[Unicode]

ရက်ပ်အဆိုတော် Logic ကို Twitch ခေါ်ယူ

 

နာမည်ကျော် ရက်ပ်ဂီတအဆိုတော်တစ်ဦးဖြစ်တဲ့ Logic ဟာ Twitch နဲ့ သဘောတူပူးပေါင်းမှုတစ်ခုကို မကြာသေးမီက ပြုလုပ်ခဲ့ပါတယ်။ ပူးပေါင်းမှုအရတော့ Logic ဟာ Twitch ပေါ်မှာ အချိန်အတိုင်းအတာတစ်ခုအထိ ပုံမှန် stream လွှင့်ရမှာဖြစ်ပြီး ဒါဟာ အဆိုတော်တစ်ဦးကို Twitch ဘက်က ပထမဆုံးအကြိမ် စတင်ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

Logic Twitch Channal

Logic ဟာ သူရဲ့ နောက်ဆုံးအယ်လ်ဘမ်ဖြစ်တဲ့ “No Pressure” ကို ဇူလိုင်လ ၂၄ ရက်နေ့မှာ ထုတ်လွှင့်ပြီးနောက် ဂီတလောက ကနေ အနားယူတော့မှာဖြစ်ကြောင်း ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။ ဒါကြောင့် သူ့အနေနဲ့ Twitch ပေါ်မှာ stream လွှင့်ဖို့အတွက် အချိန်ပိုများစွာထွက်လာပြီဖြစ်ကြောင်း အများကယူဆကြပါတယ်။

Logic ဟာ ယင်းရဲ့အယ်လ်ဘမ် “No Pressure” မိတ်ဆက်ပွဲကို Twitch ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ Logic ရဲ့ ချန်နယ်ဟာ stream လွှင့်တာ နာရီပိုင်းသာ ရှိသေးတဲ့အချိန်အတွင်းမှာတင် ဝင်ရောက်ကြည့်ရှုသူပေါင်း ၂ သန်းကျော် ရရှိလာခဲ့ပါတယ်။

Logic’s New Alum “No Pressure”

ဒီအကြောင်းနဲ့ ပတ်သက်လို့ Logic က “ကျွန်တော်နဲ့ စကားပြောဆက်သွယ်ချင်တယ်ဆိုရင် ကျွန်တော့်ရဲ့ Twitch ချန်နယ်ဆီ လာလို့ရပါတယ်။ ကျွန်တော် Twitch ပေါ်မှာ နိုင်ငံရေးအကြောင်းတွေပြောပြီး ငြင်းခုန်နေမှာတော့ မဟုတ်ပါဘူး။ ငြင်းခုန်မှုတွေနဲ့ သဘောထားမတိုက်ဆိုက်မှုတွေကို ကြုံတွေ့ခဲ့ရလို့ ပင်ပန်းနေသူတွေအတွက် အကူအညီကောင်းလေးတစ်ခုအဖြစ်ပဲ ရှိနေချင်ပါတယ်။

Twitch ပေါ်က ကျွန်တော့်ပရိသတ်တွေကို အပန်းပြေသွားပြီး ရယ်မောပြုံးရွှင်ကြစေချင်ပါတယ်။ ကျွန်တော့် ပရိသတ်များအနေနဲ့ ကမ္ဘာလောကကြီးနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ခံစားချက်တွေကို သိချင်တယ်ဆိုရင်တော့ ကျွန်တော့်သီချင်းတွေကို နားထောင်ပေးကြပါ။

ကျွန်တော်က ရက်ပ်ပါကြီးတစ်ယောက် မဟုတ်ပါဘူး။ ဗီဒီယိုဂိမ်းတွေ ကစားရတာကို သဘောကျတဲ့ သာမန်လူသားလေးတစ်ယောက်ပါ။ သန်းနဲ့ချီတဲ့ ပရိသတ်တွေ ကျွန်တော့်ကို အားပေးကြတာဟာလည်း ကံကောင်းတဲ့ ဆုလဒ်တစ်ခုပါပဲ။ ဒါကြောင့် ဒီပူးပေါင်းမှုက ကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ Twitch ပေါ်ကို ကြည့်ရှုသူအသစ်တွေခေါ်ဆောင်လာပေးနိုင်မှာဖြစ်သလို သူတို့ကလည်း ကျွန်တော့် ဘဏ်အကောင့်ထဲကို ငွေတွေ သယ်ဆောင်လာပေးမှာပါ — နောက်တာနော်” အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

Twitch အနေနဲ့ Logic ကို ခေါ်ယူဖို့ အသုံးပြုခဲ့တဲ့ငွေကြေးပမာဏကို အတိအကျထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေမယ့် ဒေါ်လာသန်းဂဏန်းပေးပြီး ခေါ်ယူခဲ့တယ်လို့ ယူဆနေကြပါတယ်။ ပြိုင်ဆိုင်မှုများလာနေတဲ့ streaming ပလက်ဖောင်းလောကအတွင်းက Twitch ရဲ့ ခြေလှမ်းသစ်တစ်ခုကို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။
source: dotesports


[ZawGyi]

ရက္ပ္အဆိုေတာ္ Logic ကို Twitch ေခၚယူ

 

နာမည္ေက်ာ္ ရက္ပ္ဂီတအဆိုေတာ္တစ္ဦးျဖစ္တဲ့ Logic ဟာ Twitch နဲ႔ သေဘာတူပူးေပါင္းမႈတစ္ခုကို မၾကာေသးမီက ျပဳလုပ္ခဲ့ပါတယ္။ ပူးေပါင္းမႈအရေတာ့ Logic ဟာ Twitch ေပၚမွာ အခ်ိန္အတိုင္းအတာတစ္ခုအထိ ပုံမွန္ stream လႊင့္ရမွာျဖစ္ၿပီး ဒါဟာ အဆိုေတာ္တစ္ဦးကို Twitch ဘက္က ပထမဆုံးအႀကိမ္ စတင္ေခၚယူခဲ့တာလည္း ျဖစ္ပါတယ္။

Logic ဟာ သူရဲ႕ ေနာက္ဆုံးအယ္လ္ဘမ္ျဖစ္တဲ့ “No Pressure” ကို ဇူလိုင္လ ၂၄ ရက္ေန႔မွာ ထုတ္လႊင့္ၿပီးေနာက္ ဂီတေလာက ကေန အနားယူေတာ့မွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့အပတ္က ေၾကညာခဲ့ပါတယ္။ ဒါေၾကာင့္ သူ႔အေနနဲ႔ Twitch ေပၚမွာ stream လႊင့္ဖို႔အတြက္ အခ်ိန္ပိုမ်ားစြာထြက္လာၿပီျဖစ္ေၾကာင္း အမ်ားကယူဆၾကပါတယ္။

Logic ဟာ ယင္းရဲ႕အယ္လ္ဘမ္ “No Pressure” မိတ္ဆက္ပြဲကို Twitch ေပၚမွာ တိုက္႐ိုက္ထုတ္လႊင့္ျပသခဲ့ပါတယ္။ Logic ရဲ႕ ခ်န္နယ္ဟာ stream လႊင့္တာ နာရီပိုင္းသာ ရွိေသးတဲ့အခ်ိန္အတြင္းမွာတင္ ဝင္ေရာက္ၾကည့္ရႈသူေပါင္း ၂ သန္းေက်ာ္ ရရွိလာခဲ့ပါတယ္။

Logic’s New Alum “No Pressure”

ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ Logic က “ကြၽန္ေတာ္နဲ႔ စကားေျပာဆက္သြယ္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ့္ရဲ႕ Twitch ခ်န္နယ္ဆီ လာလို႔ရပါတယ္။ ကြၽန္ေတာ္ Twitch ေပၚမွာ ႏိုင္ငံေရးအေၾကာင္းေတြေျပာၿပီး ျငင္းခုန္ေနမွာေတာ့ မဟုတ္ပါဘူး။ ျငင္းခုန္မႈေတြနဲ႔ သေဘာထားမတိုက္ဆိုက္မႈေတြကို ႀကဳံေတြ႕ခဲ့ရလို႔ ပင္ပန္းေနသူေတြအတြက္ အကူအညီေကာင္းေလးတစ္ခုအျဖစ္ပဲ ရွိေနခ်င္ပါတယ္။

Twitch ေပၚက ကြၽန္ေတာ့္ပရိသတ္ေတြကို အပန္းေျပသြားၿပီး ရယ္ေမာၿပဳံး႐ႊင္ၾကေစခ်င္ပါတယ္။ ကြၽန္ေတာ့္ ပရိသတ္မ်ားအေနနဲ႔ ကမာၻေလာကႀကီးနဲ႔ ပတ္သက္တဲ့ ကြၽန္ေတာ့္ရဲ႕ ခံစားခ်က္ေတြကို သိခ်င္တယ္ဆိုရင္ေတာ့ ကြၽန္ေတာ့္သီခ်င္းေတြကို နားေထာင္ေပးၾကပါ။

ကြၽန္ေတာ္က ရက္ပ္ပါႀကီးတစ္ေယာက္ မဟုတ္ပါဘူး။ ဗီဒီယိုဂိမ္းေတြ ကစားရတာကို သေဘာက်တဲ့ သာမန္လူသားေလးတစ္ေယာက္ပါ။ သန္းနဲ႔ခ်ီတဲ့ ပရိသတ္ေတြ ကြၽန္ေတာ့္ကို အားေပးၾကတာဟာလည္း ကံေကာင္းတဲ့ ဆုလဒ္တစ္ခုပါပဲ။ ဒါေၾကာင့္ ဒီပူးေပါင္းမႈက ေကာင္းပါတယ္။ ကြၽန္ေတာ့္အေနနဲ႔ Twitch ေပၚကို ၾကည့္ရႈသူအသစ္ေတြေခၚေဆာင္လာေပးႏိုင္မွာျဖစ္သလို သူတို႔ကလည္း ကြၽန္ေတာ့္ ဘဏ္အေကာင့္ထဲကို ေငြေတြ သယ္ေဆာင္လာေပးမွာပါ — ေနာက္တာေနာ္” အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

Twitch အေနနဲ႔ Logic ကို ေခၚယူဖို႔ အသုံးျပဳခဲ့တဲ့ေငြေၾကးပမာဏကို အတိအက်ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရွိေပမယ့္ ေဒၚလာသန္းဂဏန္းေပးၿပီး ေခၚယူခဲ့တယ္လို႔ ယူဆေနၾကပါတယ္။ ၿပိဳင္ဆိုင္မႈမ်ားလာေနတဲ့ streaming ပလက္ေဖာင္းေလာကအတြင္းက Twitch ရဲ႕ ေျခလွမ္းသစ္တစ္ခုကို ေဖာ္ျပလိုက္ရပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။
source: dotesports