၂ဝ၁၉ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး PUBG Mobile (၁ဝ) သင်း

ပြီးခဲ့တဲ့နှစ်များအတွင်းမှာ PUBG Mobile ဟာ သာမန်မိုဘိုင်းလ်ဂိမ်းတစ်ခုအဖြစ်သာ မဟုတ်ပဲ Esports အသွင်နဲ့ တိုးတက်ပြောင်းလဲနေတာကို အားလုံးလည်း တွေ့မြင်ခဲ့ကြရမှာပါ။ ၂၀၁၉ အတွင်းမှာ PMCO, PMSC, Peacekeeper Elite စတဲ့ PUBGM ပြိုင်ပွဲကြီးများ ကျင်းပပြုလုပ်ခဲ့ပြီး ဆုကြေးငွေ ဒေါ်လာသန်းချီ ပေးအပ်ခဲ့ပါတယ်။

ယခု ၂၀၂၀ အတွင်း ကျင်းပမယ့် ပြိုင်ပွဲများမှာလည်း ဆုကြေးငွေစုစုပေါင်း ဒေါ်လာ ၅ သန်းကျော် ချီးမြှင့်သွားမှာဖြစ်ကြောင်း ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ မိုဘိုင်းလ် Esports လောကအတွက် အားတက်စရာသတင်းဖြစ်ခဲ့သလို ပြိုင်ပွဲဝင်အသင်းများရဲ့ ယှဉ်ပြိုင်မှုကိုလည်း ပြင်းထန်လာစေခဲ့ပါတယ်။

ဆက်လက်တိုးတက်လာဦးမယ့် PUBGM လောကမှာ ထိပ်တန်းလက်စွမ်းကို ပြသထားနိုင်ခဲ့ပြီး ဆက်လက်စောင့်ကြည့်ကြရမယ့် အသင်း ၁၀ သင်းကတော့ အောက်ပါအတိုင်း ဖြစ်ကြပါတယ်။

၁၀။ Yoodo Gank (မလေးရှား)

Yoodo Gank အသင်းဟာ ယခုစာရင်းထဲမှာ ကပ်ခါသီခါ ပါလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ Yoodo Gank ဟာ SEA finals မှာတုန်းက နောက်ဆုံးပိတ်နေရာသာ ရတဲ့အထိ အခြေအနေဆိုးခဲ့တာပါ။ ဒါပေမယ့် အိမ်ရှင်အသင်းဖြစ်ခဲ့တဲ့အတွက် SEA League ရဲ့ main event ကို ဝင်ရောက်ခွင့်ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ပိုမိုကောင်းမွန်လာခဲ့ပြီး ၂၀၁၉ PMCO ပြိုင်ပွဲမှာ အဆင့် ၁၁ ရရှိခဲ့ပါတယ်။ PEC ပြိုင်ပွဲမှာလည်း အဆင့် ၇ အထိ တက်လှမ်းလာနိုင်ခဲ့တဲ့အတွက် နိုင်ငံတကာပြိုင်ပွဲစိန်ခေါ်မှုများကို ကြံ့ကြံ့ခံနိုင်လာကြောင်း တွေ့မြင်ခဲ့ရပါတယ်။ အသင်းသားအပြောင်းအလဲများပြီး အထင်အမြင်သေးခံရလေ့ရှိတဲ့ Yoodo Gank ဟာ LAN ပွဲများမှာတော့ စွမ်းဆောင်ရည်ကောင်းလေ့ရှိတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

အကောင်းဆုံးရလဒ်များ – (PMCO Fall – အဆင့် ၁၁, PEC – အဆင့် ၇)

၉။ Team Unique (CIS)

ဥရောပမှာ မိုဘိုင်းလ် Esports တိုးတက်မှု နှေးကွေးတဲ့အတွက် အခြားဒေသများနဲ့ ယှဉ်ရင် PUBGM ကစားသမားလည်း နည်းပါးပါတယ်။ ဒါပေမယ့် CIS ဒေသရဲ့ Team Unique အသင်းကတော့ ထူးခြားတဲ့ စွမ်းဆောင်မှုများကို ပြသနိုင်ခဲ့တဲ့အသင်းတစ်သင်းပါ။ Team Unique ဟာ ၂၀၁၉ နှစ်နှောင်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ PMSC World Cup ကို အနိုင်ရဗိုလ်စွဲခဲ့သလို PMCO Spring, PMCO Fall နဲ့ PEC တို့လို ပြိုင်ပွဲကြီးများကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ PMSC World Cup ဟာ တိုတောင်းပြီး သေးငယ်တဲ့အတွက် ချန်ပီယံဆုရရှိခြင်းရဲ့ တန်ဖိုးဟာလည်း အခြားပြိုင်ပွဲကြီးများထက်တော့ လျော့နည်းပါတယ်။ မည်သို့ပင်ဖြစ်စေ Team Unique ဟာ ဥရောပတစ်ခွင်မှာတော့ အကောင်းဆုံး PUBGM အသင်းဖြစ်ပါတယ်။

အကောင်းဆုံးရလဒ်များ – (PMSC World Cup – အဆင့် ၁, PMCO Fall – အဆင့် ၉)

၈။ Team Queso (တောင်အမေရိက)

တောင်အမေရိကဟာလည်း PUBGM ထွန်းကားရာဒေသတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် တောင်အမေရိကအသင်း Team Queso ကတော့ ၂၀၁၉ ရဲ့ PMCO Spring, PMCO Fall, PMSC World Cup နဲ့ PEC ပြိုင်ပွဲများအားလုံးမှာ ထိပ်ဆုံး ၁၀ သင်းနေရာအတွင်း ဝင်အောင် ကစားနိုင်ခဲ့ပြီး ပရိသတ်ကို အံ့အားသင့်စေခဲ့ပါတယ်။ ထူးခြားတဲ့ လက်စွမ်းကို ပြသနိုင်ခဲ့တဲ့ Team Queso ဟာ လက်ရှိမှာ တောင်အမေရိကရဲ့ အကောင်းဆုံး PUBGM အသင်းအဖြစ် ရပ်တည်လျက်ရှိပါတယ်။

အကောင်းဆုံးရလဒ်များ – (PMCO Fall – အဆင့် ၆, PMSC World Cup – အဆင့် ၃)

၇။ MEGA.Conqueror (ထိုင်း)

ထိုင်းနိုင်ငံဟာ PUBGM ကစားသူ များပြားတဲ့နိုင်ငံဖြစ်လို့ ပြိုင်ပွဲဝင်အသင်းများလည်း များပြားပါတယ်။ ယင်းအသင်းများထဲမှာမှ MEGA.Conqueror ဟာ အရှေ့တောင်အာရှရဲ့ ထိပ်တန်းအသင်းတစ်သင်းဖြစ်သလို လူကြိုက်လည်းများလှပါတယ်။ PMCO Fall မှာ တတိယ ရရှိခဲ့သလို ၂၀၁၉ တစ်လျှောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကြီးများမှာ ထိပ်ဆုံး ၆ သင်းနေရာအတွင်း အမြဲဝင်အောင် ကစားနိုင်ခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။

အကောင်းဆုံးရလဒ်များ – (PMCO Fall – အဆင့် ၃, PEC – အဆင့် ၆)

၆။ RRQ Athena (ထိုင်း)

RPQ Athena ဟာလည်း ထင်ရှားတဲ့ ထိုင်းအသင်းတစ်သင်းပါ။ ၂၀၁၉ အတွင်း ပြိုင်ပွဲကြီးများမှာ ဗိုလ်စွဲခဲ့ခြင်းမရှိပေမယ့် အင်အားကြီးအသင်းအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။ RPQ ရဲ့ ရုန်းကန်နိုင်စွမ်းဟာ PMCO Fall SEA Finals မှာ သိသာထင်ရှားခဲ့ပါတယ်။ ပြိုင်ပွဲများတစ်လျှောက် ထိပ်ဆုံး ၅ သင်းနေရာအတွင်း အမြဲဝင်အောင် ကစားနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတဲ့အတွက် ၂၀၂၀ မှာ အနည်းဆုံးချန်ပီယံဆုတစ်ဆု ရရှိမယ်လို့ ထိုင်းပရိသတ်များက ခန့်မှန်းထားတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

အကောင်းဆုံးရလဒ်များ – (PMCO Spring – အဆင့် ၄, PMSC World Cup – အဆင့် ၂)

၅။ Cloud9 (USA)

ကမ္ဘာ့အကြီးဆုံး Esports အဖွဲ့အစည်းများထဲက တစ်ခုဖြစ်တဲ့ Cloud9 ဟာ မြောက်အမေရိကရဲ့ အကောင်းဆုံး PUBGM အသင်းအဖြစ် ရပ်တည်လျက် ရှိပါတယ်။ သက်တမ်းနုသေးပေမယ့် ရလဒ်များ ကောင်းမွန်တဲ့ Cloud9 ဟာ meta ကို လွန်စွာ နားလည်ပြီး ထူးခြားတဲ့ ကိုယ်ပိုင်ကစားဟန်လည်း ရှိတဲ့အသင်းတစ်သင်းပါ။ ၂၀၁၉ အတွင်း PEC နဲ့ PMSC World Cup တို့မှာ စတုတ္ထရရှိခဲ့ပြီး PMCO Fall မှာ အဆင့် ၁၀ ရရှိခဲ့ပါတယ်။ PUBGM ခေတ်မစားသေးတဲ့ မြောက်အမေရိကဒေသရဲ့ Cloud9 ဟာ အတွေ့အကြုံ ပိုမိုရင့်ကျက်လာရင် အခြားအသင်းများထက် သာလွန်တဲ့အသင်းတစ်သင်း ဖြစ်လာနိုင်ပါတယ်။

အကောင်းဆုံးရလဒ်များ – (PEC- အဆင့် ၄, PMSC World Cup – အဆင့် ၄)

၄။ 4 Angry Men (တရုတ်)

4 Angry Men အသင်းဟာ ၂၀၁၉ မှာ အခြားအသင်းများနဲ့ ယှဉ်ရင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲနည်းသလောက် လွန်စွာလက်စွမ်းပြခဲ့တဲ့အသင်းပါ။ ပြိုင်ပွဲများအားလုံးထဲမှာမှ ခက်ခဲပြီး ပြိုင်ဆိုင်မှုပြင်းထန်ကြောင်း အများက သတ်မှတ်ထားကြတဲ့ Peacekeeper Elite Professional League (PEL) ကို အနိုင်ရဗိုလ်စွဲခဲ့သလို PEC မှာလည်း ပထမရတဲ့အသင်းထက် 2 points သာ လျော့နည်းပြီး ဒုတိယရရှိခဲ့ပါတယ်။ PEC ပြိုင်ပွဲမှာ ထူးခြားတာကတော့ ဒုတိယသာ ရရှိခဲ့တဲ့ 4 Angry Men ရဲ့ ကစားသမား ၄ ယောက် စလုံးဟာ ထိပ်ဆုံး fragger ၅ ယောက် စာရင်းမှာ ဖော်ပြခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။

အကောင်းဆုံးရလဒ်များ – (PEL – အဆင့် ၁, PEC – အဆင့် ၂)

၃။ TOP Esports (တရုတ်)

TOP Esports ဟာ ၂၀၁၉ ရဲ့ PMCO Spring ကို အနိုင်ရဗိုလ်စွဲခဲ့ကြတဲ့ ချန်ပီယံအသင်းပါ။ PMCO Fall မှာလည်း ချန်ပီယံဘွဲ့ကို ကာကွယ်လုနီးပါးအထိ ကစားနိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ဒုတိယသာ ရရှိခဲ့ပါတယ်။ Fall edition ကို ဝင်ရောက်ယှဉ်ပြိုင်ပြီး PEC ပြိုင်ပွဲကို မဝင်ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် TOP Esports ဟာ ၂၀၁၉ ရဲ့ ရေပန်းအစားဆုံးအသင်းများထဲက တစ်သင်းပါ။ တရုတ် PUBGM အသိုင်းအဝိုင်းအတွင်းကနေ pro အသင်းများ ပိုမိုပေါ်ထွက်လာစေတဲ့ စံပြအသင်းလည်း ဖြစ်ပါတယ်။

အကောင်းဆုံးရလဒ်များ – (PMCO Spring – အဆင့် ၁, PMCO Fall – အဆင့် ၂)

၂။ Bigetron Esports (အင်ဒိုနီးရှား)

၂၀၁၉ ရဲ့ PMCO Fall မှာ အနိုင်ရဗိုလ်စွဲပြီး ချန်ပီယံဖြစ်လာခဲ့တဲ့ အင်ဒိုနီးရှားအသင်း Bigetron ကတော့ လက်ရှိမှာ အရှေ့တောင်အာရှရဲ့ အကောင်းဆုံး PUBGM အသင်းပါ။ PMCO Spring မှာ အဆင့် ၅ ရရှိခဲ့ပြီး SEA League မှာလည်း အခြားအသင်းများထက် သာလွန်တဲ့ ကစားနိုင်စွမ်းကို ပြသခဲ့ပါတယ်။ Bigestron ဟာ အချို့ပြိုင်ပွဲကြီးများကို မဝင်ရောက်ခဲ့ပေမယ့် လွန်ခဲ့တဲ့တစ်နှစ်တာလုံး လွန်စွာကျော်ကြားခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။

အကောင်းဆုံးရလဒ်များ – (PMCO Fall – အဆင့် ၁, PMCO Spring – အဆင့် ၅)

၁။ X-Quest Force (တရုတ်)

X-Quest Force အသင်းဟာ၂၀၁၉ PEC နဲ့ PEGI ပြိုင်ပွဲတို့ရဲ့ ချန်ပီယံများဖြစ်ကြသလို PMCO Spring နဲ့ PEL တို့မှာလည်း ဒုတိယရရှိခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး PUBGM ကစားသမားများထဲက တစ်ဦးဖြစ်တဲ့ Paraboy ရဲ့ အသင်းဖြစ်သလို တစ်သင်းလုံးရဲ့ fragging စွမ်းအားဟာလည်း ကြီးမားလှပါတယ်။ ကစားသမားတစ်ယောက်ချင်းစီဟာ ပြိုင်ပွဲမှာ အသင်းအတွက် chicken dinner ရယူပေးနိုင်စွမ်း ရှိကြပါတယ်။

အကောင်းဆုံးရလဒ်များ – (PEC – အဆင့် ၁, PEGI – အဆင့် ၁)

source: afkgaming


 

၂ဝ၁၉ ခုႏွစ္ရဲ႕ ကမာၻ႕အေကာင္းဆုံး PUBG Mobile (၁ဝ) သင္း

ျပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာ PUBG Mobile ဟာ သာမန္မိုဘိုင္းလ္ဂိမ္းတစ္ခုအျဖစ္သာ မဟုတ္ပဲ Esports အသြင္နဲ႔ တိုးတက္ေျပာင္းလဲေနတာကို အားလုံးလည္း ေတြ႔ျမင္ခဲ့ၾကရမွာပါ။ ၂၀၁၉ အတြင္းမွာ PMCO, PMSC, Peacekeeper Elite စတဲ့ PUBGM ျပိဳင္ပြဲၾကီးမ်ား က်င္းပျပဳလုပ္ခဲ့ျပီး ဆုေၾကးေငြ ေဒၚလာသန္းခ်ီ ေပးအပ္ခဲ့ပါတယ္။

ယခု ၂၀၂၀ အတြင္း က်င္းပမယ့္ ျပိဳင္ပြဲမ်ားမွာလည္း ဆုေၾကးေငြစုစုေပါင္း ေဒၚလာ ၅ သန္းေက်ာ္ ခ်ီးျမွင့္သြားမွာျဖစ္ေၾကာင္း ေၾကညာခဲ့ျပီးျဖစ္ပါတယ္။ ဒါဟာ မိုဘိုင္းလ္ Esports ေလာကအတြက္ အားတက္စရာသတင္းျဖစ္ခဲ့သလို ျပိဳင္ပြဲဝင္အသင္းမ်ားရဲ႕ ယွဥ္ျပိဳင္မႈကိုလည္း ျပင္းထန္လာေစခဲ့ပါတယ္။

ဆက္လက္တိုးတက္လာဦးမယ့္ PUBGM ေလာကမွာ ထိပ္တန္းလက္စြမ္းကို ျပသထားႏိုင္ခဲ့ျပီး ဆက္လက္ေစာင့္ၾကည့္ၾကရမယ့္ အသင္း ၁၀ သင္းကေတာ့ ေအာက္ပါအတိုင္း ျဖစ္ၾကပါတယ္။

၁၀။ Yoodo Gank (မေလးရွား)

Yoodo Gank အသင္းဟာ ယခုစာရင္းထဲမွာ ကပ္ခါသီခါ ပါလာႏိုင္ခဲ့တာ ျဖစ္ပါတယ္။ Yoodo Gank ဟာ SEA finals မွာတုန္းက ေနာက္ဆုံးပိတ္ေနရာသာ ရတဲ့အထိ အေျခအေနဆိုးခဲ့တာပါ။ ဒါေပမယ့္ အိမ္ရွင္အသင္းျဖစ္ခဲ့တဲ့အတြက္ SEA League ရဲ႕ main event ကုိ ဝင္ေရာက္ခြင့္ရရွိခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ပိုမိုေကာင္းမြန္လာခဲ့ျပီး ၂၀၁၉ PMCO ျပိဳင္ပြဲမွာ အဆင့္ ၁၁ ရရွိခဲ့ပါတယ္။ PEC ျပိဳင္ပြဲမွာလည္း အဆင့္ ၇ အထိ တက္လွမ္းလာႏိုင္ခဲ့တဲ့အတြက္ ႏိုင္ငံတကာျပိဳင္ပြဲစိန္ေခၚမႈမ်ားကို ၾကံ့ၾကံ႕ခံႏိုင္လာေၾကာင္း ေတြ႕ျမင္ခဲ့ရပါတယ္။ အသင္းသားအေျပာင္းအလဲမ်ားျပီး အထင္အျမင္ေသးခံရေလ့ရွိတဲ့ Yoodo Gank ဟာ LAN ပြဲမ်ားမွာေတာ့ စြမ္းေဆာင္ရည္ေကာင္းေလ့ရွိတဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။

အေကာင္းဆုံးရလဒ္မ်ား – (PMCO Fall – အဆင့္ ၁၁, PEC – အဆင့္ ၇)

၉။ Team Unique (CIS)

ဥေရာပမွာ မိုဘိုင္းလ္ Esports တိုးတက္မႈ ေႏွးေကြးတဲ့အတြက္ အျခားေဒသမ်ားနဲ႔ ယွဥ္ရင္ PUBGM ကစားသမားလည္း နည္းပါးပါတယ္။ ဒါေပမယ့္ CIS ေဒသရဲ႕ Team Unique အသင္းကေတာ့ ထူးျခားတဲ့ စြမ္းေဆာင္မႈမ်ားကို ျပသႏိုင္ခဲ့တဲ့အသင္းတစ္သင္းပါ။ Team Unique ဟာ ၂၀၁၉ ႏွစ္ေႏွာင္းပိုင္းမွာ ျပဳလုပ္ခဲ့တဲ့ PMSC World Cup ကို အႏိုင္ရဗိုလ္စြဲခဲ့သလို PMCO Spring, PMCO Fall နဲ႔ PEC တုိ႔လို ျပိဳင္ပြဲၾကီးမ်ားကိုလည္း ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ပါတယ္။ PMSC World Cup ဟာ တိုေတာင္းျပီး ေသးငယ္တဲ့အတြက္ ခ်န္ပီယံဆုရရွိျခင္းရဲ႕ တန္ဖိုးဟာလည္း အျခားျပိဳင္ပြဲၾကီးမ်ားထက္ေတာ့ ေလ်ာ့နည္းပါတယ္။ မည္သုိ႔ပင္ျဖစ္ေစ Team Unique ဟာ ဥေရာပတစ္ခြင္မွာေတာ့ အေကာင္းဆုံး PUBGM အသင္းျဖစ္ပါတယ္။

အေကာင္းဆုံးရလဒ္မ်ား – (PMSC World Cup – အဆင့္ ၁, PMCO Fall – အဆင့္ ၉)

၈။ Team Queso (ေတာင္အေမရိက)

ေတာင္အေမရိကဟာလည္း PUBGM ထြန္းကားရာေဒသတစ္ခု မဟုတ္ပါဘူး။ ဒါေပမယ့္ ေတာင္အေမရိကအသင္း Team Queso ကေတာ့ ၂၀၁၉ ရဲ႕ PMCO Spring, PMCO Fall, PMSC World Cup နဲ႔ PEC ျပိဳင္ပြဲမ်ားအားလုံးမွာ ထိပ္ဆုံး ၁၀ သင္းေနရာအတြင္း ဝင္ေအာင္ ကစားႏိုင္ခဲ့ျပီး ပရိသတ္ကို အံ့အားသင့္ေစခဲ့ပါတယ္။ ထူးျခားတဲ့ လက္စြမ္းကို ျပသႏိုင္ခဲ့တဲ့ Team Queso ဟာ လက္ရွိမွာ ေတာင္အေမရိကရဲ႕ အေကာင္းဆုံး PUBGM အသင္းအျဖစ္ ရပ္တည္လ်က္ရွိပါတယ္။

အေကာင္းဆုံးရလဒ္မ်ား – (PMCO Fall – အဆင့္ ၆, PMSC World Cup – အဆင့္ ၃)

၇။ MEGA.Conqueror (ထိုင္း)

ထိုင္းႏိုင္ငံဟာ PUBGM ကစားသူ မ်ားျပားတဲ့ႏိုင္ငံျဖစ္လို႔ ျပိဳင္ပြဲဝင္အသင္းမ်ားလည္း မ်ားျပားပါတယ္။ ယင္းအသင္းမ်ားထဲမွာမွ MEGA.Conqueror ဟာ အေရွ႕ေတာင္အာရွရဲ႕ ထိပ္တန္းအသင္းတစ္သင္းျဖစ္သလို လူၾကိဳက္လည္းမ်ားလွပါတယ္။ PMCO Fall မွာ တတိယ ရရွိခဲ့သလို ၂၀၁၉ တစ္ေလွ်ာက္ ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့တဲ့ ျပိဳင္ပြဲၾကီးမ်ားမွာ ထိပ္ဆုံး ၆ သင္းေနရာအတြင္း အျမဲဝင္ေအာင္ ကစားႏိုင္ခဲ့တဲ့အသင္းလည္း ျဖစ္ပါတယ္။

အေကာင္းဆုံးရလဒ္မ်ား – (PMCO Fall – အဆင့္ ၃, PEC – အဆင့္ ၆)

၆။ RRQ Athena (ထိုင္း)

RPQ Athena ဟာလည္း ထင္ရွားတဲ့ ထိုင္းအသင္းတစ္သင္းပါ။ ၂၀၁၉ အတြင္း ျပိဳင္ပြဲၾကီးမ်ားမွာ ဗိုလ္စြဲခဲ့ျခင္းမရွိေပမယ့္ အင္အားၾကီးအသင္းအျဖစ္ သတ္မွတ္ခံထားရဆဲ ျဖစ္ပါတယ္။ RPQ ရဲ႕ ရုန္းကန္ႏိုင္စြမ္းဟာ PMCO Fall SEA Finals မွာ သိသာထင္ရွားခဲ့ပါတယ္။ ျပိဳင္ပြဲမ်ားတစ္ေလွ်ာက္ ထိပ္ဆုံး ၅ သင္းေနရာအတြင္း အျမဲဝင္ေအာင္ ကစားႏိုင္ခဲ့ျပီး စြမ္းေဆာင္ရည္ေကာင္းတဲ့အတြက္ ၂၀၂၀ မွာ အနည္းဆုံးခ်န္ပီယံဆုတစ္ဆု ရရွိမယ္လို႔ ထိုင္းပရိသတ္မ်ားက ခန္႔မွန္းထားတဲ့ အသင္းတစ္သင္းလည္း ျဖစ္ပါတယ္။

အေကာင္းဆုံးရလဒ္မ်ား – (PMCO Spring – အဆင့္ ၄, PMSC World Cup – အဆင့္ ၂)

၅။ Cloud9 (USA)

ကမၻာ့အၾကီးဆုံး Esports အဖြဲ႔အစည္းမ်ားထဲက တစ္ခုျဖစ္တဲ့ Cloud9 ဟာ ေျမာက္အေမရိကရဲ႕ အေကာင္းဆုံး PUBGM အသင္းအျဖစ္ ရပ္တည္လ်က္ ရွိပါတယ္။ သက္တမ္းႏုေသးေပမယ့္ ရလဒ္မ်ား ေကာင္းမြန္တဲ့ Cloud9 ဟာ meta ကို လြန္စြာ နားလည္ျပီး ထူးျခားတဲ့ ကိုယ္ပိုင္ကစားဟန္လည္း ရွိတဲ့အသင္းတစ္သင္းပါ။ ၂၀၁၉ အတြင္း PEC နဲ႔ PMSC World Cup တို႔မွာ စတုတၳရရွိခဲ့ျပီး PMCO Fall မွာ အဆင့္ ၁၀ ရရွိခဲ့ပါတယ္။ PUBGM ေခတ္မစားေသးတဲ့ ေျမာက္အေမရိကေဒသရဲ႕ Cloud9 ဟာ အေတြ႔အၾကံဳ ပိုမိုရင့္က်က္လာရင္ အျခားအသင္းမ်ားထက္ သာလြန္တဲ့အသင္းတစ္သင္း ျဖစ္လာႏိုင္ပါတယ္။

အေကာင္းဆုံးရလဒ္မ်ား – (PEC- အဆင့္ ၄, PMSC World Cup – အဆင့္ ၄)

၄။ 4 Angry Men (တရုတ္)

4 Angry Men အသင္းဟာ ၂၀၁၉ မွာ အျခားအသင္းမ်ားနဲ႔ ယွဥ္ရင္ ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့တဲ့ ျပိဳင္ပြဲနည္းသေလာက္ လြန္စြာလက္စြမ္းျပခဲ့တဲ့အသင္းပါ။ ျပိဳင္ပြဲမ်ားအားလုံးထဲမွာမွ ခက္ခဲျပီး ျပိဳင္ဆိုင္မႈျပင္းထန္ေၾကာင္း အမ်ားက သတ္မွတ္ထားၾကတဲ့ Peacekeeper Elite Professional League (PEL) ကို အႏိုင္ရဗိုလ္စြဲခဲ့သလို PEC မွာလည္း ပထမရတဲ့အသင္းထက္ 2 points သာ ေလ်ာ့နည္းျပီး ဒုတိယရရွိခဲ့ပါတယ္။ PEC ျပိဳင္ပြဲမွာ ထူးျခားတာကေတာ့ ဒုတိယသာ ရရွိခဲ့တဲ့ 4 Angry Men ရဲ႕ ကစားသမား ၄ ေယာက္ စလုံးဟာ ထိပ္ဆုံး fragger ၅ ေယာက္ စာရင္းမွာ ေဖာ္ျပျခင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။

အေကာင္းဆုံးရလဒ္မ်ား – (PEL – အဆင့္ ၁, PEC – အဆင့္ ၂)

၃။ TOP Esports (တရုတ္)

TOP Esports ဟာ ၂၀၁၉ ရဲ႕ PMCO Spring ကို အႏိုင္ရဗိုလ္စြဲခဲ့ၾကတဲ့ ခ်န္ပီယံအသင္းပါ။ PMCO Fall မွာလည္း ခ်န္ပီယံဘဲြ႕ကို ကာကြယ္လုနီးပါးအထိ ကစားႏိုင္ခဲ့ေပမယ့္ ကံမေကာင္းစြာနဲ႔ ဒုတိယသာ ရရွိခဲ့ပါတယ္။ Fall edition ကို ဝင္ေရာက္ယွဥ္ျပိဳင္ျပီး PEC ျပိဳင္ပြဲကို မဝင္ဖုိ႔ ဆုံးျဖတ္ခဲ့ေပမယ့္ TOP Esports ဟာ ၂၀၁၉ ရဲ႕ ေရပန္းအစားဆုံးအသင္းမ်ားထဲက တစ္သင္းပါ။ တရုတ္ PUBGM အသိုင္းအဝိုင္းအတြင္းကေန pro အသင္းမ်ား ပိုမိုေပၚထြက္လာေစတဲ့ စံျပအသင္းလည္း ျဖစ္ပါတယ္။

အေကာင္းဆုံးရလဒ္မ်ား – (PMCO Spring – အဆင့္ ၁, PMCO Fall – အဆင့္ ၂)

၂။ Bigetron Esports (အင္ဒိုနီးရွား)

၂၀၁၉ ရဲ႕ PMCO Fall မွာ အႏိုင္ရဗိုလ္စြဲျပီး ခ်န္ပီယံျဖစ္လာခဲ့တဲ့ အင္ဒိုနီးရွားအသင္း Bigetron ကေတာ့ လက္ရွိမွာ အေရွ႕ေတာင္အာရွရဲ႕ အေကာင္းဆုံး PUBGM အသင္းပါ။ PMCO Spring မွာ အဆင့္ ၅ ရရွိခဲ့ျပီး SEA League မွာလည္း အျခားအသင္းမ်ားထက္ သာလြန္တဲ့ ကစားႏိုင္စြမ္းကို ျပသခဲ့ပါတယ္။ Bigestron ဟာ အခ်ိဳ႕ျပိဳင္ပြဲၾကီးမ်ားကို မဝင္ေရာက္ခဲ့ေပမယ့္ လြန္ခဲ့တဲ့တစ္ႏွစ္တာလုံး လြန္စြာေက်ာ္ၾကားခဲ့တဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။

အေကာင္းဆုံးရလဒ္မ်ား – (PMCO Fall – အဆင့္ ၁, PMCO Spring – အဆင့္ ၅)

၁။ X-Quest Force (တရုတ္)

X-Quest Force အသင္းဟာ၂၀၁၉ PEC နဲ႔ PEGI ျပိဳင္ပြဲတုိ႔ရဲ႕ ခ်န္ပီယံမ်ားျဖစ္ၾကသလို PMCO Spring နဲ႔ PEL တို႔မွာလည္း ဒုတိယရရွိခဲ့ပါတယ္။ ကမၻာ့အေကာင္းဆုံး PUBGM ကစားသမားမ်ားထဲက တစ္ဦးျဖစ္တဲ့ Paraboy ရဲ႕ အသင္းျဖစ္သလို တစ္သင္းလုံးရဲ႕ fragging စြမ္းအားဟာလည္း ၾကီးမားလွပါတယ္။ ကစားသမားတစ္ေယာက္ခ်င္းစီဟာ ျပိဳင္ပြဲမွာ အသင္းအတြက္ chicken dinner ရယူေပးႏိုင္စြမ္း ရွိၾကပါတယ္။

အေကာင္းဆုံးရလဒ္မ်ား – (PEC – အဆင့္ ၁, PEGI – အဆင့္ ၁)

source: afkgaming