Meta Hero အဖြစ် ပြန်မြင်ရလာနိုင်တဲ့ Troll Warlord ရဲ့ Aghanim’s Scepter Rework

 

Troll Warlord ဟာ Void, Sven, PA, Drow တွေ ခေတ်ထတဲ့အချိန်မှာတော့ အသင်းတော်တော်များများရဲ့ မေ့လျော့ခြင်းကို ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရက်က Dota Pit မှာဆိုရင်လည်း ပြိုင်ပွဲတစ်လျှောက်လုံးမှာ နှစ်ပွဲပဲ တွေ့ခဲ့ရပါတယ်။ Troll ဆိုတဲ့ hero ဟာ မကြမ်းလို့လားဆိုတော့လည်း မဟုတ်ပါဘူး။ အရင်က Arcade မှာ 1Vs1 ဆော့တဲ့သူတွေ တော်တော်များများတော့ သိကြမှာပါ။ Troll ဟာ 1 vs 1 မှာတော့ တကယ့်ကို ဆရာတစ်ပါးပါပဲ။

Troll ဟာ Strong dispels တွေအတွက် bkb နဲ့ လုံလောက်ပေမယ့် rooted တွေ Slowed တွေကြောင့် အညှော်ခံရတဲ့အခါ bkb တွေ ထုတ်ပေးလိုက်ရပြီး battle တွေကျတော့ bkb cd ဖြစ်ပြီး တိုင်ပတ်ကြပါတယ်။ နောက်ပိုင်း bkb ငါးစက္ကန့်ပဲ ကျန်တော့မယ့် Troll ဟာ support တစ်ကောင်ကို သတ်ဖို့တောင် မလွယ်ကူတော့ ပါဘူး။ အရင်က carry heros တွေဟာ Status Resistance တွေနဲ့ ဦးစားပေး ဆော့လာကြ ပေမယ့် အခု patch မှာတော့ Satanic ဟာ status resistance ရရှိတော့မှာ မဟုတ်ပါဘူး။

ဒီအချက်ဟာလည်း Troll ကို Scepter အစွမ်းနဲ့ Patch hero အဖြစ် ပြန်မြင်လာဖို့ အလားအလာရှိပါတယ်။ Troll Scepter Rework အကြောင်းလေး ပြောပါရစေ။ Troll ဟာ Scepter ထည့်လိုက်ရင် skill 2 cooldown ကိုးစက္ကန့်ကနေ လေးစက္ကန့်အထိ လျှော့ချပြီး manacost ဟာလည်း ၅၀ ကနေ ၂၅ အထိ လျှော့ချပေးထားပါတယ်။ အဲဒါထက်ပိုကြမ်းတာက dispel တွေ ထည့်ပေးထားတာပါ။

Whirling Axes (Ranged) သုံးလိုက်တဲ့အခါ enemy heros တွေကို dispel လုပ်ပေးမှာဖြစ်ပါတယ်။ (ဥပမာ empower တင်ထားတဲ့ hero သုံးကောင်လောက်ကို ထိအောင်သုံးနိုင်ရင် empower buffs တွေ ပျက်သွားမှာဖြစ်ပါတယ်။)

Whirling Axes (Melee) သုံးလိုက်ရင်တော့ ကိုယ်ကိုယ်တိုင် dispel ဖြစ်ပါတယ်။ (ဥပမာ Treant ချုပ်တာတွေ၊ ember ချုပ်တာတွေကို melee ပြောင်းပြီး skill 2 လေး သုံးလိုက်ရုံနဲ့ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။) ဒါက ပိုပြီး over power ဖြစ်တယ်လို့တော့ ထင်ပါတယ်။ Strong Dispel မဟုတ်ပေမယ့်လည်း cooldown လေးစက္ကန့်လေးနဲ့ dispel ဆိုတော့ Troll ဟာ ဒီ Patch မှာတော့ အကြမ်းဆုံး carry Scepter Rework လို့ပဲ ဆိုရမှာပါ။

Aghanim’s Shard ဟာဆိုရင်လည်း Battle Trance သုံးလိုက်ရင် Global Aura ဖြစ်ပြီး အသင်းက heros တိုင်းကို Attack Speed 60 ပေါင်းပေးမှာဖြစ်ပါတယ်။ ဒါဟာ အသင်းက လူတွေကို Battle Trance သုံးတဲ့အချိန်မှာ Hyperstone တစ်ခု လက်ဆောင်ပေးထားတာနဲ့ ညီမျှနေမှာဖြစ်လို့ တော်တော်လေး တန်ပါတယ်။

တစ်နေ့က ကစားခဲ့တဲ့ Moon Studio Final ဖြစ်တဲ့ LBZS vs Magma ရဲ့ Game 5 မှာ last pick Troll ဟာ Magma ရဲ့ draft အတွက်တော့ weak point ဖြစ်နေခဲ့ပါတယ်။ Troll ဟာ yasha ပြီးတာနဲ့ aghanim’s scepter ကို ဝယ်ခဲ့တာ တွေ့ရပါတယ်။ rooted တော်တော်များများကိုလည်း skill 2 လေးတစ်ခုတည်းနဲ့ တော်တော် အလုပ်ဖြစ်ခဲ့ပြီး ပွဲပါ အနိုင်ရရှိခဲ့ပါတယ်။ Enemy team က rooted တွေ slow တွေ များတဲ့အခါ Troll ဟာ ပိုပြီး pick သင့်တဲ့ carry တစ်ကောင်ဖြစ်လာမှာပါ။ Troll အနေနဲ့ Patch hero အဖြစ် ပြန်မြင်ရဖို့တော့ မျှော်လင့်ပါတယ်။