SEA region ဂုဏ္ေဆာင္မည့္ TNC Predator

အေရွ႕ေတာင္ အာရွဆုိတာ Dota ကုိ ခ်စ္ျမတ္ႏုိးတဲ့ ပရိတ္သတ္၊ ကစားသမားေတြ အေျမာက္အမ်ား ရွိတဲ့ ေဒသ တစ္ခုျဖစ္ပါတယ္။ အသစ္ထြက္ရွိလာေသာ FPS/ Battle Royale games မ်ားစြာ ထြက္ေပၚလာသည့္တုိင္ေအာင္ Frozen Throne Dota ေခတ္ကစလုိ႔ ယေန႔ေခတ္အထိ SEA region ဟာ MOBA player အမ်ားအျပား ရွိေနျပီး Dota ပရိတ္သတ္မ်ားစြာ ရွိေနဆဲပါ။ ဒါေပမယ့္ Professional Scene မွာေတာ့ SEA teams မ်ားဟာ Europe, China, Russia ႏွင့္ NA တုိ႔ရဲ႕ ေနာက္မွာသာ ရပ္တည္ႏုိင္ခဲ့ပါတယ္။

ဒါ့အျပင္ South East Asia ကုိယ္စားျပဳ အသင္းမ်ားအေနနဲ႕ ေခတ္အဆက္ဆက္ The International ျပဳိင္ပြဲၾကီးမ်ားတြင္ အျမင့္ဆုံး တတိယအဆင့္ထိသာ ေရာက္ရွိဖူးပါတယ္။ ႏွစ္အလုိက္ အျမင့္ဆုံး ေရာက္ခဲ့ဖူးတဲ့ SEA အသင္းေတြရဲ႕ မွတ္တမ္းကေတာ့ ေအာက္ပါအတုိင္းျဖစ္ပါတယ္။

TI1 – 3rd Sythe Gaming (Singapore)
TI2 – 6th Zenith Gaming (Singapore)
TI3 – 3rd Orange (Malaysia)
TI4 – 9th Titan (Malaysia)
TI5 – 7th MVP Phoenix (South Korea)
TI6 – 4th Fnatic (Malaysia)
TI7 – 11th TNC (Philippines)
TI8 – 10th Mineski (Philippines)

တရုတ္နုိင္ငံမွာ က်င္းပမယ့္ ဒီႏွစ္ TI9 အတြက္ South East Asia Region ကုိယ္စားျပဳ ဝင္ေရာက္ယွဥ္ျပဳိင္မယ့္ အသင္းကေတာ့ TNC Predator, Fnatic, Mineski စသည့္ အသင္း (၃) သင္းရွိပါတယ္။ ဒီ အသင္း (၃) သင္းစလုံးဟာ ဒီႏွစ္အတြက္ အေရွ႕ေတာင္အာရွရွိ Dota ပရိတ္သတ္ေတြအတြက္ ေမွ်ာ္လင့္ခ်က္အလင္းေရာင္မ်ားျဖစ္ျပီး ဒီထဲက TNC Predator အသင္းအေၾကာင္းကုိ ဦးစြာ ေဖာ္ျပေပးလုိက္ပါတယ္။

TNC predator အသင္းကေတာ့ ဖိလစ္ပုိင္အေျခစုိက္ TNC Pro Team Organization လက္ေအာက္က Dota အသင္းတစ္သင္းျဖစ္ျပီး League of Legends, Crossfire, Counter-Strike: Global Offensive, Hearthstone စသည့္ Professional အသင္းမ်ားကုိလည္း ပုိင္ဆုိင္ထားတဲ့ Organization တစ္ခုလည္းျဖစ္ပါတယ္။

2013 ခုႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့တဲ့ TNC Organization ဟာ Dota, Dota 2 ႏွင့္ League of Legends အသင္းမ်ားျဖင့္ Professional Scene ကုိ ဝင္ေရာက္လာခဲ့ပါတယ္။ 2016 ခုႏွစ္ မတုိင္ခင္အထိ TNC အသင္းဟာ Dota 2 Scene မွာ ေထြေထြထူးထူးေအာင္ျမင္မႈမ်ား မရရွိခဲ့ေပမယ့္ 2016 ခုႏွင္ June လ ၁၆ ရက္ေန႔မွာေတာ့ Dota 1 ေခတ္ကတည္းက Nirvana, MYM စသည့္ Professional အသင္းမ်ားမွာ က်င္လည္ခဲ့တဲ့ နာမည္ၾကီးကစားသမား DeMoN ေရာက္ရွိလာခ်ိန္ကေန စျပီး အသင္းအတြက္ ၾကီးမားေသာ အေျပာင္းအလဲမ်ား စတင္လာခဲ့ပါေတာ့တယ္။ DeMoN ဟာ TNC အသင္းအတြက္ Captain အျဖစ္ေရာက္ရွိလာခဲ့ျပီး SEA Open Qualifier #2 ကေန အဆင့္ဆင့္ေက်ာ္ျဖတ္ကာ Regional Qualifier ကုိပါ ေအာင္ျမင္ခဲ့ျပီး TI6 ကုိ ဝင္ေရာက္ယွဥ္ျပဳိင္ခြင့္ ရရွိခဲ့ေစပါတယ္။ ဒီေအာင္ျမင္မႈဟာ TNC အတြက္ေတာ့ TI သက္တမ္း (၆) ႏွစ္တာ ကာလအတြင္းမွာ ဒုတိယအၾကိမ္ေျမာက္ TI ဝင္ျပဳိင္ခြင့္ကုိ ရရွိခဲ့တဲ့ ဖိလစ္ပုိင္အေျခစုိက္အသင္း ျဖစ္ေစခဲ့ပါတယ္။ ဖိလစ္ပုိင္ႏုိင္ငံအေနနဲ႕ TI1 မွာ Mineski က ဝင္ေရာက္ယွဥ္ျပဳိင္ခဲ့သည့္အခ်ိန္ကေန စျပီး TI6 မတုိင္ခင္အထိ မည္သည့္နုိင္ငံ့အေျခစုိက္ အသင္းမွ် TI ကုိ ေျခမခ်နုိင္ခဲ့ပါဘူး။

 

 

Group Stage အမွတ္ခြဲေဝမႈအရ TNC ဟာ Lower Bracket ကုိ ေရာက္ရွိခဲ့ျပီး VG.Reborn ႏွင့္ ထိပ္တုိက္ေတြ႕ကာ Bo1 ေဆာ့ခဲ့ရပါတယ္။ ထိုအခ်ိန္က VG.Reborn မွာ Yang, Fy, DDC, Nono, END စသည့္ ကစားသမားမ်ား ပါဝင္ေနသည့္အတြက္ အင္အားၾကီး တရုတ္အသင္းတစ္သင္းအျဖစ္ လူတုိင္းက မွတ္ထင္ခဲ့ေပမယ့္ DeMoN ႏွင့္အတူ eyyou, Sam_H, Kuku, Raven တုိ႔၏ အံ့မခမ္းပူးေပါင္းစြမ္းေဆာင္ရည္မ်ားဟာ VG.Reborn ကုိ (၃၆) မိနစ္အတြင္း ပြဲျဖတ္အႏုိင္ယူျပီး Top 12th secure ျဖစ္ေစခဲ့ပါတယ္။

ေနာက္တစ္ဆင့္ျဖစ္သည့္ Lower Bracket Round (2) တြင္ 2016 ခုႏွစ္အတြက္ King of the Majors လုိ႔ တင္စားေခၚေဝၚရသည့္ OG အသင္းႏွင့္ ထပ္မံထိပ္တုိက္ ေတြ႕ဆုံခဲ့ပါေတာ့တယ္။ N0tail, Fly, Miracle-, Cr1t-, MoonMeander စသည့္ ကစားသမား (၅) ေယာက္ႏွင့္ ဖြဲ႕စည္းထားသည့္ OG ဟာ TI6 Champion အျဖစ္ ထင္ေၾကးအေပးခံေနရသည့္ အသင္းေတြထဲက တစ္သင္းျဖစ္ေနသည့္အတြက္ OG အသင္း ပရိတ္သတ္ေတြက TNC ကုိ အလြယ္တကူ အႏုိင္ယူသြားမည္ဟု ေပါ့ေပါ့ဆဆ တြက္ခ်က္ခဲ့ၾကပါတယ္။ Bo3 ေဆာ့ကစားခဲ့ရသည့္ အဆုိပါ Lower Bracket Round (2) Series မွာ TNC က OG ကုိ တစ္နာရီ နီးပါးစီ ပြဲထိန္းကစားကာ (၂) ပြဲျပတ္ ရလာဒ္ျဖင့္ OG အား အနုိင္ယူျပီး Top (8) ေသခ်ာေစခဲ့သည့္အတြက္ ကမာၻအဝွမ္းက ပရိတ္သတ္မ်ားကုိ TNC ဆုိသည့္ အမည္ျဖင့္ Shock ရေစခဲ့ပါေတာ့တယ္။

TI6 မွာ Top (7) ျဖစ္ခဲ့တဲ့ TNC ဟာ ဆုေၾကးေငြ အေမရိကန္ေဒၚလာ $519,262 ကို ဆြတ္ခူးခဲ့ျပီး တစ္ကမာၻလုံးရဲ႕ စိတ္ဝင္စားမႈကို ခံခဲ့ရတဲ့ SEA အသင္းတစ္သင္း ျဖစ္လာခဲ့ပါတယ္။ TI6 အျပီးမွာေတာ့ TNC ကစားသမား (၅) ေယာက္စလုံးဟာ အသင္းကေန ထြက္ခြာသြားခဲ့ပါေတာ့တယ္။ DeMoN, Raven, eyyou တုိ႔ဟာ Fnatic သုိ႔ ေျပာင္းေရႊ႕သြားခဲ့ျပီး က်န္ရွိခဲ့တဲ့ Kuku ႏွင့္ Sam_H တုိ႔ဟာ Teehee, ryOyr ႏွင့္ Cast တုိ႔ျဖင့္ အသင္းကို ျပန္လည္ ဖြဲ႕စည္းခဲ့ပါတယ္။ ထုိ႔ေနာက္ 2017 ခုႏွစ္ အေစာပုိင္းမွာ က်င္းပခဲ့တဲ့ World Electronic Sports Games WESG 2016 မွာ ဝင္ေရာက္ယွဥ္ျပဳိင္ခဲ့ျပီး Grand Final အထိ တက္ေရာက္ကာ Cloud 9 အသင္းကုိ အႏုိင္ယူျပီး ဆုေၾကးေငြ အေမရိကန္ေဒၚလာ $800,000 ကုိ ထုိက္ထုိက္တန္တန္ စြတ္ခူးခဲ့ပါတယ္။

ထုိ႔ေနာက္ လူအေျပာင္းအလဲမ်ား ဆက္လက္ျဖစ္ေပၚကာ ryOyr ႏွင့္ Cast တုိ႔၏ ေနရာအတြက္ 1437 ႏွင့္ Tims တုိ႔ ေရာက္ရွိလာခဲ့ျပီး 1437, Tims, Sam_H, Kuku, Raven စသည့္လူစာရင္းျဖင့္ TI7 ကုိ ဝင္ေယာက္ယွဥ္ျပဳိင္ကာ Top (12) အထိ တက္ေရာက္ကာ ဆုေၾကးေငြ $370,319 ကုိ ထပ္မံ့ဆြတ္ခူးခဲ့ျပန္ပါတယ္။

TNC ဟာ SEA ရဲ႕ အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္လာပါေတာ့တယ္။ 2017 ခုႏွစ္ကေန စတင္ျပီး ယခုလက္ရွိအခ်ိန္အထိိ TNC အသင္းရရွိခဲ့တဲ့ ေအာင္ျမင္မႈမ်ားကေတာ့ ေအာက္ပါအတုိင္းျဖစ္ပါတယ္။

2017
WESG 2016 – (1st Place)
Starladder Starseries Season 3 – (Top 4)
The Kiev Major 2017 – (Top 16)
Starladder i-League Season 2 – (2nd)
Galaxy Battles – (3rd)
The International 7 – (Top 12)
China Top 2017 – (1st)
MDL Macau – (2nd)

2018
Galaxy Battles II – (Top 6)
ESL One Genting 2018 – (Top 12)
The Bucharest Major – (Top 8)
DAC 2018 – (4th)
MDL Changsha Major – (Top 8)
China Dota2 Supermajor – (Top 8)
The International 8 – (Top 16th )
Asia Pro League – (2nd )
The Kuala Lumpur Major – (Top 6)

2019
The Chongqing Major – (Top 12)
Asia Pacific Predator League 2019 – (1st )
WESG 2018 – (1st)
ESL One Mumbai 2019 – (4th)
ESL One Birmingham 2019 – (top 6)
EPICENTER MAJOR – (4th )

Valve က ခ်မွတ္ေပးထားတဲ့ DPC စနစ္ေၾကာင့္ ဒီ 2019 The International ျပဳိင္ပြဲၾကီးဟာ တစ္ႏွစ္တာလုံး ရရွိခဲ့တဲ့ DPC Point ေပၚမွာ မူတည္ျပီး ထိပ္ဆုံး (၁၂) သင္းဟာ TI9 Direct Invite ရရွိမွာျဖစ္ပါတယ္။ June လ ကမွ ျပီးစီးခဲ့တဲ့ EPICENTER MAJOR မွာ TNC အသင္းဟာ စတုတၳေနရာအထိ တက္ေရာက္ႏုိင္ခဲ့တဲ့အတြက္ 1350 DPC Points ကုိ ထိုက္ထိုက္တန္တန္ ရရွိျပီး Total DPC Points 2046 ျဖင့္ TI9 Direct Invite ရရွိခဲ့တဲ့ (၉) သင္းေျမာက္ အသင္းျဖစ္ခဲ့ပါတယ္။

ထူးျခားမႈ တစ္ခုကေတာ့ အဆုိပါ EPICENTER MAJOR မတုိင္ခင္ April လ မွာ အသင္းကုိ Coach အသစ္တစ္ဦး ေရာက္ရွိခဲ့ပါတယ္။ အဆုိပါ Coach ကေတာ့ TI7 Champion Team Liquid ကုိ Coach လုပ္ေပးခဲ့သူ ေတာင္ကုိရီးယား ႏုိင္ငံသား Heen ျဖစ္ပါတယ္။ MVP Phoenix ရဲ႕ ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ Heen ဟာ Team Liquid ကုိ 2016 ခုႏွစ္ June လ ကတည္းက တာဝန္ယူထမ္းေဆာင္ခဲ့ျပီး ၃ ႏွစ္နီးပါး ကာလအတြင္းမွာ Team Liqiud ကုိ ေကာင္းမြန္ျပည့္စုံတဲ့ လမ္းေၾကာင္းေပၚကုိ တင္ပုိ႔ေပးခဲ့တဲ့ အဓိက ပဲ့ကုိင္ရွင္ေတြထဲကတစ္ဦးဆုိလည္း မမွားပါဘူး။ Liquid ႏွင့္အတူ ေလွ်ာက္လွမ္းခဲ့တဲ့ ခရီးရွည္ၾကီးကေန အနားယူလုိက္ျပီး မၾကာခင္ TNC ကုိ ေရာက္ရွိလာကာ (၂) လဆုိသည့္ အခ်ိန္တုိအတြင္းမွာ TNC အသင္းအား EPICENTER MAJOR ရဲ႕ စတုတၳေနရာအထိ ေရာက္ေအာင္ တြန္းပုိ႔နုိင္ခဲ့တာကုိ အံ့ၾသစြာ ေတြ႕ျမင္ခဲ့ရျပီး ျဖစ္ပါတယ္။ Heen ဟာ လြန္စြာ အရည္အခ်င္းျပည့္ဝသည့္ Professional Coach တစ္ဦးျဖစ္ျပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြကေတာ့ Team Liquid ရဲ႕ Result ေတြကုိ ၾကည့္ရွဴႏုိင္ျဖင့္ သိနုိင္ပါတယ္။

မည္သုိ႔ပင္ဆုိေစကာမူ Dota 2 International ျပဳိင္ပြဲၾကီး ၈ ပြဲ က်င္းပျပီးသည့္တုိင္ေအာင္ SEA Region က တစ္ခါမွ Champion မျဖစ္ဖူးေသးပါဘူး။ Heen ရဲ႕ ဦးေဆာင္မႈႏွင့္အတူ eyyou (Captain), Tims, Kuku, Armel, Gabbi တုိ၏ TNC Predator အသင္းဟာ TI9 အတြက္ မည္သုိ႔ မည္ပုံ စိတ္ဝင္စားစရာ Performance မ်ား၊ ရင္သတ္ရွဴေမာဖြယ္ရာမ်ားကုိ သယ္ေဆာင္လာမည္လဲ၊ South East Asia က ဒုိတာ ပရိတ္သတ္မ်ားအတြက္ မည္သုိ႔မည္ပုံေသာ ေအာင္ျမင္မႈေတြကုိ ယူေဆာင္လာမည္လဲ၊ ဒီႏွစ္အတြက္ Aegis of the Champion ဒုိင္းၾကီးကုိ SEA Region အတြက္ ယူေဆာင္လာေပးမလားဆုိတာကေတာ့ လြန္စြာ့ လြန္စြာမွပင္ စိတ္ဝင္စားစရာ ေကာင္းေနမွာ အေသအခ်ာပဲ ျဖစ္ပါေတာ့တယ္။

#Dota2 #TheInternational9 #TI9 #KoBoo #GamingNoodle


[Unicode Users]

SEA region ဂုဏ်ဆောင်မည့် TNC Predator

အရှေ့တောင် အာရှဆိုတာ Dota ကို ချစ်မြတ်နိုးတဲ့ ပရိတ်သတ်၊ ကစားသမားတွေ အမြောက်အများ ရှိတဲ့ ဒေသ တစ်ခုဖြစ်ပါတယ်။ အသစ်ထွက်ရှိလာသော FPS/ Battle Royale games များစွာ ထွက်ပေါ်လာသည့်တိုင်အောင် Frozen Throne Dota ခေတ်ကစလို့ ယနေ့ခေတ်အထိ SEA region ဟာ MOBA player အများအပြား ရှိနေပြီး Dota ပရိတ်သတ်များစွာ ရှိနေဆဲပါ။ ဒါပေမယ့် Professional Scene မှာတော့ SEA teams များဟာ Europe, China, Russia နှင့် NA တို့ရဲ့ နောက်မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် South East Asia ကိုယ်စားပြု အသင်းများအနေနဲ့ ခေတ်အဆက်ဆက် The International ပြိုင်ပွဲကြီးများတွင် အမြင့်ဆုံး တတိယအဆင့်ထိသာ ရောက်ရှိဖူးပါတယ်။ နှစ်အလိုက် အမြင့်ဆုံး ရောက်ခဲ့ဖူးတဲ့ SEA အသင်းတွေရဲ့ မှတ်တမ်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

TI1 – 3rd Sythe Gaming (Singapore)
TI2 – 6th Zenith Gaming (Singapore)
TI3 – 3rd Orange (Malaysia)
TI4 – 9th Titan (Malaysia)
TI5 – 7th MVP Phoenix (South Korea)
TI6 – 4th Fnatic (Malaysia)
TI7 – 11th TNC (Philippines)
TI8 – 10th Mineski (Philippines)

တရုတ်နိုင်ငံမှာ ကျင်းပမယ့် ဒီနှစ် TI9 အတွက် South East Asia Region ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် အသင်းကတော့ TNC Predator, Fnatic, Mineski စသည့် အသင်း (၃) သင်းရှိပါတယ်။ ဒီ အသင်း (၃) သင်းစလုံးဟာ ဒီနှစ်အတွက် အရှေ့တောင်အာရှရှိ Dota ပရိတ်သတ်တွေအတွက် မျှော်လင့်ချက်အလင်းရောင်များဖြစ်ပြီး ဒီထဲက TNC Predator အသင်းအကြောင်းကို ဦးစွာ ဖော်ပြပေးလိုက်ပါတယ်။

TNC predator အသင်းကတော့ ဖိလစ်ပိုင်အခြေစိုက် TNC Pro Team Organization လက်အောက်က Dota အသင်းတစ်သင်းဖြစ်ပြီး League of Legends, Crossfire, Counter-Strike: Global Offensive, Hearthstone စသည့် Professional အသင်းများကိုလည်း ပိုင်ဆိုင်ထားတဲ့ Organization တစ်ခုလည်းဖြစ်ပါတယ်။

2013 ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ TNC Organization ဟာ Dota, Dota 2 နှင့် League of Legends အသင်းများဖြင့် Professional Scene ကို ဝင်ရောက်လာခဲ့ပါတယ်။ 2016 ခုနှစ် မတိုင်ခင်အထိ TNC အသင်းဟာ Dota 2 Scene မှာ ထွေထွေထူးထူးအောင်မြင်မှုများ မရရှိခဲ့ပေမယ့် 2016 ခုနှင် June လ ၁၆ ရက်နေ့မှာတော့ Dota 1 ခေတ်ကတည်းက Nirvana, MYM စသည့် Professional အသင်းများမှာ ကျင်လည်ခဲ့တဲ့ နာမည်ကြီးကစားသမား DeMoN ရောက်ရှိလာချိန်ကနေ စပြီး အသင်းအတွက် ကြီးမားသော အပြောင်းအလဲများ စတင်လာခဲ့ပါတော့တယ်။ DeMoN ဟာ TNC အသင်းအတွက် Captain အဖြစ်ရောက်ရှိလာခဲ့ပြီး SEA Open Qualifier #2 ကနေ အဆင့်ဆင့်ကျော်ဖြတ်ကာ Regional Qualifier ကိုပါ အောင်မြင်ခဲ့ပြီး TI6 ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့စေပါတယ်။ ဒီအောင်မြင်မှုဟာ TNC အတွက်တော့ TI သက်တမ်း (၆) နှစ်တာ ကာလအတွင်းမှာ ဒုတိယအကြိမ်မြောက် TI ဝင်ပြိုင်ခွင့်ကို ရရှိခဲ့တဲ့ ဖိလစ်ပိုင်အခြေစိုက်အသင်း ဖြစ်စေခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ TI1 မှာ Mineski က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်အချိန်ကနေ စပြီး TI6 မတိုင်ခင်အထိ မည်သည့်နိုင်ငံ့အခြေစိုက် အသင်းမျှ TI ကို ခြေမချနိုင်ခဲ့ပါဘူး။

Group Stage အမှတ်ခွဲဝေမှုအရ TNC ဟာ Lower Bracket ကို ရောက်ရှိခဲ့ပြီး VG.Reborn နှင့် ထိပ်တိုက်တွေ့ကာ Bo1 ဆော့ခဲ့ရပါတယ်။ ထိုအချိန်က VG.Reborn မှာ Yang, Fy, DDC, Nono, END စသည့် ကစားသမားများ ပါဝင်နေသည့်အတွက် အင်အားကြီး တရုတ်အသင်းတစ်သင်းအဖြစ် လူတိုင်းက မှတ်ထင်ခဲ့ပေမယ့် DeMoN နှင့်အတူ eyyou, Sam_H, Kuku, Raven တို့၏ အံ့မခမ်းပူးပေါင်းစွမ်းဆောင်ရည်များဟာ VG.Reborn ကို (၃၆) မိနစ်အတွင်း ပွဲဖြတ်အနိုင်ယူပြီး Top 12th secure ဖြစ်စေခဲ့ပါတယ်။

နောက်တစ်ဆင့်ဖြစ်သည့် Lower Bracket Round (2) တွင် 2016 ခုနှစ်အတွက် King of the Majors လို့ တင်စားခေါ်ဝေါ်ရသည့် OG အသင်းနှင့် ထပ်မံထိပ်တိုက် တွေ့ဆုံခဲ့ပါတော့တယ်။ N0tail, Fly, Miracle-, Cr1t-, MoonMeander စသည့် ကစားသမား (၅) ယောက်နှင့် ဖွဲ့စည်းထားသည့် OG ဟာ TI6 Champion အဖြစ် ထင်ကြေးအပေးခံနေရသည့် အသင်းတွေထဲက တစ်သင်းဖြစ်နေသည့်အတွက် OG အသင်း ပရိတ်သတ်တွေက TNC ကို အလွယ်တကူ အနိုင်ယူသွားမည်ဟု ပေါ့ပေါ့ဆဆ တွက်ချက်ခဲ့ကြပါတယ်။ Bo3 ဆော့ကစားခဲ့ရသည့် အဆိုပါ Lower Bracket Round (2) Series မှာ TNC က OG ကို တစ်နာရီ နီးပါးစီ ပွဲထိန်းကစားကာ (၂) ပွဲပြတ် ရလာဒ်ဖြင့် OG အား အနိုင်ယူပြီး Top (8) သေချာစေခဲ့သည့်အတွက် ကမ္ဘာအဝှမ်းက ပရိတ်သတ်များကို TNC ဆိုသည့် အမည်ဖြင့် Shock ရစေခဲ့ပါတော့တယ်။

TI6 မှာ Top (7) ဖြစ်ခဲ့တဲ့ TNC ဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ $519,262 ကို ဆွတ်ခူးခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတဲ့ SEA အသင်းတစ်သင်း ဖြစ်လာခဲ့ပါတယ်။ TI6 အပြီးမှာတော့ TNC ကစားသမား (၅) ယောက်စလုံးဟာ အသင်းကနေ ထွက်ခွာသွားခဲ့ပါတော့တယ်။ DeMoN, Raven, eyyou တို့ဟာ Fnatic သို့ ပြောင်းရွှေ့သွားခဲ့ပြီး ကျန်ရှိခဲ့တဲ့ Kuku နှင့် Sam_H တို့ဟာ Teehee, ryOyr နှင့် Cast တို့ဖြင့် အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ ထို့နောက် 2017 ခုနှစ် အစောပိုင်းမှာ ကျင်းပခဲ့တဲ့ World Electronic Sports Games WESG 2016 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Grand Final အထိ တက်ရောက်ကာ Cloud 9 အသင်းကို အနိုင်ယူပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ $800,000 ကို ထိုက်ထိုက်တန်တန် စွတ်ခူးခဲ့ပါတယ်။

ထို့နောက် လူအပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်ကာ ryOyr နှင့် Cast တို့၏ နေရာအတွက် 1437 နှင့် Tims တို့ ရောက်ရှိလာခဲ့ပြီး 1437, Tims, Sam_H, Kuku, Raven စသည့်လူစာရင်းဖြင့် TI7 ကို ဝင်ယောက်ယှဉ်ပြိုင်ကာ Top (12) အထိ တက်ရောက်ကာ ဆုကြေးငွေ $370,319 ကို ထပ်မံ့ဆွတ်ခူးခဲ့ပြန်ပါတယ်။

TNC ဟာ SEA ရဲ့ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာပါတော့တယ်။ 2017 ခုနှစ်ကနေ စတင်ပြီး ယခုလက်ရှိအချိန်အထိ TNC အသင်းရရှိခဲ့တဲ့ အောင်မြင်မှုများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

2017
WESG 2016 – (1st Place)
Starladder Starseries Season 3 – (Top 4)
The Kiev Major 2017 – (Top 16)
Starladder i-League Season 2 – (2nd)
Galaxy Battles – (3rd)
The International 7 – (Top 12)
China Top 2017 – (1st)
MDL Macau – (2nd)

2018
Galaxy Battles II – (Top 6)
ESL One Genting 2018 – (Top 12)
The Bucharest Major – (Top 8)
DAC 2018 – (4th)
MDL Changsha Major – (Top 8)
China Dota2 Supermajor – (Top 8)
The International 8 – (Top 16th )
Asia Pro League – (2nd )
The Kuala Lumpur Major – (Top 6)

2019
The Chongqing Major – (Top 12)
Asia Pacific Predator League 2019 – (1st )
WESG 2018 – (1st)
ESL One Mumbai 2019 – (4th)
ESL One Birmingham 2019 – (top 6)
EPICENTER MAJOR – (4th )

Valve က ချမှတ်ပေးထားတဲ့ DPC စနစ်ကြောင့် ဒီ 2019 The International ပြိုင်ပွဲကြီးဟာ တစ်နှစ်တာလုံး ရရှိခဲ့တဲ့ DPC Point ပေါ်မှာ မူတည်ပြီး ထိပ်ဆုံး (၁၂) သင်းဟာ TI9 Direct Invite ရရှိမှာဖြစ်ပါတယ်။ June လ ကမှ ပြီးစီးခဲ့တဲ့ EPICENTER MAJOR မှာ TNC အသင်းဟာ စတုတ္ထနေရာအထိ တက်ရောက်နိုင်ခဲ့တဲ့အတွက် 1350 DPC Points ကို ထိုက်ထိုက်တန်တန် ရရှိပြီး Total DPC Points 2046 ဖြင့် TI9 Direct Invite ရရှိခဲ့တဲ့ (၉) သင်းမြောက် အသင်းဖြစ်ခဲ့ပါတယ်။

ထူးခြားမှု တစ်ခုကတော့ အဆိုပါ EPICENTER MAJOR မတိုင်ခင် April လ မှာ အသင်းကို Coach အသစ်တစ်ဦး ရောက်ရှိခဲ့ပါတယ်။ အဆိုပါ Coach ကတော့ TI7 Champion Team Liquid ကို Coach လုပ်ပေးခဲ့သူ တောင်ကိုရီးယား နိုင်ငံသား Heen ဖြစ်ပါတယ်။ MVP Phoenix ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ Heen ဟာ Team Liquid ကို 2016 ခုနှစ် June လ ကတည်းက တာဝန်ယူထမ်းဆောင်ခဲ့ပြီး ၃ နှစ်နီးပါး ကာလအတွင်းမှာ Team Liqiud ကို ကောင်းမွန်ပြည့်စုံတဲ့ လမ်းကြောင်းပေါ်ကို တင်ပို့ပေးခဲ့တဲ့ အဓိက ပဲ့ကိုင်ရှင်တွေထဲကတစ်ဦးဆိုလည်း မမှားပါဘူး။ Liquid နှင့်အတူ လျှောက်လှမ်းခဲ့တဲ့ ခရီးရှည်ကြီးကနေ အနားယူလိုက်ပြီး မကြာခင် TNC ကို ရောက်ရှိလာကာ (၂) လဆိုသည့် အချိန်တိုအတွင်းမှာ TNC အသင်းအား EPICENTER MAJOR ရဲ့ စတုတ္ထနေရာအထိ ရောက်အောင် တွန်းပို့နိုင်ခဲ့တာကို အံ့သြစွာ တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ Heen ဟာ လွန်စွာ အရည်အချင်းပြည့်ဝသည့် Professional Coach တစ်ဦးဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကတော့ Team Liquid ရဲ့ Result တွေကို ကြည့်ရှူနိုင်ဖြင့် သိနိုင်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ Dota 2 International ပြိုင်ပွဲကြီး ၈ ပွဲ ကျင်းပပြီးသည့်တိုင်အောင် SEA Region က တစ်ခါမှ Champion မဖြစ်ဖူးသေးပါဘူး။ Heen ရဲ့ ဦးဆောင်မှုနှင့်အတူ eyyou (Captain), Tims, Kuku, Armel, Gabbi တို၏ TNC Predator အသင်းဟာ TI9 အတွက် မည်သို့ မည်ပုံ စိတ်ဝင်စားစရာ Performance များ၊ ရင်သတ်ရှူမောဖွယ်ရာများကို သယ်ဆောင်လာမည်လဲ၊ South East Asia က ဒိုတာ ပရိတ်သတ်များအတွက် မည်သို့မည်ပုံသော အောင်မြင်မှုတွေကို ယူဆောင်လာမည်လဲ၊ ဒီနှစ်အတွက် Aegis of the Champion ဒိုင်းကြီးကို SEA Region အတွက် ယူဆောင်လာပေးမလား ဆိုတာကတော့ လွန်စွာ့ လွန်စွာမှပင် စိတ်ဝင်စားစရာ ကောင်းနေမှာ အသေအချာပဲ ဖြစ်ပါတော့တယ်။

#Dota2 #TheInternational9 #TI9 #KoBoo #GamingNoodle