Troll Civilization ရဲ့ ယုံကြည်ကိုးကွယ်မှု Loa (သို့) Wild God များ

 

World of warcraft သမိုင်းကြောင်းတစ်လျှောက် ပထမဦးဆုံး ထွန်းကားခဲ့တဲ့ civilization အကြောင်း ပြောရမယ်ဆိုရင် troll တွေရဲ့ Zandalari အင်ပါယာကြီး နဲ့ သူတို့ရဲ့ မြို့ပြယဥ်ကျေးမှုကို လက်ညှိးထိုးပြ ရမှာပါပဲ။ Troll တွေဟာ elf တွေနဲ့ လူသားတွေ မပေါ်ခင် နှစ်ပေါင်း ၁၆၀၀၀ လောက်ထဲက Azeroth ဂြိုလ်ပေါ်မှာ မွေးဖွားဖြစ်တည် လာခဲ့ကြတာပါ၊ Azeroth ရဲ့နေရာအနှံအပြားမှာ ရွာတွေတည်ဆောက်ခဲ့ကြပြီးတော့ Azeroth ရဲ့ ပထမဦးဆုံး ပဒေသရာဇ် အင်ပါယာကြီးဖြစ်တဲ့ Zandalari အင်ပါယာကြီးကိုလဲ ထူထောင်ခဲ့ကြပါတယ်။

ဒီနေရာမှာ Troll မြို့ပြယဥ်ကျေးမှု လို့ ဆိုနေပေမဲ့ သိပ်တော့ အထင်ကြီးလို့ မရဘူးဗျ Azeroth ဂြိုလ်ရဲ့ အစောဆုံးယဥ်ကျေးမှု ဖြစ်တာကတစ်ကြောင်း၊ အသားစား အရိုင်းအစိုင်းတွေဖြစ်တာက တစ်ကြောင်းမို့ သူတို့ရဲ့ယဥ်ကျေးမှုဟာ အရိုင်းဆန်တယ်လို့ ပြောလို့ရပါတယ်။

အဲ့ဒီအချိန်က Zandalari အင်ပါယာ ရဲ့လက်အောက်မှာ တခြား troll မျိုးကွဲတွေဖြစ်တဲ့ Gurubashi, Amani, Drakkari, Farraki စတဲ့ အင်အားကြီး troll tribe တွေအပြင် Darkspear နဲ့ Shatterspear တို့လို အဖွဲ့ ငယ်လေးတွေပါ ပါဝင်ခဲ့ကြပြီး troll age လို့ပြောလို့ရအောင် အင်အားကြီးခဲ့ကြပါတယ်။ Nature magic နဲ့ dark magic ကို ပေါင်းစပ်အသုံးပြုပြီး voodoo လို့ခေါ်တဲ့ စုန်းတိုက်၊ နတ်တိုက် ပညာတွေကိုလဲ Loa တွေစီကတဆင့် သင်ယူတတ်မြောက်ခဲ့ကြပါတယ်။ Loa ဆိုတာကတော့ troll ဘာသာစကားအရ powerful spirit လို့ အဓိပ္ပါယ်ရပြီး အလွယ်ဘာသာပြန်ရရင်တော့ ရိုးရာနတ် တွေလို့ ဆိုရမှာပါပဲ။ Troll civilization ကြီး တစ်ခုလုံးဟာ အဲ့ဒီ့အချိန်ကနေ အခုချိန်ထိ သူတို့ရဲ့ ပိုင်ရာဆိုင်ရာ Loa တွေကို ကိုးကွယ်ယုံကြည် ကြပါတယ်။

 

ပုံမှန်အားဖြင့်တော့ troll တစ်ဦးကို Loa တစ်ပါးကျသာ ကိုးကွယ်ကြလေ့ ရှိကြပေမဲ့ troll druid တွေကတော့ Loa တော်တော်များများ ကို တပြိုင်တည်း ကိုးကွယ်လေ့ရှိပါတယ်။ ဒါကြောင့်လဲ Zandalari မှာရှိတဲ့ Troll druid တွေဟာ တခြား Troll priest တွေ hexlord တွေရဲ့ ကဲ့ရဲ့ခြင်းကို ခံရလေ့ရှိပါတယ်။ ဒီနေရာမှာ ကြားဖြတ် ပြောစရာရှိတာက Druid magic အကြောင်းပါ။ ကျွန်တော်တို့ Warcraft ပရိသတ်တွေ တော်တော်များများ သိတာက Druid magic ဆိုတာ Night elf တွေရဲ့ မိရိုးဖလာ magic ဖြစ်ပါတယ်။

ဒါပေမဲ့ night elf တွေပဲ druid magic ကိုစတင်ခဲ့တာ မဟုတ်ပါဘူး ၊ elf တွေမပေါ်ခင် ဒီ နှစ်ပေါင်း တစ်သောင်းခြောက်ထောင် ကတည်းက troll တွေဟာ သူတို့ရဲ့ Loa တွေကနေ တဆင့် shapeshift လုပ်လို့ရတဲ့ druid magic တမျိုးကို သင်ယူခဲ့ကြတာပါ။ Night elf တွေလက်ထက် ရောက်မှသာ Elune blessing နဲ့ Cenarius တွေကြောင့် druid ဆိုတဲ့ class သီးသန့် ဖြစ်လာခဲ့တာ လို့ ဆိုရပါမယ်။ Cenarius တွေ wisp တွေ wild god တွေဟာလဲ တကယ်တော့ Loa တွေနဲ့ အမျိုးစားတူ တွေပဲ ဖြစ်ပါတယ်။

Loa religion ဟာ တကယ်တော့ ကိုးကွယ်သူကိုရော သူ့ရဲ့ Loa ကိုပါ အကျိုးရှိစေတဲ့ သဘောကို ဆောင်တယ်ဗျ၊ troll တွေဟာ သူတို့ဆိုင်ရာ Loa ရဲ့ blessing ကို ရကြသလို Loa တွေဟာလဲ ကိုးကွယ်ယုံကြည်သူ များလေလေ သူတို့အတွက် အစွမ်းတက်လေ ဖြစ်ပါတယ်။ Zandalari နဲ့ Kalimdor ဝန်းကျင် တဝိုက်မှာ နေထိုင်ကြတဲ့ Loa တွေ အများအပြားရှိပေမဲ့ အနည်းစုသာ အစွမ်းကြီးကြပြီး အများစုကတော့ သာမန် wild god များအဖြစ်သာ နေထိုင်ကြပါတယ်။ ယခင် Zandalari ခေတ်ကနေ ယခုလက်ရှိ အချိန်ထိ ထင်ရှားတဲ့ Loa အချို့ကတော့

Hakkar ( the Loa of Blood )

Hakkar ကတော့ WoW player တွေ မသိတဲ့သူ မရှိလောက်တဲ့ Loa တစ်ကောင်ဖြစ်ပါတယ်။ အတောင်ပံပါတဲ့ မြွေနဂါးကြီးတစ်ကောင် ဖြစ်ပြီးတော့ Gurubashi troll တွေ ကိုးကွယ်တဲ့ ခပ်ဆိုးဆိုး Loa တစ်ကောင်ပါ။ ပထမဦးဆုံး Wow classic ကနေစလို့ ယခု shadowlands ရောက်တဲ့အထိ ထာဝရ ဗီလိန်ကြီးတစ်ကောင်ဆိုလဲ မမှားပါဘူး။ Cataclysm expansion ရဲ့ Zul’Gurub raid မှာ final boss အဖြစ်တွေ့နိုင်သလို ယခု shadowlands expansion ရဲ့ De Other Side dungeon မှာလဲ side boss အနေနဲ့ မြင်တွေ့နိုင်ပါတယ်။

Rezan ( the Loa of Kings )

Rezan ကတော့ Zandalari ထီးစဥ်နန်းဆက် ဧကရာဇ်တွေရဲ့ Loa ဖြစ်ပြီးတော့ အရမ်းအစွမ်းထက်တဲ့ T-rex ကြီးတစ်ကောင်ဖြစ်ပါတယ်။ Loa of Kings ဖြစ်တာနဲ့အညီ သူကိုယ်တိုင်ကလဲ Kings of Loas ဖြစ်တာကြောင့် အရမ်းကြမ်းတဲ့ကောင်ကြီးပါ။ ဒါပေမဲ့လဲ battle for Azeroth ဖြစ်တဲ့အချိန်မှာ blood troll တွေနဲ့ council of Zul ရဲ့ ပယောဂကြောင့် သမြောစရာကောင်းစွာပဲ သေဆုံးသွားခဲ့ပါတယ်။

Gonk ( Loa of the Hunt )

Gonk ဆိုတဲ့ raptor ဒိုင်နိုဆော Loa ကြီးကတော့ အမဲလိုက်ခြင်းရဲ့ Loa လဲဖြစ်သလို god of shapeshift လဲ ဖြစ်ပါတယ်။ Troll druid အများစုဟာ သူတို့ရဲ့ shapeshifting magic ကို gonk စီကနေ ရကြတာပါ။ Zandalari အင်ပါယာ ရဲ့ စစ်သည် အများစုဟာ Gonk ရဲ့ blessing ကို ယူကြပါတယ်။

Pa’ku ( Loa of the Winds )

Pa’ku လို့အမည်ရတဲ့ pterrordax ငှက်ကြီး ကတော့ ကောင်းကင်နဲ့ ရေပြင်ကို ကိုယ်စားပြုတဲ့ Loa ဖြစ်ပြီးတော့ Zandalari အင်ပါယာရဲ့ ရေတပ်နဲ့ လေတပ်ကို စောင့်ရှောက်တဲ့ Loa ကြီးဆိုလဲ မမှားပါဘူး။ Gonk နဲ့ power level တူဖြစ်ပြီးတော့ Pa’ku နဲ့ Gonk ဟာ အပြိုင် Loa တွေလဲ ဖြစ်ပါတယ်။

Akunda ( the Loa of Storms and new beginnings )

Akunda ကတော့ thunder lizard ကြံ့ Loa ကြီးတစ်ကောင်ပါ။ Akunda ဟာ မုန်တိုင်းတွေ လျှပ်စီးတွေရဲ့ နတ်ဘုရားဖြစ်ပြီးတော့ လူတွေရဲ့ မှတ်ဥာဏ်တွေကို ဖျက်ပေးနိုင်တဲ့ အစွမ်းလဲ ရှိပါတယ်။ ဒါကြောင့် မှတ်ဥာဏ်ဆိုး၊ အတိတ်ဆိုးရှိတဲ့ သူတွေဟာ Akunda စီမှာ ဝတ်ပြုပြီး အတိတ်ကို မေ့နိုင်ဖို့ ဆုတောင်းလေ့ ရှိကြပါတယ်။

Krag’wa ( the Loa of Swamp )

Krag’wa ကတော့ အလွန်ကြီးမားတဲ့ အစိမ်းရောင်ဖားပြုတ်ကြီး တစ်ကောင်ဖြစ်ပြီး Zandalari မြောက်ပိုင်းက swamp တောကြီးရဲ့ အရှင်သခင် Wild God တစ်ကောင်ဖြစ်ပါတယ်။ Blood troll တွေကို နိမ်နင်းတဲ့နေရာမှာ အရေးပါတဲ့ နေရာက ပါဝင်ကူညီပေးခဲ့ပြီး Zandalari တွေ အရေးကြုံလာတိုင်း ကူညီပေးတတ်ပါသေးတယ်။ Troll Witch Doctor အများစုက Krag’wa ကို ကိုးကွယ်ကြပါတယ်။

Bwonsamdi ( the Loa of Death )

Loa of death, god of Graves ဖြစ်တာကြောင့် Bwonsamdi ဟာ တခြား Loa လောက် ကိုးကွယ်သူ မရှိရှာပါဘူး။ ဒါကြောင့်လဲ Loa တွေ ကြားထဲမှာတောင် Bwonsamdi ဟာ သုသန်မြေက Loa လို့ အလှောင်အပြောင် ခံရလေ့ရှိသူပါ။ ဒါပေမဲ့ ဥာဏ်အရမ်းကောင်းပြီးတော့ အရမ်း tricky ဖြစ်တဲ့ Bwonsamdi ဟာ သူ့ပါဝါအတွက် အပေးအယူတွေ လုပ်ပါတယ်၊ သူနဲ့ အပေးအယူ လုပ်မိတဲ့သူတွေ သေဆုံးတဲ့အခါ သူတို့ရဲ့ soul တွေကို Bwonsamdi ကယူပါတယ်၊ ဒီနည်းနဲ့ Loa power တွေကို ရယူတာကြောင့် ကိုးကွယ်သူ အနည်းငယ်သာရှိပေမဲ့ Bwonsamdi ဟာ အရမ်းကြောက်စရာ ကောင်းတဲ့ Loa တစ်ကောင် ဖြစ်နေပါတော့တယ်။

ခန့်မှန်းရခက်တဲ့ လုပ်ရပ်တွေနဲ့ သူ့ရဲ့ မချေမငံ အမူအရာတွေကြောင့် Bwonsamdi က WoW ပရိသတ်တွေ ကြားမှာ ရေပန်းအစားဆုံး ingame NPC တစ်ကောင်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Battle for Azeroth ကနေစလို့ ယခု Shadowlands expansion အထိ အရေးပါ အရာရောက်တဲ့ character တစ်ကောင် ဖြစ်တာကြောင့် ကျွန်တော်တို့ Gaming Noodle ပိရိသတ်ကြီး အတွက် Loa of Death, Bwonsamdi ရဲ့အကြောင်းကို သပ်သပ် ဖော်ပြပေးဦးမှာမို့ ဆက်လက် စောင့်မျှော်ဖတ်ရှု ပေးကြပါဦးခင်ဗျာ။

#yooyar