[Zawgyi]

“ေျပာင္းလဲသြားမယ့္ Steam library ပုံစံသစ္မွာ ဘာေတြပါလာမလဲ”


Dota 2 နဲ႔ CS: GO တို႔လို ဂိမ္းေပါင္းမ်ားစြာကို ရယူေဆာ့ကစားႏိုင္တဲ့ Steam platform ဟာ ေရွးရိုးဆန္တဲ့ပုံစံသာရွိခဲ့ျပီး အရမ္းလွပတဲ့ ကြန္ျပဴတာပရိုဂရမ္တစ္ခု မဟုတ္ခဲ့ပါဘူး။ မေျပာင္းလဲပဲ ႏွစ္ေပါင္းမ်ားစြာၾကာခဲ့ျပီးေနာက္မွာေတာ့ လာမယ့္ စက္တင္ဘာလ ၁၇ ရက္ေန႔က စလို႔ Netflix နဲ႔ Apple TV တို႔လို လွပတဲ့ Steam library ပုံစံသစ္ကို beta အေနနဲ႔ စတင္စမ္းသပ္အသုံးျပဳႏိုင္ေတာ့မွာပါ။

ပုံစံသစ္ရဲ႕ game page မ်ားမွာ ပိုမိုအႏုစိတ္တဲ့ artwork မ်ား ပါဝင္သလို update မ်ားကိုလည္း အရင္ထက္ပိုျပီး ျမင္သာထင္သာ ဖတ္ရႈႏိုင္မွာပါ။ သက္ဆိုင္ရာ game page မ်ားမွာ post-game summary မ်ား ေဖာ္ျပေပးသြားမွာျဖစ္ျပီး ရရွိခဲ့တဲ့ achievement မ်ားနဲ႔ မၾကာေသးမီက screenshot မ်ား ပါဝင္မွာပါ။

Homepage အသစ္မွာ Steam ထဲက မိမိ friend ေတြ ေဆာ့ကစားၾကတဲ့ဂိမ္းမ်ားနဲ႔ ပတ္သတ္တဲ့ highlight အေၾကာင္းအရာမ်ား ပါဝင္မွာျဖစ္ျပီး ပိုင္ဆိုင္ရရွိထားျပီးသားဂိမ္းမ်ားကိုလည္း ပိုျပီး ထင္သာျမင္သာရွိေအာင္ ေဖာ္ျပေပးထားမွာပါ။

ထူးျခားေကာင္းမြန္လာတဲ့ feature တစ္ခုအေနနဲ႔ကေတာ့ မူလအေဟာင္း Categories system ကေန Collection မ်ားအျဖစ္ေျပာင္းလဲလိုက္တာပါ။ Collection မ်ားကို “RPG” “multiplayer” “controller support” စတဲ့ စကားလုံးေပါင္းစုံ နဲ႔ tag မ်ိဳးစုံ အသုံးျပဳဖန္တီးျပီး မိမိ library ထဲမွာရွိတဲ့ ဂိမ္းမ်ားကို ထည့္သြင္းထားႏိုင္မွာပါ။ ေနာက္ပိုင္း ဝယ္ယူတဲ့ဂိမ္းမ်ားဟာလည္း ယင္း tag မ်ားေပၚမွာ မူတည္ျပီး ဖန္တီးထားတဲ့ collection မ်ားထဲကို ေရာက္ရွိသြားမွာျဖစ္ပါတယ္။

ျပဳလုပ္ထားျပီးသား category မ်ားဟာ collection မ်ားအျဖစ္ေျပာင္းလဲသြားမွာ ျဖစ္သလို ဂိမ္းမ်ားကို collection အတြင္း draft-and-drop ျပဳလုပ္ျပီး လြယ္ကူစြာ ထပ္မံထည့္သြင္းႏိုင္မွာပါ။ Home screen မွာ Shelf တစ္ခုျပဳလုပ္ထားႏိုင္ျပီး ယင္းေပၚမွာ မိမိ ကစားေလ့ရွိတဲ့ဂိမ္းမ်ား၊ မကစားဖူးေသးတဲ့ဂိမ္းမ်ား၊ ကစားလိုတဲ့ဂိမ္းသစ္မ်ား စသျဖင့္ အစီအစဥ္ျပဳလုပ္ထားနုိင္ပါတယ္။

Home screen သစ္မွာ Steam ထဲက friend မ်ား ဘယ္ဂိမ္းေတြကို ေဆာ့ကစားေနၾကတယ္ဆိုတာကို ေဖာ္ျပေပးမွာျဖစ္ျပီး မိမိေဆာ့ကစားေလ့ရွိတဲ့ဂိမ္းမ်ားရဲ႕ ေျပာင္းလဲမႈမ်ားနဲ႔ အေျခအေနမ်ားကိုလည္း ၾကည့္ရႈႏိုင္မွာပါ။ ဂိမ္းမ်ားထဲမွ event မ်ား၊ ဂိမ္းသစ္ထြက္ေပၚလာမႈမ်ား၊ မိမိ friend မ်ား ေဆာ့ကစားေနၾကတဲ့ ဂိမ္းမ်ားကို ျမင္ေတြ႔မႈက တစ္ဆင့္ ဘယ္ဂိမ္းေတြ ေခတ္စားေနတယ္ဆိုတာကို သိရွိႏိုင္ျပီး ဂိမ္းသစ္မ်ားကို စမ္းသပ္ေဆာ့ကစားဖုိ႔ အေထာက္အကူျပဳလာမွာပါ။

ဂိမ္းနဲ႔ပတ္သတ္တဲ့အခ်က္အလက္မ်ားကို ပိုမိုရွာေဖြေတြ႔ရွိေစမယ့္ feature သစ္မ်ားနဲ႕ လွပေအာင္ ျပဳျပင္မႈမ်ား ထည့္သြင္းလိုက္ေပမယ့္ store ကေတာ့ ၾကီးၾကီးမားမား ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။ Steam > Settings > Account > Beta participation ကို ေရြးခ်ယ္ထားျပီး Steam library ပုံစံသစ္ကို လာမယ့္ ၁၇ ရက္ေန႔က စလို႔ စမ္းသပ္အသုံးျပဳၾကည့္ႏို္င္မွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

“ပြောင်းလဲသွားမယ့် Steam library ပုံစံသစ်မှာ ဘာတွေပါလာမလဲ”

 

Dota 2 နဲ့ CS: GO တို့လို ဂိမ်းပေါင်းများစွာကို ရယူဆော့ကစားနိုင်တဲ့ Steam platform ဟာ ရှေးရိုးဆန်တဲ့ပုံစံသာရှိခဲ့ပြီး အရမ်းလှပတဲ့ ကွန်ပြူတာပရိုဂရမ်တစ်ခု မဟုတ်ခဲ့ပါဘူး။ မပြောင်းလဲပဲ နှစ်ပေါင်းများစွာကြာခဲ့ပြီးနောက်မှာတော့ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့က စလို့ Netflix နဲ့ Apple TV တို့လို လှပတဲ့ Steam library ပုံစံသစ်ကို beta အနေနဲ့ စတင်စမ်းသပ်အသုံးပြုနိုင်တော့မှာပါ။

ပုံစံသစ်ရဲ့ game page များမှာ ပိုမိုအနုစိတ်တဲ့ artwork များ ပါဝင်သလို update များကိုလည်း အရင်ထက်ပိုပြီး မြင်သာထင်သာ ဖတ်ရှုနိုင်မှာပါ။ သက်ဆိုင်ရာ game page များမှာ post-game summary များ ဖော်ပြပေးသွားမှာဖြစ်ပြီး ရရှိခဲ့တဲ့ achievement များနဲ့ မကြာသေးမီက screenshot များ ပါဝင်မှာပါ။

Homepage အသစ်မှာ Steam ထဲက မိမိ friend တွေ ဆော့ကစားကြတဲ့ဂိမ်းများနဲ့ ပတ်သတ်တဲ့ highlight အကြောင်းအရာများ ပါဝင်မှာဖြစ်ပြီး ပိုင်ဆိုင်ရရှိထားပြီးသားဂိမ်းများကိုလည်း ပိုပြီး ထင်သာမြင်သာရှိအောင် ဖော်ပြပေးထားမှာပါ။

ထူးခြားကောင်းမွန်လာတဲ့ feature တစ်ခုအနေနဲ့ကတော့ မူလအဟောင်း Categories system ကနေ Collection များအဖြစ်ပြောင်းလဲလိုက်တာပါ။ Collection များကို “RPG” “multiplayer” “controller support” စတဲ့ စကားလုံးပေါင်းစုံ နဲ့ tag မျိုးစုံ အသုံးပြုဖန်တီးပြီး မိမိ library ထဲမှာရှိတဲ့ ဂိမ်းများကို ထည့်သွင်းထားနိုင်မှာပါ။ နောက်ပိုင်း ဝယ်ယူတဲ့ဂိမ်းများဟာလည်း ယင်း tag များပေါ်မှာ မူတည်ပြီး ဖန်တီးထားတဲ့ collection များထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

ပြုလုပ်ထားပြီးသား category များဟာ collection များအဖြစ်ပြောင်းလဲသွားမှာ ဖြစ်သလို ဂိမ်းများကို collection အတွင်း draft-and-drop ပြုလုပ်ပြီး လွယ်ကူစွာ ထပ်မံထည့်သွင်းနိုင်မှာပါ။ Home screen မှာ Shelf တစ်ခုပြုလုပ်ထားနိုင်ပြီး ယင်းပေါ်မှာ မိမိ ကစားလေ့ရှိတဲ့ဂိမ်းများ၊ မကစားဖူးသေးတဲ့ဂိမ်းများ၊ ကစားလိုတဲ့ဂိမ်းသစ်များ စသဖြင့် အစီအစဉ်ပြုလုပ်ထားနိုင်ပါတယ်။

Home screen သစ်မှာ Steam ထဲက friend များ ဘယ်ဂိမ်းတွေကို ဆော့ကစားနေကြတယ်ဆိုတာကို ဖော်ပြပေးမှာဖြစ်ပြီး မိမိဆော့ကစားလေ့ရှိတဲ့ဂိမ်းများရဲ့ ပြောင်းလဲမှုများနဲ့ အခြေအနေများကိုလည်း ကြည့်ရှုနိုင်မှာပါ။ ဂိမ်းများထဲမှ event များ၊ ဂိမ်းသစ်ထွက်ပေါ်လာမှုများ၊ မိမိ friend များ ဆော့ကစားနေကြတဲ့ ဂိမ်းများကို မြင်တွေ့မှုက တစ်ဆင့် ဘယ်ဂိမ်းတွေ ခေတ်စားနေတယ်ဆိုတာကို သိရှိနိုင်ပြီး ဂိမ်းသစ်များကို စမ်းသပ်ဆော့ကစားဖို့ အထောက်အကူပြုလာမှာပါ။

ဂိမ်းနဲ့ပတ်သတ်တဲ့အချက်အလက်များကို ပိုမိုရှာဖွေတွေ့ရှိစေမယ့် feature သစ်များနဲ့ လှပအောင် ပြုပြင်မှုများ ထည့်သွင်းလိုက်ပေမယ့် store ကတော့ ကြီးကြီးမားမား ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ Steam > Settings > Account > Beta participation ကို ရွေးချယ်ထားပြီး Steam library ပုံစံသစ်ကို လာမယ့် ၁၇ ရက်နေ့က စလို့ စမ်းသပ်အသုံးပြုကြည့်နိုင်မှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။