[Unicode]

ပွဲအတွင်း လေတိုက်စကားများလို့ အရှုံးပေးခဲ့ရတဲ့ Dota2 ပြိုင်ပွဲ

 

CIS ဒေသရဲ့ Dota 2 နယ်ပယ်ထဲမှာ လူပြောများတဲ့ကိစ္စတစ်ခု မကြာသေးမီက ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒါကတော့ Isolation Cup: Closed qualifier ပြိုင်ပွဲအတွင်းက FlyToMoon 2.0 (FTM 2.0) အသင်းနဲ့ NOVA အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဒုတိယမြောက်ပွဲရဲ့ အနိုင်အရှုံးကို တာဝန်ရှိသူများက ဝင်ရောက်ဆုံးဖြတ်လိုက်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။

တာဝန်ရှိသူများဟာ ဒုတိယမြောက်ပွဲမှာ FTM 2.0 အသင်းရှုံးနိမ့်ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး NOVA ကတော့ FTM 2.0 ကို ၂ ပွဲပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။ FTM 2.0 အသင်းဟာ ပြိုင်ဘက်အသင်းကို ရိုင်းပြတဲ့စကားများ ပြောဆိုခဲ့တဲ့အတွက် NOVA ကို အနိုင်ပေးလိုက်ရတာဖြစ်ကြောင်း တာဝန်ရှိသူများက ပွဲအပြီးမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။

တကယ်တော့ ပွဲများအတွင်းမှာ ၂ သင်းလုံးဟာ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် စကားပြော နေခဲ့ကြတာပါ။ ပထမပွဲ စတင်စဉ်ထဲက NOVA အသင်းရဲ့ offlaner ဖြစ်သူ pjon- ဟာ all/ chat မှာ “hi to all the married guys” လို့ စ ပြောခဲ့ပါတယ်။ NOVA အသင်းရဲ့ midlaner “lorenof” ကလည်း pjon- ရဲ့ စကားအပြီးမှာ “don’t use all chat ever, animal” လို့ ပြောခဲ့ပါတယ်။

ယင်းပထမပွဲအတွင်းမှာတော့ FTM 2.0 ဘက်က ခွန်းတုံ့ပြန်ပြောကြားခြင်း မရှိခဲ့ပါဘူး။ ပြိုင်ပွဲရဲ့ ၄၁ မိနစ် အရောက်မှာတော့ NOVA ဘက်က အနိုင်ရရှိသွားခဲ့ပါတယ်။ ဒုတိယမြောက်ပွဲအတွင်း ၁၅ မိနစ်ခန့်မှာ NOVA ဟာ FTM 2.0 ကို teamfight တစ်ခုအနိုင်ရရှိခဲ့ပြီး ထိုအချိန်မှာလည်း pjon- ဟာ all/ chat နဲ့ စကား ပြောခဲ့ပြန်ပါတယ်။
15:36 (Nova) pjon-: Olds can’t play anymore(အသက်ကြီးတဲ့သူတွေ မကစားနိုင်တော့ဘူး)
(ဝါရင့်ကစားသမားတွေဖြစ်တဲ့ Nofear နဲ့ Illidan တို့ကို ရည်ရွယ်တယ်လို့ ယူဆရပါတယ်)

pjon- ရဲ့ စကားအပြီးမှာတော့ FTM 2.0 ရဲ့ support ကစားသမားဖြစ်သူ Nofear ဟာ ဒေါသပေါက်ကွဲသွားပုံရခဲ့ပါတယ်။ သူဟာ ဂိမ်းကို pause လိုက်ပြီး pjon- ကို တုံ့ပြန်စကားများ အဆက်မပြတ်ပြောပါတော့တယ်။
15:54 (FTM) Nofear: you think this is fine?
15:54 (FTM) Nofear: tier 3 f**ktard
15:54 (FTM) Nofear: to use the chat
15:54 (FTM) Nofear: you will eat s**t for the rest of your life
15:54 (FTM) Nofear: c******ker
15:54 (FTM) Nofear: brainless

NOVA ရဲ့ carry ကစားသမားဖြစ်သူ spAce နဲ့ support ကစားသမားဖြစ်သူ lowkez တို့ဟာ သူတို့ရဲ့အသင်းဖော် pjon- ရဲ့ အပြုအမူအတွက် တောင်းပန်စကားပြောကြားခဲ့ကြပါတယ်။
15:54 (Nova) spAce: sry guys 🙁
16:02 (Nova) lowkez: forgive the young and cocky.

NoFear

Nofear ဟာ အောက်ပါအတိုင်း နောက်ဆုံးတစ်ခွန်းပြောပြီးနောက် ဂိမ်းကို resume ပြန်လုပ်လိုက်ပါတယ်။
16:28 (FTM) Nofear: let his mother forgive him for such son.

ထိုအချိန်မှာပဲ ပြိုင်ပွဲရဲ့ တာဝန်ရှိသူများဟာ ထိန်းချုပ်စနစ်နဲ့ FTM 2.0 ကို ရှုံးနိမ့်ကြောင်း သတ်မှတ်ပြီး ပွဲကိုအဆုံးသတ်လိုက်ကြပါတယ်။ NOVA အသင်းဟာလည်း pause များကို မလိုအပ်ပဲ နှိပ်တဲ့အတွက် သတိပေးချက်များရရှိခဲ့ပါတယ်။ ပွဲအတွင်းမှာ ရိုင်းပြတဲ့စကားများပြောဆိုခြင်းကို တားမြစ်ထားတဲ့စည်းကမ်းကို ဖောက်ဖျက်လို့ ယခုလို ဆုံးဖြတ်လိုက်ရတာဖြစ်တယ်လို့ တာဝန်ရှိသူများက ဆိုပါတယ်။

NOVA ရဲ့ ကစားသမားများဟာ pjon- ရဲ့ အပြုအမူအတွက် တောင်းပန်ခဲ့ကြပြီး ဂိမ်းကိုဆက်ကစားဖို့ တောင်းဆိုခဲ့ကြပေမယ့် Nofear နဲ့ Nongrata တို့ကတော့ pjon- ရဲ့ စကားများကို သည်းမခံနိုင်ဖြစ်ခဲ့ကြပါတယ်။ ယင်းပွဲအပြီးမှာ အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြသေးပေမယ့် ပြိုင်ပွဲရဲ့ တာဝန်ရှိသူများဟာ ဆုံးဖြတ်ချက် ပြန်လည်ပြောင်းလဲခြင်းတော့ မရှိခဲ့ပါဘူး။

Ex-VP Player – IllidanSTR

ဒီအဖြစ်အပျက်များအပြီးမှာတော့ FTM 2.0 ရဲ့ carry ကစားသမား Illidan ဟာ အသင်းကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ Stream တစ်ခုအတွင်းမှာတော့ Illidan က သူဟာ Nofear ကို နားလည်ပေမယ့် Nofear ပြုလုပ်ခဲ့တဲ့ကိစ္စကိုတော့ မထောက်ခံကြောင်း၊ ဒါကြောင့် အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

NoFear with his wife Maria Gunina (Alliance Dota2 Manager)

Virtus.Pro အသင်းရဲ့ နည်းပြ ArsZeeqq နဲ့ Alliance အသင်းရဲ့ မန်နေဂျာ (Nofear ရဲ့ ဇနီး) တို့ ၂ ဦး အပါအဝင် CIS Dota 2 လောကအတွင်းက နာမည်ကျော်အတော်များများကတော့ Nofear ဘက်က ရပ်တည်ပြီး အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။ မည်သို့ပင်ဖြစ်စေ Esports လောကအတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် တစ်ဘက်နဲ့တစ်ဘက် လေးစားမှုရှိဖို့ လိုအပ်သလို မိမိတို့ရဲ့ ဒေါသများကိုလည်း ထိန်းချုပ်ထားကြသင့်ကြောင်း ဒီအဖြစ်အပျက်လေးက ညွှန်ပြလျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming


[ZawGyi]

ပြဲအတြင္း ေလတိုက္စကားမ်ားလို႔ အရႈံးေပးခဲ့ရတဲ့ Dota2 ၿပိဳင္ပြဲ

 

CIS ေဒသရဲ႕ Dota 2 နယ္ပယ္ထဲမွာ လူေျပာမ်ားတဲ့ကိစၥတစ္ခု မၾကာေသးမီက ေပၚေပါက္ခဲ့ပါတယ္။ အဲဒါကေတာ့ Isolation Cup: Closed qualifier ၿပိဳင္ပြဲအတြင္းက FlyToMoon 2.0 (FTM 2.0) အသင္းနဲ႔ NOVA အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ ဒုတိယေျမာက္ပြဲရဲ႕ အႏိုင္အရႈံးကို တာဝန္ရွိသူမ်ားက ဝင္ေရာက္ဆုံးျဖတ္လိုက္တဲ့ကိစၥပဲ ျဖစ္ပါတယ္။

တာဝန္ရွိသူမ်ားဟာ ဒုတိယေျမာက္ပြဲမွာ FTM 2.0 အသင္းရႈံးနိမ့္ေၾကာင္း ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး NOVA ကေတာ့ FTM 2.0 ကို ၂ ပြဲျပတ္အႏိုင္ရရွိသြားခဲ့ပါတယ္။ FTM 2.0 အသင္းဟာ ၿပိဳင္ဘက္အသင္းကို ႐ိုင္းျပတဲ့စကားမ်ား ေျပာဆိုခဲ့တဲ့အတြက္ NOVA ကို အႏိုင္ေပးလိုက္ရတာျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားက ပြဲအၿပီးမွာ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

တကယ္ေတာ့ ပြဲမ်ားအတြင္းမွာ ၂ သင္းလုံးဟာ တစ္ဘက္နဲ႔ တစ္ဘက္ အျပန္အလွန္ စကားေျပာ ေနခဲ့ၾကတာပါ။ ပထမပြဲ စတင္စဥ္ထဲက NOVA အသင္းရဲ႕ offlaner ျဖစ္သူ pjon- ဟာ all/ chat မွာ “hi to all the married guys” လို႔ စ ေျပာခဲ့ပါတယ္။ NOVA အသင္းရဲ႕ midlaner “lorenof” ကလည္း pjon- ရဲ႕ စကားအၿပီးမွာ “don’t use all chat ever, animal” လို႔ ေျပာခဲ့ပါတယ္။

ယင္းပထမပြဲအတြင္းမွာေတာ့ FTM 2.0 ဘက္က ခြန္းတုံ႔ျပန္ေျပာၾကားျခင္း မရွိခဲ့ပါဘူး။ ၿပိဳင္ပြဲရဲ႕ ၄၁ မိနစ္ အေရာက္မွာေတာ့ NOVA ဘက္က အႏိုင္ရရွိသြားခဲ့ပါတယ္။ ဒုတိယေျမာက္ပြဲအတြင္း ၁၅ မိနစ္ခန႔္မွာ NOVA ဟာ FTM 2.0 ကို teamfight တစ္ခုအႏိုင္ရရွိခဲ့ၿပီး ထိုအခ်ိန္မွာလည္း pjon- ဟာ all/ chat နဲ႔ စကား ေျပာခဲ့ျပန္ပါတယ္။
15:36 (Nova) pjon-: Olds can’t play anymore(အသက္ႀကီးတဲ့သူေတြ မကစားႏိုင္ေတာ့ဘူး)
(ဝါရင့္ကစားသမားေတြျဖစ္တဲ့ Nofear နဲ႔ Illidan တို႔ကို ရည္႐ြယ္တယ္လို႔ ယူဆရပါတယ္)

pjon- ရဲ႕ စကားအၿပီးမွာေတာ့ FTM 2.0 ရဲ႕ support ကစားသမားျဖစ္သူ Nofear ဟာ ေဒါသေပါက္ကြဲသြားပုံရခဲ့ပါတယ္။ သူဟာ ဂိမ္းကို pause လိုက္ၿပီး pjon- ကို တုံ႔ျပန္စကားမ်ား အဆက္မျပတ္ေျပာပါေတာ့တယ္။
15:54 (FTM) Nofear: you think this is fine?
15:54 (FTM) Nofear: tier 3 f**ktard
15:54 (FTM) Nofear: to use the chat
15:54 (FTM) Nofear: you will eat s**t for the rest of your life
15:54 (FTM) Nofear: c******ker
15:54 (FTM) Nofear: brainless

NOVA ရဲ႕ carry ကစားသမားျဖစ္သူ spAce နဲ႔ support ကစားသမားျဖစ္သူ lowkez တို႔ဟာ သူတို႔ရဲ႕အသင္းေဖာ္ pjon- ရဲ႕ အျပဳအမူအတြက္ ေတာင္းပန္စကားေျပာၾကားခဲ့ၾကပါတယ္။
15:54 (Nova) spAce: sry guys 🙁
16:02 (Nova) lowkez: forgive the young and cocky.

NoFear

Nofear ဟာ ေအာက္ပါအတိုင္း ေနာက္ဆုံးတစ္ခြန္းေျပာၿပီးေနာက္ ဂိမ္းကို resume ျပန္လုပ္လိုက္ပါတယ္။
16:28 (FTM) Nofear: let his mother forgive him for such son.

ထိုအခ်ိန္မွာပဲ ၿပိဳင္ပြဲရဲ႕ တာဝန္ရွိသူမ်ားဟာ ထိန္းခ်ဳပ္စနစ္နဲ႔ FTM 2.0 ကို ရႈံးနိမ့္ေၾကာင္း သတ္မွတ္ၿပီး ပြဲကိုအဆုံးသတ္လိုက္ၾကပါတယ္။ NOVA အသင္းဟာလည္း pause မ်ားကို မလိုအပ္ပဲ ႏွိပ္တဲ့အတြက္ သတိေပးခ်က္မ်ားရရွိခဲ့ပါတယ္။ ပြဲအတြင္းမွာ ႐ိုင္းျပတဲ့စကားမ်ားေျပာဆိုျခင္းကို တားျမစ္ထားတဲ့စည္းကမ္းကို ေဖာက္ဖ်က္လို႔ ယခုလို ဆုံးျဖတ္လိုက္ရတာျဖစ္တယ္လို႔ တာဝန္ရွိသူမ်ားက ဆိုပါတယ္။

NOVA ရဲ႕ ကစားသမားမ်ားဟာ pjon- ရဲ႕ အျပဳအမူအတြက္ ေတာင္းပန္ခဲ့ၾကၿပီး ဂိမ္းကိုဆက္ကစားဖို႔ ေတာင္းဆိုခဲ့ၾကေပမယ့္ Nofear နဲ႔ Nongrata တို႔ကေတာ့ pjon- ရဲ႕ စကားမ်ားကို သည္းမခံႏိုင္ျဖစ္ခဲ့ၾကပါတယ္။ ယင္းပြဲအၿပီးမွာ အစည္းအေဝးတစ္ခုျပဳလုပ္ခဲ့ၾကေသးေပမယ့္ ၿပိဳင္ပြဲရဲ႕ တာဝန္ရွိသူမ်ားဟာ ဆုံးျဖတ္ခ်က္ ျပန္လည္ေျပာင္းလဲျခင္းေတာ့ မရွိခဲ့ပါဘူး။

Ex-VP Player – IllidanSTR

ဒီအျဖစ္အပ်က္မ်ားအၿပီးမွာေတာ့ FTM 2.0 ရဲ႕ carry ကစားသမား Illidan ဟာ အသင္းကေန ႏႈတ္ထြက္သြားခဲ့ပါတယ္။ Stream တစ္ခုအတြင္းမွာေတာ့ Illidan က သူဟာ Nofear ကို နားလည္ေပမယ့္ Nofear ျပဳလုပ္ခဲ့တဲ့ကိစၥကိုေတာ့ မေထာက္ခံေၾကာင္း၊ ဒါေၾကာင့္ အသင္းကေန ထြက္ခြာခဲ့တာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

NoFear with his wife Maria Gunina (Alliance Dota2 Manager)

Virtus.Pro အသင္းရဲ႕ နည္းျပ ArsZeeqq နဲ႔ Alliance အသင္းရဲ႕ မန္ေနဂ်ာ (Nofear ရဲ႕ ဇနီး) တို႔ ၂ ဦး အပါအဝင္ CIS Dota 2 ေလာကအတြင္းက နာမည္ေက်ာ္အေတာ္မ်ားမ်ားကေတာ့ Nofear ဘက္က ရပ္တည္ၿပီး အားေပးႏွစ္သိမ့္ခဲ့ၾကပါတယ္။ မည္သို႔ပင္ျဖစ္ေစ Esports ေလာကအတြင္းမွာ တစ္ေယာက္နဲ႔တစ္ေယာက္ တစ္ဘက္နဲ႔တစ္ဘက္ ေလးစားမႈရွိဖို႔ လိုအပ္သလို မိမိတို႔ရဲ႕ ေဒါသမ်ားကိုလည္း ထိန္းခ်ဳပ္ထားၾကသင့္ေၾကာင္း ဒီအျဖစ္အပ်က္ေလးက ၫႊန္ျပလ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming