[Zawgyi]






ပထမဆု – Steam Wallet 100$





==============================================

[Unicode]

ဒီတစ်ပါတ် ပိတ်ရက်တွေမှာ ကျင်းပမယ့် ပြည်တွင်း Battle Royale ပြိုင်ပွဲ (၂) ပွဲ

 

လာမယ့်စနေနဲ့ တနင်္ဂနွေတွေမှာ ပြည်တွင်းက Battle Royale Game အမျိုးအစား နှစ်သက်သူတွေအတွက် ပြိုင်ပွဲ (၂) ပွဲရှိနေပါတယ်။

ပထမပွဲကတော့ မနေ့ကမှ ကြေညာခဲ့တဲ့ PUBG Tournament ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကတော့ Mobile Version အတွက်မဟုတ်ပဲ မူလ PC (Steam) ဗားရှင်းအတွက် ပြိုင်ပွဲပါ။ ပြည်တွင်းမှာ PUBG Mobile ပြိုင်ပွဲတွေသာ များပြားနေတဲ့အတွက် ဒီ PUBG PC Tournament ကတော့ တကယ့် Fan တွေအတွက် ရှားပါးရတနာလေးပါ။

Narcos Esports နဲ့ PUBG Mobile – Myanmar Page ရဲ့ ပူးပေါင်းကျင်းပတဲ့ ဒီ Tournament ကတော့ Solo only ဖြစ်ပြီး အယောက် ၈၀ သာ လက်ခံမှာဖြစ်လို့ မြန်မြန်စာရင်းပေးဖို့တော့ လိုမယ်နော်။

ပြိုင်ပွဲဆုကြေးကတော့
ပထမဆု – Steam Wallet 100$
ဒုတိယဆု – Steam Wallet 50$
တတိယဆု – Steam Wallet 20$ ပါ။
ပြိုင်ပွဲကို လာမယ့် စနေနေ့ (၂၂) ရက်နေ့ ည ၈ နာရီမှာ စတင်မှာဖြစ်ပြီး စာရင်းပေးသွင်းချင်ရင်တော့ “MysteryM S Esports” Facebook page မှာ စာရင်းပေးသွင်းနိုင်ပါတယ် ခင်ဗျာ။

အသေးစိတ်ကို အောက်ပါ link မှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။

www.facebook.com/355880638257220/posts/608640406314574?s=586007729&sfns=mo

ဒုတိယပြိုင်ပွဲကတော့ Fortnite ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ပြည်တွင်းက ရှားရှားပါးပါး Fortnite Streamer တစ်ဦးဖြစ်တဲ့ WhiteLie4u နဲ့ Blu Esports က ဦးစီးကျင်းပမယ့် ဒီပြိုင်ပွဲဟာ မြန်မာနိုင်ငံအနေနဲ့ ပထမဆုံး Local Fortnite Tournament လို့တောင် ဆိုနိုင်ပါတယ်။ တကမ္ဘာလုံး စွဲလမ်းရူးသွပ်စွာ ဆော့နေကြတဲ့ Fortnite ကတော့ ဒီမှာလမ်းသစ်စဖောက်ဖို့ အချိန်ကျလာပါပြီ။

ပြိုင်ပွဲကို ၂၃ ရက်နေ့ Sunday မှာ ဆော့ရမှာဖြစ်ပြီး ဝင်ကြေးကတော့ Free ပါ။ ဆုကြေးကိုလည်း ၂၀၀,၀၀၀ အထိပေးအပ်သွားမှာဖြစ်ပြီး ယခုဆိုရင် စာရင်းပေးသူ အယောက် ၉၀ ခန့်ရှိနေပါပြီ။ ပြိုင်ပွဲကိုလည်း အစက Blu Esports မှာသာကျင်းပဖို့ စီစဉ်ထားပေမယ့် ယခုအခါမှာတော့ Fidem Esports Center ရယ် SM Esports Center ရယ်မှာပါ ထပ်မံတိုးချဲ့ထားပြီး ဘယ်ဆိုင်ကဆော့ဆော့ Lobby တစ်ခုထဲမှာသာ ဆော့ရမှာ ဖြစ်ပါတယ်။

အသေးစိတ်ကိုလည်း အောက်ပါ Link မှာ မေးမြန်းနိုင်ပါတယ် ခင်ဗျာ။

www.facebook.com/156277728345660/posts/372483640058400?s=586007729&sfns=mo