[Unicode]

အနားယူပြီးရင် နည်းပြမလုပ်ချင်ဘူးဆိုတဲ့ Topson နဲ့ အင်တာဗျူးအပြည့်အစုံ

 

OG အသင်းရဲ့ Dota 2 ကစားသမားတစ်ဦးဖြစ်သူ Topson ဟာ ၂၀၁၉ – ၂၀၂၀ season ရဲ့ ပထမပိုင်းမှာ အနားယူနေခဲ့ပြီး Covid-19 ကြောင့် ပြိုင်ပွဲနည်းပါးချိန်မရောက်မီ ESL One Los Angeles 2020 ကျင်းပခါနီးမှာမှ ပြန်လာခဲ့သူပါ။ မကြာသေးမီကတော့ Cybersport.ru ဟာ အင်တာဗျူးတစ်ခုအတွင်းမှာ Topson ကို တွေ့ဆုံမေးမြန်းထားခဲ့ပါတယ်။

မေး။ ။ မင်္ဂလာပါ Topias ရေ။ ဖင်လန်ကို ပြန်ရောက်လာပြီး အခုလို စကားပြောခွင့်ရလို့ ဝမ်းသာမိပါတယ်။ အခုလက်ရှိအိမ်မှာ self-isolation လုပ်ရတာနဲ့ မလေးရှားမှာ တွေ့ကြုံခဲ့ရတာတွေ ဘာကွာခြားမှုရှိလဲဆိုတာလေး အရင်ဆုံး ပြောပေးပါဦး။
ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကွာခြားမှုတွေကတော့ အများကြီးပဲဗျ။ ဖြစ်စဉ်က ဒီလို။ ကျွန်တော်တို့ ESL One Los Angeles 2020 အတွက် qualify ဖြစ်သွားပြီးတော့ အဲ့ပွဲကို ပြိုင်ဖို့ သွားကြတယ်ပေါ့ဗျာ။ ဒါပေမယ့် ပွဲမစခင် ရက်ပိုင်းအတွင်းမှာတင် Covid-19 ကြောင့် ပွဲကိုဖျက်သိမ်းလိုက်ပြီဆိုတာ ကြားလိုက်ရတယ်။

ခရီးသွားလာခွင့်တွေ ပိတ်တော့မှာသိကြတော့ အကုန်လုံးက အိမ်အမြန်ပြန်သွားကြတယ်။ ကျွန်တော်ကတော့ မလေးရှားမှာ ရှိတဲ့ ကျွန်တော့်ရည်းစားဆီသွားလည်ခဲ့တယ်ဗျ။ ဒီလိုနဲ့ မလေးရှားရောက်ပြီး ၂ ရက်ပဲကြသေးတယ် လေကြောင်းလိုင်းတွေအကုန်ပိတ်သွားတော့တာပါပဲ။ (ရယ်မောလျက်)

အဲဒီမှာနေတဲ့ ၂ လ က အတော်လေးပြင်းထန်တဲ့အနေအထားဖြစ်ခဲ့တယ်ဗျ။ ကျွန်တော်တို့ဘယ်မှမသွားရပဲ အိမ်မှာပဲ နေခဲ့တယ်။ အိမ်နားမှာ စားစရာမှာလို့ရတဲ့ ဆိုင်သေးသေးလေးရှိပြီး အဲဒါကိုပဲ မီခိုခဲ့ရတာပေါ့။ အဲလိုပဲနေလာရင်းနဲ့ ကျွန်တော်တို့ ဖင်လန်ကို ပြန်နိုင်မယ့်နည်းလမ်းကို စဉ်းစားခဲ့တယ်။ လေကြောင်းနဲ့သွားတဲ့ ခရီးမှာ ကြုံရနိုင်တဲ့ပြဿနာတွေအကြောင်းလည်း စဉ်းစားခဲ့ရတယ်။ အခု ပြန်ရောက်နေပြီဆိုတော့ အတော်ဝမ်းသာမိပါတယ်။

မေး။ ။ ကွာရန်တိုင်းကာလကို မလေးရှားမှာဖြတ်သန်းခဲ့ရတာရော ပျော်လား။
ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ မပျော်ပါဘူးဗျာ။ ဖင်လန်မှာရှိနေခဲ့ရင် ပိုကောင်းမှာပဲလို့ စဉ်းစားမိခဲ့တယ်။ ကျွန်တော့် အိမ်ရှိတဲ့ အူလူးမြို့မှာ Covid-19 confirmed case ၁၂၀ ပဲ ရှိခဲ့တာဗျ။ ဘဝကိုဖြတ်သန်းနေကျ ပုံမှန်အနေအထားအတိုင်းသာ ရှိနေခဲ့ရင် ဒီကြောက်စရာ pandemic ရက်တွေအတွင်း အဆင်ပြေနေခဲ့မယ်လို့ ထင်တာပဲ။ ကျွန်တော်က ဒီပတ်ဝန်းကျင်လေးကို အရမ်းသဘောကျတယ်။ ကမ္ဘာပေါ်က ဘယ်မြို့တွေထက်မဆို သဘောကျပါတယ်။ ကျွန်တော့်အိမ်ရှိတဲ့နေရာကိုးဗျ။ တခြားဘယ်နေရာက ဒီထက်ပိုကောင်းနိုင်ဦးမှာလဲ။

မေး။ ။ ဒါဆို အဲဒီ ၂ လကို ဖြတ်သန်းဖို့ အတော်ခက်ခဲခဲ့တာပေါ့နော်။
ဖြေ။ ။ ဟုတ်တာပေါ့ဗျာ။ ခက်ခဲခဲ့ပါတယ်။ ကျွန်တော်က အိမ်ပြင်ထွက်ရတာ သဘောကျတယ်ဗျ။ ကလပ်တွေ ဘာတွေ သွားတာမျိုးတော့ မဟုတ်ပါဘူး။ မြို့ထဲကို လျှောက်သွားမယ်။ လေကောင်းလေသန့်လေး ရှုမယ်။ သစ်ပင်လေးတွေရှိတဲ့ တောအုပ်လေးမှာ လမ်းလျှောက်မယ်။ အဲလိုလုပ်လိုက်ရင် ကျွန်တော်အပန်းပြေသွားပြီး ခေါင်းလည်းရှင်းသွားပါတယ်။ မလေးရှားမှာ ရှိနေတုန်းက အပြင်ထွက်လို့ မရဘူး။ မလေးရှားမှာတုန်းက အသံတွေ အရမ်းဆူတဲ့ ကွာလာလမ်ပူမြို့ပတ်ဝန်းကျင်မှာ နေခဲ့ရတယ်။ တစ်သက်လုံးမြို့ကြီးပြကြီးမှာ မနေခဲ့ဖူးတော့ ဒါကြီးက ကျွန်တော့်အတွက် အဆင်မပြေပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမြို့ကို ဆိုးတယ်လို့ တရားသေပြောလို့တော့လည်း မရပါဘူး။ သူ့ဟာနဲ့သူတော့ လှပါတယ်။ ကျွန်တော်ကိုက သက်တောင့်သက်သာရှိမယ့်နေရာလေးတွေကို သဘောကျတာပါ။

မေး။ ။ အဲဒီအချိန်တုန်းကရော အပျင်းပြေ Dota 2 ကစားခဲ့သေးလား။
ဖြေ။ ။ အင်း… အာရှ pub ပွဲတွေ ဝင်ကစားခဲ့တယ်ဗျ။ အဲဒါက… (ရယ်မောလျက်) အဲဒါက အတွေ့အကြုံကောင်းတစ်ခုလို့ ပြောလို့တော့ မရပါဘူးဗျာ။ ဂိမ်းကစားချိန်လည်း နည်းခဲ့ပါတယ်။ အစက Dota နဲ့ပဲ အချိန်ဖြုန်းဖို့ စဉ်းစားထားခဲ့တာ။ နောက်ကျတော့ ဂိမ်းကစားတာပါ ကြာသွားပြီး Steam ကိုတောင် ၃ ပတ်လောက် မဖွင့်ပဲ ပစ်ထားမိတယ်။ အဲဒါကြောင့် ဖင်လန်ကို ပြန်လာတော့ Dota လက် ကျနေတာပါ။

မေး။ ။ လက်ကျသွားသလို အနားလည်း ရသွားတာပေါ့နော်။
ဖြေ။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် အခုတော့ ဂိမ်းထဲကို စိတ်ပြန်နှစ်ထားပြီး ကိုယ်တိုင်ကလည်း အတော်စိတ်ပြန်ပါလာပါပြီ။ မဆော့ခဲ့တာကြာတော့ အခု meta ကို ပြန်လိုက်ဖို့ ဖိအားတွေက များချက်ပါပဲ။ အခု patch က အတော်လေးကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တစ်ချို့နည်းဗျူဟာတွေက ဖြည်ရခက်လောက်အောင် အတော်ကြီး ကြမ်းနေတာတွေတော့ ရှိပါတယ်။

မေး။ ။ ကွာရန်တိုင်းမှာ အွန်လိုင်းပြိုင်ပွဲတွေရော ကစားဖြစ်သေးလား။
ဖြေ။ ။ မကစားဖြစ်ပါဘူးဗျာ။ stream တွေတောင် ဝင်မကြည့်ဖြစ်သလောက်ပါပဲ။ ကိုယ်မပါတဲ့ ပြိုင်ပွဲကို ဝင်ကြည့်ရမှာ စိတ်က တစ်မျိုးဖြစ်နေတာလည်း ပါတယ်။ တစ်မျိုးကြီး ခံစားရတယ်ပေါ့ဗျာ။
အဲဒါကြောင့်လည်း အခုအချိန်မှာ ဂိမ်းက အသစ်ကြီးလိုဖြစ်နေတာပါ။ ပြန်လာတည်းက အခုချိန်ထိ ပြိုင်ပွဲလည်း ၂ ပွဲပဲ ဆော့ရသေးတယ်။ Hero တွေ item တွေ လိုက်ကြည့်နေရတာ ပျော်ပါတယ်။ တစ်ချို့တွေကတော့ ဆော့လာတာကြာပြီ။ အဲဒီတော့ သူတို့ ကျွန်တော့်ကိုပြောမယ်ဆိုလည်း ပြောချင်စရာပါပဲ။

မေး။ ။ အွန်လိုင်းပြိုင်ပွဲတွေက season အတွက် နမူနာလေးတွေလိုဖြစ်နေခဲ့တယ်နော်။ Valve က regional league ကို ၃ ခုခွဲပြီး ဖန်တီးလိုက်တယ်။ ဒီ DPC season အတွင်းက အဲဒီ စနစ်ကိုရော သဘောကျနှစ်ခြိုက်မှုရှိလား။
ဖြေ။ ။ ကျွန်တော့်အတွက်တော့ ဒီ စနစ်က အဆင်ပြေကောင်းမွန်ပါတယ်။ အိမ်မှာနေဖို့အချိန်ပိုရပြီး လတိုင်းနီးပါး ကမ္ဘာပတ်နေရတဲ့ဒုက္ခကနေ ကင်းဝေးသွားလို့ပါ။ ကျွန်တော်ထင်တာကတော့ Valve ဟာ အနာဂတ်မှာလည်း LAN သီးသန့် playoff ပွဲတွေကလွဲရင် ကျန်တဲ့ပွဲတွေအားလုံးကို အွန်လိုင်းက ကစားလို့ရအောင် လုပ်ပေးလာနိုင်ပါတယ်။

အဲလိုဖြစ်လာခဲ့ရင်တော့ ကျွန်တော့်အတွက်ပိုကောင်းပါတယ်။ Dota ထဲမှာ ၁၀၀ ရာခိုင်နှုန်း စိတ်နှစ်ထားစရာ မလိုလို့ပါ။ အခု ဖင်လန်မှာ ကျွန်တော့်အတွက် တစ်ခြားအာရုံစိုက်စရာတွေကလည်း ရှိပါတယ်။ အဲဒါကြောင့် LAN ပွဲနည်းလေး ကျွန်တော် ပိုသဘောကျလေပါပဲ။

မေး။ ။ Dota 2 ကနေ အနားယူဖို့ အစီအစဉ်ကိုရော စဉ်းစားထားသေးလား။
ဖြေ။ ။ အဲလိုတော့ မရှိသေးပါဘူး။ ဒါပေမယ့် ပြိုင်ပွဲတိုင်းအတွက် လေယာဉ်စီးပြီး ခရီးချည်းသွားနေရမယ်ဆိုရင်တော့ လာမယ့် season မှာ အနားယူဖြစ်သွားနိုင်ပါတယ်။ အဲလိုအနေအထားက ကျွန်တော့်အတွက် ခက်ခဲပါတယ်။ လက်ရှိအချိန်မှာ Dota ချည်းကစားပြီး Esports အချိန်ဇယားကြီးအတိုင်း လိုက်လုပ်နေဖို့ ကျွန်တော့်ဘဝက အဆင်မပြေတော့ပါဘူး။ Dota ကို တက်တက်ကြွကြွကစားနေနိုင်ဖို့အတွက် တခြားအရာလေးတွေကို အချိန်ပေးဖို့လည်း လောလောဆယ်လိုအပ်နေပါတယ်။

အခုအချိန်မှာ ကျွန်တော့်ဘဝအတွက် မျှတတဲ့နေထိုင်နည်းပုံစံကို ရနေပြီး အဲဒါကို ကျွန်တော် သဘောကျပါတယ်။ အရင် season တွေတုန်းကဆို Dota ကို အားကုန်သုံးပြီး ကစားခဲ့တယ်။ ပြီးရင် မြန်မြန်ဆန်ဆန်ပဲ စိတ်ခွန်အားတွေ လျော့သွားတယ်။ ကျွန်တော့်ဘဝထဲမှာ တစ်ခုခုလိုနေသလိုမျိုး ခံစားနေခဲ့ရပါတယ်။

မေး။ ။ Matchingmaking ထဲမှာ pro ဖြစ်ချင်နေတဲ့ လူငယ်တွေ ထောင်သောင်းမကရှိနေတယ်နော်။ တစ်ချို့ဆိုရင် ဆုကြေးငွေလိုချင်လို့တောင် မဟုတ်ပဲ pro ဖြစ်ချင်ရုံသက်သက်နဲ့ ကစားနေကြတာတွေလည်း ရှိတယ်။ Topson အနေနဲ့တော့ ၂ နှစ်တာ အကြီးအကျယ်အောင်မြင်ပြီးချိန်မှာ ဟိုးအရင်ကလောက် စိတ်အားထက်သန်မှုရှိဖို့ ခက်ခဲလာတာမျိုး တွေ့ရတယ်။ ဘာကြောင့်လဲ။ Esports ကစားသမားတစ်ယောက်ရဲ့ ဘဝမှာ တွေ့ရတဲ့အခက်အခဲတွေရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ။ ။ ဒီနေရာကိုရောက်ဖို့အတွက်သက်သက်နဲ့ ဘဝထဲက ရှိသမျှအကုန်လုံးကို စွန့်လွှတ်ပစ်ဖို့ဆိုတာကလည်း အဆင်မပြေလှဘူးလေဗျာ။ (ရယ်မောလျက်) Esports ကစားသမားတစ်ယောက်ဖြစ်လာဖို့ သူငယ်ချင်းတွေကို အချိန်ပေးဖို့ မေ့ထားရတယ်။ စာပေလေ့လာဖို့ မေ့ထားရတယ်။ ရှိသမျှ အရာအားလုံးကို မေ့ပျောက်စွန့်လွှတ်ရတယ်။ Esports လောကထဲကို ရောက်လာပြီဆိုရင်လည်း ယှဉ်ပြိုင်ချင်စိတ်ထက်သန်နေအောင် တစ်ချိန်လုံးကိုယ့်ကိုယ်ကို အားပေးနေရပြန်တယ်။

ဂိမ်းထဲမှာ အောင်မြင်ဖို့အတွက် အချိန်အများကြီးပေးပြီး လေ့ကျင့်ဖို့လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကတော့ မတူကြဘူးပေါ့။ ဒါပေမယ့် တော်တော်များများကတော့ အနည်းဆုံးတစ်နေ့ကို အချိန် ၈ နာရီလောက်ပေးပြီး Dota 2 ဆော့နေကြရတာပါပဲ။ Dota ကို ကျွန်တော် အရမ်းသဘောကျပါတယ်။ ဒါပေမယ့် ဒါက ဂိမ်းသက်သက်မဟုတ်တော့ပဲ အလုပ်ဖြစ်လာချိန်မှာတော့ စိတ်ပါဝင်စားမှုနည်းနည်းလေး လျော့သွားတယ်လို့ ဆိုရမှာပဲဗျ။

ရှည်ရှည်ဝေးဝေးကြီးတွေ ပြောနေမိတယ်။ (ရယ်မောလျက်) pro ကစားသမားတစ်ယောက်အတွက် အကြီးဆုံးအခက်အခဲကတော့ ဂိမ်းကို အချိန်အများကြီးပေးပြီး ကစားဖို့ လိုအပ်နေတာပါပဲ။ တစ်နေ့ကို အချိန် ၈ နာရီကနေ ၁၀ နာရီလောက်အထိပေးပြီး ကစားရမယ်။ နေ့တိုင်းလုပ်ရမယ့် ဒီကိစ္စက မလွယ်ကူလှပါဘူး။

မေး။ ။ အသင်းဖော်တစ်ဦးဖြစ်တဲ့ N0tail အနေနဲ့ရော ၁၀ နှစ်လောက်ကြာအောင် ဒီလိုစိတ်ဓာတ်မျိုး အမြဲထားနိုင်ဖို့ ဘယ်လိုထိန်းသိမ်းခဲ့တယ်လို့ရော ယူဆလဲ။
ဖြေ။ ။ မပြောတတ်ပါဘူးဗျာ။ (ရယ်မောလျက်) သူဘယ်လိုလုပ်ပြီး ဒီလိုစိတ်ဓာတ်မျိုး အမြဲထားနေနိုင်လဲဆိုတာကို ကျွန်တော်စဉ်းစားလို့ကို မရပါဘူး။ သူ့စိတ်ထဲမှာ ဘယ်တော့မှ မငြိမ်းတဲ့ မီးတောက်လို ခွန်အားရှိတယ်။ Johan (N0tail) ကတော့ အမြဲတမ်းကို အဆင်သင့်ဖြစ်နေတာပါပဲ။ သူက ယှဉ်ပြိုင်ချင်စိတ်လည်း ထက်သန်တယ်။ ပြိုင်ပွဲတွေ ဝင်ချင်တယ်။ သန်မာပါတယ်ဆိုတဲ့ ပြိုင်ဘက်တွေနဲ့ တွေ့ချင်တယ်။ သူဟာ Dota 2 ကို အရမ်းနှစ်သက်ပြီး အဲဒီအတွက် အရာအားလုံးပေးဆပ်ဖို့ အမြဲအဆင်သင့်ဖြစ်နေတယ်လို့ပဲ ဆိုရမှာပေါ့ဗျာ။

မေး။ ။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်လောက်က N0tail နဲ့ စကားပြောဖြစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းကတော့ သူက ကစားသမားအဖြစ်က အနားယူသွားရင်တောင် နည်းပြလိုမျိုးနေရာတစ်ခုနဲ့ Esports လောကထဲမှာ ဆက်ရှိနေချင်တယ်လို့ ပြောခဲ့ဖူးတယ်။ Topson အနေနဲ့ကရော လုံးဝအနားယူဖြစ်သွားရင် ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။
ဖြေ။ ။ မပြောတတ်သေးဘူးဗျ။ နည်းပြလုပ်ရမယ့်ကိစ္စကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တစ်ခြားကိစ္စလေးတွေ လုပ်ပြီး ဘဝကို တည်တည်ငြိမ်ငြိမ်ဖြတ်သန်းဖို့ စဉ်းစားထားမိတယ်။ ဘာလို့လည်းဆိုတော့ ကစားသမားမဟုတ်တော့ပဲ နည်းပြလုပ်နေလည်း တစ်ချိန်လုံး လေယာဉ်စီးနေရမယ့်အကြောင်း စဉ်းစားမိလို့ပါ။ ကျွန်တော်က ခရီးသွားရတာကို သဘောမကျပါဘူး။ အဲဒါကြောင့် အနားယူပြီးရင် Esports လောက ကနေ ကျွန်တော်ပျောက်ကွယ်သွားနိုင်ပါတယ်။

မေး။ ။ အခုအချိန်မှာရော။ TI ၂ ခုနိုင်ပြီးတဲ့အချိန်မှာ ဘယ်အရာက pro ကစားသမားတစ်ယောက်အဖြစ် စိတ်ဓာတ် တက်တက်ကြွကြွနဲ့ ဆက်ရှိနေစေတယ်လို့ ထင်သလဲ။
ဖြေ။ ။ TI9 ပြီးသွားတည်းက ကျွန်တော်ဒီမေးခွန်းကို ကိုယ့်ကိုယ်ကို မေးလာခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လတွေကြာအောင် စဉ်းစားဖူးတယ်။ အဲဒီပွဲအပြီးမှာ အချိန်အကြာကြီးနားပြီးတော့ Dota 2 လောက ကနေ အနားယူဖို့ စဉ်းစားမိခဲ့တယ်။ ဒီအရာတွေကို လွှတ်ချပြီး ဘဝကို ရှေ့ဆက်ရင် ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို အဖြေရှာနေမိတယ်။

တဖြည်းဖြည်းနဲ့ သဘောပေါက်လာခဲ့တာက ကျွန်တော် Dota 2 ကို ချစ်တုန်းပါပဲ။ ဒီဂိမ်းကို ဆန်းစစ်သုံးသပ်နေရတာကို ကျွန်တော်သဘောကျတယ်။ Item build သစ်တွေ စမ်းချင်တယ် hero တွေ စမ်းချင်တယ်။ ပြိုင်ပွဲဝင်ရတဲ့အပိုင်းမှာလည်း ဒီလိုပါပဲ။ စောနကပြောခဲ့တာတွေကို ဂိမ်းရဲ့အမြင့်ဆုံးအခြေအနေမှာ သွားလုပ်နိုင်အောင် ပြိုင်ပွဲတွေက ကူညီပါတယ်။ အဲဒါကြောင့် ကျွန်တော် ကစားသမားအဖြစ်ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် Dota ကစားရတာကို နှစ်သက်တာကြောင့်လို့ ပြောလို့ရပါတယ်။

ဒီဂိမ်းက ကျွန်တော့်ကို စိတ်ပျော်ရွှင်မှု မပေးနိုင်တော့ရင် ဒါမှမဟုတ် အသင်းထဲမှာ ပြဿနာတစ်စုံတစ်ရာပေါ်လာခဲ့ရင်တော့ ကျွန်တော်အနားယူမှာပါ။ ခြေကုတ်ယူထားလို့ ရမယ့်အရာတစ်ခုခုမတွေ့တော့ရင် ဒါမှမဟုတ် ပြိုင်ပွဲဝင်ရတာကို စိတ်ကုန်လာရင်ပေါ့။ ဒါပေမယ့် လက်ရှိမှာတော့ ဆက်ပြိုင်ဖို့ ကျွန်တော်အဆင့်သင့်ဖြစ်နေတယ်လို့ ထင်ပါတယ်။

မေး။ ။ အရင်အသင်းသားတွေနဲ့ အခုအသင်းသားသစ်တွေမှာ မတူညီတာတွေရောရှိလား။
ဖြေ။ ။ လုံးဝမတူညီတဲ့အသင်းသစ်တစ်ခုလိုပါပဲ။ အစားထိုးဝင်လာတဲ့လူသစ်တွေက အရင်လူတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ဥပမာပြောရရင် အရင်က Ana က အခု SumaiL နဲ့ စာရင် အတော်ကြီး စကားနည်းလွန်းတယ်။ SumaiL ကတော့ ဂိမ်းကစားနေရင်း တစ်ချိန်လုံး စကားပြောပြီး အိုင်ဒီယာသစ်တွေပေးနေတာပါပဲ။ Saksa ကျတော့လည်း JerAx ထက် စကားနည်းနေပြန်ရော။ Jesse (JerAx) က အမြဲနီးပါး တစ်ခုမဟုတ်တစ်ခု ပြောနေတတ်သူမို့ပါ။

ဒီအပြောင်းအလဲက တစ်သင်းလုံးရဲ့အနေအထားကို အရင်နဲ့မတူအောင် လုပ်လိုက်တာပါပဲ။ အခုဆိုရင် ပွဲထဲမှာ ကျွန်တော်က ဦးဆောင်ပြီး ကစားရတာများတယ်။ ဒါကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အခုလူစာရင်းက အင်အားကောင်းပါတယ်။ အလားအလာလည်းရှိတယ်။ ကျွန်တော်တို့ အတူတကွ စုစုစည်းစည်းဖြစ်လာရင် အကောင်းဆုံးအသင်းတစ်သင်းအဖြစ် ထွက်ပေါ်လာနိုင်ပါတယ်။

မေး။ ။ OG ကို စဝင်ချိန်မှာ အသင်းရဲ့ ပြိုင်ပွဲတွေကို ဘယ်လို ပြောင်းလဲပေးနိုင်လဲဆိုပြီး Topson ကို မေးခဲ့ကြတယ်နော်။ အခုကစားသမားသစ်တွေကရော အသင်းရဲ့ကစားဟန်အတွက် ဘာတွေပြောင်းလဲသွားစေလဲ။
ဖြေ။ ။ လူသစ်တွေဝင်လာတဲ့အတွက် ကျွန်တော်တို့ ဂိမ်းအပေါ်ထားတဲ့အမြင်တွေပါ ဆန်းသစ်သွားပါတယ်။ ၂ နှစ်လောက် တူညီတဲ့လူစာရင်းနဲ့ ကစားလာခဲ့တာဆိုတော့ Dota အပေါ် ကျွန်တော်တို့အမြင်က ပုံသေကားချက်ဆန်နေခဲ့တယ်။ iLTW ကလည်း အသင်းထဲကို လာပြီး ကစားသွားသေးတယ်။ ဒါပေမယ့် သူက ငယ်ပြီး အတွေ့အကြုံနည်းတော့ သူယူလာတဲ့ ပြောင်းလဲမှုဆိုတာ မရှိသလောက်ပါပဲ။ ကျွန်တော်တို့ကပဲ သူ့ကို သင်ပေးနေခဲ့ရတယ်။ “ကျွန်တော်တို့” ဆိုတာ ကျွန်တော်တော့ မပါ ပါဘူး။ N0tail နဲ့ Ceb တို့ သင်ပေးတာကို ပြောတာပါ။ (ရယ်မောလျက်)

MidOne တို့ SumaiL တို့ Saksa တို့ ဝင်လာတာကျ မတူတော့ဘူး။ သူတို့ရဲ့ အတွေ့အကြုံက အရမ်းများတယ်။ ဒီတော့ သူတို့ဆီကနေ တခြားအသင်းတွေ Dota 2 ကို ဘယ်လိုမြင်ကြလဲဆိုတာကိုလည်း လေ့လာလို့ ရတယ်။ ဒါဟာ အရမ်းအဖိုးတန်တဲ့ အတွေ့အကြုံပါပဲ။ ကျွန်တော်တို့မှာ အရင်ကထက်ပိုပြီး လက်နက်ပုန်းတွေရှိလာပါပြီ။ အဲဒါတွေကို အသင်းနဲ့လိုက်လျောညီထွေဖြစ်အောင်လုပ်ပြီး ထုတ်သုံးဖို့ပဲ လိုတော့တာပါ။

မေး။ ။ အခု DPC စနစ်က Major ပွဲတွေ ပျောက်ဆုံးသွားအောင် လုပ်သလိုဖြစ်နေတယ်နော်။ အဲဒီပွဲတွေကို TI ဝင်ခွင့်ရဖို့ ပြိုင်ရတဲ့ qualifier ပွဲတွေလိုဖြစ်လာစေတယ်။ TI ချန်ပီယံ ၂ ခါဖြစ်ဖူးတဲ့သူတစ်ယောက်အနေနဲ့ အဲဒီပြိုင်ပွဲတွေကို ဝင်ပြိုင်ဖို့ စိတ်မပါ ဖြစ်နေတာမျိုးရော ရှိလား။
ဖြေ။ ။ ရှိတယ်လို့ပဲ ပြောရမှာပါ။ အခု DPC စနစ်က TI ကလွဲလို့ ကျန်တဲ့ပွဲတွေကို သေးသေးလေးတွေဖြစ်အောင် လုပ်လိုက်သလိုပါပဲ။ Major ပြိုင်တယ်ဆိုတာကလည်း point ရအောင်ပဲပြိုင်ကြတော့တာ။ ဒါပေမယ့်လည်း ကျွန်တော့်အတွက်တော့ အဆင်ပြေပါတယ်။ စောဒက တက်စရာ မရှိပါဘူး။ (ရယ်မောလျက်)

အခု စနစ်မှာ အားသာချက်တွေတော့ ရှိပါတယ်။ ပြိုင်ပွဲတွေရဲ့ ပုံစံကို ပြတ်ပြတ်သားသားမြင်လာရတယ်။ Season အရှည်ကြီးတစ်ခုနဲ့ တစ်ကမ္ဘာလုံးက ပရိသတ်တွေကြည့်ကြမယ့်ပြိုင်ပွဲကြီးတစ်ခုပုံစံမျိုးပေါ့။ ဒီလိုစဉ်းစားလိုက်မယ်ဆိုရင်တော့ ဒီ Major ပွဲတွေ အားလုံးဟာ TI ကြီးကို အရင်ကထက်ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းအောင် လုပ်ပေးနေကြသလိုပါပဲ။

မေး။ ။ OG ရဲ့ သဘောထားကိုလည်း အသေးစိတ်လေးပြောပြပေးပါဦး။ ပြိုင်ပွဲကြီး ၂ ခုကို နိုင်ထားလို့ အချမ်းသာဆုံး Esports ကစားသမားတွေဖြစ်လာခဲ့တော့ ဒီ Major တွေအတွက် စိတ်အားထက်သန်မှုတွေရော ရှိကြသေးရဲ့လား။ TI မတိုင်မီ OG ရဲ့ ငွေရေးကြေးရေးအခြေအနေကရော ဘယ်လိုရှိမလဲ။
ဖြေ။ ။ ကျွန်တော်ထင်တာကတော့ ဒါက OG တစ်သင်းတည်းအတွက် ပြဿနာဖြစ်နေတာတော့ မဟုတ်ပါဘူး။ ပြိုင်ပွဲဝင်အသင်းတိုင်းကတော့ TI မဟုတ်ရင် ပေါ့ပေါ့ပါးပါးပဲ ပြိုင်နေကြမှာပါပဲ။ ဘာလိုလဲဆိုတော့ နောက်ဆုံးပြိုင်ပွဲကြီးက ဒီပွဲတွေနဲ့ ယှဉ်လိုက်ရင် အဆမတန်ကြီးနေတာကိုး။

ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ Major ကို ဘာပြင်ဆင်မှုမှ မရှိပဲ လာပြိုင်ကြတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ Dota ကို လေ့လာမှုတွေ လုပ်နိုင်ဖို့အတွက် အမြဲကစားနေရတာပါပဲ။ ကျွန်တော့်အနေနဲ့လည်း ပြိုင်ပွဲကို အားထုတ်မှုသိပ်မရှိပဲ လာပြိုင်ပြီး အိမ်ပြန်သွားတာမျိုး မဟုတ်သလို ပိုက်ဆံရဖို့ ပြိုင်တာမျိုးလည်း မဟုတ်တော့ပါဘူး။ ရည်ရွယ်ချက်ကတော့ အင်အားကောင်းတဲ့ ပြိုင်ဘက်အသင်းတွေနဲ့ ယှဉ်ပြိုင်ပြီး အဖိုးတန်အတွေ့အကြုံကောင်းတွေရဖို့ ဖြစ်နေပါပြီ။ သူတို့တွေနဲ့ ပြိုင်ရတာကို ကျွန်တော် အရမ်းနှစ်သက်သဘောကျပါတယ်။

ဒါပေမယ့် OG အနေနဲ့လည်း TI ကိုပဲ အာရုံစိုက်လာတယ်ဆိုတာကတော့ မှန်ပါတယ်။ တခြားယှဉ်ပြိုင်မှုတွေ အားလုံးကတော့ ဒီအတွက် လေ့ကျင့်ပြီး အတွေ့အကြုံယူနေတာမျိုးဖြစ်လာတာပေါ့ဗျာ။ ဒီလိုလုပ်ပြီး ပြင်ဆင်တာမျိုးမရှိရင်တော့ TI ရောက်ရင်လည်း သိပ်အခြေအနေကောင်းမှာ မဟုတ်ဘူးဗျ။

မေး။ ။ ဒါပေမယ့် ၂၀၁၈ – ၂၀၁၉ season မှာတုန်းကလည်း ဘာမှလည်း သိပ်မပြိုင် ပြင်ဆင်တာမျိုးလည်း သိပ်မလုပ်ပဲ TI ထပ်နိုင်ခဲ့တယ်နော်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးရော ဘာပြောချင်လဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ အဲတုန်းက season အစ Major တွေကို ဝင်မပြိုင်ပဲ TI8 အပြီးမှာ အနားယူနေခဲ့ကြတယ်။ Season ရဲ့ တစ်ဝက်လောက်ရောက်မှာ ပြန်လာခဲ့ကြတယ်။ ဒါပေမယ့် အဲဒီတုန်းကလည်း ပုံစံကျဖို့ ခက်နေခဲ့တယ်ဗျ။ Major qualifier တွေ မနိုင်ဘူး ဖြစ်လာတယ်။ အဲဒါကြောင့် Minor လေးတွေနဲ့ ပြိုင်ပွဲအသေးလေးတွေကိုဝင်ပြီး အတွေ့အကြုံယူခဲ့ရပါတယ်။

မေး။ ။ အဲဒီတော့ ဆိုလိုတာက TI9 မတိုင်မီမှာ အဖိုးတန်အတွေ့အကြုံကောင်းသိပ်မရခဲ့ဖူးပေါ့နော်။
ဖြေ။ ။ (ရယ်မောလျက်) ဟုတ်ပါတယ်။ ဒါပေမယ့် ရဖို့လည်း အရမ်းကြီး မကြိုးပမ်းခဲ့ကြပြန်ပါဘူး။ ဒါပေမယ့် Ana ပြန်ရောက်လာတယ်။ အရာအားလုံး ပြန်လည်လွယ်ကူလာပါတယ်။ MDL Paris Major ဝင်ခွင့်ရသွားတယ်။ တဖြည်းဖြည်းနဲ့ အသင်းက ပုံစံကျလာပါတယ်။ ပြီးတော့ EPICENTER ပြိုင်ပွဲချိန်ရောက်လာတယ်။ အဲဒီမှာ N0tail နေမကောင်းဖြစ်ပြီး လူစားထိုးကစားရပြန်ရော။ အတော်ထူးဆန်းတဲ့ season ဖြစ်ခဲ့ပါတယ်။ အခက်အခဲတွေလည်း များခဲ့တာပေါ့ဗျာ။

မေး။ ။ Ana က ဆက်ပြီးနားနေဦးမယ်လို့ ပြောခဲ့တယ်နော်။ ဒါပေမယ့် အခုကျ TI10 တွေရော Major တွေရော ရွှေ့ပြောင်းဖျက်သိမ်းသွားပြီ။ အခုလူစာရင်းနဲ့ ကစားနေရာကနေ Ana ပြန်လာရင်ရော ဘယ်လိုတွေဖြစ်ကြဦးမယ်ထင်လဲ။
ဖြေ။ ။ မသိဘူးဗျ။ တကယ်ကို မသိတာပါ။ Ana က ပြန်ရော လာဦးမှာလား။ လာရင် ဘယ်သူ့နေရာမှာ ဝင်မလဲ။ နောက်တစ်နှစ်လောက်အတွင်း OG ထဲမှာ ဘာတွေဖြစ်မလဲဆိုတာကိုတောင် ကျွန်တော်မခန့်မှန်းတတ်ပါဘူး။ Ana ဆီကလည်း ဘာမှ ထပ်မကြားရသေးဘူး။ ဒီတော့ သူပြန်လာရင် ဘာလုပ်ကြမယ်ဆိုတာကိုလည်း ကျွန်တော်တို့ မစဉ်းစားထားသေးဘူး။

အကုန်လုံးပြောင်းလဲသွားတာဖြစ်နိုင်သလို ဒီအတိုင်းပဲ ဆက်ရှိနေတာလဲ ဖြစ်နိုင်ပါတယ်။ အသင်းရဲ့ ပြိုင်ပွဲရလဒ်တွေအပေါ်မှာလည်း မူတည်လာနိုင်တယ်။ Ana ပြန်လာမလား မလာဘူးလားဆိုတာကို ကျွန်တော် သေချာမသိသေးပါဘူး။

မေး။ ။ Topson အနေနဲ့ Gyrocopter ကို Diffusal Blade ထည့်ပြီး Monkey King ကို Radiance ထည့်ခဲ့တဲ့ TI9 ကြီး ပြီးခဲ့တာ တစ်နှစ်တောင်ရှိတော့မယ်နော်။ ကျွန်တော်သိချင်တာက ပုံမှန်မဟုတ်တဲ့ item build တစ်ခုကို ထည့်တော့မယ်ဆိုရင် Topson အနေနဲ့ စိတ်တွေ လှုပ်ရှားနေတတ်လား။
ဖြေ။ ။ မှန်ကန်တဲ့ build ဆိုတာ ကိုယ်နဲ့ကိုက်ညီပြီး အကောင်းဆုံးအနေအထားဖြစ်အောင် ချိန်ဆကစားနိုင်စေမယ့် build လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ Monkey King ပွဲတုန်းက ဟိုဘက်မှာ Templar Assassin နဲ့ Enigma ပါတယ်။ ဒီတော့ Radiance ဝယ်ပြီး Enigma Dagger မခုန်နိုင်အောင်လုပ်တယ်။ Templar Assassin ရဲ့ Refraction တွေ ဖျက်တယ်။ ကျွန်တော်တို့က အဲပွဲမှာ အသာစီးကလည်း အတော်ရနေတော့ Radiance က အားသာချက်အတော်ရှိတဲ့ ဝယ်ဖို့အကောင်းဆုံး item လို့ ယူဆခဲ့တာလည်း ပါ ပါတယ်။

တခြား hero တွေကိုလည်း ကျွန်တော် လေ့လာဆန်းစစ်ပြီး ပွဲထဲမှာ ဘာတွေဖြစ်သွားလဲ ဆိုတာကိုလည်း သုံးသပ်ကြည့်တယ်။ Risk ယူပြီး ကစားရမယ့်အနေအထားတွေနဲ့ သတိထားကစားရမယ့်အနေအထားတွေကို နားလည်အောင် ကြိုးစားတယ်။ သတိထားကစားရင် ကျွန်တော်တို့ ပွဲကို ဦးဆောင်နေနိုင်ပါ့မလား ဒါမှမဟုတ် map ပေါ်မှာ ဟိုဘက်အသင်းနဲ့ယှဉ်နိုင်နေပါ့မလားဆိုတာကိုလည်း အမြဲတွေးတယ်။

ဒီမေးခွန်းတွေကို ကိုယ့်ဘာသာဖြေလိုက်ပြီဆိုရင်တော့ ဆုံးဖြတ်ချက်ချဖို့က လွယ်သွားပါပြီ။ Gyro ပွဲမှာ Diffusal Blade ဝယ်ရတဲ့အကြောင်းရင်းက ရှင်းပါတယ်။ ဟိုဘက်အသင်းက Bristleback နဲ့ Omniknight သာ mana မရှိရင် ကျွန်တော်တို့ကို ချလို့ကို ရမှာ မဟုတ်ဘူးလေ။ ကျွန်တော်တို့ဘက်မှာတော့ IO ရှိတယ်။ ဒီတော့ ကျွန်တော်က ထိုင်ပစ်နေရုံပဲ။ Damage တွေအများကြီးထည့်ပြီး ဟိုဘက်အသင်းက hero တွေ အမြန်ဖျောက်ဖို့ကျတော့လည်း သူတို့က မာလွန်းတယ်။ အဲလိုစဉ်းစားလိုက်တာပါ။

မေး။ ။ OG documentary ထဲမှာ Topson ပြောခဲ့တာက ပြိုင်ပွဲတိုင်းမှာ တစ်ဖက်အသင်းရဲ့ ခေါင်းထဲကို ဝင်ကြည့်ပြီး သူတို့စီစဉ်ထားတဲ့အတိုင်း မကစားနိုင်အောင် ကြိုးပမ်းတယ်ဆိုပြီး ပါတယ်နော်။ ဂိမ်းတွေကို စိတ်ဓာတ်ရေးရာ တိုက်ပွဲတွေလို သဘောထားလို့ ဒီနည်းလမ်းကိုသုံးဖို့ ဆုံးဖြတ်စဉ်းစားထားတာလား။
ဖြေ။ ။ ဟုတ်ပါတယ်။ ကျွန်တော် OG ကို မရောက်ခင်တည်းက သဘောပေါက်နားလည်ထားတာက Dota ကို ထိထိရောက်ရောက်ကစားနိုင်ဖို့အတွက် တစ်ဖက်အသင်းသားတွေကို သူတို့ရဲ့ confort zone ထဲက ထုတ်ပစ်ပြီး အမှားတွေလုပ်ခိုင်းဖို့ လိုအပ်တယ်ဆိုတာပါ။ ဒါကလည်း လော့ဂျစ်ကျတဲ့ အတွေးတစ်ခုပါပဲ။ ပြိုင်ဘက်အသင်းက သူတို့လုပ်ချင်တာ မလုပ်ရဘူးဆိုရင် သူတို့ကို နိုင်ဖို့ကလည်း ပုံမှန်ထက် ပိုလွယ်ပါတယ်။

အရင်တုန်းကတော့ တခြားမတူညီတဲ့ ပုံစံတွေနဲ့ ကစားခဲ့ဖူးတယ်။ ကိုယ့်ဘာသာ အဆင်ပြေအောင် ကစားပြီး ပြိုင်ဘက်ကို လွှတ်ထားတဲ့ပုံစံမျိုးပါ။ အဲလိုအခြေအနေမျိုးမှာကျ နှစ်သင်းလုံး သရေကျပြီး ပွဲထဲမှာ ညီတူညီမျှဖြစ်နေတတ်တယ်။ ဒါပေမယ့် အဲလိုဖြစ်နေရင် ရှုံးဖို့အခွင့်အရေးလည်း ပိုများပါတယ်။ ညီတူညီမျှ မကစားပဲ ပြိုင်ဘက်အသင်းရဲ့ အစီအစဉ်ကို လိုက်ဖျက်မှသာ ကိုယ်လျှောက်ရမယ့်လမ်းကလည်း ဖြောင့်ဖြူးမှာပါ။

မေး။ ။ အခုလိုဖြေကြားပေတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။
ဖြေ။ ။ ဟုတ်ကဲ့။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

source: liquiddota


[ZawGyi]

အနားယူၿပီးရင္ နည္းျပမလုပ္ခ်င္ဘူးဆိုတဲ့ Topson နဲ႔ အင္တာဗ်ဴးအျပည့္အစုံ

 

OG အသင္းရဲ႕ Dota 2 ကစားသမားတစ္ဦးျဖစ္သူ Topson ဟာ ၂၀၁၉ – ၂၀၂၀ season ရဲ႕ ပထမပိုင္းမွာ အနားယူေနခဲ့ၿပီး Covid-19 ေၾကာင့္ ၿပိဳင္ပြဲနည္းပါးခ်ိန္မေရာက္မီ ESL One Los Angeles 2020 က်င္းပခါနီးမွာမွ ျပန္လာခဲ့သူပါ။ မၾကာေသးမီကေတာ့ Cybersport.ru ဟာ အင္တာဗ်ဴးတစ္ခုအတြင္းမွာ Topson ကို ေတြ႕ဆုံေမးျမန္းထားခဲ့ပါတယ္။

ေမး။ ။ မဂၤလာပါ Topias ေရ။ ဖင္လန္ကို ျပန္ေရာက္လာၿပီး အခုလို စကားေျပာခြင့္ရလို႔ ဝမ္းသာမိပါတယ္။ အခုလက္ရွိအိမ္မွာ self-isolation လုပ္ရတာနဲ႔ မေလးရွားမွာ ေတြ႕ႀကဳံခဲ့ရတာေတြ ဘာကြာျခားမႈရွိလဲဆိုတာေလး အရင္ဆုံး ေျပာေပးပါဦး။
ေျဖ။ ။ ဟုတ္ကဲ့ပါ။ ကြာျခားမႈေတြကေတာ့ အမ်ားႀကီးပဲဗ်။ ျဖစ္စဥ္က ဒီလို။ ကြၽန္ေတာ္တို႔ ESL One Los Angeles 2020 အတြက္ qualify ျဖစ္သြားၿပီးေတာ့ အဲ့ပြဲကို ၿပိဳင္ဖို႔ သြားၾကတယ္ေပါ့ဗ်ာ။ ဒါေပမယ့္ ပြဲမစခင္ ရက္ပိုင္းအတြင္းမွာတင္ Covid-19 ေၾကာင့္ ပြဲကိုဖ်က္သိမ္းလိုက္ၿပီဆိုတာ ၾကားလိုက္ရတယ္။

ခရီးသြားလာခြင့္ေတြ ပိတ္ေတာ့မွာသိၾကေတာ့ အကုန္လုံးက အိမ္အျမန္ျပန္သြားၾကတယ္။ ကြၽန္ေတာ္ကေတာ့ မေလးရွားမွာ ရွိတဲ့ ကြၽန္ေတာ့္ရည္းစားဆီသြားလည္ခဲ့တယ္ဗ်။ ဒီလိုနဲ႔ မေလးရွားေရာက္ၿပီး ၂ ရက္ပဲၾကေသးတယ္ ေလေၾကာင္းလိုင္းေတြအကုန္ပိတ္သြားေတာ့တာပါပဲ။ (ရယ္ေမာလ်က္)

အဲဒီမွာေနတဲ့ ၂ လ က အေတာ္ေလးျပင္းထန္တဲ့အေနအထားျဖစ္ခဲ့တယ္ဗ်။ ကြၽန္ေတာ္တို႔ဘယ္မွမသြားရပဲ အိမ္မွာပဲ ေနခဲ့တယ္။ အိမ္နားမွာ စားစရာမွာလို႔ရတဲ့ ဆိုင္ေသးေသးေလးရွိၿပီး အဲဒါကိုပဲ မီခိုခဲ့ရတာေပါ့။ အဲလိုပဲေနလာရင္းနဲ႔ ကြၽန္ေတာ္တို႔ ဖင္လန္ကို ျပန္ႏိုင္မယ့္နည္းလမ္းကို စဥ္းစားခဲ့တယ္။ ေလေၾကာင္းနဲ႔သြားတဲ့ ခရီးမွာ ႀကဳံရႏိုင္တဲ့ျပႆနာေတြအေၾကာင္းလည္း စဥ္းစားခဲ့ရတယ္။ အခု ျပန္ေရာက္ေနၿပီဆိုေတာ့ အေတာ္ဝမ္းသာမိပါတယ္။

ေမး။ ။ ကြာရန္တိုင္းကာလကို မေလးရွားမွာျဖတ္သန္းခဲ့ရတာေရာ ေပ်ာ္လား။
ေျဖ။ ။ ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆိုရင္ေတာ့ မေပ်ာ္ပါဘူးဗ်ာ။ ဖင္လန္မွာရွိေနခဲ့ရင္ ပိုေကာင္းမွာပဲလို႔ စဥ္းစားမိခဲ့တယ္။ ကြၽန္ေတာ့္ အိမ္ရွိတဲ့ အူလူးၿမိဳ႕မွာ Covid-19 confirmed case ၁၂၀ ပဲ ရွိခဲ့တာဗ်။ ဘဝကိုျဖတ္သန္းေနက် ပုံမွန္အေနအထားအတိုင္းသာ ရွိေနခဲ့ရင္ ဒီေၾကာက္စရာ pandemic ရက္ေတြအတြင္း အဆင္ေျပေနခဲ့မယ္လို႔ ထင္တာပဲ။ ကြၽန္ေတာ္က ဒီပတ္ဝန္းက်င္ေလးကို အရမ္းသေဘာက်တယ္။ ကမာၻေပၚက ဘယ္ၿမိဳ႕ေတြထက္မဆို သေဘာက်ပါတယ္။ ကြၽန္ေတာ့္အိမ္ရွိတဲ့ေနရာကိုးဗ်။ တျခားဘယ္ေနရာက ဒီထက္ပိုေကာင္းႏိုင္ဦးမွာလဲ။

ေမး။ ။ ဒါဆို အဲဒီ ၂ လကို ျဖတ္သန္းဖို႔ အေတာ္ခက္ခဲခဲ့တာေပါ့ေနာ္။
ေျဖ။ ။ ဟုတ္တာေပါ့ဗ်ာ။ ခက္ခဲခဲ့ပါတယ္။ ကြၽန္ေတာ္က အိမ္ျပင္ထြက္ရတာ သေဘာက်တယ္ဗ်။ ကလပ္ေတြ ဘာေတြ သြားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ၿမိဳ႕ထဲကို ေလွ်ာက္သြားမယ္။ ေလေကာင္းေလသန္႔ေလး ရႈမယ္။ သစ္ပင္ေလးေတြရွိတဲ့ ေတာအုပ္ေလးမွာ လမ္းေလွ်ာက္မယ္။ အဲလိုလုပ္လိုက္ရင္ ကြၽန္ေတာ္အပန္းေျပသြားၿပီး ေခါင္းလည္းရွင္းသြားပါတယ္။ မေလးရွားမွာ ရွိေနတုန္းက အျပင္ထြက္လို႔ မရဘူး။ မေလးရွားမွာတုန္းက အသံေတြ အရမ္းဆူတဲ့ ကြာလာလမ္ပူၿမိဳ႕ပတ္ဝန္းက်င္မွာ ေနခဲ့ရတယ္။ တစ္သက္လုံးၿမိဳ႕ႀကီးျပႀကီးမွာ မေနခဲ့ဖူးေတာ့ ဒါႀကီးက ကြၽန္ေတာ့္အတြက္ အဆင္မေျပပါဘူး။
ဘယ္လိုပဲျဖစ္ျဖစ္ အဲဒီၿမိဳ႕ကို ဆိုးတယ္လို႔ တရားေသေျပာလို႔ေတာ့လည္း မရပါဘူး။ သူ႔ဟာနဲ႔သူေတာ့ လွပါတယ္။ ကြၽန္ေတာ္ကိုက သက္ေတာင့္သက္သာရွိမယ့္ေနရာေလးေတြကို သေဘာက်တာပါ။

ေမး။ ။ အဲဒီအခ်ိန္တုန္းကေရာ အပ်င္းေျပ Dota 2 ကစားခဲ့ေသးလား။
ေျဖ။ ။ အင္း… အာရွ pub ပြဲေတြ ဝင္ကစားခဲ့တယ္ဗ်။ အဲဒါက… (ရယ္ေမာလ်က္) အဲဒါက အေတြ႕အႀကဳံေကာင္းတစ္ခုလို႔ ေျပာလို႔ေတာ့ မရပါဘူးဗ်ာ။ ဂိမ္းကစားခ်ိန္လည္း နည္းခဲ့ပါတယ္။ အစက Dota နဲ႔ပဲ အခ်ိန္ျဖဳန္းဖို႔ စဥ္းစားထားခဲ့တာ။ ေနာက္က်ေတာ့ ဂိမ္းကစားတာပါ ၾကာသြားၿပီး Steam ကိုေတာင္ ၃ ပတ္ေလာက္ မဖြင့္ပဲ ပစ္ထားမိတယ္။ အဲဒါေၾကာင့္ ဖင္လန္ကို ျပန္လာေတာ့ Dota လက္ က်ေနတာပါ။

ေမး။ ။ လက္က်သြားသလို အနားလည္း ရသြားတာေပါ့ေနာ္။
ေျဖ။ ။ ဟုတ္ပါတယ္။ ဒါေပမယ့္ အခုေတာ့ ဂိမ္းထဲကို စိတ္ျပန္ႏွစ္ထားၿပီး ကိုယ္တိုင္ကလည္း အေတာ္စိတ္ျပန္ပါလာပါၿပီ။ မေဆာ့ခဲ့တာၾကာေတာ့ အခု meta ကို ျပန္လိုက္ဖို႔ ဖိအားေတြက မ်ားခ်က္ပါပဲ။ အခု patch က အေတာ္ေလးေကာင္းတယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕နည္းဗ်ဴဟာေတြက ျဖည္ရခက္ေလာက္ေအာင္ အေတာ္ႀကီး ၾကမ္းေနတာေတြေတာ့ ရွိပါတယ္။

ေမး။ ။ ကြာရန္တိုင္းမွာ အြန္လိုင္းၿပိဳင္ပြဲေတြေရာ ကစားျဖစ္ေသးလား။
ေျဖ။ ။ မကစားျဖစ္ပါဘူးဗ်ာ။ stream ေတြေတာင္ ဝင္မၾကည့္ျဖစ္သေလာက္ပါပဲ။ ကိုယ္မပါတဲ့ ၿပိဳင္ပြဲကို ဝင္ၾကည့္ရမွာ စိတ္က တစ္မ်ိဳးျဖစ္ေနတာလည္း ပါတယ္။ တစ္မ်ိဳးႀကီး ခံစားရတယ္ေပါ့ဗ်ာ။
အဲဒါေၾကာင့္လည္း အခုအခ်ိန္မွာ ဂိမ္းက အသစ္ႀကီးလိုျဖစ္ေနတာပါ။ ျပန္လာတည္းက အခုခ်ိန္ထိ ၿပိဳင္ပြဲလည္း ၂ ပြဲပဲ ေဆာ့ရေသးတယ္။ Hero ေတြ item ေတြ လိုက္ၾကည့္ေနရတာ ေပ်ာ္ပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ ေဆာ့လာတာၾကာၿပီ။ အဲဒီေတာ့ သူတို႔ ကြၽန္ေတာ့္ကိုေျပာမယ္ဆိုလည္း ေျပာခ်င္စရာပါပဲ။

ေမး။ ။ အြန္လိုင္းၿပိဳင္ပြဲေတြက season အတြက္ နမူနာေလးေတြလိုျဖစ္ေနခဲ့တယ္ေနာ္။ Valve က regional league ကို ၃ ခုခြဲၿပီး ဖန္တီးလိုက္တယ္။ ဒီ DPC season အတြင္းက အဲဒီ စနစ္ကိုေရာ သေဘာက်ႏွစ္ၿခိဳက္မႈရွိလား။
ေျဖ။ ။ ကြၽန္ေတာ့္အတြက္ေတာ့ ဒီ စနစ္က အဆင္ေျပေကာင္းမြန္ပါတယ္။ အိမ္မွာေနဖို႔အခ်ိန္ပိုရၿပီး လတိုင္းနီးပါး ကမာၻပတ္ေနရတဲ့ဒုကၡကေန ကင္းေဝးသြားလို႔ပါ။ ကြၽန္ေတာ္ထင္တာကေတာ့ Valve ဟာ အနာဂတ္မွာလည္း LAN သီးသန္႔ playoff ပြဲေတြကလြဲရင္ က်န္တဲ့ပြဲေတြအားလုံးကို အြန္လိုင္းက ကစားလို႔ရေအာင္ လုပ္ေပးလာႏိုင္ပါတယ္။

အဲလိုျဖစ္လာခဲ့ရင္ေတာ့ ကြၽန္ေတာ့္အတြက္ပိုေကာင္းပါတယ္။ Dota ထဲမွာ ၁၀၀ ရာခိုင္ႏႈန္း စိတ္ႏွစ္ထားစရာ မလိုလို႔ပါ။ အခု ဖင္လန္မွာ ကြၽန္ေတာ့္အတြက္ တစ္ျခားအာ႐ုံစိုက္စရာေတြကလည္း ရွိပါတယ္။ အဲဒါေၾကာင့္ LAN ပြဲနည္းေလး ကြၽန္ေတာ္ ပိုသေဘာက်ေလပါပဲ။

ေမး။ ။ Dota 2 ကေန အနားယူဖို႔ အစီအစဥ္ကိုေရာ စဥ္းစားထားေသးလား။
ေျဖ။ ။ အဲလိုေတာ့ မရွိေသးပါဘူး။ ဒါေပမယ့္ ၿပိဳင္ပြဲတိုင္းအတြက္ ေလယာဥ္စီးၿပီး ခရီးခ်ည္းသြားေနရမယ္ဆိုရင္ေတာ့ လာမယ့္ season မွာ အနားယူျဖစ္သြားႏိုင္ပါတယ္။ အဲလိုအေနအထားက ကြၽန္ေတာ့္အတြက္ ခက္ခဲပါတယ္။ လက္ရွိအခ်ိန္မွာ Dota ခ်ည္းကစားၿပီး Esports အခ်ိန္ဇယားႀကီးအတိုင္း လိုက္လုပ္ေနဖို႔ ကြၽန္ေတာ့္ဘဝက အဆင္မေျပေတာ့ပါဘူး။ Dota ကို တက္တက္ႂကြႂကြကစားေနႏိုင္ဖို႔အတြက္ တျခားအရာေလးေတြကို အခ်ိန္ေပးဖို႔လည္း ေလာေလာဆယ္လိုအပ္ေနပါတယ္။

အခုအခ်ိန္မွာ ကြၽန္ေတာ့္ဘဝအတြက္ မွ်တတဲ့ေနထိုင္နည္းပုံစံကို ရေနၿပီး အဲဒါကို ကြၽန္ေတာ္ သေဘာက်ပါတယ္။ အရင္ season ေတြတုန္းကဆို Dota ကို အားကုန္သုံးၿပီး ကစားခဲ့တယ္။ ၿပီးရင္ ျမန္ျမန္ဆန္ဆန္ပဲ စိတ္ခြန္အားေတြ ေလ်ာ့သြားတယ္။ ကြၽန္ေတာ့္ဘဝထဲမွာ တစ္ခုခုလိုေနသလိုမ်ိဳး ခံစားေနခဲ့ရပါတယ္။

ေမး။ ။ Matchingmaking ထဲမွာ pro ျဖစ္ခ်င္ေနတဲ့ လူငယ္ေတြ ေထာင္ေသာင္းမကရွိေနတယ္ေနာ္။ တစ္ခ်ိဳ႕ဆိုရင္ ဆုေၾကးေငြလိုခ်င္လို႔ေတာင္ မဟုတ္ပဲ pro ျဖစ္ခ်င္႐ုံသက္သက္နဲ႔ ကစားေနၾကတာေတြလည္း ရွိတယ္။ Topson အေနနဲ႔ေတာ့ ၂ ႏွစ္တာ အႀကီးအက်ယ္ေအာင္ျမင္ၿပီးခ်ိန္မွာ ဟိုးအရင္ကေလာက္ စိတ္အားထက္သန္မႈရွိဖို႔ ခက္ခဲလာတာမ်ိဳး ေတြ႕ရတယ္။ ဘာေၾကာင့္လဲ။ Esports ကစားသမားတစ္ေယာက္ရဲ႕ ဘဝမွာ ေတြ႕ရတဲ့အခက္အခဲေတြရွိရင္လည္း ေျပာျပေပးပါဦး။
ေျဖ။ ။ ဒီေနရာကိုေရာက္ဖို႔အတြက္သက္သက္နဲ႔ ဘဝထဲက ရွိသမွ်အကုန္လုံးကို စြန္႔လႊတ္ပစ္ဖို႔ဆိုတာကလည္း အဆင္မေျပလွဘူးေလဗ်ာ။ (ရယ္ေမာလ်က္) Esports ကစားသမားတစ္ေယာက္ျဖစ္လာဖို႔ သူငယ္ခ်င္းေတြကို အခ်ိန္ေပးဖို႔ ေမ့ထားရတယ္။ စာေပေလ့လာဖို႔ ေမ့ထားရတယ္။ ရွိသမွ် အရာအားလုံးကို ေမ့ေပ်ာက္စြန္႔လႊတ္ရတယ္။ Esports ေလာကထဲကို ေရာက္လာၿပီဆိုရင္လည္း ယွဥ္ၿပိဳင္ခ်င္စိတ္ထက္သန္ေနေအာင္ တစ္ခ်ိန္လုံးကိုယ့္ကိုယ္ကို အားေပးေနရျပန္တယ္။

ဂိမ္းထဲမွာ ေအာင္ျမင္ဖို႔အတြက္ အခ်ိန္အမ်ားႀကီးေပးၿပီး ေလ့က်င့္ဖို႔လိုပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ကေတာ့ မတူၾကဘူးေပါ့။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ အနည္းဆုံးတစ္ေန႔ကို အခ်ိန္ ၈ နာရီေလာက္ေပးၿပီး Dota 2 ေဆာ့ေနၾကရတာပါပဲ။ Dota ကို ကြၽန္ေတာ္ အရမ္းသေဘာက်ပါတယ္။ ဒါေပမယ့္ ဒါက ဂိမ္းသက္သက္မဟုတ္ေတာ့ပဲ အလုပ္ျဖစ္လာခ်ိန္မွာေတာ့ စိတ္ပါဝင္စားမႈနည္းနည္းေလး ေလ်ာ့သြားတယ္လို႔ ဆိုရမွာပဲဗ်။

ရွည္ရွည္ေဝးေဝးႀကီးေတြ ေျပာေနမိတယ္။ (ရယ္ေမာလ်က္) pro ကစားသမားတစ္ေယာက္အတြက္ အႀကီးဆုံးအခက္အခဲကေတာ့ ဂိမ္းကို အခ်ိန္အမ်ားႀကီးေပးၿပီး ကစားဖို႔ လိုအပ္ေနတာပါပဲ။ တစ္ေန႔ကို အခ်ိန္ ၈ နာရီကေန ၁၀ နာရီေလာက္အထိေပးၿပီး ကစားရမယ္။ ေန႔တိုင္းလုပ္ရမယ့္ ဒီကိစၥက မလြယ္ကူလွပါဘူး။

ေမး။ ။ အသင္းေဖာ္တစ္ဦးျဖစ္တဲ့ N0tail အေနနဲ႔ေရာ ၁၀ ႏွစ္ေလာက္ၾကာေအာင္ ဒီလိုစိတ္ဓာတ္မ်ိဳး အၿမဲထားႏိုင္ဖို႔ ဘယ္လိုထိန္းသိမ္းခဲ့တယ္လို႔ေရာ ယူဆလဲ။
ေျဖ။ ။ မေျပာတတ္ပါဘူးဗ်ာ။ (ရယ္ေမာလ်က္) သူဘယ္လိုလုပ္ၿပီး ဒီလိုစိတ္ဓာတ္မ်ိဳး အၿမဲထားေနႏိုင္လဲဆိုတာကို ကြၽန္ေတာ္စဥ္းစားလို႔ကို မရပါဘူး။ သူ႔စိတ္ထဲမွာ ဘယ္ေတာ့မွ မၿငိမ္းတဲ့ မီးေတာက္လို ခြန္အားရွိတယ္။ Johan (N0tail) ကေတာ့ အၿမဲတမ္းကို အဆင္သင့္ျဖစ္ေနတာပါပဲ။ သူက ယွဥ္ၿပိဳင္ခ်င္စိတ္လည္း ထက္သန္တယ္။ ၿပိဳင္ပြဲေတြ ဝင္ခ်င္တယ္။ သန္မာပါတယ္ဆိုတဲ့ ၿပိဳင္ဘက္ေတြနဲ႔ ေတြ႕ခ်င္တယ္။ သူဟာ Dota 2 ကို အရမ္းႏွစ္သက္ၿပီး အဲဒီအတြက္ အရာအားလုံးေပးဆပ္ဖို႔ အၿမဲအဆင္သင့္ျဖစ္ေနတယ္လို႔ပဲ ဆိုရမွာေပါ့ဗ်ာ။

ေမး။ ။ လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္ေလာက္က N0tail နဲ႔ စကားေျပာျဖစ္ခဲ့ပါေသးတယ္။ အဲဒီတုန္းကေတာ့ သူက ကစားသမားအျဖစ္က အနားယူသြားရင္ေတာင္ နည္းျပလိုမ်ိဳးေနရာတစ္ခုနဲ႔ Esports ေလာကထဲမွာ ဆက္ရွိေနခ်င္တယ္လို႔ ေျပာခဲ့ဖူးတယ္။ Topson အေနနဲ႔ကေရာ လုံးဝအနားယူျဖစ္သြားရင္ ဘာဆက္လုပ္ဖို႔ စဥ္းစားထားလဲ။
ေျဖ။ ။ မေျပာတတ္ေသးဘူးဗ်။ နည္းျပလုပ္ရမယ့္ကိစၥကလည္း စိတ္ဝင္စားစရာေကာင္းပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ တစ္ျခားကိစၥေလးေတြ လုပ္ၿပီး ဘဝကို တည္တည္ၿငိမ္ၿငိမ္ျဖတ္သန္းဖို႔ စဥ္းစားထားမိတယ္။ ဘာလို႔လည္းဆိုေတာ့ ကစားသမားမဟုတ္ေတာ့ပဲ နည္းျပလုပ္ေနလည္း တစ္ခ်ိန္လုံး ေလယာဥ္စီးေနရမယ့္အေၾကာင္း စဥ္းစားမိလို႔ပါ။ ကြၽန္ေတာ္က ခရီးသြားရတာကို သေဘာမက်ပါဘူး။ အဲဒါေၾကာင့္ အနားယူၿပီးရင္ Esports ေလာက ကေန ကြၽန္ေတာ္ေပ်ာက္ကြယ္သြားႏိုင္ပါတယ္။

ေမး။ ။ အခုအခ်ိန္မွာေရာ။ TI ၂ ခုႏိုင္ၿပီးတဲ့အခ်ိန္မွာ ဘယ္အရာက pro ကစားသမားတစ္ေယာက္အျဖစ္ စိတ္ဓာတ္ တက္တက္ႂကြႂကြနဲ႔ ဆက္ရွိေနေစတယ္လို႔ ထင္သလဲ။
ေျဖ။ ။ TI9 ၿပီးသြားတည္းက ကြၽန္ေတာ္ဒီေမးခြန္းကို ကိုယ့္ကိုယ္ကို ေမးလာခဲ့ပါတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ လေတြၾကာေအာင္ စဥ္းစားဖူးတယ္။ အဲဒီပြဲအၿပီးမွာ အခ်ိန္အၾကာႀကီးနားၿပီးေတာ့ Dota 2 ေလာက ကေန အနားယူဖို႔ စဥ္းစားမိခဲ့တယ္။ ဒီအရာေတြကို လႊတ္ခ်ၿပီး ဘဝကို ေရွ႕ဆက္ရင္ ဘယ္လိုဆက္ျဖစ္မလဲဆိုတာကို အေျဖရွာေနမိတယ္။

တျဖည္းျဖည္းနဲ႔ သေဘာေပါက္လာခဲ့တာက ကြၽန္ေတာ္ Dota 2 ကို ခ်စ္တုန္းပါပဲ။ ဒီဂိမ္းကို ဆန္းစစ္သုံးသပ္ေနရတာကို ကြၽန္ေတာ္သေဘာက်တယ္။ Item build သစ္ေတြ စမ္းခ်င္တယ္ hero ေတြ စမ္းခ်င္တယ္။ ၿပိဳင္ပြဲဝင္ရတဲ့အပိုင္းမွာလည္း ဒီလိုပါပဲ။ ေစာနကေျပာခဲ့တာေတြကို ဂိမ္းရဲ႕အျမင့္ဆုံးအေျခအေနမွာ သြားလုပ္ႏိုင္ေအာင္ ၿပိဳင္ပြဲေတြက ကူညီပါတယ္။ အဲဒါေၾကာင့္ ကြၽန္ေတာ္ ကစားသမားအျဖစ္ဆက္ရွိေနဖို႔ ဆုံးျဖတ္ခဲ့တယ္။ ကြၽန္ေတာ္ Dota ကစားရတာကို ႏွစ္သက္တာေၾကာင့္လို႔ ေျပာလို႔ရပါတယ္။

ဒီဂိမ္းက ကြၽန္ေတာ့္ကို စိတ္ေပ်ာ္႐ႊင္မႈ မေပးႏိုင္ေတာ့ရင္ ဒါမွမဟုတ္ အသင္းထဲမွာ ျပႆနာတစ္စုံတစ္ရာေပၚလာခဲ့ရင္ေတာ့ ကြၽန္ေတာ္အနားယူမွာပါ။ ေျခကုတ္ယူထားလို႔ ရမယ့္အရာတစ္ခုခုမေတြ႕ေတာ့ရင္ ဒါမွမဟုတ္ ၿပိဳင္ပြဲဝင္ရတာကို စိတ္ကုန္လာရင္ေပါ့။ ဒါေပမယ့္ လက္ရွိမွာေတာ့ ဆက္ၿပိဳင္ဖို႔ ကြၽန္ေတာ္အဆင့္သင့္ျဖစ္ေနတယ္လို႔ ထင္ပါတယ္။

ေမး။ ။ အရင္အသင္းသားေတြနဲ႔ အခုအသင္းသားသစ္ေတြမွာ မတူညီတာေတြေရာရွိလား။
ေျဖ။ ။ လုံးဝမတူညီတဲ့အသင္းသစ္တစ္ခုလိုပါပဲ။ အစားထိုးဝင္လာတဲ့လူသစ္ေတြက အရင္လူေတြနဲ႔ ဘာမွမဆိုင္ပါဘူး။ ဥပမာေျပာရရင္ အရင္က Ana က အခု SumaiL နဲ႔ စာရင္ အေတာ္ႀကီး စကားနည္းလြန္းတယ္။ SumaiL ကေတာ့ ဂိမ္းကစားေနရင္း တစ္ခ်ိန္လုံး စကားေျပာၿပီး အိုင္ဒီယာသစ္ေတြေပးေနတာပါပဲ။ Saksa က်ေတာ့လည္း JerAx ထက္ စကားနည္းေနျပန္ေရာ။ Jesse (JerAx) က အၿမဲနီးပါး တစ္ခုမဟုတ္တစ္ခု ေျပာေနတတ္သူမို႔ပါ။

ဒီအေျပာင္းအလဲက တစ္သင္းလုံးရဲ႕အေနအထားကို အရင္နဲ႔မတူေအာင္ လုပ္လိုက္တာပါပဲ။ အခုဆိုရင္ ပြဲထဲမွာ ကြၽန္ေတာ္က ဦးေဆာင္ၿပီး ကစားရတာမ်ားတယ္။ ဒါကလည္း စိတ္ဝင္စားစရာေကာင္းပါတယ္။ အခုလူစာရင္းက အင္အားေကာင္းပါတယ္။ အလားအလာလည္းရွိတယ္။ ကြၽန္ေတာ္တို႔ အတူတကြ စုစုစည္းစည္းျဖစ္လာရင္ အေကာင္းဆုံးအသင္းတစ္သင္းအျဖစ္ ထြက္ေပၚလာႏိုင္ပါတယ္။

ေမး။ ။ OG ကို စဝင္ခ်ိန္မွာ အသင္းရဲ႕ ၿပိဳင္ပြဲေတြကို ဘယ္လို ေျပာင္းလဲေပးႏိုင္လဲဆိုၿပီး Topson ကို ေမးခဲ့ၾကတယ္ေနာ္။ အခုကစားသမားသစ္ေတြကေရာ အသင္းရဲ႕ကစားဟန္အတြက္ ဘာေတြေျပာင္းလဲသြားေစလဲ။
ေျဖ။ ။ လူသစ္ေတြဝင္လာတဲ့အတြက္ ကြၽန္ေတာ္တို႔ ဂိမ္းအေပၚထားတဲ့အျမင္ေတြပါ ဆန္းသစ္သြားပါတယ္။ ၂ ႏွစ္ေလာက္ တူညီတဲ့လူစာရင္းနဲ႔ ကစားလာခဲ့တာဆိုေတာ့ Dota အေပၚ ကြၽန္ေတာ္တို႔အျမင္က ပုံေသကားခ်က္ဆန္ေနခဲ့တယ္။ iLTW ကလည္း အသင္းထဲကို လာၿပီး ကစားသြားေသးတယ္။ ဒါေပမယ့္ သူက ငယ္ၿပီး အေတြ႕အႀကဳံနည္းေတာ့ သူယူလာတဲ့ ေျပာင္းလဲမႈဆိုတာ မရွိသေလာက္ပါပဲ။ ကြၽန္ေတာ္တို႔ကပဲ သူ႔ကို သင္ေပးေနခဲ့ရတယ္။ “ကြၽန္ေတာ္တို႔” ဆိုတာ ကြၽန္ေတာ္ေတာ့ မပါ ပါဘူး။ N0tail နဲ႔ Ceb တို႔ သင္ေပးတာကို ေျပာတာပါ။ (ရယ္ေမာလ်က္)

MidOne တို႔ SumaiL တို႔ Saksa တို႔ ဝင္လာတာက် မတူေတာ့ဘူး။ သူတို႔ရဲ႕ အေတြ႕အႀကဳံက အရမ္းမ်ားတယ္။ ဒီေတာ့ သူတို႔ဆီကေန တျခားအသင္းေတြ Dota 2 ကို ဘယ္လိုျမင္ၾကလဲဆိုတာကိုလည္း ေလ့လာလို႔ ရတယ္။ ဒါဟာ အရမ္းအဖိုးတန္တဲ့ အေတြ႕အႀကဳံပါပဲ။ ကြၽန္ေတာ္တို႔မွာ အရင္ကထက္ပိုၿပီး လက္နက္ပုန္းေတြရွိလာပါၿပီ။ အဲဒါေတြကို အသင္းနဲ႔လိုက္ေလ်ာညီေထြျဖစ္ေအာင္လုပ္ၿပီး ထုတ္သုံးဖို႔ပဲ လိုေတာ့တာပါ။

ေမး။ ။ အခု DPC စနစ္က Major ပြဲေတြ ေပ်ာက္ဆုံးသြားေအာင္ လုပ္သလိုျဖစ္ေနတယ္ေနာ္။ အဲဒီပြဲေတြကို TI ဝင္ခြင့္ရဖို႔ ၿပိဳင္ရတဲ့ qualifier ပြဲေတြလိုျဖစ္လာေစတယ္။ TI ခ်န္ပီယံ ၂ ခါျဖစ္ဖူးတဲ့သူတစ္ေယာက္အေနနဲ႔ အဲဒီၿပိဳင္ပြဲေတြကို ဝင္ၿပိဳင္ဖို႔ စိတ္မပါ ျဖစ္ေနတာမ်ိဳးေရာ ရွိလား။
ေျဖ။ ။ ရွိတယ္လို႔ပဲ ေျပာရမွာပါ။ အခု DPC စနစ္က TI ကလြဲလို႔ က်န္တဲ့ပြဲေတြကို ေသးေသးေလးေတြျဖစ္ေအာင္ လုပ္လိုက္သလိုပါပဲ။ Major ၿပိဳင္တယ္ဆိုတာကလည္း point ရေအာင္ပဲၿပိဳင္ၾကေတာ့တာ။ ဒါေပမယ့္လည္း ကြၽန္ေတာ့္အတြက္ေတာ့ အဆင္ေျပပါတယ္။ ေစာဒက တက္စရာ မရွိပါဘူး။ (ရယ္ေမာလ်က္)

အခု စနစ္မွာ အားသာခ်က္ေတြေတာ့ ရွိပါတယ္။ ၿပိဳင္ပြဲေတြရဲ႕ ပုံစံကို ျပတ္ျပတ္သားသားျမင္လာရတယ္။ Season အရွည္ႀကီးတစ္ခုနဲ႔ တစ္ကမာၻလုံးက ပရိသတ္ေတြၾကည့္ၾကမယ့္ၿပိဳင္ပြဲႀကီးတစ္ခုပုံစံမ်ိဳးေပါ့။ ဒီလိုစဥ္းစားလိုက္မယ္ဆိုရင္ေတာ့ ဒီ Major ပြဲေတြ အားလုံးဟာ TI ႀကီးကို အရင္ကထက္ပိုၿပီး ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းေအာင္ လုပ္ေပးေနၾကသလိုပါပဲ။

ေမး။ ။ OG ရဲ႕ သေဘာထားကိုလည္း အေသးစိတ္ေလးေျပာျပေပးပါဦး။ ၿပိဳင္ပြဲႀကီး ၂ ခုကို ႏိုင္ထားလို႔ အခ်မ္းသာဆုံး Esports ကစားသမားေတြျဖစ္လာခဲ့ေတာ့ ဒီ Major ေတြအတြက္ စိတ္အားထက္သန္မႈေတြေရာ ရွိၾကေသးရဲ႕လား။ TI မတိုင္မီ OG ရဲ႕ ေငြေရးေၾကးေရးအေျခအေနကေရာ ဘယ္လိုရွိမလဲ။
ေျဖ။ ။ ကြၽန္ေတာ္ထင္တာကေတာ့ ဒါက OG တစ္သင္းတည္းအတြက္ ျပႆနာျဖစ္ေနတာေတာ့ မဟုတ္ပါဘူး။ ၿပိဳင္ပြဲဝင္အသင္းတိုင္းကေတာ့ TI မဟုတ္ရင္ ေပါ့ေပါ့ပါးပါးပဲ ၿပိဳင္ေနၾကမွာပါပဲ။ ဘာလိုလဲဆိုေတာ့ ေနာက္ဆုံးၿပိဳင္ပြဲႀကီးက ဒီပြဲေတြနဲ႔ ယွဥ္လိုက္ရင္ အဆမတန္ႀကီးေနတာကိုး။

ဒါေပမယ့္ ကြၽန္ေတာ္တို႔အေနနဲ႔ Major ကို ဘာျပင္ဆင္မႈမွ မရွိပဲ လာၿပိဳင္ၾကတယ္လို႔ ဆိုလိုတာေတာ့ မဟုတ္ပါဘူး။ Dota ကို ေလ့လာမႈေတြ လုပ္ႏိုင္ဖို႔အတြက္ အၿမဲကစားေနရတာပါပဲ။ ကြၽန္ေတာ့္အေနနဲ႔လည္း ၿပိဳင္ပြဲကို အားထုတ္မႈသိပ္မရွိပဲ လာၿပိဳင္ၿပီး အိမ္ျပန္သြားတာမ်ိဳး မဟုတ္သလို ပိုက္ဆံရဖို႔ ၿပိဳင္တာမ်ိဳးလည္း မဟုတ္ေတာ့ပါဘူး။ ရည္႐ြယ္ခ်က္ကေတာ့ အင္အားေကာင္းတဲ့ ၿပိဳင္ဘက္အသင္းေတြနဲ႔ ယွဥ္ၿပိဳင္ၿပီး အဖိုးတန္အေတြ႕အႀကဳံေကာင္းေတြရဖို႔ ျဖစ္ေနပါၿပီ။ သူတို႔ေတြနဲ႔ ၿပိဳင္ရတာကို ကြၽန္ေတာ္ အရမ္းႏွစ္သက္သေဘာက်ပါတယ္။

ဒါေပမယ့္ OG အေနနဲ႔လည္း TI ကိုပဲ အာ႐ုံစိုက္လာတယ္ဆိုတာကေတာ့ မွန္ပါတယ္။ တျခားယွဥ္ၿပိဳင္မႈေတြ အားလုံးကေတာ့ ဒီအတြက္ ေလ့က်င့္ၿပီး အေတြ႕အႀကဳံယူေနတာမ်ိဳးျဖစ္လာတာေပါ့ဗ်ာ။ ဒီလိုလုပ္ၿပီး ျပင္ဆင္တာမ်ိဳးမရွိရင္ေတာ့ TI ေရာက္ရင္လည္း သိပ္အေျခအေနေကာင္းမွာ မဟုတ္ဘူးဗ်။

ေမး။ ။ ဒါေပမယ့္ ၂၀၁၈ – ၂၀၁၉ season မွာတုန္းကလည္း ဘာမွလည္း သိပ္မၿပိဳင္ ျပင္ဆင္တာမ်ိဳးလည္း သိပ္မလုပ္ပဲ TI ထပ္ႏိုင္ခဲ့တယ္ေနာ္။ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီးေရာ ဘာေျပာခ်င္လဲ။
ေျဖ။ ။ ဟုတ္ပါတယ္။ အဲတုန္းက season အစ Major ေတြကို ဝင္မၿပိဳင္ပဲ TI8 အၿပီးမွာ အနားယူေနခဲ့ၾကတယ္။ Season ရဲ႕ တစ္ဝက္ေလာက္ေရာက္မွာ ျပန္လာခဲ့ၾကတယ္။ ဒါေပမယ့္ အဲဒီတုန္းကလည္း ပုံစံက်ဖို႔ ခက္ေနခဲ့တယ္ဗ်။ Major qualifier ေတြ မႏိုင္ဘူး ျဖစ္လာတယ္။ အဲဒါေၾကာင့္ Minor ေလးေတြနဲ႔ ၿပိဳင္ပြဲအေသးေလးေတြကိုဝင္ၿပီး အေတြ႕အႀကဳံယူခဲ့ရပါတယ္။

ေမး။ ။ အဲဒီေတာ့ ဆိုလိုတာက TI9 မတိုင္မီမွာ အဖိုးတန္အေတြ႕အႀကဳံေကာင္းသိပ္မရခဲ့ဖူးေပါ့ေနာ္။
ေျဖ။ ။ (ရယ္ေမာလ်က္) ဟုတ္ပါတယ္။ ဒါေပမယ့္ ရဖို႔လည္း အရမ္းႀကီး မႀကိဳးပမ္းခဲ့ၾကျပန္ပါဘူး။ ဒါေပမယ့္ Ana ျပန္ေရာက္လာတယ္။ အရာအားလုံး ျပန္လည္လြယ္ကူလာပါတယ္။ MDL Paris Major ဝင္ခြင့္ရသြားတယ္။ တျဖည္းျဖည္းနဲ႔ အသင္းက ပုံစံက်လာပါတယ္။ ၿပီးေတာ့ EPICENTER ၿပိဳင္ပြဲခ်ိန္ေရာက္လာတယ္။ အဲဒီမွာ N0tail ေနမေကာင္းျဖစ္ၿပီး လူစားထိုးကစားရျပန္ေရာ။ အေတာ္ထူးဆန္းတဲ့ season ျဖစ္ခဲ့ပါတယ္။ အခက္အခဲေတြလည္း မ်ားခဲ့တာေပါ့ဗ်ာ။

ေမး။ ။ Ana က ဆက္ၿပီးနားေနဦးမယ္လို႔ ေျပာခဲ့တယ္ေနာ္။ ဒါေပမယ့္ အခုက် TI10 ေတြေရာ Major ေတြေရာ ေ႐ႊ႕ေျပာင္းဖ်က္သိမ္းသြားၿပီ။ အခုလူစာရင္းနဲ႔ ကစားေနရာကေန Ana ျပန္လာရင္ေရာ ဘယ္လိုေတြျဖစ္ၾကဦးမယ္ထင္လဲ။
ေျဖ။ ။ မသိဘူးဗ်။ တကယ္ကို မသိတာပါ။ Ana က ျပန္ေရာ လာဦးမွာလား။ လာရင္ ဘယ္သူ႔ေနရာမွာ ဝင္မလဲ။ ေနာက္တစ္ႏွစ္ေလာက္အတြင္း OG ထဲမွာ ဘာေတြျဖစ္မလဲဆိုတာကိုေတာင္ ကြၽန္ေတာ္မခန္႔မွန္းတတ္ပါဘူး။ Ana ဆီကလည္း ဘာမွ ထပ္မၾကားရေသးဘူး။ ဒီေတာ့ သူျပန္လာရင္ ဘာလုပ္ၾကမယ္ဆိုတာကိုလည္း ကြၽန္ေတာ္တို႔ မစဥ္းစားထားေသးဘူး။

အကုန္လုံးေျပာင္းလဲသြားတာျဖစ္ႏိုင္သလို ဒီအတိုင္းပဲ ဆက္ရွိေနတာလဲ ျဖစ္ႏိုင္ပါတယ္။ အသင္းရဲ႕ ၿပိဳင္ပြဲရလဒ္ေတြအေပၚမွာလည္း မူတည္လာႏိုင္တယ္။ Ana ျပန္လာမလား မလာဘူးလားဆိုတာကို ကြၽန္ေတာ္ ေသခ်ာမသိေသးပါဘူး။

ေမး။ ။ Topson အေနနဲ႔ Gyrocopter ကို Diffusal Blade ထည့္ၿပီး Monkey King ကို Radiance ထည့္ခဲ့တဲ့ TI9 ႀကီး ၿပီးခဲ့တာ တစ္ႏွစ္ေတာင္ရွိေတာ့မယ္ေနာ္။ ကြၽန္ေတာ္သိခ်င္တာက ပုံမွန္မဟုတ္တဲ့ item build တစ္ခုကို ထည့္ေတာ့မယ္ဆိုရင္ Topson အေနနဲ႔ စိတ္ေတြ လႈပ္ရွားေနတတ္လား။
ေျဖ။ ။ မွန္ကန္တဲ့ build ဆိုတာ ကိုယ္နဲ႔ကိုက္ညီၿပီး အေကာင္းဆုံးအေနအထားျဖစ္ေအာင္ ခ်ိန္ဆကစားႏိုင္ေစမယ့္ build လို႔ ကြၽန္ေတာ္ယုံၾကည္ထားပါတယ္။ Monkey King ပြဲတုန္းက ဟိုဘက္မွာ Templar Assassin နဲ႔ Enigma ပါတယ္။ ဒီေတာ့ Radiance ဝယ္ၿပီး Enigma Dagger မခုန္ႏိုင္ေအာင္လုပ္တယ္။ Templar Assassin ရဲ႕ Refraction ေတြ ဖ်က္တယ္။ ကြၽန္ေတာ္တို႔က အဲပြဲမွာ အသာစီးကလည္း အေတာ္ရေနေတာ့ Radiance က အားသာခ်က္အေတာ္ရွိတဲ့ ဝယ္ဖို႔အေကာင္းဆုံး item လို႔ ယူဆခဲ့တာလည္း ပါ ပါတယ္။

တျခား hero ေတြကိုလည္း ကြၽန္ေတာ္ ေလ့လာဆန္းစစ္ၿပီး ပြဲထဲမွာ ဘာေတြျဖစ္သြားလဲ ဆိုတာကိုလည္း သုံးသပ္ၾကည့္တယ္။ Risk ယူၿပီး ကစားရမယ့္အေနအထားေတြနဲ႔ သတိထားကစားရမယ့္အေနအထားေတြကို နားလည္ေအာင္ ႀကိဳးစားတယ္။ သတိထားကစားရင္ ကြၽန္ေတာ္တို႔ ပြဲကို ဦးေဆာင္ေနႏိုင္ပါ့မလား ဒါမွမဟုတ္ map ေပၚမွာ ဟိုဘက္အသင္းနဲ႔ယွဥ္ႏိုင္ေနပါ့မလားဆိုတာကိုလည္း အၿမဲေတြးတယ္။

ဒီေမးခြန္းေတြကို ကိုယ့္ဘာသာေျဖလိုက္ၿပီဆိုရင္ေတာ့ ဆုံးျဖတ္ခ်က္ခ်ဖို႔က လြယ္သြားပါၿပီ။ Gyro ပြဲမွာ Diffusal Blade ဝယ္ရတဲ့အေၾကာင္းရင္းက ရွင္းပါတယ္။ ဟိုဘက္အသင္းက Bristleback နဲ႔ Omniknight သာ mana မရွိရင္ ကြၽန္ေတာ္တို႔ကို ခ်လို႔ကို ရမွာ မဟုတ္ဘူးေလ။ ကြၽန္ေတာ္တို႔ဘက္မွာေတာ့ IO ရွိတယ္။ ဒီေတာ့ ကြၽန္ေတာ္က ထိုင္ပစ္ေန႐ုံပဲ။ Damage ေတြအမ်ားႀကီးထည့္ၿပီး ဟိုဘက္အသင္းက hero ေတြ အျမန္ေဖ်ာက္ဖို႔က်ေတာ့လည္း သူတို႔က မာလြန္းတယ္။ အဲလိုစဥ္းစားလိုက္တာပါ။

ေမး။ ။ OG documentary ထဲမွာ Topson ေျပာခဲ့တာက ၿပိဳင္ပြဲတိုင္းမွာ တစ္ဖက္အသင္းရဲ႕ ေခါင္းထဲကို ဝင္ၾကည့္ၿပီး သူတို႔စီစဥ္ထားတဲ့အတိုင္း မကစားႏိုင္ေအာင္ ႀကိဳးပမ္းတယ္ဆိုၿပီး ပါတယ္ေနာ္။ ဂိမ္းေတြကို စိတ္ဓာတ္ေရးရာ တိုက္ပြဲေတြလို သေဘာထားလို႔ ဒီနည္းလမ္းကိုသုံးဖို႔ ဆုံးျဖတ္စဥ္းစားထားတာလား။
ေျဖ။ ။ ဟုတ္ပါတယ္။ ကြၽန္ေတာ္ OG ကို မေရာက္ခင္တည္းက သေဘာေပါက္နားလည္ထားတာက Dota ကို ထိထိေရာက္ေရာက္ကစားႏိုင္ဖို႔အတြက္ တစ္ဖက္အသင္းသားေတြကို သူတို႔ရဲ႕ confort zone ထဲက ထုတ္ပစ္ၿပီး အမွားေတြလုပ္ခိုင္းဖို႔ လိုအပ္တယ္ဆိုတာပါ။ ဒါကလည္း ေလာ့ဂ်စ္က်တဲ့ အေတြးတစ္ခုပါပဲ။ ၿပိဳင္ဘက္အသင္းက သူတို႔လုပ္ခ်င္တာ မလုပ္ရဘူးဆိုရင္ သူတို႔ကို ႏိုင္ဖို႔ကလည္း ပုံမွန္ထက္ ပိုလြယ္ပါတယ္။

အရင္တုန္းကေတာ့ တျခားမတူညီတဲ့ ပုံစံေတြနဲ႔ ကစားခဲ့ဖူးတယ္။ ကိုယ့္ဘာသာ အဆင္ေျပေအာင္ ကစားၿပီး ၿပိဳင္ဘက္ကို လႊတ္ထားတဲ့ပုံစံမ်ိဳးပါ။ အဲလိုအေျခအေနမ်ိဳးမွာက် ႏွစ္သင္းလုံး သေရက်ၿပီး ပြဲထဲမွာ ညီတူညီမွ်ျဖစ္ေနတတ္တယ္။ ဒါေပမယ့္ အဲလိုျဖစ္ေနရင္ ရႈံးဖို႔အခြင့္အေရးလည္း ပိုမ်ားပါတယ္။ ညီတူညီမွ် မကစားပဲ ၿပိဳင္ဘက္အသင္းရဲ႕ အစီအစဥ္ကို လိုက္ဖ်က္မွသာ ကိုယ္ေလွ်ာက္ရမယ့္လမ္းကလည္း ေျဖာင့္ျဖဴးမွာပါ။

ေမး။ ။ အခုလိုေျဖၾကားေပတဲ့အတြက္ ေက်းဇူးတင္ပါတယ္ေနာ္။
ေျဖ။ ။ ဟုတ္ကဲ့။ ကြၽန္ေတာ္ကလည္း ေက်းဇူးတင္ပါတယ္ခင္ဗ်ာ။

source: liquiddota