[Zawgyi]


 




1. Yangon University
4. Dagon University

August 9,10 နဲ့ 11 ရက်မှာ ကျင်းပမယ့် Main Event ကတော့ Esports ပြိုင်ပွဲသီးသန့်မဟုတ်ပဲ Food Festival တွေ Cosplay ပြိုင်ပွဲတွေ နဲ့ အခြား Entertainment အစီအစဉ်တွေပါ ပါဝင်ဦးမယ့်အပြင် Transport Partner Grab ကလည်း ပြိုင်ပွဲရက်အတွင်း Yangon Convention Center လာတဲ့သူတွေအတွက် အထူးလျှော့ဈေးတွေပါ ပေးအပ်ဦးမှာ ဖြစ်ပါတယ်။


သတင်းစားရှင်းလင်းပွဲအပြီးမှာတော့ GCN မှာ တာဝန်ရှိသူ ကိုစိုးမိုးအေးနှင့် UMEC 2019 တွင်ပါဝင်ကျမည့် တက္ကသိုလ် ၁၆ ကျောင်းမှ ကိုယ်စားလှယ် များမှ သဘောတူစာချွန်လွှာ ရေးထိုးခဲ့ကျပါတယ်။


========================================

[Unicode]

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ကျင်းပမည့် တက္ကသိုလ်ပေါင်းစုံ Mobile Esports ပြိုင်ပွဲကြီး

 

August လတွင်ပြုလုပ်မယ့် ရန်ကုန်မြို့ရှိ တက္ကသိုလ် ပေါင်းစုံ Mobile Esports ပြိုင်ပွဲ (Universities Mobile Esports Chpionship Yangon 2019) UMEC 2019 ရဲ့ သတင်းစာရှင်းလင်းပွဲ ကိုတော့ ယနေ့နေ့လည် ၁ နာရီ Melia Hotel ရှိ Grand Ballroom မှာ ကျင်းပခဲ့ပါတယ်။

ထိုပြိုင်ပွဲကိုတော့ Game Cast Network Myanmar က ဦးစီးကျင်းပတာဖြစ်ပြီး Main Sponsor များအဖြစ် Telenor နဲ့ POND’S Men အမျိုးသား မျက်နှာသစ်ဆေး, Silver Sponsor အဖြစ် CLEAR Men Shampoo နဲ့ Rexona Deodorant, Venue Partner အဖြစ် Yangon Convention Center နဲ့ Transport Partner အဖြစ် Grab တို့မှ ကူညီအားဖြည့်ပေးထားပါတယ်။

ပြိုင်ပွဲ Title တွေကတော့ လက်ရှိ မြန်မာနိုင်ငံမှာ လူကြိုက်အများဆုံး Mobile Game ၂ ခုဖြစ်တဲ့ Mobile Legends: Bang Bang နဲ့ PUBG Mobile ဂိမ်းနှစ်ခု ပါဝင်မှာဖြစ်ပြီး ဂိမ်း ၂ ခုအတွက် စုစုပေါင်း ဆုကြေးငွေကတော့ ဒေါ်လာ 10,000 (မြန်မာကျပ်ငွေ ၁၅၂ သိန်းခန့်) အထိပေးအပ်သွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာပါဝင်ျကမယ့် တက္ကသိုလ်တွေကတော့

1. Yangon University
2. East Yangon University
3. West Yangon University
4. Dagon University
5. University of Medicine 1
6. University of Medicine 2
7. University of Dental Medicine Yangon
8. Myanmar Maritime University
9. Yangon Technological University
10. Thanlyin Technological University
11. West Yangon Technological University
12. Hmawbi Technological University
13. University of Information Technology
14. University of Computer Studies Yangon
15. Yangon University of Foreign Languages
16. Yangon University of Economics

တို့ဖြစ်ပြီး တက္ကသိုလ် တစ်ခုစီကနေ MLBB နဲ့ PUBG M ဂိမ်းတစ်ခုစီအတွက် ကိုယ်စားပြု အသင်းတစ်သင်းစီကသာ Yangon Convention Center မှာပြုလုပ်မယ့် Main Event ကိုတက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
August 9,10 နဲ့ 11 ရက်မှာ ကျင်းပမယ့် Main Event ကတော့ Esports ပြိုင်ပွဲသီးသန့်မဟုတ်ပဲ Food Festival တွေ Cosplay ပြိုင်ပွဲတွေ နဲ့ အခြား Entertainment အစီအစဉ်တွေပါ ပါဝင်ဦးမယ့်အပြင် Transport Partner Grab ကလည်း ပြိုင်ပွဲရက်အတွင်း Yangon Convention Center လာတဲ့သူတွေအတွက် အထူးလျှော့စျေးတွေပါ ပေးအပ်ဦးမှာ ဖြစ်ပါတယ်။


သတင်းစားရှင်းလင်းပွဲအပြီးမှာတော့ GCN မှာ တာဝန်ရှိသူ ကိုစိုးမိုးအေးနှင့် UMEC 2019 တွင်ပါဝင်ကျမည့် တက္ကသိုလ် ၁၆ ကျောင်းမှ ကိုယ်စားလှယ္ များမှ သဘောတူစာချွန်လွှာ ရေးထိုးခဲ့ကျပါတယ်။
ပြိုင်ပွဲမှာပါဝင်ချင်တဲ့ ညီငယ် ညီမငယ်တို့အတွက်လည်း ပြိုင်ပွဲရဲ့ Rules and Regulation အပြည့်အစုံကို “Game Cast Network Myanmar” Facebook page မှာ ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။