“Twitch ပေါ်ကနေ ban ခံလိုက်ရတဲ့ N0tail”

The International ကို ၂ နှစ်ဆက်အနိုင်ရရှိထားတဲ့ OG အသင်းရဲ့ ခေါင်းဆောင် N0tail ဟာ stream အမြဲလွှင့်လေ့ရှိသူတစ်ဦးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ရက်အနည်းငယ်က နာမည်ကျော် Dota 2 streamer များ ဖြစ်ကြတဲ့ SingSing နဲ့ Gorgc တို့နဲ့အတူ ဂိမ်းကစားရင်း Twitch ပေါ်မှာ stream လွှင့်နေခဲ့ပါတယ်။

ယင်း stream ကို လွှင့်တင်ပြီးနောက် မကြာမီမှာပဲ Twtich က N0tail ရဲ့ channel ကို ban သွားခဲ့ပါတယ်။ Ban ခံရတဲ့အကြောင်းအရင်းကို တိတိကျကျ မသိကြရပေမယ့် N0tail ဟာ သူ့ရဲ့ hero pool အကြောင်းကို ပြောနေရင်း လိင်တူချစ်သူများကို ထိခိုက်စေမယ့် စကားအသုံးအနှုန်းများကို ပြောဆိုခဲ့ကြောင်း ပရိသတ်အများက ဆိုကြပါတယ်။

N0tail ကတော့ ban ခံရတာနဲ့ ပတ်သက်လို့ ဘာမှ တုံ့ပြန်ပြောကြားခြင်း မရှိခဲ့ပါဘူး။ Twitch ပေါ်မှာ ပထမဆုံးအကြိမ် ban ခံခြင်းဟာ အနည်းဆုံး ၂၄ နာရီကနေ အများဆုံး တစ်ပတ်အထိ ကြာမြင့်လေ့ရှိပါတယ်။ N0tail ရဲ့ channel ကို ယခုအချိန်ထိလည်း ဝင်ရောက်ကြည့်ရှုလို့ မရသေးပါဘူး။

Twitch ဟာ အလွန်စည်းကမ်းတင်းကြပ်လာတဲ့ streaming platform တစ်ခုပါ။ Twitch ရဲ့ community guideline စည်းကမ်းများထဲမှာ လိင်တူချစ်သူများကို တိုက်ခိုက်တဲ့စကားလုံးများ၊ ညစ်ညမ်းစကားလုံးများ၊ ဆဲဆိုခြင်းများ စတာတွေကို stream လွှင့်နေစေအတွင်း မပြောဆိုကြဖို့ ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။

OG အသင်းရဲ့ ပရိသတ်များကတော့ N0tail ကို Twtich က ban သွားတဲ့တွက် စိတ်မကောင်းဖြစ်နေကြပါတယ်။ လက်တလောမှာ Team Liquid League of Legends ရဲ့ Pro player Doublelift က League ဟာ Dota ထက်ပိုပြီး ကျွမ်းကျင်ဖို့ ခက်ခဲတဲ့ Game တစ်ခုဖြစ်ကြောင်းပြောဆိုခဲ့သည့် အတွက် Notail က League ဟာ Pro scene တွေမှာ ပွဲကစားချိန် မိနစ် ၃ဝ အထိ ပျမ်းမျှ Total 5 kills လောက်ပဲ ရှိတဲ့ ဂိမ်း mechanics အပေါ် ထောက်ပြပြီး ဒီဂိမ်းရဲ့ အဓိက အနှစ်သာရက ဘာလဲဟု မေးခွန်းပြန်ထုတ်ခဲ့ပါသေးတယ်။ ဒါကြောင့် League ပရိတ်သတ်အချိူ့ကတော့ Notail ဒီလို Ban ခံရတာဟာ League ကို စော်ကားမိတဲ့ နောက်ဆက်တွဲရလာဒ်ဆိုပြီး ပြန်လည် အရွှမ်းဖောက်နေကြပါသေးတယ်။ သို့ပေမယ့် ဂိမ်းကစားနေရင်း အခြားသူများကို တိုက်ခိုက်တဲ့ စကားများနဲ့ ရိုင်းပျတဲ့ စကားများ မပြောကြဖို့ ဒီအဖြစ်အပျက်လေးက သင်ခန်းစာပေးလျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: dotaesports


 

“Twitch ေပၚကေန ban ခံလိုက္ရတဲ့ N0tail”

The International ကို ၂ ႏွစ္ဆက္အႏိုင္ရရွိထားတဲ့ OG အသင္းရဲ႕ ေခါင္းေဆာင္ N0tail ဟာ stream အျမဲလႊင့္ေလ့ရွိသူတစ္ဦးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ လြန္ခဲ့တဲ့ရက္အနည္းငယ္က နာမည္ေက်ာ္ Dota 2 streamer မ်ား ျဖစ္ၾကတဲ့ SingSing နဲ႕ Gorgc တို႔နဲ႔အတူ ဂိမ္းကစားရင္း Twitch ေပၚမွာ stream လႊင့္ေနခဲ့ပါတယ္။

ယင္း stream ကို လႊင့္တင္ျပီးေနာက္ မၾကာမီမွာပဲ Twtich က N0tail ရဲ႕ channel ကို ban သြားခဲ့ပါတယ္။ Ban ခံရတဲ့အေၾကာင္းအရင္းကို တိတိက်က် မသိၾကရေပမယ့္ N0tail ဟာ သူ႕ရဲ႕ hero pool အေၾကာင္းကို ေျပာေနရင္း လိင္တူခ်စ္သူမ်ားကို ထိခိုက္ေစမယ့္ စကားအသုံးအႏႈန္းမ်ားကို ေျပာဆိုခဲ့ေၾကာင္း ပရိသတ္အမ်ားက ဆိုၾကပါတယ္။

N0tail ကေတာ့ ban ခံရတာနဲ႔ ပတ္သက္လို႔ ဘာမွ တုံ႕ျပန္ေျပာၾကားျခင္း မရွိခဲ့ပါဘူး။ Twitch ေပၚမွာ ပထမဆုံးအၾကိမ္ ban ခံျခင္းဟာ အနည္းဆုံး ၂၄ နာရီကေန အမ်ားဆုံး တစ္ပတ္အထိ ၾကာျမင့္ေလ့ရွိပါတယ္။ N0tail ရဲ႕ channel ကို ယခုအခ်ိန္ထိလည္း ဝင္ေရာက္ၾကည့္ရႈလို႔ မရေသးပါဘူး။

Twitch ဟာ အလြန္စည္းကမ္းတင္းၾကပ္လာတဲ့ streaming platform တစ္ခုပါ။ Twitch ရဲ႕ community guideline စည္းကမ္းမ်ားထဲမွာ လိင္တူခ်စ္သူမ်ားကို တိုက္ခိုက္တဲ့စကားလုံးမ်ား၊ ညစ္ညမ္းစကားလုံးမ်ား၊ ဆဲဆိုျခင္းမ်ား စတာေတြကို stream လႊင့္ေနေစအတြင္း မေျပာဆိုၾကဖုိ႔ ျပင္းျပင္းထန္ထန္ တားျမစ္ထားပါတယ္။

OG အသင္းရဲ႕ ပရိသတ္မ်ားကေတာ့ N0tail ကို Twtich က ban သြားတဲ့တြက္ စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ လက္တေလာမွာ Team Liquid League of Legends ရဲ႕ Pro player Doublelift က League ဟာ Dota ထက္ပိုၿပီး ကြၽမ္းက်င္ဖို႔ ခက္ခဲတဲ့ Game တစ္ခုျဖစ္ေၾကာင္းေျပာဆိုခဲ့သည့္ အတြက္ Notail က League ဟာ Pro scene ေတြမွာ ပြဲကစားခ်ိန္ မိနစ္ ၃ဝ အထိ ပ်မ္းမွ် Total 5 kills ေလာက္ပဲ ရွိတဲ့ ဂိမ္း mechanics အေပၚ ေထာက္ျပၿပီး ဒီဂိမ္းရဲ႕ အဓိက အႏွစ္သာရက ဘာလဲဟု ေမးခြန္းျပန္ထုတ္ခဲ့ပါေသးတယ္။ ဒါေၾကာင့္ League ပရိတ္သတ္အခ်ိဴ႕ကေတာ့ Notail ဒီလို Ban ခံရတာဟာ League ကို ေစာ္ကားမိတဲ့ ေနာက္ဆက္တြဲရလာဒ္ဆိုၿပီး ျပန္လည္ အ႐ႊမ္းေဖာက္ေနၾကပါေသးတယ္။ သို႔ေပမယ့္ ဂိမ္းကစားေနရင္း အျခားသူမ်ားကို တိုက္ခိုက္တဲ့ စကားမ်ားနဲ႔ ႐ိုင္းပ်တဲ့ စကားမ်ား မေျပာၾကဖို႔ ဒီအျဖစ္အပ်က္ေလးက သင္ခန္းစာေပးလ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: dotaesports