“၂၀၁၉ ရဲ့ ကြည့်ရှုသူအများဆုံး Esports ပွဲကြီးများ”

တစ်နှစ်ထက် တစ်နှစ် ပိုမိုထွန်းကားလာတဲ့ Esports လောကမှာ ဂိမ်းဝါသနာရှင်ပရိသတ်အရေအတွက်ဟာလည်း များသထက် များလာခဲ့ပါတယ်။ မျက်မှောက်ခေတ် gamer များဟာ ယခင်ကလို ဂိမ်းကစားဖို့သာ အာရုံစိုက်နေကြတော့တာ မဟုတ်ပဲ Esports ပွဲများကို ကြည့်ရှုအားပေးဖို့ ပိုမိုအချိန်ပေးလာကြတာကိုလည်း တွေ့ကြရမှာပါ။

ဒါကြောင့်လည်း ၂၀၁၉ အတွင်း ကျင်းပခဲ့တဲ့ Esports ပွဲကြီးများဟာ ကြည့်ရှုသူ အလွန်များပြားလာခဲ့ခြင်းဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားအလိုက် ကစားသူဦးရေ မတူညီကြလို့ ယင်းဂိမ်းများရဲ့ပွဲကြည့်ရှုသူပရိသတ်အရေအတွက်ဟာလည်း အနည်းအများ ကွာခြားသွားလေ့ရှိပါတယ်။ မည်သို့ပင်ဖြစ်စေ လူပေါင်းသန်းချီ ဝင်ရောက်ကြည့်ရှုနေကြတဲ့ Esports ပွဲများရဲ့ အနာဂတ်ကတော့ တောက်ပလျက် ရှိပါတယ်။

၂၀၁၉ ရဲ့ ကြည့်ရှုမှုအများဆုံး Esports ပွဲများကတော့ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

၇။ BlizzCon 2019 Opening Ceremony (အများဆုံးကြည့်ရှုသူဦးရေ – ၁,၂၆၉,၄၃၆)

BlizzCon ပွဲကြီးကတော့ Blizzard ရဲ့ ပရိသတ်များ အထူးအားပေးခြင်းကိုခံခဲ့ရတဲ့ ပွဲတစ်ပွဲပါ။ Hearthstone နဲ့ Overwatch World Championship ပြိုင်ပွဲများ၊ ဂိမ်းသစ် ကြေညာခြင်းများ၊ ဂိမ်း feature သစ် ကြေညာခြင်းများ၊ cosplay ပြိုင်ပွဲများ စ တာတွေကို ပရိသတ်အများ ကြည့်ရှုအားပေးခဲ့ကြပါတယ်။ Stream အတွင်း နိုင်ငံရေးလှုံ့ဆော်စကားပြောခဲ့တဲ့ Hearthstone pro တစ်ဦးကို Blizzard က ban ခဲ့ပြီး ဆန္ဒပြမှုများဖြစ်ပေါ်လာခဲ့တဲ့အတွက်လည်း BlizzCon ရဲ့ ကြည့်ရှုသူဦးရေ မြင့်တက်ခဲ့ပါတယ်။

၆။ Nintendo E3 2019 (အများဆုံးကြည့်ရှုသူဦးရေ – ၁,၄၄၆,၁၉၈)

Nintendo E3 Expo ပွဲကြီးများဟာ နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ ပွဲများပါ။ Nintendo E3 အတွင်းမှာ Bethesda, Ubisoft, Square Enix စ တဲ့ ကုမ္ပဏီများရဲ့ဂိမ်း developer showcase များ၊ Super Smash Bros. Ultimate နဲ့ Fortnite တို့လို နာမည်ကျော်ဂိမ်းများ အပါအဝင် ဂိမ်းပေါင်းများစွာတို့ရဲ့ ပြိုင်ပွဲငယ်များ၊ ဂိမ်းသစ် ကြေညာခြင်းများ စ တာတွေ ပါဝင်ခဲ့ပါတယ်။ Cyberpunk 2077, Star Wars: Fallen Order စတဲ့ ဂိမ်းသစ်များကို ကြေညာခဲ့တဲ့အချိန်မှာ ပရိသတ်များ အထူးစိတ်လှုပ်ရှားခဲ့ရပါတယ်။

၅။ Mid-Season Invitational 2019 (အများဆုံးကြည့်ရှုသူဦးရေ – ၁,၇၀၄,၃၂၆)

ဒီပွဲကတော့ League of Legends season 9 ရဲ့ အလယ်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ပွဲပါ။ League of Legends MSI 2019 လို့လည်း ခေါ်တွင်ကြတဲ့ ဒီပွဲမှာ စုစုပေါင်းအသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဖိုင်နယ်ပွဲစဉ်များမှာ ဥရောပအသင်း G2 Esports က မြောက်အမေရိကအသင်း Team Liquid ကို အနိုင်ရရှိသွားခဲ့ပါတယ်။ Season တစ်ခုအတွင်းမှာ အင်အားကြီးအသင်းများနဲ့ ယင်းတို့ရဲ့ ကစားပုံများကို ပရိသတ်အများက သိရှိလိုကြတဲ့အတွက် League of Legends MSI ဟာ နှစ်စဉ်နှစ်တိုင်း လူကြည့်များတဲ့ပွဲများ ဖြစ်ကြပါတယ်။

၄။ The International 2019 (အများဆုံးကြည့်ရှုသူဦးရေ – ၁,၉၆၈,၄၉၇)

The International ပွဲများကတော့ Dota 2 ရဲ့ အကြီးမားဆုံးပြိုင်ပွဲများပါ။ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်တဲ့ TI ပွဲများမှာ ချီးမြှင့်တဲ့ ဆုကြေးငွေစုစုပေါင်းဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာခဲ့သလို ယခုနှစ် TI9 မှာလည်း Esports လောကတစ်ခုလုံးမှာပါ အများဆုံးဆုကြေးငွေဖြစ်တဲ့ ဒေါ်လာ ၃၄.၃ သန်း အထိ စံချိန်တင် ချီးမြှင့်ခဲ့ပါတယ်။ အသင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး Dota 2 သမိုင်းကြောင်းတစ်လျှောက် လူကြည့်အများဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်က TI8 ကို အနိုင်ရရှိခဲ့တဲ့ OG အသင်းဟာ ယခုနှစ် TI9 aegis ကိုလည်း အနိုင်ဗိုလ်စွဲသွားခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၁၆ သန်းနီးပါး အိမ်ပြန်သယ်သွားနိုင်ခဲ့ပါတယ်။

၃။ Free Fire World Series 2019 Rio (အများဆုံးကြည့်ရှုသူဦးရေ – ၂,၀၁၆,၁၅၇)

Free Fire World Series 2019 Rio ဟာ ယခုစာရင်း ပါဝင်လာနိုင်ခဲ့တဲ့ တစ်ခုတည်းသော မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲပါ။ ရီယိုဒီဂျနေးရိုးမြို့မှာ ကျင်းပခဲ့တဲ့ Garena ရဲ့ မိုဘိုင်းလ် battle royale ဂိမ်းပြိုင်ပွဲကြီးဟာ ကြည့်ရှုသူများပြားခဲ့ရုံသာမက မိုဘိုင်းလ် Esports လောကအတွက် လိုအပ်နေတဲ့ စံသတ်မှတ်ချက်များကိုလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ လွန်စွာခမ်းနားတဲ့ မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲကြီးဖြစ်ခဲ့ပြီး ဘာသာစကား ၁၀ မျိုးနဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဖိုင်နယ်ပွဲစဉ်များမှာ အိမ်ရှင်အသင်းဖြစ်တဲ့ Team Corinthians က အနိုင်ရ ဗိုလ်စွဲသွားခဲ့ပါတယ်။ ၂၀၂၀ မှာ ဒီပွဲကြီးကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပမယ့်အကြောင်းကိုလည်း အတည်ပြုကြေညာခဲ့ပြီး ဖြစ်ပါတယ်။

၂။ Fortnite World Cup 2019 Finals (အများဆုံးကြည့်ရှုသူဦးရေ – ၂,၃၃၄,၈၂၆)

ဒီပွဲဟာ အသက် ၁၆ နှစ် အရွယ် Fortnite ကစားသမား Bugha ကို ဒေါ်လာ ၃ သန်းကျော် တစ်ကိုယ်တော် အနိုင်ရရှိပြီး နာမည်ကျော်စေခဲ့တဲ့ ပွဲကြီးပါ။ Fortnite World Cup ပြိုင်ပွဲဟာ ယခုနှစ်မှာ စတင်ကျင်းပတာဖြစ်ပေမယ့် Esports သမိုင်းကြောင်းတစ်လျှောက် ကြည့်ရှုမှုအလွန်များပြားတဲ့ပွဲတစ်ပွဲအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ငယ်ရွယ်တဲ့ fortnite ကစားသမားပေါင်းများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပွဲတွင်းဖျော်ဖြေမှုအဖြစ် Marshmello ရဲ့ concert live show တောင် ပါဝင်ခဲ့ပါတယ်။

၁။ League Worlds 2019 (အများဆုံးကြည့်ရှုသူဦးရေ – ၃,၉၈၅,၇၈၇)

ကမ္ဘာ့ကစားသူအများဆုံး MOBA ဂိမ်း League of Legends ရဲ့ ပြိုင်ပွဲကြီးကတော့ တစ်နှစ်တာအတွင်းကြည့်ရှုသူအများဆုံးပွဲအဖြစ်လည်း စံချိန်တင်နိုင်သွားခဲ့ပါတယ်။ League Worlds 2019 ရဲ့ ပွဲစဉ်များကို ဥရောပရဲ့ အထင်ကရမြို့များမှာ တစ်လခန့်အချိန်ယူ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖိုင်နယ်ပွဲစဉ်များကိုတော့ ပဲရစ်မြို့မှာ ကျင်းပခဲ့ပါတယ်။ Grand final မှာ တရုတ်အသင်း FunPlus Pheonix က G2 Esports ကို အနိုင်ရ ဗိုလ်စွဲကာ Summorner’s Cup ဖလားကြီးကို Louis Vuitton သေတ္တာနဲ့ ထည့်သွင်းယူဆောင်သွားခဲ့ပါတော့တယ်။

Source: dotesports


“၂၀၁၉ ရဲ႕ ၾကည့္ရႈသူအမ်ားဆုံး Esports ပြဲၾကီးမ်ား”

တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမိုထြန္းကားလာတဲ့ Esports ေလာကမွာ ဂိမ္းဝါသနာရွင္ပရိသတ္အေရအတြက္ဟာလည္း မ်ားသထက္ မ်ားလာခဲ့ပါတယ္။ မ်က္ေမွာက္ေခတ္ gamer မ်ားဟာ ယခင္ကလို ဂိမ္းကစားဖုိ႔သာ အာရုံစိုက္ေနၾကေတာ့တာ မဟုတ္ပဲ Esports ပြဲမ်ားကို ၾကည့္ရႈအားေပးဖို႔ ပိုမိုအခ်ိန္ေပးလာၾကတာကိုလည္း ေတြ႕ၾကရမွာပါ။

ဒါေၾကာင့္လည္း ၂၀၁၉ အတြင္း က်င္းပခဲ့တဲ့ Esports ပြဲၾကီးမ်ားဟာ ၾကည့္ရႈသူ အလြန္မ်ားျပားလာခဲ့ျခင္းျဖစ္ပါတယ္။ ဂိမ္းအမ်ိဳးအစားအလိုက္ ကစားသူဦးေရ မတူညီၾကလို႔ ယင္းဂိမ္းမ်ားရဲ႕ပြဲၾကည့္ရႈသူပရိသတ္အေရအတြက္ဟာလည္း အနည္းအမ်ား ကြာျခားသြားေလ့ရွိပါတယ္။ မည္သုိ႔ပင္ျဖစ္ေစ လူေပါင္းသန္းခ်ီ ဝင္ေရာက္ၾကည့္ရႈေနၾကတဲ့ Esports ပြဲမ်ားရဲ႕ အနာဂတ္ကေတာ့ ေတာက္ပလ်က္ ရွိပါတယ္။

၂၀၁၉ ရဲ႕ ၾကည့္ရႈမႈအမ်ားဆုံး Esports ပြဲမ်ားကေတာ့ ေအာက္ပါအတိုင္း ျဖစ္ၾကပါတယ္။

၇။ BlizzCon 2019 Opening Ceremony (အမ်ားဆုံးၾကည့္ရႈသူဦးေရ – ၁,၂၆၉,၄၃၆)

BlizzCon ပြဲၾကီးကေတာ့ Blizzard ရဲ႕ ပရိသတ္မ်ား အထူးအားေပးျခင္းကိုခံခဲ့ရတဲ့ ပြဲတစ္ပြဲပါ။ Hearthstone နဲ႔ Overwatch World Championship ျပိဳင္ပြဲမ်ား၊ ဂိမ္းသစ္ ေၾကညာျခင္းမ်ား၊ ဂိမ္း feature သစ္ ေၾကညာျခင္းမ်ား၊ cosplay ျပိဳင္ပြဲမ်ား စ တာေတြကို ပရိသတ္အမ်ား ၾကည့္ရႈအားေပးခဲ့ၾကပါတယ္။ Stream အတြင္း ႏိုင္ငံေရးလႈံ႕ေဆာ္စကားေျပာခဲ့တဲ့ Hearthstone pro တစ္ဦးကို Blizzard က ban ခဲ့ျပီး ဆႏၵျပမႈမ်ားျဖစ္ေပၚလာခဲ့တဲ့အတြက္လည္း BlizzCon ရဲ႕ ၾကည့္ရႈသူဦးေရ ျမင့္တက္ခဲ့ပါတယ္။

၆။ Nintendo E3 2019 (အမ်ားဆုံးၾကည့္ရႈသူဦးေရ – ၁,၄၄၆,၁၉၈)

Nintendo E3 Expo ပြဲၾကီးမ်ားဟာ ႏွစ္စဥ္ႏွစ္တိုင္း က်င္းပေလ့ရွိတဲ့ ပြဲမ်ားပါ။ Nintendo E3 အတြင္းမွာ Bethesda, Ubisoft, Square Enix စ တဲ့ ကုမၸဏီမ်ားရဲ႕ဂိမ္း developer showcase မ်ား၊ Super Smash Bros. Ultimate နဲ႔ Fortnite တို႔လို နာမည္ေက်ာ္ဂိမ္းမ်ား အပါအဝင္ ဂိမ္းေပါင္းမ်ားစြာတို႔ရဲ႕ ျပိဳင္ပြဲငယ္မ်ား၊ ဂိမ္းသစ္ ေၾကညာျခင္းမ်ား စ တာေတြ ပါဝင္ခဲ့ပါတယ္။ Cyberpunk 2077, Star Wars: Fallen Order စတဲ့ ဂိမ္းသစ္မ်ားကို ေၾကညာခဲ့တဲ့အခ်ိန္မွာ ပရိသတ္မ်ား အထူးစိတ္လႈပ္ရွားခဲ့ရပါတယ္။

၅။ Mid-Season Invitational 2019 (အမ်ားဆုံးၾကည့္ရႈသူဦးေရ – ၁,၇၀၄,၃၂၆)

ဒီပြဲကေတာ့ League of Legends season 9 ရဲ႕ အလယ္ပိုင္းမွာ ျပဳလုပ္ခဲ့တဲ့ပြဲပါ။ League of Legends MSI 2019 လို႔လည္း ေခၚတြင္ၾကတဲ့ ဒီပြဲမွာ စုစုေပါင္းအသင္း ၁၃ သင္း ပါဝင္ယွဥ္ျပိဳင္ခဲ့ၾကျပီး ဖိုင္နယ္ပြဲစဥ္မ်ားမွာ ဥေရာပအသင္း G2 Esports က ေျမာက္အေမရိကအသင္း Team Liquid ကို အႏိုင္ရရွိသြားခဲ့ပါတယ္။ Season တစ္ခုအတြင္းမွာ အင္အားၾကီးအသင္းမ်ားနဲ႔ ယင္းတို႔ရဲ႕ ကစားပုံမ်ားကို ပရိသတ္အမ်ားက သိရွိလိုၾကတဲ့အတြက္ League of Legends MSI ဟာ ႏွစ္စဥ္ႏွစ္တိုင္း လူၾကည့္မ်ားတဲ့ပြဲမ်ား ျဖစ္ၾကပါတယ္။

၄။ The International 2019 (အမ်ားဆုံးၾကည့္ရႈသူဦးေရ – ၁,၉၆၈,၄၉၇)

The International ပြဲမ်ားကေတာ့ Dota 2 ရဲ႕ အၾကီးမားဆုံးျပိဳင္ပြဲမ်ားပါ။ ႏွစ္စဥ္ႏွစ္တိုင္း က်င္းပျမဲျဖစ္တဲ့ TI ပြဲမ်ားမွာ ခ်ီးျမွင့္တဲ့ ဆုေၾကးေငြစုစုေပါင္းဟာ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမိုမ်ားျပားလာခဲ့သလို ယခုႏွစ္ TI9 မွာလည္း Esports ေလာကတစ္ခုလုံးမွာပါ အမ်ားဆုံးဆုေၾကးေငြျဖစ္တဲ့ ေဒၚလာ ၃၄.၃ သန္း အထိ စံခ်ိန္တင္ ခ်ီးျမွင့္ခဲ့ပါတယ္။ အသင္း ၁၈ သင္း ပါဝင္ယွဥ္ျပိဳင္ခဲ့ၾကျပီး Dota 2 သမိုင္းေၾကာင္းတစ္ေလွ်ာက္ လူၾကည့္အမ်ားဆုံးပြဲလည္း ျဖစ္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ႏွစ္က TI8 ကို အႏိုင္ရရွိခဲ့တဲ့ OG အသင္းဟာ ယခုႏွစ္ TI9 aegis ကိုလည္း အႏိုင္ဗိုလ္စြဲသြားခဲ့ျပီး ဆုေၾကးေငြ ေဒၚလာ ၁၆ သန္္းနီးပါး အိမ္ျပန္သယ္သြားႏိုင္ခဲ့ပါတယ္။

၃။ Free Fire World Series 2019 Rio (အမ်ားဆုံးၾကည့္ရႈသူဦးေရ – ၂,၀၁၆,၁၅၇)

Free Fire World Series 2019 Rio ဟာ ယခုစာရင္း ပါဝင္လာႏိုင္ခဲ့တဲ့ တစ္ခုတည္းေသာ မိုဘိုင္းလ္ဂိမ္းျပိဳင္ပြဲပါ။ ရီယိုဒီဂ်ေနးရိုးျမိဳ႕မွာ က်င္းပခဲ့တဲ့ Garena ရဲ႕ မိုဘိုင္းလ္ battle royale ဂိမ္းျပိဳင္ပြဲၾကီးဟာ ၾကည့္ရႈသူမ်ားျပားခဲ့ရံုသာမက မိုဘိုင္းလ္ Esports ေလာကအတြက္ လိုအပ္ေနတဲ့ စံသတ္မွတ္ခ်က္မ်ားကိုလည္း ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။ လြန္စြာခမ္းနားတဲ့ မိုဘိုင္းလ္ဂိမ္းျပိဳင္ပြဲၾကီးျဖစ္ခဲ့ျပီး ဘာသာစကား ၁၀ မ်ိဳးနဲ႕ တိုက္ရိုက္ထုတ္လႊင့္ျပသခဲ့ပါတယ္။ ဖိုင္နယ္ပြဲစဥ္မ်ားမွာ အိမ္ရွင္အသင္းျဖစ္တဲ့ Team Corinthians က အႏိုင္ရ ဗိုလ္စြဲသြားခဲ့ပါတယ္။ ၂၀၂၀ မွာ ဒီပြဲၾကီးကို အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာျမိဳ႕မွာ က်င္းပမယ့္အေၾကာင္းကိုလည္း အတည္ျပဳေၾကညာခဲ့ျပီး ျဖစ္ပါတယ္။

၂။ Fortnite World Cup 2019 Finals (အမ်ားဆုံးၾကည့္ရႈသူဦးေရ – ၂,၃၃၄,၈၂၆)

ဒီပြဲဟာ အသက္ ၁၆ ႏွစ္ အရြယ္ Fortnite ကစားသမား Bugha ကို ေဒၚလာ ၃ သန္းေက်ာ္ တစ္ကိုယ္ေတာ္ အႏိုင္ရရွိျပီး နာမည္ေက်ာ္ေစခဲ့တဲ့ ပြဲၾကီးပါ။ Fortnite World Cup ျပိဳင္ပြဲဟာ ယခုႏွစ္မွာ စတင္က်င္းပတာျဖစ္ေပမယ့္ Esports သမိုင္းေၾကာင္းတစ္ေလွ်ာက္ ၾကည့္ရႈမႈအလြန္မ်ားျပားတဲ့ပြဲတစ္ပြဲအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။ ငယ္ရြယ္တဲ့ fortnite ကစားသမားေပါင္းမ်ားစြာ ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ၾကျပီး ပြဲတြင္းေဖ်ာ္ေျဖမႈအျဖစ္ Marshmello ရဲ႕ concert live show ေတာင္ ပါဝင္ခဲ့ပါတယ္။

၁။ League Worlds 2019 (အမ်ားဆုံးၾကည့္ရႈသူဦးေရ – ၃,၉၈၅,၇၈၇)

ကမၻာ့ကစားသူအမ်ားဆုံး MOBA ဂိမ္း League of Legends ရဲ႕ ျပိဳင္ပြဲၾကီးကေတာ့ တစ္ႏွစ္တာအတြင္းၾကည့္ရႈသူအမ်ားဆုံးပြဲအျဖစ္လည္း စံခ်ိန္တင္ႏိုင္သြားခဲ့ပါတယ္။ League Worlds 2019 ရဲ႕ ပြဲစဥ္မ်ားကို ဥေရာပရဲ႕ အထင္ကရျမိဳ႕မ်ားမွာ တစ္လခန္႔အခ်ိန္ယူ ျပဳလုပ္ခဲ့တာျဖစ္ျပီး ဖိုင္နယ္ပြဲစဥ္မ်ားကုိေတာ့ ပဲရစ္ျမိဳ႕မွာ က်င္းပခဲ့ပါတယ္။ Grand final မွာ တရုတ္အသင္း FunPlus Pheonix က G2 Esports ကို အႏိုင္ရ ဗိုလ္စြဲကာ Summorner’s Cup ဖလားၾကီးကို Louis Vuitton ေသတၱာနဲ႔ ထည့္သြင္းယူေဆာင္သြားခဲ့ပါေတာ့တယ္။

Source: dotesports