[Zawgyi]
Street Fighter cosplay ဝတ္ခဲ့မိလုိ့ Twitch ကေန ban ခံခဲ့ရတဲ့ အမ်ိဳးသမီး streamer
အမ်ိဳးသမီး streamer တစ္ဦးျဖစ္တဲ့ Quqco ဟာ cosplay ဝတ္စုံတစ္ခုကို ဝတ္ဆင္ျပီး stream လႊင့္ခဲ့တဲ့အတြက္ Twitch ကေန သုံးရက္ခန္႔ suspend လုပ္ျခင္းကို ခံခဲ့ရပါတယ္။ သူမဝတ္ဆင္ခဲ့တာကေတာ့ Street Fighter ထဲက နာမည္ေက်ာ္ဇာတ္ေကာင္တစ္ဦးျဖစ္တဲ့ Chun-Li ပုံစံ cosplay ပါ။
Quqco ဟာ Twitch ေပၚမွာ သူမ ၾကိဳက္ႏွစ္သက္တဲ့ ဂိမ္းဇာတ္ေကာင္မ်ားရဲ႕ ပုံမ်ားကို ေရးဆြဲျပေလ့ရွိသူတစ္ဦးျဖစ္ပါတယ္။ မၾကာေသးမီက သူမဟာ Chun-Li ပုံစံဝတ္ဆင္ျပီး stream လႊင့္ေနစဥ္မွာပဲ Twitch ကေန သုံးရက္ suspend လုပ္ေၾကာင္း သတိေပးစာေရာက္ရွိလာခဲ့တာပါ။ စာထဲမွာေတာ့ သူမရဲ႕ အျပဳအမူဟာ “လိင္ပိုင္းဆိုင္ရာ ညစ္ညမ္းအေၾကာင္းအရာ သို႔မဟုတ္ အျပဳအမႈ” ျဖစ္ေနေၾကာင္း ပါဝင္ခဲ့ပါတယ္။
“တကယ္ေတာ့ ကြ်န္မဟာ ေပါင္အထိေရာက္ေနတဲ့ စကတ္ကြဲေၾကာင္းကို သိပ္မျမင့္ေအာင္ တစ္ဆိုဒ္ၾကီးတဲ့ အရြယ္ကို ေရြးဝယ္လာခဲ့တာပါ။ အဲဲဒီကြဲေၾကာင္းဟာ ကြ်န္မပိုင္ဆိုင္တဲ့အျခားဝတ္စုံမ်ားရဲ႕ ကြဲေၾကာင္းထက္ေတာင္ နိမ့္ေနပါေသးတယ္။ ကြ်န္မဟာ လုံလုံျခံဳျခံဳဝတ္ဆင္ထားေၾကာင္း ယုံၾကည္ပါတယ္။” လို႔ Quqco ကေတာ့ ေျပာခဲ့ပါတယ္။
Quqco ဟာ The King of Fighters ထဲက Mai Shiranui ပုံစံဝတ္ဆင္ျပီး stream လႊင့္ခဲ့စဥ္ကလည္း suspend လုပ္ခံခဲ့ရပါေသးတယ္။ ထိုအခ်ိန္ကေတာ့ Quqco ဟာ အြန္လိုင္းေပၚက အုပ္စုတစ္ခုကေန သူမကို ဝိုင္းဝန္း report လုပ္တာ ခံခဲ့ရေၾကာင္းနဲ႔ သူမကို ေႏွာင့္ယွက္တာလည္း ခံခဲ့ရေၾကာင္း Twitter ေပၚမွာ ေရးသားခဲ့ဖူးပါတယ္။

Quqco ေျပာတဲ့ သူမကို report လုပ္သူမ်ားကေတာ့ Livstreamfail လို႔ အမည္ရတဲ့ subreddit ေပၚက အုပ္စုမ်ားျဖစ္တယ္လို့ ဆိုပါတယ္။ ထိုအုပ္စုမ်ားဟာ Twitch ေပၚက အမ်ိဳးသမီး streamer မ်ားကို ဝိုင္းဝန္း report ျပဳလုပ္တတ္ေၾကာင္း ေကာလဟလမ်ားထြက္ေပၚခဲ့ေပမယ့္ Livestreamfail ရဲ႕ moderator မ်ားကေတာ့ ဒီကိစၥဟာ မဟုတ္မွန္ေၾကာင္း ဆိုၾကျပန္ပါတယ္။
“အြန္လိုင္းေပၚက ေနာက္ေျပာင္သူမ်ားနဲ႔ ေႏွာင့္ယွက္သူမ်ားဟာ ကြ်န္မကို အျမင္မသင့္ေတာ္သူအျဖစ္ ဝိုင္းဝန္း report ျပဳလုပ္ေနၾကပါတယ္။ ကြ်န္မဟာ cosplay ဝတ္ဆင္ျပီး ပုံဆြဲတာကလြဲရင္ အျမင္မသင့္ေတာ္တဲ့ အျပဳအမႈ ဘာကိုမွ မျပဳလုပ္ခဲ့ေၾကာင္း ယုံၾကည္ပါတယ္။” လို႔ Quqco က ေျပာခဲ့ပါတယ္။
“အျခားအမ်ိဳးသမီး streamer မ်ားဟာလည္း ကြ်န္မလိုပဲ တူညီတဲ့အခက္အခဲမ်ားကို ရင္ဆိုင္ေနၾကရပါတယ္။ အေႏွာင့္အယွက္ေပးသူမ်ားနဲ႔ စိတ္ေကာင္းမရွိသူမ်ားဟာ ကြ်န္မတို႔လို streamer မ်ားကို စုေပါင္း report ျပဳလုပ္ေနၾကတယ္။” လို႔လည္း ေျပာခဲ့ပါေသးတယ္။
ဒါကေတာ့ Quqco ကို ျမင္ျမင္ခ်င္း ဝန္းရံခ်င္သူေတြအတြက္ သူ႔ရဲ႕ Twitter Account ေလး ထည့္ေပးထားတာပါ။
Comfy stream https://t.co/rjHb9m2YLv pic.twitter.com/YW8MgY4q52
— quqco 🔜 TwitchCon (@quqco) August 29, 2019
Twitch ဟာ ညစ္ညမ္းအေၾကာင္းအရာမ်ားကို တင္ခြင့္မျပဳထားေၾကာင္း စည္းကမ္းမ်ား ထုတ္ထားေပမယ့္ Quqco ကေတာ့ သူမဟာ စည္းကမ္းေဖာက္ဖ်က္တာမ်ိဳး မလုပ္ဘူးလို႔ပဲ ျငင္းဆိုေနခဲ့တာပါ။ အဆိုပါ ဗီဒီယိုဟာလည္း ဖယ္ရွားျခင္း ခံလိုက္ရျပီျဖစ္လို႔ Twitch ရဲ႕ suspend ျပဳလုပ္ျခင္းဟာ မွန္လား မမွန္ဘူးလား ဆိုတာ ခြဲျခားဖုိ႔လည္း ခက္ခဲသြားပါျပီ။ အမ်ိဳးသမီး streamer မ်ား၊ streaming platform မ်ားနဲ႔ အခ်ိဳ႕ ပရိသတ္မ်ားၾကား ဒီလို အျငင္းပြားမႈမ်ားကေတာ့ ရွိေနၾကဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ ရွိပါတယ္။
[Unicode]
Street Fighter cosplay ဝတ်ခဲ့မိလို့ Twitch ကနေ ban ခံခဲ့ရတဲ့ အမျိုးသမီး streamer
အမျိုးသမီး streamer တစ်ဦးဖြစ်တဲ့ Quqco ဟာ cosplay ဝတ်စုံတစ်ခုကို ဝတ်ဆင်ပြီး stream လွှင့်ခဲ့တဲ့အတွက် Twitch ကနေ သုံးရက်ခန့် suspend လုပ်ခြင်းကို ခံခဲ့ရပါတယ်။ သူမဝတ်ဆင်ခဲ့တာကတော့ Street Fighter ထဲက နာမည်ကျော်ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Chun-Li ပုံစံ cosplay ပါ။
Quqco ဟာ Twitch ပေါ်မှာ သူမ ကြိုက်နှစ်သက်တဲ့ ဂိမ်းဇာတ်ကောင်များရဲ့ ပုံများကို ရေးဆွဲပြလေ့ရှိသူတစ်ဦးဖြစ်ပါတယ်။ မကြာသေးမီက သူမဟာ Chun-Li ပုံစံဝတ်ဆင်ပြီး stream လွှင့်နေစဉ်မှာပဲ Twitch ကနေ သုံးရက် suspend လုပ်ကြောင်း သတိပေးစာရောက်ရှိလာခဲ့တာပါ။ စာထဲမှာတော့ သူမရဲ့ အပြုအမူဟာ “လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းအကြောင်းအရာ သို့မဟုတ် အပြုအမှု” ဖြစ်နေကြောင်း ပါဝင်ခဲ့ပါတယ်။
“တကယ်တော့ ကျွန်မဟာ ပေါင်အထိရောက်နေတဲ့ စကတ်ကွဲကြောင်းကို သိပ်မမြင့်အောင် တစ်ဆိုဒ်ကြီးတဲ့ အရွယ်ကို ရွေးဝယ်လာခဲ့တာပါ။ အဲဒီကွဲကြောင်းဟာ ကျွန်မပိုင်ဆိုင်တဲ့အခြားဝတ်စုံများရဲ့ ကွဲကြောင်းထက်တောင် နိမ့်နေပါသေးတယ်။ ကျွန်မဟာ လုံလုံခြုံခြုံဝတ်ဆင်ထားကြောင်း ယုံကြည်ပါတယ်။” လို့ Quqco ကတော့ ပြောခဲ့ပါတယ်။
Quqco ဟာ The King of Fighters ထဲက Mai Shiranui ပုံစံဝတ်ဆင်ပြီး stream လွှင့်ခဲ့စဉ်ကလည်း suspend လုပ်ခံခဲ့ရပါသေးတယ်။ ထိုအချိန်ကတော့ Quqco ဟာ အွန်လိုင်းပေါ်က အုပ်စုတစ်ခုကနေ သူမကို ဝိုင်းဝန်း report လုပ်တာ ခံခဲ့ရကြောင်းနဲ့ သူမကို နှောင့်ယှက်တာလည်း ခံခဲ့ရကြောင်း Twitter ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။

Quqco ပြောတဲ့ သူမကို report လုပ်သူများကတော့ Livstreamfail လို့ အမည်ရတဲ့ subreddit ပေါ်က အုပ်စုများဖြစ်တယ်လို့ ဆိုပါတယ်။ ထိုအုပ်စုများဟာ Twitch ပေါ်က အမျိုးသမီး streamer များကို ဝိုင်းဝန်း report ပြုလုပ်တတ်ကြောင်း ကောလဟလများထွက်ပေါ်ခဲ့ပေမယ့် Livestreamfail ရဲ့ moderator များကတော့ ဒီကိစ္စဟာ မဟုတ်မှန်ကြောင်း ဆိုကြပြန်ပါတယ်။
“အွန်လိုင်းပေါ်က နောက်ပြောင်သူများနဲ့ နှောင့်ယှက်သူများဟာ ကျွန်မကို အမြင်မသင့်တော်သူအဖြစ် ဝိုင်းဝန်း report ပြုလုပ်နေကြပါတယ်။ ကျွန်မဟာ cosplay ဝတ်ဆင်ပြီး ပုံဆွဲတာကလွဲရင် အမြင်မသင့်တော်တဲ့ အပြုအမှု ဘာကိုမှ မပြုလုပ်ခဲ့ကြောင်း ယုံကြည်ပါတယ်။” လို့ Quqco က ပြောခဲ့ပါတယ်။
“အခြားအမျိုးသမီး streamer များဟာလည်း ကျွန်မလိုပဲ တူညီတဲ့အခက်အခဲများကို ရင်ဆိုင်နေကြရပါတယ်။ အနှောင့်အယှက်ပေးသူများနဲ့ စိတ်ကောင်းမရှိသူများဟာ ကျွန်မတို့လို streamer များကို စုပေါင်း report ပြုလုပ်နေကြတယ်။” လို့လည်း ပြောခဲ့ပါသေးတယ်။
ဒါကတော့ Quqco ကို မြင်မြင်ချင်း ဝန်းရံချင်သူတွေအတွက် သူ့ရဲ့ Twitter Account လေး ထည့်ပေးထားတာပါ။
Comfy stream https://t.co/rjHb9m2YLv pic.twitter.com/YW8MgY4q52
— quqco 🔜 TwitchCon (@quqco) August 29, 2019
Twitch ဟာ ညစ်ညမ်းအကြောင်းအရာများကို တင်ခွင့်မပြုထားကြောင်း စည်းကမ်းများ ထုတ်ထားပေမယ့် Quqco ကတော့ သူမဟာ စည်းကမ်းဖောက်ဖျက်တာမျိုး မလုပ်ဘူးလို့ပဲ ငြင်းဆိုနေခဲ့တာပါ။ အဆိုပါ ဗီဒီယိုဟာလည်း ဖယ်ရှားခြင်း ခံလိုက်ရပြီဖြစ်လို့ Twitch ရဲ့ suspend ပြုလုပ်ခြင်းဟာ မှန်လား မမှန်ဘူးလား ဆိုတာ ခွဲခြားဖို့လည်း ခက်ခဲသွားပါပြီ။ အမျိုးသမီး streamer များ၊ streaming platform များနဲ့ အချို့ ပရိသတ်များကြား ဒီလို အငြင်းပွားမှုများကတော့ ရှိနေကြဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက် ရှိပါတယ်။