[Unicode]

မတော်တဆ လှစ်ပြမိသလိုဖြစ်သွားလို့ Twitch က Ban ခံခဲ့ရတဲ့ အမျိူးသမီး Streamer

 

အမျိုးသမီး streamer တစ်ဦးဖြစ်တဲ့ Alinity ဟာ Twitch ပေါ်မှာ follower တစ်သန်းကျော် ရရှိထားသူတစ်ဦးပါ။ မကြာသေးမီကတော့ သူမဟာ steam လွှင့်နေရင်း Twitch ရဲ့ စည်းကမ်းချက်တစ်ခုကို မတော်တဆဖောက်ဖျက်မိသွားတဲ့အတွက် Twitch က သူမအကောင့်ကို ၂၄ နာရီ ban သွားခဲ့ပါတယ်။

Alinity ပြုလုပ်ခဲ့တာကတော့ Twitch ပေါ်မှာ steam လွှင့်နေရင်း ရှပ်အင်္ကျီကို မ တင်မိတဲ့အတွက် ရင်သား မတော်တဆပေါ်သွားခဲ့တာပဲဖြစ်ပါတယ်။ Twitch ရဲ့ စည်းကမ်းချက်များအရ ပလက်ဖောင်းပေါ်မှာ မလုံ့တလုံဗီဒီယိုများတင်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာမြူဆွယ်ခြင်းများကို လက်မခံထားပါဘူး။ စည်းကမ်း ဖောက်ဖျက်သူများဟာ Twitch ပေါ်ကနေ ယာယီဖြစ်စေ ရာသက်ပန်ဖြစ်စေ ban ခံရနိုင်ကြောင်းကိုလည်း ကြေညာထားခဲ့ဖူးပါတယ်။

Alinity ဟာ ယာယီ ban မခံရခင်တည်းက သူမကိုယ်ကို Twitch သုံးခွင့် (၃) ရက် ပိတ်ပင်ကြောင်းကိုလည်း ရေးသားခဲ့ဖူးပါတယ်။ ယင်းရေးသားချက်များထဲမှာတော့ “အခုလိုဖြစ်သွားခဲ့တဲ့အတွက် Twitch က ဘယ်လိုပဲဆုံးဖြတ်သည်ဖြစ်စေ ကျွန်မကတော့ ကိုယ့်ကိုယ်ကို Twitch ပလက်ဖောင်းသုံးခွင့် (၃) ရက် ပိတ်ထားမှာပါ။ ဒီလိုလုပ်ရင်မျှတမယ်လို့ထင်ပါတယ်။ ကောင်းသောနေ့လေးဖြစ်ပါစေ” အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

Alinity အတွက် Twitch ပေါ်က ban ခံရမယ့်အရေးနဲ့ ကြုံတွေ့ရတာ ဒီတစ်ကြိမ်ထဲတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း သူမ Apex Legends stream လွှင့်နေတုန်း ကွန်ပြူတာရှေ့ရောက်လာတဲ့ကြောင်ကို နောက်ပြန်လွှင့်ပစ်ခဲ့တဲ့အတွက် Twitch ပေါ်ကနေ ban ခံရမလိုဖြစ်ခဲ့သလို လူအများရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းကိုလည်း ခံခဲ့ရပါတယ်။

ဒါ့အပြင် အခြားဗီဒီယိုများအတွင်းမှာလည်း ဗော်ကာအရက်သောက်ပြီး ကြောင်နှုတ်ခမ်းကို နမ်းခြင်း၊ အိမ်မွေးတိရစ္ဆာန်လေးများရဲ့ပါးစပ်ကို စတစ်ကာဖြင့်ဖုံးအုပ်ခြင်း စ တာတွေ ပြုလုပ်ခဲ့တာကြောင့် People for the Ethical Treatment of Animals (PETA) အဖွဲ့ကြီးကတောင် Alinity ကို Twitch ပေါ်ကနေ ဖယ်ရှားပေးဖို့ လူသိရှင်ကြား တောင်းဆိုခဲ့ဖူးပါတယ်။

Alinity ရဲ့အကောင့်ဟာ ၂၄ နာရီသာ ban ခံခဲ့ရတဲ့အတွက် သူမရဲ့ပရိသတ်များ ဝမ်းသာနေကြတယ်။ ဒါပေမယ့် ဂိမ်မာအများစုကတော့ Twitch ဟာ စည်းကမ်းဖောက်ဖျက်သူများကို အပြစ်ဒဏ်ပေးပေါ့လျော့လှကြောင်း ဝေဖန်လျက်ရှိကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: dotesports


[ZawGyi]

မေတာ္တဆ လွစ္ျပမိသလိုျဖစ္သြားလို႔ Twitch က Ban ခံခဲ့ရတဲ့ အမ်ိဴးသမီး Streamer

 

အမ်ိဳးသမီး streamer တစ္ဦးျဖစ္တဲ့ Alinity ဟာ Twitch ေပၚမွာ follower တစ္သန္းေက်ာ္ ရရွိထားသူတစ္ဦးပါ။ မၾကာေသးမီကေတာ့ သူမဟာ steam လႊင့္ေနရင္း Twitch ရဲ႕ စည္းကမ္းခ်က္တစ္ခုကို မေတာ္တဆေဖာက္ဖ်က္မိသြားတဲ့အတြက္ Twitch က သူမအေကာင့္ကို ၂၄ နာရီ ban သြားခဲ့ပါတယ္။

Alinity ျပဳလုပ္ခဲ့တာကေတာ့ Twitch ေပၚမွာ steam လႊင့္ေနရင္း ရွပ္အက်ႌကို မ တင္မိတဲ့အတြက္ ရင္သား မေတာ္တဆေပၚသြားခဲ့တာပဲျဖစ္ပါတယ္။ Twitch ရဲ႕ စည္းကမ္းခ်က္မ်ားအရ ပလက္ေဖာင္းေပၚမွာ မလုံ႔တလုံဗီဒီယိုမ်ားတင္ျခင္းနဲ႔ လိင္ပိုင္းဆိုင္ရာျမဴဆြယ္ျခင္းမ်ားကို လက္မခံထားပါဘူး။ စည္းကမ္း ေဖာက္ဖ်က္သူမ်ားဟာ Twitch ေပၚကေန ယာယီျဖစ္ေစ ရာသက္ပန္ျဖစ္ေစ ban ခံရႏိုင္ေၾကာင္းကိုလည္း ေၾကညာထားခဲ့ဖူးပါတယ္။

 

Alinity ဟာ ယာယီ ban မခံရခင္တည္းက သူမကိုယ္ကို Twitch သုံးခြင့္ (၃) ရက္ ပိတ္ပင္ေၾကာင္းကိုလည္း ေရးသားခဲ့ဖူးပါတယ္။ ယင္းေရးသားခ်က္မ်ားထဲမွာေတာ့ “အခုလိုျဖစ္သြားခဲ့တဲ့အတြက္ Twitch က ဘယ္လိုပဲဆုံးျဖတ္သည္ျဖစ္ေစ ကြၽန္မကေတာ့ ကိုယ့္ကိုယ္ကို Twitch ပလက္ေဖာင္းသုံးခြင့္ (၃) ရက္ ပိတ္ထားမွာပါ။ ဒီလိုလုပ္ရင္မွ်တမယ္လို႔ထင္ပါတယ္။ ေကာင္းေသာေန႔ေလးျဖစ္ပါေစ” အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

Alinity အတြက္ Twitch ေပၚက ban ခံရမယ့္အေရးနဲ႔ ႀကဳံေတြ႕ရတာ ဒီတစ္ႀကိမ္ထဲေတာ့ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ကလည္း သူမ Apex Legends stream လႊင့္ေနတုန္း ကြန္ျပဴတာေရွ႕ေရာက္လာတဲ့ေၾကာင္ကို ေနာက္ျပန္လႊင့္ပစ္ခဲ့တဲ့အတြက္ Twitch ေပၚကေန ban ခံရမလိုျဖစ္ခဲ့သလို လူအမ်ားရဲ႕ ျပင္းျပင္းထန္ထန္ ေဝဖန္ျခင္းကိုလည္း ခံခဲ့ရပါတယ္။

ဒါ့အျပင္ အျခားဗီဒီယိုမ်ားအတြင္းမွာလည္း ေဗာ္ကာအရက္ေသာက္ၿပီး ေၾကာင္ႏႈတ္ခမ္းကို နမ္းျခင္း၊ အိမ္ေမြးတိရစာၦန္ေလးမ်ားရဲ႕ပါးစပ္ကို စတစ္ကာျဖင့္ဖုံးအုပ္ျခင္း စ တာေတြ ျပဳလုပ္ခဲ့တာေၾကာင့္ People for the Ethical Treatment of Animals (PETA) အဖြဲ႕ႀကီးကေတာင္ Alinity ကို Twitch ေပၚကေန ဖယ္ရွားေပးဖို႔ လူသိရွင္ၾကား ေတာင္းဆိုခဲ့ဖူးပါတယ္။

Alinity ရဲ႕အေကာင့္ဟာ ၂၄ နာရီသာ ban ခံခဲ့ရတဲ့အတြက္ သူမရဲ႕ပရိသတ္မ်ား ဝမ္းသာေနၾကတယ္။ ဒါေပမယ့္ ဂိမ္မာအမ်ားစုကေတာ့ Twitch ဟာ စည္းကမ္းေဖာက္ဖ်က္သူမ်ားကို အျပစ္ဒဏ္ေပးေပါ့ေလ်ာ့လွေၾကာင္း ေဝဖန္လ်က္ရွိၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: dotesports