skies Unknown, Tom Clancy’s Ghost Recon Breakpoint, Counter Stirke : Global Offensive, PUBG စ တာေတြ အဓိက ပါဝင္ပါတယ္။ ေက်ာင္းသားလူငယ္မ်ားဟာ gaming truck ရပ္နားထားတဲ့ေနရာကို လာေရာက္ၿပီး အတြင္းကို ဝင္ေရာက္ကာ ယင္းဂိမ္းေပါင္းစုံကို စမ္းသပ္ေဆာ့ကစားႏိုင္ၾကပါတယ္။

ဒါ့အျပင္ ယင္း gaming truck ေပၚမွာ ၿပိဳင္ပြဲငယ္မ်ားကိုလည္း က်င္းပေပးေလ့ရွိၿပီး လာေရာက္ၾကသူမ်ားဟာ U.S. Army Esports အသင္းက လက္ေ႐ြးစင္ကစားသမားမ်ားနဲ႔ ယွဥ္ၿပိဳင္ကစားခြင့္လည္း ရရွိေလ့ရွိပါတယ္။ Covid-19 ရဲ႕ ႐ိုက္ခတ္မႈမ်ား ျဖစ္ေပၚလာတဲ့အခ်ိန္မွာေတာ့ U.S. Army ဟာ စည္း႐ုံးဆြဲေဆာင္မႈမ်ားကို အြန္လိုင္းေပၚေန အဓိကျပဳလုပ္လာခဲ့ပါတယ္။

ယင္းတို႔ထဲမွာေတာ့ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ Chicago Huntsmen နဲ႔ ပူးေပါင္းမႈလည္း ပါဝင္ပါတယ္။ Chicago Huntsmen ဟာ နာမည္ႀကီးအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ NRG Esports က ပိုင္ဆိုင္ထားတဲ့ အေမရိကန္ Call of Duty အသင္းပါ။ ပူးေပါင္းမႈအတြက္ အေသးစိတ္အခ်က္အလက္မ်ားကို မေၾကညာခဲ့ေပမယ့္ U.S. Army ရဲ႕ အနာဂတ္ Esports လႈပ္ရွားမႈမ်ားကို အတူတကြ ပူးေပါင္းလုပ္ေဆာင္ၾကမွာကေတာ့ ေသခ်ာလွပါတယ္။

U.S. Army ဟာ လာမယ့္ ဇူလိုင္လ ၄ ရက္ေန႔မွာ က်ေရာက္လာမယ့္ အေမရိကန္ျပည္ေထာင္စုရဲ႕ လြတ္လပ္ေရးေန႔အတြက္လည္း အထိမ္းအမွတ္ Esports အစီအစဥ္မ်ား ျပဳလုပ္ထားပါေသးတယ္။ Nerd Street Gamers နဲ႔ U.S. Army တို႔ ပူးေပါင္းျပဳလုပ္မယ့္ အြန္လိုင္း Esports ၿပိဳင္ပြဲအစီအစဥ္မ်ားဟာ ဇူလိုင္လ ၁ ရက္ေန႔တည္းက စတင္မွာျဖစ္ၿပီး ပါဝင္ႏိုင္ဖို႔အတြက္ Lobby.gg မွာ အခမဲ့စာရင္းေပးသြင္းႏိုင္ေၾကာင္း ေၾကညာထားပါတယ္။

U.S Army ဟာ ဇူလိုင္လ ၁ ရက္ေန႔ ညေနပိုင္းမွာ Fortnite ၿပိဳင္ပြဲ၊ ဇူလိုင္လ ၂ ရက္ေန႔ ညေနပိုင္းမွာ Super Smash ၿပိဳင္ပြဲ နဲ႔ ဇူလိုင္လ ၃ ရက္ေန႔မွာ Rocket League ၿပိဳင္ပြဲမ်ားကို က်င္းပသြားမွာပါ။ ယင္းအစီအစဥ္မ်ားအျပင္ ဇြန္လ ၃၀ ရက္ေန႔က​ေန ဇူလိုင္ ၂ ရက္ေန႔အထိ ၃ ရက္တာ ကာလအတြင္းမွာလည္း U.S. Army ရဲ႕ ပထမအႀကိမ္ virtual hiring campaign ပြဲကို ျပဳလုပ္သြားမွာလည္း ျဖစ္ပါတယ္။

ဒီပြဲမ်ားကေန စစ္သားသစ္ဦးေရ စုစုေပါင္း ၁၀,၀၀၀ ေက်ာ္အထိ စုေဆာင္းႏိုင္ဖို႔ ေမွ်ာ္လင့္ထားေၾကာင္းကိုလည္း U.S. Army က ေၾကညာထားခဲ့ပါေသးတယ္။ ေခတ္မီတိုးတက္ေနတဲ့ U.S. Army ရဲ႕ Esports လႈပ္ရွားမႈမ်ားကို ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

souce: Welcome America, Esports Observer, U.S. Army Esports facebook